Wednesday, September 15, 2010

ရဲမွန်တပ် ပြဿနာ မဖြေရှင်းနိုင်သေး

တပ်တွင်း စားဝတ်နေရေးပြဿနာကနေ ရဲမွန်ဇတ်လမ်းစခဲ့


ရဲမွန်တပ်ရင်း ၈ ရင်းက တပ်ရင်းမှူးတွေ အဖမ်းခံရပြီးတဲ့နောက် ကျန်တဲ့အရာရှိ အရာခံနဲ့ တပ်သားတွေ အရွှေ့အပြောင်း ခံနေရတယ်လို့ တပ်ကြပ်ကြီး တစ်ဦးက ပြောပါတယ်။

“ အခု ကျနော်တို့ တပ်မှာဆိုရင် ရဲဘော်တွေကို ကြိုတင်အသိ မပေးပဲ တပ်နေရာ ပြောင်းပစ်တယ် သိမ်းထားတဲ့ လက်နက်တွေလည်း အခုထက်ထိ ချမပေးသေးဘူး တပ်ရင်းလုံခြုံရေးကို တပ်မ ၁၁ ကပဲ တာဝန်ယူထာတာ ဘဏ်စုငွေလည်း ထုတ်မပေးသေးဘူး ချထားတဲ့ လုံခြုံရေးတွေလည်း ပြန်မရုတ်သိမ်း သေးဘူး” လို့ ရဲမွန်တပ်ကြပ်ကြီး တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရဲမွန်တပ်ကိစ္စ အပြင်ဘက်ကို မပေါက်ကြားရအောင်နဲ့ တပ်ရင်းအတွင်း ဘာမှမဖြစ်ပဲ ပုံမှန်အနေအထားလို့ အများထင်အောင် ရဲမွန်မြို့အတွင်းမှာ တပ်မ ၁၁ က တပ်မမှူး ကိုယ်တိုင်လာပြီးတော့ ဘော်လုံးပွဲ ခြင်းပွဲ လက်ဝှေ့ပွဲလို ပွဲတော်ကို အားကစားရုံကွင်းမှာ လုပ်ပေးနေတဲ့အကြောင်း သူကပြောပါတယ်။

ဒီပွဲတွေမှာ ရဲမွန်တပ်ရင်းက ရဲဘော်တွေမပါပဲ တပ်မ ၁၁ နဲ့ ရန်ကုန်တိုင်းက တပ်သားတွေသာ ပါဝင်တယ်လို့ တပ်ကြပ်ကြီးက ပြောပါတယ်။ ရဲမွန်တပ်ရင်းတွေမှာ အခုထက်ထိ တပ်ရင်းမှူး အသစ်တွေ ရောက်မလာသေးသလို ဘဏ်စုငွေ ပြန်ထုတ်ပေးဖို့ ပြဿနာအပါအ၀င် တပ်တွင်းပြဿနာတွေ ပြေလည်မှု မရှိသေးဘူးလို့ သူကပြောပါတယ်။

သတင်းရင်းမြစ် - ဘီဘီစီ

တပ်တွင်း စားဝတ်နေရေးပြဿနာကနေ ရဲမွန်ဇတ်လမ်းစခဲ့

0 comments: