Wednesday, September 22, 2010

ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ(တိုကျို)



၂၀၁၀ ခုနှစ် စက်တင်ဘာလ(၂၁)ရက်။

ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး နှင့် တရားမျှတမှုမရှိသည့် အတုအရောင် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင် ဆန္ဒပြတောင်းဆိုသည့် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့ ၌ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ စက်တင်ဘာလ(၂၁)ရက်နေ့  နေလည် ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ကိုမင်းကိုနိုင်အပါအ၀င် ကျောင်းသားခေါင်းဆောင်များ ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် မတရား အဖမ်းဆီးခံရခဲ့ကြရပြီး လစဉ် ၂၁ ရက်နေ့ရောက်တိုင်း ကိုမင်းကိုနိုင်အပါအ၀င် ကျောင်းသားခေါင်းဆောင်များ အမြန်ဆုံးလွတ်မြောက်စေရန် အတွက် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ရခြင်းဖြစ်သည်။ ယနေ့ကျင်းပသည့် ဆန္ဒပြအခမ်းအနားတွင် ဂျပန်ရောက် မြန်မာနိုင်ငံသား တစ်ဦးချင်းစီအလိုက် တရားမျှတမှုမရှိသည့် အတုအရောင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဆန္ဒသဘောထားများကို ထုတ်ဖေါ် တောင်းဆိုခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

0 comments: