Tuesday, September 7, 2010

အရှင်ထာဝရ ဂျပန်သို့ကြွရောက်လျက်ရှိပါသည်။


၂၀၁၀စက်တင်ဘာလ(၆)ရက်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာရော ရွေဝါရောင်တော်လှန်ရေးမှာ တက်ကြွစွာပါဝင်ခဲ့သည့် ဆရာတော် အရှင်ထာဝရ သည် ဂျပန်နိုင်ငံသို့ ယနေ့ နံနက်တွင် ရောက်ရှိလာကြောင်း သိရှိရပါသည်။ ဆရာတော်သည် ဂျပန်ဗုဓ္ဒဘာသာ သံဃာအဖွဲ့မှ ကျင်းပပြုလုပ်မည့် အခမ်းအနား တို့ကိုလည်း တက်ရောက်ပြီး မြန်မာပြည် လက်ရှိနိုင်ငံရေး အခြေအနေများ အာဏာရှင်စနစ်အောက် မြန်မာသံဃာတော်များ လက်ရှိအခြေအနေ များကိုပါဟောပြော သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

ဂျပန်ရောက် ဒီမိုကရေစီအင်အားစုများမှ ကျင်းပပြုလုပ်မည့် ၃နှစ်ပြည့် ရွေဝါရောင်အထိမ်းအမှတ် အခမ်းအနားကိုလည်း တက်ရောက် ပူးပေါင်းသွားမှာဖြစ်ကြောင်းကို ဆရာတော်မှ မိတ်ကြားခဲ့ပါသည်။
ဆရာတော်အရှင်ထာဝရသည် ဂျပန်နိုင်ငံတွင် SUGAMO အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်(သာသနဦးသျှောင် ) ဂျပန်ဌာနခွဲ့ ရုံးခွဲ့မှာ ခေတ္တ သီတင်းသုံး နေထိုင်သွားမည်ဖြစ်ပြီး ဒကာဒကာမ မိတ်ဆွေများ သွာရောက် တွေ့ဆုံနိုင်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။


SUGAMO Address
Toshima-Ku,Sugamo 1-24-8,BIRAKYO (401),Tokyo,Japan.

0 comments: