Monday, July 19, 2010

မန်တုံ ဒေသအတွင်း TNP စည်းရုံးရေးမှူးများ ကန့်သတ်ခြင်းခံနေရ

၂၀၁၀ ဇူလိုင် ၁၈ ရက်။

တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)စည်းရုံးရေးမှူးများက ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့ မယက ဥက္ကဌဦးကျော်ဇင်၏ ကန့် သတ်မိန့်ကြောင့် ဒေသခံပြည်သူများထံမှ ပါတီအဖွဲ့ဝင်များ ထောက်ခံမဲ ရရှိရန်အတွက် စည်းရုံးရေးဆင်းရာတွင် အဟန့်အတားရှိနေသည်ဟု အမည်မဖေါ်လိုသူ စည်းရုံးရေးမှူး တစ်ဦးက ပြောပြသည်။

၎င်းစည်းရုံးရေးမှူးက“ ၇ ရက်နေ့ ဇူလိုင်လမှာ မယက ဥက္ကဌ ကမင်းတို့ စည်းရုံးရေးဆင်းချင်ရင် မယက ရုံးကို(၇)ရက် ကြိုတင်ပြီး အကြောင်းကြားရမယ်ဆိုတဲ့ အမိန့်ထုတ်လိုက်တဲ့ အတွက်ကြောင့် အဲဒီမတိုင်ခင် စည်းရုံးရေးဆင်းနေတဲ့ ပါတီဝင်တွေက ဆက်သွားရမလို၊နောက်ဆုတ်ပေးရမလိုဖြစ်နေတယ်။နောက်ထပ် ဆက်ဆင်းရမဲ့သူတွေလည်း ကိုယ်ဘယ်လိုသွားပြီး စည်းရုံးမလဲ ရွာသားတွေဆီကို ဘာတွေသွားပြောမလဲဆိုတဲ့ အချက်လက်နဲ့ အစီအစဉ်တကျ ရေးပေးရမယ်ဆိုတော့
ကျတော်တို့ က စိုးရိမ်နေကြတယ်”

“အခုဟာက ရွေးကောက်ပွဲကော်မရှင်က ထုတ်တာလည်း မဟုတ်ဘူးလေ။ ပြီးတော့(၇)ရက်ကြိုတင်ပြီး အကြောင်းကြားရမယ် ဆိုတဲ့အမိန့်ကလည်း ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီတွေအပေါ်တော့ ဘာမှ မသက်ရောက်သလို ဖြစ်နေတယ်။ ကြံ့ခိုင်ရေးပါတီတွေက ပြီးခဲ့တဲ့(၆)လပိုင်းကတည်းက စည်းရုံးရေးဆင်းနေတယ်။ အခုလည်း သူတို့ မိုင်းမော်ရွာ (နမ့်ဟိုင်း)ဘက်ဆင်းနေတာဘဲ။ သူတို့ ကျတော့ မယက ရုံးကို အကြောင်းကြားစရာ မလိုဘူးတဲ့ဗျာကျနော်တို့က အမိန့်မထုတ်ခင် (၁)ရက်(၂)ရက် ဆင်းနေတဲ့ ပါတီအဖွဲ့ ဝင်တွေကိုပြန် ခေါ်ရမလိုလို ဆက်ပြီးစည်းရုံးရေး ထပ်ဆင်းခိုင်းရမလိုလို ပါတီအဖွဲ့ ဝင်တွေ တစ်ခုခုဖြစ်မှာ လည်းစိုးရိမ် နေကြတယ်” သူကဆက်ပြော သည်။

မန်တုံမြို့ နယ်အတွင်းရှိ ကျေးရွာများနေ ပြည်သူများအကြား ကြံ့ခိုင်ရေးပါတီဝင်များ မည်သူ့ထောက်ခံ ချက်နှင့် ခွင့်ပြုချက်မှ ယူစရာမလိုဘဲ လွတ်လွတ်လပ်လပ် စည်းရုံးရေးဆင်းခွင့်ရနေပြီး အဘယ်ကြောင့် တအာင်း(ပလောင်)အမျိုးသားပါတီ (TNP) နှင့် အခြားပါတီများက စည်းရုံးရေးဆင်းရာတွင် ဟောပြောမည့် အချက်အလက်များကို မယကရုံးသို့ ရေးပေးရသလဲဟု တချို့ ဒေသခံများ ဝေဖန်းသုံးသပ်မှု များရှိနေသည်ဟု သိရသည်။

မယက ဥက္ကဌ ဦးကျော်ဇင် ထုတ်ပြန်လိုက်သည့်အမိန့် အရ စည်းရုံးရေးဆင်းမည်ဆိုပါက(၇) ရက် ကြိုတင် အကြောင်းကြား ရမည်ဟူသောအမိန့်သည် မိမိတို့ပါတီနှင့် အခြားပါတီပါ ဟန့်တားမှုဖြစ် စေသည့်သည့်အပြင် တရားမျှတမှုလည်းမရှိ ရွေးကောက်ပွဲ ဥပဒေနှင့်လည်းမဆိုင် ကြံ့ခိုင်ရေးပါတီကို ကာကွယ်ပေးသည့် အမိန့်သာဖြစ်သည်ဟု TNP ပါတီအဖွဲ့ဝင်များက ဝေဖန်ပြောဆိုမှု ရှိနေကြောင်း သိရသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
တအာင်းကျောင်းနှင့်လူငယ်များအစည်းအရုံး
၀၈၀၁၁၈၄၄၇၉
၀၈၂၈၈၇၈၄၄၃

0 comments: