Thursday, July 15, 2010

USDP အဖွဲ့ ဝင်များ ပါတီ မဲရရှိရန် TNP ပါတီနာမည် အလွဲသုံးစားပြုပြီး စည်းရုံးရေးဆင်း

၁၅၊ဇွန်လိုင်လ၊၂၀၁၀ ခုနှစ်

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ရှိ USDP ပါတီအဖွဲ့ ဝင်များကပါတီမဲ ရရှိရေးအတွက် တအာင်း(ပလောင်)လူကြီးများ၏ နာမည်ကို အလွဲသုံးစားပြုပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင် မိုင်းမော်ဘက်သို့ မဲဆွယ်စည်းရုံးရေး ဆင်းနေသည်ဟု စည်းရုံးခြင်းခံရသော ဒေသခံ ရွာသားတစ်ဦးထံမှ သိရသည်။

“သူတို့ပြောတာက အထက်ကပလောင်လူကြီးတွေ ခိုင်းတယ်လို့ပြောတယ် ဒါကြောင့် ရွာကလူတွေ တအာင်းလူမျိုးပါတီ(TNP) ကခေါင်းဆောင်တွေ ထင်နေကြပြီး အဖွဲ့ဝင်နာမည်စာရင်းတွေပေးတယ် တချို့လူတွေ ဓါတ်ပုံရိုက်၊ဖောင်တွေ တိတ်တဆိတ်နဲ့ ဖြည့်ခိုင်းတာမျိုး လည်းရှိတယ်”ဟုရွာခံတစ်ဥိးကပြောပြသည်။

၎င်း USDP ပါတီအဖွဲ့ဝင်များသည် ဇွန်လ ၂၁ ရက်နေ့တွင် ထောက်ခံမဲများ ရရှိရန်အတွက် မန်တုံမြို့ရှိ တအာင်း(ပလောင်)ရွာများဖြစ်သည့် ဟိုလင်းအုပ်စု၊ခိုမုန်းအုပ်စု ၊နားအော်ကြီးအုပ်စု၊ကျယ်ကောင်အုပ်စု၊ဆိုင်းလိန်အုပ်စု စသည့်အုပ်စုတွင်းမှ ကျေးရွာ ပြည်သူများထံ ပလောင်လူကြီးများ၏ ခိုင်းစေ ခြင်းဖြစ်ကြောင်းဟု လိမ်လည်ပြီး မဲဆွယ်စည်းရုံးရင်း ပါတီအသင်းဝင် လက်မှတ်ပါ ထိုးခိုင်းသည်ဟု ဒေသခံရွာသားများမှ သိရသည်။

စည်းရုံးခြင်းခံရသည့် ခိုမုန်းရွာသားတစ်ဦးက“ကျတော်တို့က မသိကြဘူးလေ သူတို့လက်မှတ်တွေ ထိုးခိုင်းတယ် ပလောင်လူကြီးတွေ ခိုင်းတယ်လို့ပြောတော့ ရွာကလူတွေ လက်မှတ်ထိုးပေးတာပါပဲ ရွာက လူတစ်ဝက် ကျော်ကျော်လောက်ဆိုရင် စာမဖတ်တတ်တဲ့ လူတွေပဲ သူတို့ပါတီကို မဲပေးတာ ဖြစ်တယ်လို့ မှမသိကြတာ”

အဆိုပါ အကြောင်းအရာနှင့်အလားတူ ဆိုင်လိန်ရွာတွင် အခြေအတင်ဖြစ်နေသည်ကို တွေ့ရှိခဲ့သော ဆိုင်လိန် ရွာသားတစ်ဦးက“၂၁ ရက် ဇွန်လ မှာ ဆိုင်းလိန်ရွာ ဥက္ကဌနဲ့ အဲဒီကြံ့ဖွံ့ပါတီအဖွဲ့ တွေက ပြဿနာဖြစ်တယ် ဘာကြောင်ဆိုတော့ သူတို့က ပလောင်လူကြီး နာမည်တွေ အလွဲသုံးစားလုပ်ပြီး နာမည်စာရင်းတွေ ကောက်ထားတယ် နောက်နေ့မှ ဓာတ်ပုံဆရာလွတ်ပြီး ဖောင်ဖြည့်ဖို့ ဓာတ်ပုံရှိက်မယ်ပေါ့ အဲ့ဒီမှာ ဥက္ကဌက ဘာအတွက် လည်းမေးတော့ ကြံ့ခိုင်ရေးပါတီဝင်ဖြစ်ဖို့ မနေ့က နာမည်စာရင်းပေးထားတဲ့သူတွေကို ပုံလာရိုက်တာ လို့ပြောတယ်”

“အဲ့ဒီမှာ ဥက္ကဌ က မင်းတို့ ကြံ့ခိုင်ရေးဆိုရင် ငါတို့ အဖွဲ့ဝင်မလုပ်ဘူး ပုံလည်းမရိုက်နိုင်ဘူးလို့ ပြောလိုက်တယ် မင်းတို့ ကြံ့ခိုင်ရေးပါတီဝင်ဖြစ်စေချင်ရင် မင်းတို့ကိုယ်တိုင်စည်းရုံး ပလောင်လူကြီတွေလို့ ညာပြီး ငါတို့ကိုမပြောနဲ့ ငါတို့လက်မခံနိုင်ဘူး မနေ့က လာသွားတဲ့သူတွေကိုလည်း မင်းတို့ကိုယ်တိုင်သွားပြော မလိမ့်တပတ်နဲ့ ငါ့ကို ခိုင်းတာမျိုး မလုပ်နဲ့ လို့ ပြန်ပြောလိုက်တယ်” ဟု ပြောပြသည်။

မန်တုံမြို့တွင်းမှ ပြည်သူများထံ ထောက်ခံမဲရရှိရန်အတွက် စည်းရုံးရေးဆင်းနေသည့် ၂၀၁၀ရွေးကောက်ပွဲ ကောက်ဝင်ပြိုင်မည့်ပါတ်ီများ တအာင်း(ပလောင်)အမျိုးသားးပါတီ(TNP) ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည) ပါတီ နှင့် USDP ကြံ့ဖွဲ့ ပါတီ ရှိသော်လည်း USDP ပါတီအဖွဲ့ ဝင်များမှ မဲရရှိရေးအတွက် ယခုလို ပြည်သူများအား လိမ်လည် အတင်းမဲဆွယ်ခြင်းများ ရှိကြောင်းသိရသည်။

သတင်းနှင့်ပြန့် ကြားရေးဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဖုန်း-၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၂ ၈၈၇ ၈၄၄၃

0 comments: