Thursday, September 23, 2010

ရွှေဝါရောင် တော်လှန်ရေး (၃)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား

ရွှေဝါရောင် တော်လှန်ရေး (၃)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား

၂၅-၉-၂ဝ၁ဝ တိုကျို၊ ဂျပန်
ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ရွှေဝါရောင် တော်လှန်ရေး (၃) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားအဖြစ် ဆွမ်းကပ်လှူခြင်း၊ ဘာသာပေါင်းစုံ ဝတ်ပြုဆုတောင်းခြင်းနှင့် နှစ်ပတ်လည် အခမ်းအနား နိုင်ငံရေးလှုပ်ရှားခြင်းတို့ကို အောက်ပါအစီအစဉ်များအတိုင်း ကျင်းပမည် ဖြစ်ပါ၍ မည်သူမဆို ပါဝင်ဆင်နွှဲကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်အပ်ပါသည်။

အစီအစဉ် (၁)
သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်- ဂျပန်ရုံးခွဲတွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ အာရုဏ်ဆွမ်း ကပ်လှူခြင်း။ နံနက်စောစော ဖြစ်၍ အာရုဏ်ဆွမ်း ကပ်လှူခြင်းကို BDA အဖွဲ့မှ တာဝန်ယူပါမည်။

နေ့ရက် ၂၅-၉-၂ဝ၁ဝ (စနေနေ့)
အချိန် နံနက် ၆ နာရီ
နေရာ Sugamo ဘုန်းကြီးကျောင်း, Tokyo


အစီအစဉ် (၂)
အထက်ဖော်ပြပါ ရုံးခွဲတွင်ပင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ နေ့ဆွမ်း ကပ်လှူခြင်း။
မည်သူမဆို မိမိတို့အစီအစဉ်ဖြင့် ဆွမ်းတခွက်ကျစီ ချက်ပြုတ် ယူဆောင်လာပြီး ကပ်လှူနိုင် ပါသည်။
နေ့ရက် ၂၅-၉-၂ဝ၁ဝ (စနေနေ့)
အချိန် နံနက် ၁၁ နာရီ
နေရာ Sugamo ဘုန်းကြီးကျောင်း, Tokyo

အစီအစဉ် (၃)
ရွှေဝါရောင် တော်လှန်ရေး (၃) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားအဖြစ် ဘာသာပေါင်းစုံ ဝတ်ပြု ဆုတောင်းပွဲနှင့် နိုင်ငံရေး လှုပ်ရှားမှုကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပါမည်။

နေ့ရက် ၂၅-၉-၂ဝ၁ဝ (စနေနေ့)
အချိန် ညနေ ၄ နာရီမှ ၅ နာရီထိ
နေရာ ကုလသမဂ္ဂ အဆောက်အဦရှေ့ Shibuya, Tokyo

ပြန်ကြားရေး
မြန်မာ့ဒီမိုကရေစီ အင်အားစုများ (ဂျပန်နိုင်ငံ)
ဆက်သွယ်ရန်ဖုန်း - 090-4964-9718 (Ko Than Swe), 090-9831-7192 (Ko Mai Kyaw Oo), 080-4155-6099 (Ko Myint Swe), 080-5888-3925 (Lwin Aung Soe)

0 comments: