Thursday, September 16, 2010

မြန်မာဆီ ဗြိတိန်အကူအညီ တိုးပေးဖို့တောင်း

ဗြိတိသျှဝန်ကြီးနဲ့ တိုင်းရင်းသူများ တွေ့ဆုံ

ဗြိတိသျှ နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး Andrew Mitchell နဲ့ မြန်မာ့အရေး လှုပ်ရှာနေတဲ့ Burma Campaign UK အဖွဲ့ဝင်တွေ မနေ့တုန်းက လန်ဒန်မှာရှိတဲ့ ၀န်ကြီးရဲ့ရုံးမှာ မြန်မာပြည် အကူအညီပေးရေး ကိစ္စတွေကို တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

Burma Campaign UK  အဖွဲ့က Mark Farmaner၊ မိုဘုနဲ့ ဇိုရာဖမ်းတို့က သွားရောက်တွေ့ဆုံခဲ့တာပါ။ ဗြိတိန်မှာ ညွန်ပေါင်းအစိုးရ တက်လာပြီးနောက် ညွန့်ပေါင်းအစိုးရ ၀န်ကြီးတစ်ဦးနဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေ ပထမ အကြိမ်တွေ့ဆုံတာလဲ ဖြစ်ပါတယ်။


ဗြိတိသျှ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနဟာ မြန်မာအပါအ၀င် နိုင်ငံတကာကို အကူအညီပေးနေတဲ့ ဌာနဖြစ်တယ်။ ထိုင်း-မြန်မာ နယ်စပ်ဒေသနဲ့ မြန်မာပြည်တွင်း ကရင်၊ ကရင်နီ နဲ့ ရှမ်းဒေသဘက်က ဒေသတွင်း ပဋ္ဋိပက္ခတွေကြောင့် ထွက်ပြေး တိမ်ရှောင်နေရတဲ့ ရွာပုန်း ရွာရှောင်တွေဆီကို အကူအညီက အနည်းအကျဉ်းပဲ ရောက်တယ်လို့ ကရင်တိုင်းရင်းသူ ဇိုရာဖန်က ပြောပါတယ်။

ဒုက္ခသည် စခန်းတွေမှာလည်း အရင်က ပေးနေတဲ့ ဥရောပ သမဂ္ဂဘက်က အကူအညီတွေ လျော့နည်းလာတာဟာ ဒုက္ခသည်တွေအတွက် စိုးရိမ်းစရာ ဖြစ်တယ်လို့ သူကပြောပါတယ်။

ဝန်ကြီး  Mr. Mitchell ကတော့ သူ့အနေနဲ့ အကူအညီပိုပေးနိုင်ဖို့ အကောင်းမြင်ကြောင်း ဒါပေမယ့် ဘတ်ဂျက်စာရင်း တရားဝင်ထွက်မယ့် အောက်တိုဘာလကျမှ သိရမှာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုကြောင်း ဇိုရာဖန်က ပြန်ပြောပြပါတယ်။

ဗြိတိသျှ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနရဲ့ အင်တာနက် စာမျက်နာမှာ ဖော်ပြတာကတော့ အခုဘဏ္ဍာနှစ် အတွက် မြန်မာနိုင်ငံအပေါ် အကူအညီ စတာလင်ပေါင် ၂၅ သန်းပေးဖို့ လျာထားတယ်လို့ ဖော်ပြထာပြီး ဒုက္ခသည်တွေနဲ့ အဓမ္မရွေ့ပြောင်း ခံရတဲ့ ရွာပုန်းရွာရှောင်တွေ အတွက် ၂၀၀၉ ကစလို့ သုံးနှစ်စာ အကူအညီအဖြစ် ပေါင် ၇ သန်းခွဲပေးဖို့ ဘတ်ဂျက်ချထားတယ်လို့ ဖော်ပြပါတယ်။

Copy from - bbc.co.uk/burmese/

0 comments: