Monday, September 27, 2010

့မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပ ကွန်ယက် ဆွေးနွေးပွဲ

မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ ဦးအောင်ထူး

ဂရိနိုင်ငံ အေသင်မြို့မှာ နှစ်ရက်ကြာ ကျင်းပတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပကွန်ယက် European Burma Network အစည်းအဝေး ဆုံဖြတ်ချက်ထဲမှာ လာမဲ့ မြန်မာ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး မဖြစ်နိုင်တဲ့အကြောင်း ဒါကြောင့်မို့ ဥရောပ သမဂ္ဂ အနေနဲ့ စစ်အစိုးရရဲ့ စစ်ရာဇာဝတ် ကျူးလွန်မှုတွေအပေါ် အရေးယူနိုင်ရေး အတွက် စုံစမ်းရေး ကော်မရှင်ဖွဲ့ရေး ၀ိုင်းဝန်းထောက်ခံရေး ကုလသမဂ္ဂ ဦးဆောင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေး ပေါ်ပေါက်ရေး စတာတွေ ပါဝင်ပုံကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဥရောပ ဥက္ကဌ ဒေါက်တာ ၀င်းနိုင်က ဘီဘီစီ ကိုရှင်းပြပါတယ်။

မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးကလဲ ၂၀၁၀ ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကောင်အထည်ဖေါ်ရန် ကျင်းပတဲ့အကြောင်း ဒီဥပဒေ ရဲ့ ပုဒ်မ ၄၄၅ မှာ စစ်အစိုးရက မိမိဖါသာ လွတ်ငြိမ်း ချမ်းသာခွင့် ပြုထားလို့ နိုင်ငံတကာ ဥပဒေ နဲ့ ဆန့်ကျင်ကြောင်း ဒါကြောင့်မို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ ၂၀၁၀ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲဟာ ပျက်ပြယ်ကြောင်း ကြေငြာပေး လုပ်ဆောင်သင့်ပုံကို ဥရောပ သမဂ္ဂ ကပါ ထောက်ခံရေး တင်ပြခဲ့ကြောင်း ဘီဘီစီကို ရှင်းပြပါတယ်။

 ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံဖြတ်ချက် အမှတ် ၄၄၅ အရ ၁၉၈၄ ခုနှစ်က တောင်အာဖရိက နိုင်ငံရဲ့ ၁၉၈၃ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပေါ်ပေါက်ခဲ့တဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပျက်ပြယ်ခဲ့ပုံကို ဦးအောင်ထူးက အေသင် ဥရောပ အစည်းအဝေးမှာ ထောက်ခဲ့ပုံကို ပြောပြပါတယ်။

သတင်းရင်းမြစ် - ဘီဘီစီ

0 comments: