Sunday, July 4, 2010

သျှမ်းဆက်ဆံရေးရုံး (ဂျပန်) Shan Liaison Office - Japan



ယနေ့ ၂၀၁၀ ဇူလိုင် ၄ ရက်နေ့ နေ့လည်ပိုင်း ၁ နာရီအချိန်မှာ ဂျပန်နိုင်ငံ Tokyo,Toshima-Ku,minami Nagasaki 4-3-6 အရပ်တွင် သျှမ်းဆက်ဆံရေးရုံး - (ဂျပန်) Shan Liaison Office - Japanရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ဂျပန်ဌာန ရုံးခန်းဧ၊၊် တာဝန်ခံမှာ ယခင် SSA တပ်ဖွဲ့ဝင် စိုင်းညွန့်မောင်မှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံသို့ ယခုလို ဌာနရုံးခွဲ လာရောက်ဖွင့်လှစ်ခြင်း ရည်ရွယ်ချက်ရှင်းလင်းပြောကြားရာမှာ လက်ရှိ RCSS လုပ်ငန်းဆောင်ရွက်မှုများကို ဂျပန်နိုင်ငံရှိ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားအင်အားစုများနှင့် ဂျပန်နိုင်ငံ အစိုးရ အပါအ၀င် ပိုမိုသိရှိလာစေရန် အတွက် ယခုလို ဂျပန်ဌာနသျှမ်းဆက်ဆံရေးရုံး - (ဂျပန်) Shan Liaison Office - Japan ရုံးခန်းခွဲ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

အမိမြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ပေါက်လာသည်အထိ ဂျပန်နိုင်ငံရှိ ဒီမိုကရေစီအင်အားစုနှင့် တိုင်းရင်းသား အင်အားစုများ အတူတကွ လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

Address: Tokyo,Toshima-Ku,Minami-nagasaki 4-3-6 (A-1)
Contact Ph: (+81) 3 3565 6324
Email: taimongjapan@hotmail.com

သတင်းမှတ်တမ်း။ SKN
မှတ်တမ်းဓါတ်ပုံ။ Lian KHan Sum(CNC-Japan)

0 comments: