Sunday, September 26, 2010

မြန်မာ့ပြည်သူ့ရေးရာအဖွဲ့မှ (၁၄) ကြိမ်မြောက် နှစ်ပတ်အစည်းအဝေးနှင့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး (၃) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား




၂၀၁၀ ခုနှစ် စက်တင်ဘာလ (၂၅)ရက်။

မြန်မာ့ပြည်သူ့ရေးရာ (People's Forum on Burma) အဖွဲ့မှ (၁၄) ကြိမ်မြောက် နှစ်ပတ်အစည်းအဝေး အခမ်းအနားနှင့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး (၃) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို Kourakuen Bunkyo Civic Hall,5F တွင် ညနေ ၆း၀၀ နာရီမှ ၉း၀၀ နာရီ အထိကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနား တွင် (People's Forum on Burma)မှ ဦးဆောင်ကော်မတီဝင် ပါမောက်ခ ဆရာ Kei NEMOTO မှ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသွားရာမှာ ၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲစည်းပုံကို အခြေခံပြီး ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အားနည်းချက်များကို ထောက်ပြ ဆွေးနွေးသွားပြီး မြန်မာနိုင်ငံသားများအတွက် မျှော်လင့်ချက် လုံဝမရှိသလို ဒီမိုကရေစီ ထွန်းကါးဖို့ မဖြစ်နိုင်သည့် အကြောင်းကို ထောက်ပြ ရှင်းလင်းသွားပါသည်။

ဆက်လက်၍ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်း ဗီဒီယိုကို ပြသသွားပြီး သည်နောက် International Burmese Monks Organization (Japan Branch) တာဝန်ခံ ဆရာတော် ဦးဓမ္မဇောတိ မှ ၂၀၀၇ ရွှေဝါတော်လှန်ရေးနောက်ပိုင်း ပြည်ပရောက်ရှိ သံဃာတော်များ စုစည်း၍ ပြည်တွင်း သံဃာတော်များ ကိုယ်စား လှုပ်ရှားမှုများ ပြုလုပ်နိုင်ရန် သံဃာအဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ခြင်းတို့ကို မိတ်ဆက်ပြောကြားခဲ့ပြီး ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ထာဝရမှ လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေကို အကျယ်တ၀န့် ရှင်းလင်းပြောကြား ပြီးသည့်နောက် ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ခေါင်းဆောင်များ ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများတို့ကို ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း ရဟန်း ရှင်လူ ကျောင်းသား ပြည်သူများ တို့က နအဖ စစ်အုပ်စု၏ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိသည့်အတွက် နအဖ စစ်အုပ်စုကို ဒီထက်မက ဆန္ဒပြမှုတွေဟာ ပိုမိုပြင်းထန်လာမည့်အကြောင်းနှင့် ဂျပန်ပြည်သူများအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပေါ်ထွန်းလာရေးအတွက် ထိရောက်သည့် ပံ့ပိုးကူညီမှုများ ကူညီပေးရန် တိုက်တွန်းပြောကြားသွားပါသည်။


သတင်းမှတ်တမ်း။ Mai Kyaw Oo(PNS-Japan)
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum(CNC-Japan)/Myo San Oo (BDA)

0 comments: