Friday, July 30, 2010

မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး(၈၆)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား(တိုကျို)



၂၀၁၀ ခုနှစ် ဇူလိုင်လ(၃၀)ရက်။


မတရားသည့် ၂၀၁၀ ရွေးကောက်ပွဲဥပဒေ ကန့်ကွက်ခြင်းနှင့် မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး(၈၆)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဋ္ဌာနခွဲ့မှ ဦးဆောင်၍ တိုကျိုမြို့  ရှီနာဂါဝါ အရပ်ရှိ မြန်မာစစ်အခွန်ရုံး(သံရုံး)ရှေ့ တွင် ယနေ့ ဇွန်လ (၃၀)ရက် နေ့ နေ့လည် ၃း၀၀ နာရီမှ ၄း၀၀ရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီးတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ အသက်ကို ကာကွယ်ရင်း အသက်ပေး စွန့်လှုခဲ့ကြသည့် သူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် လစဉ် (၃၀)ရက်နေ့ ကျရောက်တိုင်း ဂျပန်နိုင်ငံတွင် ယခုလို ကျင်းပပြုလုပ်လာခဲ့ခြင်းဖြစ်သလို မေ(၃၀)ဒီပဲယင်း လုပ်ကြံမှုတွင် ပါဝင်ကျုးလွန်ခဲ့ကြသည့် သူများတို့ကို အရေးယူ ဖြေရှင်းဖေါ်ထုတ်ပေးရန် တိုက်တွန်း တောင်းဆိုသွားခဲ့ကြပါသည်။

ယနေ့ အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် အဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိ သူများ မြန်မာနိုင်ငံတိုင်းရင်းသားများ စုစုပေါင်း (၁၄၀)ကျော်ခန့် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

သတင်းမှတ်တမ်း ဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

0 comments: