Friday, September 10, 2010

ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ(တိုကျို)။



၂၀၁၀ ခုနှစ် စက်တင်ဘာလ (၉)ရက်။


ဦးခွန်ထွန်းဦး နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မတရား ဖမ်းဆီးခံ နေရသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်စေရန် အတွက် တောင်းဆို ဆန္ဒပြပွဲ အခမ်းအနားကို Shibuya မြို့ နယ်ရှိ UNရုံးရှေ့ တွင် ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အင်အားစု များတို့မှ ဦးစီး၍ လစဉ် (၉)ရက်နေ့  ကျရောက်တိုင်း ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

နအဖ အာဏာရှင်တို့မှ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များတို့ကို နှစ်ရှည်ထောင်ဒဏ်ဖြင့် မတရား ဖမ်းဆီးထားသည်မှာ ယနေ့ဆိုလျှင် ( ၅ နှစ် ၇ လ)ပြည့်မြောက်သည့်နေ့ဖြစ်သလို အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ကုလသမဂ္ဂ ရုံးရှေ့၌ ယခုလို တောင်းဆို ဆန္ဒပြပွဲ များ ကျင်းပ ပြုလုပ်ရခြင်းဖြစ်ပါသည်။

စက်တင်ဘာလ(၁၁)ရက်နေ့သည် တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၏ (၆၇)နှစ်ပြည့်မြောက် မွေးနေ့ ကျရောက်မည် ဖြစ်သည့်အတွက် ယနေ့ပြုလုပ်သည့် အခမ်းအနားမှာ ကျမ္မာစေရန်နှင့် အမြန်ဆုံး လွတ်မြောက်ရန် အတွက် တက်ရောက်ကြသူများက ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

0 comments: