Thursday, September 2, 2010

စက်တင်ဘာ ၁ ရက်နေ့သတ်မှတ်ရက်ကြောင့် တောင်ပိုင်း ၀ တပ်ဖွဲ့စစ်ရေးလှုပ်ရှား

ထိုင်းနယ်စပ်ရှိ တောင်ပိုင်း UWSA ၀ တပ်
Wednesday, 01 September 2010 16:14 မွေခေါင် .

စက်တင်ဘာ ၁ ရက်နေ့နောက်ဆုံးထား၍ မြောက်ပိုင်း ၀ နယ်သို့တပ်ရုပ်မပြန်လျှင် ထိုးစစ်ဆင်မည်ဟု နအဖဖက်မှခြိမ်းခြောက် ထားသောကြောင့် တောင်ပိုင်း ၀ တပ်ဖွဲ့များ လှုပ်လှုပ်ရှားရှား ဖြစ်နေကြောင်း စုံစမ်းသိရှိရပါသည်။

“မနေ့ ညနေပိုင်း ၅ နာရီလောက် မိုင်းယွမ်းကနေ ၀ တပ် ၆ ဘီးကား ၃ စီး၊ ဖှိုးဝှီးအစီး ၂၀ ကျော်လောက် နားကောင်းမူး ကိုဖြတ်ပြီး မိုင်းကျွက် ဘက်သွားကြတယ်။ ယာဉ်တန်း အားလုံးက စစ်သားတွေ အပြည့်ဘဲ” ဟု နားကောင်းမူးဒေသခံ တစ်ဦးကပြောပါသည်။

နအဖဖက်မှထိုးစစ်ဆင်လာလျှင် ပြန်လည်ခုခံရန်အတွက် မိုင်းယွမ်းအခြေစိုက် တပ်မဟာ ၅၁၈ မှ တောင်ပိုင်း ၀ ဌါနချုပ်သို့
အင်အားကူညီဖြည့်ထားခြင်းဖြစ်မည်ဟု ထိုင်းနယ်စပ်အကဲခတ်တစ်ဦးက ဤကဲ့သို့ပြောပါသည်။

“၀ တပ် အားလုံး ပန်ဆန်းဖက် မပြောင်းဘူးဆိုရင် သေနတ်ဖောက်ကြရလိမ့်မယ်လို့ခြိမ်းခြောက်ထားတယ်လေ။ ၀ တပ်မှူးတွေ ကလဲ မပြောင်းနိုင်ဘူး။ သူတို့သဘောအတိုင်းဘဲ တိုက်ရင်လဲတိုက်ပေါ့လို့ပြောထားတယ်။ မိုင်းကျွက်မှာ တပ်မဟာ ၇၇၂ ရှိတယ်။ အခု မိုင်းယွမ်းဖက်က လာတာက အကူအင်အားထင်တယ်”

တဖက်၌လည်း သြဂတ်စ် ၂၈ ရက် မိုင်းတုံမြို့အနောက်ဘက်အခြေစိုက် ခလရ ၂၇၇ က နားကောင်းမူး-မိုင်းထားလမ်း မြောက်ဘက်ခြမ်း UWSA တပ်စွဲထားသည့်နေရာနှင့်မနီးမဝေး လွယ်ခီလိတ်တပ်စခန်းသို့ ၁၀၅ မီလီမီတာ အမြောက်ကြီးတစ်လက် ယူဆောင်သွားကြောင်းသိရှိရသည်။

မိုင်းဆတ်အခြေစိုက် စစ်ဆင်ရေး  ကွပ်ကဲမှုဌါနချုပ်(စကခ) ၁၄ မှတပ်မှူးအချို့ကလည်း မိုင်းဆတ်တောင်ဘက် နမ့်ကုတ် ချောင်းအနောက်ဘက် ဟိုပန်-ဟိုယွက်လမ်းခွဲ(၀ တပ်မဟာ ၂၄၈ ထိန်းချုပ်နယ်မြေအတွင်း)၌ စစ်စခန်းသစ် တည်ဆောက်ရန်သွားရောက်ကြည့်ရှုသတ်မှတ် ကြသည်ဟုဆို၏။

“စကခ ၁၄ ကအရာရှိတွေ သြဂတ်စ် ၃၀-၃၁ နှစ်ရက်ဆက်တိုက်လာကြည့်တယ်။ အဲဒီနေရာမှာ စစ်စခန်းသစ် ဆောက်ဖို့တဲ့” ဟု တာချီလိတ်ရောက် မိုင်းဆတ်ကုန်သည်တစ်ဦးက ပြောပါသည်။

မိုင်းတုံ-မိုင်းဆတ်မြို့နယ် ထိုင်းနယ်စပ်တလျှောက်အခြေစိုက် တောင်ပိုင်း ၀ တပ်ဖွဲ့စစ်ဒေသအမှတ် ၁၇၁ လက် အောက်ခံတပ်အားလုံး မြောက်ပိုင်း ၀ နယ်သို့တပ်ရုပ်ပြန်ရန် သြဂတ်စ် ၂၇ ရက်၌ နအဖ ဖက်မှခြိမ်းခြောက်ထား ခြင်းဖြစ်သည်။

Copy from _ mongloi.org

0 comments: