Saturday, July 31, 2010
အမျိုးသားအတွက် မှန်ကန်သော ဆုံးဖြတ်ချက်ကို ကရင်ပြည်သူများ ကြိုဆို
Posted by PNSjapan at 11:10 PM 0 comments
Labels: သတင်း
Friday, July 30, 2010
မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး(၈၆)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား(တိုကျို)
၂၀၁၀ ခုနှစ် ဇူလိုင်လ(၃၀)ရက်။
သတင်းမှတ်တမ်း ဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)
Posted by PNSjapan at 11:57 PM 0 comments
Labels: သတင်း
၂၀၁၀ ရွေးကောက်ပွဲ တိုင်းရင်းသားများကို ကိုယ်စားမပြုဟု အကဲခတ်ပြော
Friday, 30 July 2010 13:14 သျှမ်းသံတော်ဆင့် .
Posted by PNSjapan at 3:56 PM 0 comments
Labels: သတင်း
Thursday, July 29, 2010
ဝနယ်မှာ အခြားပါတီများ လာရောက်စည်းရုံးခွင့် ပိတ်ပင်ထား
Posted by PNSjapan at 10:51 PM 0 comments
Labels: သတင်း
နအဖအား ဆန့်ကျင်သည့် ဒီကေဘီအေတပ်ဖွဲ့ကို ကေအန်ယူ ကြိုဆို
နအဖကိုဆန့်ကျင်သည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)မှ တပ်ရင်းတပ်ဖွဲ့များအား မိမိတို့နယ်မြေအတွင်း အခြေချခွင့်ပြုမည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ပြောကြားသည်။
Posted by PNSjapan at 10:05 PM 0 comments
Labels: သတင်း
Wednesday, July 28, 2010
နအဖ စစ်ဆင်ရေးက ရွာသားတွေအပေါ် ပိုမိုပစ်မှတ်ထားလာ
Posted by PNSjapan at 9:19 PM 0 comments
Labels: သတင်း
၂ နှစ်အတွင်း ညောင်ရွှေဟော်နန်း သုံးမည်ရ
Posted by PNSjapan at 9:12 PM 0 comments
Labels: သတင်း
အန်ဒီအေ (ကချင်) တပ်မှူးဟောင်းများ မည်သည့် လုပ်ပိုင်ခွင့်မျှ မရှိ
Posted by PNSjapan at 1:07 AM 0 comments
Labels: သတင်း
တအာင်း (ပလောင်) ပါတီ တပြည်လုံးအဆင့် ယှဉ်ပြိုင်မည် .
Posted by PNSjapan at 12:18 AM 0 comments
Labels: သတင်း
Tuesday, July 27, 2010
ကချင်ပြည်နယ် ဥရုချောင်းတံတား ကျိုးသွားရာမှ ကား၊ ဆိုင်ကယ်များ ရေထဲမျှောပါ
မြန်မာနိုင်ငံ ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်း ရေကြီးပြီး တစ်ခုတည်းသော ဗေလီတံတား ကျိုးခဲ့ရာမှ လူ ၅ ယောက်ထက်မနည်း သေဆုံးမှု ရှိခဲ့သည်။ ကျောက်ကျဉ်းမှော်သို့သွားရန် အဓိကဖြတ်ကူးရသည့် ၄င်းဗေလီတံတားသည် ဇူလိုင် ၂၆ရက် တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီခွဲတွင် ဥရုချောင်း ရေလျှံလာသောကြောင့် တံတားအလယ်မှ ကျိုးပျက် သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများပြောသည်။
Posted by PNSjapan at 7:07 PM 0 comments
Labels: သတင်း
Monday, July 26, 2010
ကရင်လူထု ၅၀၀ကျော် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးရောက်ရှိလာ
Posted by PNSjapan at 9:13 PM 0 comments
Labels: သတင်း
8888လေးလုံးအထိမ်းအမှတ်ကဗျာပြိုင်ပွဲ
Buffaloမြို့တွင် ၈လေးလုံးနှစ်ပတ်လည်အခမ်းနားကို
မည်ဖြစ်ပါသည်။ ကဗျာပြိုင်ပွဲသို့ မည်သူမဆိုဝင်ရောက်ယှဉ်ပြီုနိုင်
ကဗျာပြိုင်ပွဲအတွက်သတ်မှတ်ချက်
၁။ ရှစ်လေးလုံးနှင့် သက်ဆိုင်သောစက်ဆိုသည့်ကဗျာဖြစ်
၂။ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး အကျိုးပြုကဗျာဖြစ်ရမည်။
၃။ ကိုယ်ပိုင်ရေးကဗျာဖြစ်ရမည်။
၎။ကဗျာများကိုသြဂုတ်လ ၆ ရက် ၂၀၁၀။ အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ၈နာရီ pm ထက်
နောက်မကျပဲပေးပို့ရမည်။
ကဗျာပေးပို့သူသည်။ မိမိတို့`၏ အမည်၊ လိပ်သာ ၊ အီးမေး၊ အပြည့်အစုံရေးသား၍
buffalod8888@ gmail.com သို့သတ်မှတ်ထားသည့်ရက်ထက်နောက်
ဆုရကဗျာများကို ရှစ်လေးလုံး အခမ်းနားတွင် ထုတ်ပြန်ကြေငြာဆုချီးမြှင့်မည်ြ
ပထမ၊ ဒုတိယ၊ တတိယ ရသည့်ကဗျာများကိုလည်း ဂုဏ်ပြုရွတ်ဆိုသွားမည်ဖြစ်သည်။
ကဗျာရွေးချယ်မည့်အကဲဖြတ်များမှ
၁။ ကိုလောအယ်စိုး
၂။ကိုအောင်မိုး
၃။ကိုနီတွတ်
၎။ကိုမြင့်ထွေး
၅။မသီသီအောင်
Posted by Unknown at 2:10 PM 0 comments
Labels: သတင်း
Sunday, July 25, 2010
စစ်တပ် စခန်းတခုအား ကရင်နီ တပ်မတော် သိမ်းဆည်း
စနေနေ့၊ ဂျူလိုင်လ 24 ရက် 2010 ခုနှစ်
ကရင်နီပြည် အလယ်ပိုင်းဒေသတွင် အခြေစိုက်ထားသော စစ်အစိုးရတပ် စခန်းတခုအား ကရင်နီတပ်မှ ၀င်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ် ၃ ဦး သေဆုံးပြီး စခန်းအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကရင်နီတပ်မတော်မှ ယနေ့နံနက်တွင် အတည်ပြုပြောကြားသည်။
Posted by PNSjapan at 1:41 PM 0 comments
Labels: သတင်း
ဗိုလ်ချုပ်မှူးကြီး အိန္ဒိယခရီးစဉ် သံဃာတချို့ သပိတ်မှောက်
Posted by PNSjapan at 1:22 PM 0 comments
Labels: သတင်း
ဖာပွန်ခရိုင်မှ သဒါးဒဲကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ
Copy from_ burmese.bnionline.net
Posted by PNSjapan at 12:16 AM 0 comments
Labels: သတင်း
Saturday, July 24, 2010
စစ်အစိုးရရွေးကောက်ပွဲ ထင်သာမြင်သာရှိဖို့ ကုလသမဂ္ဂနဲ့ အမေရိကန်တိုက်တွန်း
(၁၇) ကြိမ်မြောက် အာရှဒေသ လုံခြုံရေး နှီးနှောဖလှယ်ပွဲ တက်ရောက်နေကြသည့် ကိုယ်စားလှယ်များ (ဇူလိုင်လ ၂၃၊ ၂၀၁၀)ဓာတ်ပုံ AP
Posted by PNSjapan at 11:31 AM 0 comments
Labels: သတင်း
Friday, July 23, 2010
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲပါဝင်ခွင့် ဂျပန်အစိုးရ ထပ်မှန်တောင်းဆို
Posted by PNSjapan at 7:09 PM 0 comments
Labels: သတင်း
ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု CIDKP ပြောဆို

Copy from_ www.mizzimaburmese.com/
Posted by PNSjapan at 4:13 PM 0 comments
Labels: သတင်း
ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက်သင်တန်း.
Today at 09:14
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မျိုးဆက်သစ်တို့အတွက် လူမှုရေးသင်တန်း၊ ဈာပနပို့ ဆောင်ရေးသင်တန်း၊ ဆေးကူညီမှုသင်တန်း၊ အင်္ဂလိပ်စာ အခြေခံသင်တန်း၊ ပန်းချီသင်တန်း၊ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာသင်တန်း စသည့် သင်တန်းတို့အပြင် ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက် ဟုခေါ်သော ဓါတ်ပုံသင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားလျှက်ရှိသည်။ ယင်းသင်တန်းကို ဈာပန ပို့ဆောင်ရေးသင်တန်းဆင်း ပရဟိတ လူငယ်/လူရွယ်များ တတ်ရောက်ကြခြင်းပင်ဖြစ်သည်။
Posted by PNSjapan at 3:50 PM 0 comments
Labels: သတင်း
Thursday, July 22, 2010
ဒု ၀န်ကြီး လက်မှတ်ထိုးမှ သံဃာများ ပြည်ပထွက်ခွင့်ရ
၂၀၀၇ ခု စက်တင်ဘာ ၂၅ ရက် ရွှေဝါရောင်တော်လှန်ရေးကာလ သံဃာတော်များ ဆန္ဒပြနေစဉ် (ဓာတ်ပုံ - မြင့်မိုးမောင်/ဧရာဝတီ)
သံဃာတော်များ ပြည်ပထွက်ခွာခွင့်ကို ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုအပြီးမှစ၍ နအဖ စစ်အစိုးရက တင်းကျပ်စွာ ကိုင်တွယ် လျက် ရှိရာ ဇူလိုင် ၆ ရက်နေ့မှစ၍ သာသနာရေး ဒု ၀န်ကြီးကိုယ်တိုင် လက်မှတ်ထိုးပေးမှသာ ခွင့်ပြုချက်ရမည် ဖြစ်ကြောင်း သိရသည်။
“အခု ပတ်စ်ပို့အသစ်လုပ်တဲ့ သံဃာတွေရော ၊ ပတ်စ်ပို့ သက်တမ်းတိုးတဲ့သံဃာတွေရော သာသနာရေး ဒုဝန်ကြီး လက်မှတ်ပါမှ ပတ်စ်ပို့ရုံးက လုပ်ပေးတယ် ၊ နောက်ပြီး သံရုံးကို ဗီဇာဝင်တဲ့အခါမှာလည်း သာသနာရေးဒုဝန်ကြီးရဲ့ လက်မှတ်ပါရမယ်လို့ ထုတ်ပြန် ထားတယ် ၊ သံဃာတွေ ပြည်ပထွက်ခွာခွင့်က တစထက်တစ ပိုတင်းကျပ်လာတယ်"ဟု ရန်ကုန် သံဃာတော်တပါးက မိန့်သည်။
ယခင်က သံဃာတော်များ ကြွရောက်မည့်နိုင်ငံသံရုံးသို့ ဗီဇာဝင်ရာတွင် သာသနာ ထွန်းကားပြန့်ပွားရေး ဦးစီးဌာန(သာ-ထွန်း-ပြန့်) ၏ ထောက်ခံချက်လိုသော်လည်း နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ပြုလုပ်ရာတွင်မူ မလိုခဲ့ကြောင်း
Posted by PNSjapan at 11:11 PM 0 comments
Labels: သတင်း
ငွေပြန်မထုတ်ပေးလို့ တပ်တွင်းမငြိမ်သက်
Copy from_ http://www.bbc.co.uk/burmese/
Posted by PNSjapan at 4:58 PM 0 comments
Labels: သတင်း
အောင်ပြီလားဟေ့ . . . အောင်ပြီဟေ့
Posted by PNSjapan at 4:00 PM 0 comments
Labels: သတင်း
Wednesday, July 21, 2010
မိုင်းကုတ်- ထိုင်းနယ်စပ် ကျောက်မီးသွေးသယ်မည့် ကားလမ်းသစ် စီမံကိန်းကန့်ကွက်ရန် ဒေသခံလူထုစည်းဝေး
Posted by PNSjapan at 10:38 PM 0 comments
Labels: သတင်း
ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြပွဲ(တိုကျို)။
၂၀၁၀ ခုနှစ် ဇူလိုင်လ(၂၁)ရက်။
အခမ်းအနားတွင် ကျောင်းသား ခေါင်းဆောင်များတို့၏ တိုင်းပြည်နှင့် လူမျိုးများအပေါ် ကိုယ်ကျိုးစွန့်  အနစ်နာခံမူတွေ ယုံကြည်ချက်အပေါ်မှာ ရဲရင့် ပြတ်သားစွာ အမှန်တရားဘက်မှ မားမားမတ်မတ် ရပ်တည် ပေးခဲ့ကြသည့် ကျောင်းသား ခေါင်းဆောင်များတို့ကို လေးစားသောအားဖြင့် ဂျပန်ရောက် မျိုးဆက်သစ် လူငယ်များတို့မှ ဂုဏ်ပြု အမှာစကားများ ပြောခဲ့ကြားခဲ့ကြပါသည်။
တရားဥပဒေမဲ့ မတရား ဖမ်းဆီးခံနေရသော ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး အမြန်ဆုံး လွတ်မြောက် ရေးအတွက် လစဉ်(၂၁)ရက်နေ့ ရောက်တိုင်း ဆန္ဒပြ တောင်းဆိုမူများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ယနေ့ပြုလုပ်သည့် ဆန္ဒပြပွဲ အခမ်းအနားတွင် အင်အား(၅၀)ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
Posted by PNSjapan at 7:19 PM 0 comments
Labels: သတင်း
“စစ်အာဏာရှင်အုပ်စု သုတ်သင်ရေးစစ်ပွဲစမယ်’’
Posted by Unknown at 4:35 AM 0 comments
Labels: သတင်း
Tuesday, July 20, 2010
ကချင်ပြည်နယ်အတွင်းမှာ ဗမာလူမျိုး တသိန်း နေရာချထားရန် မဟာဗျူဟာဖြင့် စီစဉ်
မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် နှင့် အိန္ဒိယ နယ်စပ်ရှိ ဟူးကောင်းတောင်ကြားဒေသ တည်နေရာပြ မြေပုံဖြစ်ပါသည်။(RFA Map)
Posted by PNSjapan at 10:35 PM 0 comments
Labels: သတင်း
Monday, July 19, 2010
၂၀၁၀ အာဇာနည်နေ့ မြင်ကွင်း
Monday, July 19, 2010 .
Posted by PNSjapan at 9:52 PM 0 comments
Labels: သတင်း
(၆၃)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား-ဂျပန်
၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၈ ရက်။
(၆၃)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ Shezuoka-kan ဟာမမတ်စု မြို့ “ဂျပန် မြန်မာ ချစ်ကြည်ရေး တည်မြဲပါစေ” ကျောက်စာတိုင် တည်ရှိရာတောင်ပေါ်သို့ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် LDB နှင့် နာဂိုယာမြို့ရှိ LDB ဌာနခွဲ့တိုမှ ဦးစီး၍ သွားရောက်၍ ဂုဏ်ပြုခြင်း အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။
မြန်မာပြည်ကို ဗြိတိသျှကိုလိုနီ နယ်ချဲ့ လက်အောက်မှ လွတ်မြောက်ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင်တကွ ရဲဘော်သုံးကျိပ်တို့ကို စစ်ပညာသင်ပေးခဲ့သည့် ဗိုလ်မှူးကြီး ဇူစူးကီး (မြန်မာ အမည် ဗိုလ်မိုးကြိုး)နေရပ်ဖြစ်သည့် ဟာမမတ်စုမြို့တွင် တည်ရှိသည့် “ဂျပန် မြန်မာ ချစ်ကြည်ရေး တည်မြဲပါစေ” ကျောက်စာတိုင်ရှိရာ တောင်ပေါ်သို့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးစွန့် ခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများတို့ကို အလေးပြုခြင်း လွမ်းသူ့ပန်းခွေချ ဂုဏ်ပြုခြင်း၊ တက်ရောက်ခဲ့ကြသည့် မြန်မာနိုင်ငံသား တစ်ဦးခြင်းတို့မှ အာဇာနည်ခေါင်းဆောင်ကြီးများတို့ကို ဂါရ၀ပြုပြီးသည့်နောက် အခမ်းအနား ပထမပိုင်းအစီအစဉ် ပြီးဆုံးခဲ့ပါသည်။
ဆက်လက်ပြီး ဒုတိယပိုင်း အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား အစီအစဉ်ကို ဟာမမတ်စုမြို့ ပန်းခြံအတွင်းရှိခမ်းမတခုတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် စုစုပေါင်း ၈၀ ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ ZawZawAung
မှတ်တမ်းဓါတ်ပုံ ။ ZawZawAung / Aung Htoo Thein
Posted by PNSjapan at 12:55 AM 0 comments
Labels: သတင်း
မန်တုံ ဒေသအတွင်း TNP စည်းရုံးရေးမှူးများ ကန့်သတ်ခြင်းခံနေရ
တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)စည်းရုံးရေးမှူးများက ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့ မယက ဥက္ကဌဦးကျော်ဇင်၏ ကန့် သတ်မိန့်ကြောင့် ဒေသခံပြည်သူများထံမှ ပါတီအဖွဲ့ဝင်များ ထောက်ခံမဲ ရရှိရန်အတွက် စည်းရုံးရေးဆင်းရာတွင် အဟန့်အတားရှိနေသည်ဟု အမည်မဖေါ်လိုသူ စည်းရုံးရေးမှူး တစ်ဦးက ပြောပြသည်။
၎င်းစည်းရုံးရေးမှူးက“ ၇ ရက်နေ့ ဇူလိုင်လမှာ မယက ဥက္ကဌ ကမင်းတို့ စည်းရုံးရေးဆင်းချင်ရင် မယက ရုံးကို(၇)ရက် ကြိုတင်ပြီး အကြောင်းကြားရမယ်ဆိုတဲ့ အမိန့်ထုတ်လိုက်တဲ့ အတွက်ကြောင့် အဲဒီမတိုင်ခင် စည်းရုံးရေးဆင်းနေတဲ့ ပါတီဝင်တွေက ဆက်သွားရမလို၊နောက်ဆုတ်ပေးရမလိုဖြစ်နေတယ်။နောက်ထပ် ဆက်ဆင်းရမဲ့သူတွေလည်း ကိုယ်ဘယ်လိုသွားပြီး စည်းရုံးမလဲ ရွာသားတွေဆီကို ဘာတွေသွားပြောမလဲဆိုတဲ့ အချက်လက်နဲ့ အစီအစဉ်တကျ ရေးပေးရမယ်ဆိုတော့
Posted by PNSjapan at 12:30 AM 0 comments
Labels: သတင်း
Sunday, July 18, 2010
ပြပွဲ ပြိုင်ပွဲအတွက် ပြင်ဆင်မှု
၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၈ ရက်။
6:03
နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များ၏ ပန်းချီသင်တန်း ဖွင့်လှစ် သင်ကြားခဲ့ရာ ယနေ့ ၁၇.၇.၂၀၁၀ (စနေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်မှ မြောက်ဒဂုံမြို့နယ်တွင်းရှိ တိုင်တစ်ရာ ဘုန်းကြီးကျောင်းဝင်းအတွင်း ရှေးဟောင်း ဆုတောင်းပြည့် ငါးမာရ်အောင် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအတွင်းနှင့် အနီးပါတ်ဝန်းကျင်ရှိ ကြာဖြူကန်တို့တွင် ပန်းချီဆရာကြီး ဦးဝင်းကြည်မှ ဦးဆောင်၍ Outdoor ရေဆေးရေးချက်များကို သွားရောက်ရေးဆွဲ သင်ကြားခဲ့ကြသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်တို့ သွားရောက်အားပေး ကြည့်ရှုကြသည်။
မျိုးဆက်သစ်ကလေးများသည် ပန်းချီပညာရပ်တွင် စိတ်ဝင်စားမှု၊ ကြိုးစားမှုတို့ကြောင့် တိုးတက်မှု
Posted by PNSjapan at 11:54 PM 0 comments
Labels: သတင်း
(၆၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာတမ်းဖတ်ပြိုင်ပွဲ အခမ်းအနား(တိုကျို)။
၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၈ ရက်။
(၆၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာတမ်းဖတ်ပြိုင်ပွဲ အခမ်းအနားကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (JAC)မှ ဦးစီး၍ တိုကျိုမြို့ Toshimaku Minami Otsuka Dai Ichi ခမ်းမ၌ ညနေ ၅း၃၀ နာရီ မှ ၉း၀၀ နာရီ အထိ ကျင်းပပြုလုပ် ခဲ့ပါသည်။
ယနေ့ အခမ်းအနားကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကမှာ စစ်အာဏာရှင်တို့က မြန်မာသမိုင်း အစစ်အမှန်ကို မှေးမှိန်တိမ်ကော ပပျောက်အောင် ကြံစည်ပြုမူ လုပ်ဆောင်နေခြင်းကို ဖယ်ရှားရန် မရှိမဖြစ် လိုအပ်နေသည့်အပြင် လွတ်လပ်ရေးတိုက်ပွဲဝင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများက တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့် ပေးအပ်ခဲ့တဲ သမိုင်းအမွေအနှစ်ကောင်းများကို အမျိုးသားရေး တာဝန်ကြီးတရပ် အနေဖြစ် ယနေ့ခေတ် မျိုးဆက်လူငယ်များ တာဝန်ကြေစွာ ဆက်လက်ထိမ်းသိမ်းသွားနိုင်ရန် အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်ရေးမှာ ယနေ့ မျိုးဆက်သစ် လူငယ်များ ပုခုံးပြောင်းတာဝန်ယူသွားနိုင်ရန်အတွက် ကျင်းပရခြင်းဖြစ်ပါသည်။
အခမ်းအနားတွင်ဂျပန်နိုင်ငံရောက်အဖွဲ့အစည်းအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်(၇)ဦးတို့မှအမှတ်ပေးဒိုင်များအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ကြပြီး မျိုးဆက်သစ် လူငယ် ၁၁ ဦးတို့က သမိုင်းနောက်ခံ အချက်အလက်
Posted by PNSjapan at 11:26 PM 0 comments
Labels: သတင်း
Saturday, July 17, 2010
သုခ နားနေဆောင် ဖွင့်ပြီ
၂၀၁၀ ဇူလိုင်လ ၁၇ ရက်။
Today at 03:33
မြန်မာလူမျိုးတို့ ကပ်ဆိုဒ်နေ၍လား၊ ရာသီဥတုတွေ ဖောက်ပြန်နေ၍လား၊ ဆင်းရဲနွမ်းပါးမှု ဒါဏ်ကြောင့်လား မသိ … ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ် ဆေးခန်းသို့ လာရောက်ပြသ ကုသကြသော လူနာဦးရေသည် တစ်နေ့ထက် တစ်နေ့ ပိုမိုများပြား လာသည်။ ယခုဆိုလျှင် နေ့စဉ် လူနာ (၂၀၀) ခန့်ကို အခမဲ့ ကုသပေးနေလျှက်ရှိသည်။ ကုသိုလ်ဖြစ် ဆရာဝန်ကြီး၊ ဆရာဝန်မကြီးများ၏ စေတနာ ပံ့ပိုးမှုတို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းသည် လူမျိုးဘာသာ ဆင်းရဲချမ်းသာ မိတ်ဆွေရန်သူမရွေး လူနာများ၊ ကျန်းမာရေး ချို့တဲ့သူများကို နွေးထွေးပျူငှာစွာ အခမဲ့ ကုသပေးနိုင်ခြင်းဖြစ်သည်။
လူနာဦးရေ များပြားလာသည်နှင့်အလျှောက် လူနာများ ဆေးဝါးကုသမှုခံယူရန် စောင့်ဆိုင်း နားခိုရသော နေရာသည် အဓိကဖြစ်တော့သည်။ နေပူ မိုးရွာထဲ ဒီအတိုင်း စောင့်ဆိုင်းခိုင်း၍ မဖြစ်။ ဥပေက္ခာပြု၍ မဖြစ်။ အားကိုးတကြီးနှင့် ဆေးဝါးကုသမမှု လာရောက်ကုသ ခံယူကြသော လူနာများအား နွေးထွေးပျူငှာ ကြင်နာစွာ ဂရုစိုက်ရန်ကျွန်တော်တို့၏တာဝန်ဖြစ်သည်။
ထို့ကြောင့် ယခင် ယာယီဆောက်လုပ်ထားသော လူနာနားနေဆောင်အားဖျက်၍ ခိုင်ခန့်မှု၊ ငြိမ်းအေးမှု၊ တည်တံ့မှု၊ ကြည်နူးမှုများနှင့် ပြည့်စုံသော အဆောက်အဦးကို တတ်သိပညာရှင်တို့နှင့် ပူးပေါင်းကာ အကောင်အထည်ဖေါ် တည်ဆောက်ခဲ့ကြသည်။ လေ၀င်လေထွက် ကောင်းရမည်၊ စိတ်အေးချမ်း သာယာရမည်၊ ကြည်နူးစေရမည်၊ ဗဟုသုတရစေရမည် စသည့် ပေးဆပ်မှုတို့နှင့် ပြည့်စုံ စေရန် သစ်ပင် ပန်းမာလာများကိုလည်း စိုက်ပျိုးပေးခြင်း၊ လေ၀င်လေထွက်ကောင်းရန် ဆောက်လုပ် ပေးထားခြင်း၊ သန့်စင်ခန်းသွားရန် လွယ်ကူစေခြင်း၊ သန့်ရှင်းတောက်ပြောင်စေခြင်း၊ နားနေရာတွင် အဆင်ပြေ သက်တောင့်သက်သာ နားနေရန် ထိုင်ခုံများ စီစဉ်ပေးထားခြင်း၊ မသန်မစွမ်း လူနာ၊ အသက်ကြီးရင့်သော လူနာများအား Wheel Chair နှင့် စီစဉ်ပေးခြင်း၊ ဆရာဝန်ကို စောင့်ဆိုင်းနေရချိန် တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှု DVD အခွေများကို TV Screen နှင့် ပြသပေးခြင်း၊ မေတ္တာပို့သံ တရားဓမ္မများကို ဖွင့်လှစ်ပေးထားခြင်းတို့ကြောင့် လူနာများသည် ဆရာဝန်အား မပြသခင် ကတည်းက သူတို့၏ ရောဂါဝေဒနာ တစ်ဝက်လျော့ပါး သွားစေတော့မည် ဖြစ်ပါသည်။
သုခ နားနေဆောင်အား ၁၇.၇.၂၀၁၀ (စနေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ရွှေဇီးကွက် ၏ မိဘနှစ်ပါးတို့မှ မုန့်ဟင်းခါးဖြင့် လူနာများ၊ ပရိသတ်များ၊ အသင်းသူ/သားများ၊ အလှူရှင်များအားကျွေးမွေးလှူဒါန်းကာဖွင့်လှစ်ခဲ့ပါသည်။
အများပြည်သူ (ပြည်တွင်း ပြည်ပအလှူရှင်) တို့ လှူဒါန်းထားသော အလှူငွေတို့ဖြင့် ဆေးဝါး ကုသကြမည့် အများပြည်သူတို့အတွက် ရောဂါဝေဒနာများကို သက်တောင့်သက်သာ ကုသနိုင်ရန် အတွက် စိတ်အေးချမ်းမြေ့စွာ နားနေနိုင်ရန်အတွက် “သုခ နားနေဆောင်” အား အောင်မြင်စွာ ဖွင့်လှစ် ပေးနိုင်ပြီဖြစ်ပါ၍ အများပြည်သူ အလှူရှင်အပေါင်းတို့ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် တင်ပြလိုက် ပါသည်။
ကျော်သူ
Posted by PNSjapan at 10:43 PM 0 comments
Labels: သတင်း
စစ်အစိုးရတပ်နှင့် ကေအင်ယူ တိုက်ပွဲများပြန်ဖြစ်

ရွေးကောက်ပွဲကာလ နီးလာချိန်မှာ စစ်အစိုးရတပ်တွေက ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေထဲမှာ တကြော့ပြန် စစ်ရေး လှုပ်ရှားလာကြောင်း KNU တာဝန်ရှိသူတွေက ပြောပါတယ်။ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ(၄၀၁) (၄၀၆) (၄၀၉) တပ်ရင်းသုံးရင်းက ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကြားဒေသကို ခြေကုတ် ယူလာရာက အခုလို တိုက်ပွဲတွေ ပေါ်လာရတာဖြစ်ပါတယ်။
Posted by PNSjapan at 4:34 PM 0 comments
Labels: သတင်း
အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုပါသည်။
(၆၃)နှစ်မြောက် မေ့မရနိုင်တဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့ ဝမ်းနည်းဖွယ်နေ့ အတွက် ဒေါ်မေလှမြိုင်သီဆိုသည်. " အလေးပြုပါတယ် " သီချင်းအား ကိုသော်(ဂျပန်)မှ ခံစားတင်ပြပါသည်။
http://nldlajb.blogspot.com/ မှ ကူးယူခဲ့ပါသည်။
Posted by PNSjapan at 10:18 AM 0 comments
Labels: သတင်း
၆၃ နှစ်မြောက် ကေအဲန်ဒီအိုနေ့ နယ်စပ်တစ်နေရာတွင် ကျင်းပ

သောကြာနေ့၊ ဂျူလိုင်လ 16 ရက် 2010 ခုနှစ်
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(ကေအဲန်ဒီအို)မှ ကြီးမှူး၍ ၂၀၁၀ခုနှစ် ဇူလိုင်လ ၁၆ရက်နေ့တွင် ကျရောက်သော ၆၃နှစ် မြောက် (ကေအဲန်ဒီအို)ဒေး အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ကြသည်။
Posted by PNSjapan at 1:02 AM 0 comments
Labels: သတင်း
Friday, July 16, 2010
ရဲတပ်သားတွေလဲ ထွက်ပြေးနေ

မြန်မာစစ်တပ်အတွင်းမှာ စားဝတ်နေရး မပြေလည်တဲ့အတွက် အကြပ်စစ်သည်တချို့ နှုတ်ထွက်ကြတာတွေ တပ်ရင်းကို စွန့်ခွါထွက်ပြေးကြတာတွေ ရှိနေချိန်မှာပဲ ရဲတပ်ရင်းတွေ အတွင်းမှာလဲ အလားတူ အခက်အခဲ့တွေ ရင်ဆိုင်နေရတယ်လို့ မကြာခင် ရက်ပိုင်းအတွင်းကပဲ ထွက်ပြေးလာတဲ ရဲတပ်သားတစ်ယောက်က ပြာပါတယ်။
သံလျင် အအမှတ်(၇) ရဲတပ်ရင်းကနေ လွန်ခဲ့တဲ့ ငါးရက် ကပဲ ထွက်ပြေးလာတဲ့ ရဲတပ်သားက သူတို့တပ်ရင်းထဲမှာ လစာ မလုံလောက်တဲ့ အခြေအနေတွေကို ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီဆီ စာတင်ထားတာ အခုထိ ဘာမှပြန်ပြီး မကြားရသေးဘူးလို့ ပြောပါတယ်။
စစ်တပ်ထဲမှာ တပ်သားတစ်ယောက်က ရိက္ခာ သုံးပုံ ရရင် ရဲတပ်သားတွေကတော့က တစ်ပုံပဲရကြတယ်၊ အဲတာကြောင့် လူပျို လူလွတ်တွေထက် မိသားစု ရှိသူတွေမှာ ပိုပြီး အခက်အခဲ့ရှိကြတယ် လို့လဲ အဲဒီ ရဲတပ်သားက ပြောပါတယ်။
သူလို ရဲတပ်သားတစ်ယောက်က လစာ ကျပ် နှစ်သောင်း ရတဲအထဲက တစ်သောင်းကို ဘဏ်စုကြေးထည့်ရတော့ ကျန်တဲ့ငွေနဲ ဘယ်လိုမှ မလောက်ငဘူးလို့လည်း သူကပြောပါတယ်။ သံလျင်တတါးပေါ်ကို ဖြတ်သွားတဲ ကားတွေဆီက ကောက်ခံရရှိတဲ့ငွေ တွေကိုလည်း အထက်လူကြီးတွေကသာ ရယူကြပြီး ကျန်တဲ့ အောက်ခြေက ရဲသားတွေ ဘာမှ မခံစားကြရဘူးလို့ သူကဆက်ပြောပါတယ်။
သူတို့ ရဲတပ်ရင်းမှာ အလားတူ ထွက်ပြေးသွားသူ ငါးယောက်ရှိသွားပြီလို့လည်း သံလျင် အမှတ်(၇) ရဲတပ်ရင်းက ထွက်ပြေးလာသူ ရဲတပ်သားက ဘီဘီစီ ကိုပြောပါတယ်။
သတင်းမူရင်း ။ ဘီဘီစီ
Posted by PNSjapan at 11:38 PM 0 comments
Labels: သတင်း
(၂၂)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ချီတက်ဆန္ဒပြပွဲ ဖိတ်ကြားခြင်း။
Posted by PNSjapan at 4:15 PM 0 comments
Labels: သတင်း
Thursday, July 15, 2010
USDP အဖွဲ့ ဝင်များ ပါတီ မဲရရှိရန် TNP ပါတီနာမည် အလွဲသုံးစားပြုပြီး စည်းရုံးရေးဆင်း
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ရှိ USDP ပါတီအဖွဲ့ ဝင်များကပါတီမဲ ရရှိရေးအတွက် တအာင်း(ပလောင်)လူကြီးများ၏ နာမည်ကို အလွဲသုံးစားပြုပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင် မိုင်းမော်ဘက်သို့ မဲဆွယ်စည်းရုံးရေး ဆင်းနေသည်ဟု စည်းရုံးခြင်းခံရသော ဒေသခံ ရွာသားတစ်ဦးထံမှ သိရသည်။
“သူတို့ပြောတာက အထက်ကပလောင်လူကြီးတွေ ခိုင်းတယ်လို့ပြောတယ် ဒါကြောင့် ရွာကလူတွေ တအာင်းလူမျိုးပါတီ(TNP) ကခေါင်းဆောင်တွေ ထင်နေကြပြီး အဖွဲ့ဝင်နာမည်စာရင်းတွေပေးတယ် တချို့လူတွေ ဓါတ်ပုံရိုက်၊ဖောင်တွေ တိတ်တဆိတ်နဲ့ ဖြည့်ခိုင်းတာမျိုး လည်းရှိတယ်”ဟုရွာခံတစ်ဥိးကပြောပြသည်။
၎င်း USDP ပါတီအဖွဲ့ဝင်များသည် ဇွန်လ ၂၁ ရက်နေ့တွင် ထောက်ခံမဲများ ရရှိရန်အတွက် မန်တုံမြို့ရှိ တအာင်း(ပလောင်)ရွာများဖြစ်သည့် ဟိုလင်းအုပ်စု၊ခိုမုန်းအုပ်စု ၊နားအော်ကြီးအုပ်စု၊ကျယ်ကောင်အုပ်စု၊ဆိုင်းလိန်အုပ်စု စသည့်အုပ်စုတွင်းမှ ကျေးရွာ ပြည်သူများထံ ပလောင်လူကြီးများ၏ ခိုင်းစေ ခြင်းဖြစ်ကြောင်းဟု လိမ်လည်ပြီး မဲဆွယ်စည်းရုံးရင်း ပါတီအသင်းဝင် လက်မှတ်ပါ ထိုးခိုင်းသည်ဟု ဒေသခံရွာသားများမှ သိရသည်။
စည်းရုံးခြင်းခံရသည့် ခိုမုန်းရွာသားတစ်ဦးက“ကျတော်တို့က မသိကြဘူးလေ သူတို့လက်မှတ်တွေ ထိုးခိုင်းတယ် ပလောင်လူကြီးတွေ ခိုင်းတယ်လို့ပြောတော့ ရွာကလူတွေ လက်မှတ်ထိုးပေးတာပါပဲ ရွာက လူတစ်ဝက် ကျော်ကျော်လောက်ဆိုရင် စာမဖတ်တတ်တဲ့ လူတွေပဲ သူတို့ပါတီကို မဲပေးတာ ဖြစ်တယ်လို့ မှမသိကြတာ”
အဆိုပါ အကြောင်းအရာနှင့်အလားတူ ဆိုင်လိန်ရွာတွင် အခြေအတင်ဖြစ်နေသည်ကို တွေ့ရှိခဲ့သော ဆိုင်လိန် ရွာသားတစ်ဦးက“၂၁ ရက် ဇွန်လ မှာ ဆိုင်းလိန်ရွာ ဥက္ကဌနဲ့ အဲဒီကြံ့ဖွံ့ပါတီအဖွဲ့ တွေက ပြဿနာဖြစ်တယ် ဘာကြောင်ဆိုတော့ သူတို့က ပလောင်လူကြီး နာမည်တွေ အလွဲသုံးစားလုပ်ပြီး နာမည်စာရင်းတွေ ကောက်ထားတယ် နောက်နေ့မှ ဓာတ်ပုံဆရာလွတ်ပြီး ဖောင်ဖြည့်ဖို့ ဓာတ်ပုံရှိက်မယ်ပေါ့ အဲ့ဒီမှာ ဥက္ကဌက ဘာအတွက် လည်းမေးတော့ ကြံ့ခိုင်ရေးပါတီဝင်ဖြစ်ဖို့ မနေ့က နာမည်စာရင်းပေးထားတဲ့သူတွေကို ပုံလာရိုက်တာ လို့ပြောတယ်”
“အဲ့ဒီမှာ ဥက္ကဌ က မင်းတို့ ကြံ့ခိုင်ရေးဆိုရင် ငါတို့ အဖွဲ့ဝင်မလုပ်ဘူး ပုံလည်းမရိုက်နိုင်ဘူးလို့ ပြောလိုက်တယ် မင်းတို့ ကြံ့ခိုင်ရေးပါတီဝင်ဖြစ်စေချင်ရင် မင်းတို့ကိုယ်တိုင်စည်းရုံး ပလောင်လူကြီတွေလို့ ညာပြီး ငါတို့ကိုမပြောနဲ့ ငါတို့လက်မခံနိုင်ဘူး မနေ့က လာသွားတဲ့သူတွေကိုလည်း မင်းတို့ကိုယ်တိုင်သွားပြော မလိမ့်တပတ်နဲ့ ငါ့ကို ခိုင်းတာမျိုး မလုပ်နဲ့ လို့ ပြန်ပြောလိုက်တယ်” ဟု ပြောပြသည်။
မန်တုံမြို့တွင်းမှ ပြည်သူများထံ ထောက်ခံမဲရရှိရန်အတွက် စည်းရုံးရေးဆင်းနေသည့် ၂၀၁၀ရွေးကောက်ပွဲ ကောက်ဝင်ပြိုင်မည့်ပါတ်ီများ တအာင်း(ပလောင်)အမျိုးသားးပါတီ(TNP) ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည) ပါတီ နှင့် USDP ကြံ့ဖွဲ့ ပါတီ ရှိသော်လည်း USDP ပါတီအဖွဲ့ ဝင်များမှ မဲရရှိရေးအတွက် ယခုလို ပြည်သူများအား လိမ်လည် အတင်းမဲဆွယ်ခြင်းများ ရှိကြောင်းသိရသည်။
သတင်းနှင့်ပြန့် ကြားရေးဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဖုန်း-၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၂ ၈၈၇ ၈၄၄၃
Posted by PNSjapan at 10:50 PM 0 comments
Labels: သတင်း
စစ်အစိုးရရဲ့ လူမဆန်တဲ့ ပြစ်မှု အရေးယူနိုင်ရေး ဆွေးနွေး
လူသားမျိုးနွယ်စုတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်ပြစ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရကို အရေးယူနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးပြောဆိုကြတဲ့ ဆွေးနွေးပွဲတရပ်ကို မနေ့က နယူးယောက်မြို့မှာ နိုင်ငံတကာ ရှေ့နေများ အစည်းအရုံးနဲ့ Open Society Institute အဖွဲ့တို့ ပူးပေါင်းပြီးတော့ ပြုလုပ်ခဲ့ကြပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
မြန်မာစစ်အစိုးရဟာ အရပ်သား ပြည်သူတွေ အပေါ်မှာ တရားမဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာ၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ၊ နေရပ်ဒေသတွေကနေ အဓမ္မ ရွှေ့ပြောင်းခိုင်းတာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေတဲ့အတွက် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) အဆိုပြုခဲ့သလိုမျိုး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး မြန်မာနိုင်ငံတွင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး မြန်မာစစ်အစိုးရကို အရေးယူနိုင်ဖို့အတွက် ဆွေးနွေးခဲ့ကြတဲ့အကြောင်း ဒီဆွေးနွေးပွဲမှာ ကိုယ်တိုင်ပါဝင် ဆွေးနွေးခဲ့သူ တဦးဖြစ်တဲ့ မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ အဖွဲ့ရဲ့ ကုလသမဂ္ဂရေးရာရုံး တာဝန်ခံ ဒေါက်တာသောင်းထွန်းက ပြောပြပါတယ်။
“လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ အနေနဲ့ သံတမန်ရေးအရ အကာအကွယ်ပေးမှု ဆိုတာက အတိုင်းအတာရှိတယ်။ နိုင်ငံတကာက တခြား အဖွဲ့ဝင် နိုင်ငံတွေက မြန်မာပြည်ကိစ္စကို ပိုပြီးတော့ တင်လာကြမယ်၊ ထပ်ခါတလဲလဲ လမ်းကြောင်းပေါင်းစုံက၊ ဥပမာ အခုဆိုရင် လုံခြုံရေးကောင်စီက စဉ်းစားနေတဲ့ အာဂျင်ဒါတွေ ရှိတယ်၊ ကလေးစစ်သားနဲ့ ပတ်သက်လို့၊ လက်နက်ကိုင် ပဋိပက္ခမှာ ကြားညပ်နေတဲ့ အရပ်သားတွေကို အကာအကွယ်ပေးရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတာတွေ ရှိတယ်။
“အဲဒီလို ဘက်ပေါင်းစုံကနေ ဆွေးနွေးမှုတွေ များလာတဲ့အခါမှာ သူတို့အနေနဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာ အကျခံပြီး ဆက်ပြီး အကာအကွယ် ပေးမလား၊ မပေးဘူးလားဆိုတဲ့ အဲဒီလို ဆုံးဖြတ်ရမယ့် အနေအထားတခု အထိ ရောက်လာအောင် ကျနော်တို့က နိုင်ငံတကာမှာ အခုလိုမျိုး Issue တွေပေါ့၊ အမျိုးသမီးနဲ့ ပတ်သက်တဲ့ Issue ပဲဖြစ်ဖြစ်၊ ကလေးစစ်သားနဲ့ ပတ်သက်တဲ့ Issue ပဲဖြစ်ဖြစ် နိုင်ငံတကာက ဥပဒေပညာရှင်တွေနဲ့ အပြန်အလှန် ဆွေးနွေးပွဲတွေနဲ့ သူတို့ရဲ့အာဘော်တွေ ပါတဲ့ ရေးသားချက်တွေပဲ ဖြစ်ဖြစ်၊ နောက် အရင်တုန်းက မြန်မာပြည်ကိစ္စကို လုပ်ခဲ့တဲ့ Special Reporter တွေ ကိုယ်တိုင်က လူသိရှင်ကြား ပြောဆို ထောက်ခံလာတဲ့ အနေအထားတွေကို ဖြစ်ဖြစ်၊ အဲဒါတွေ များလားရင် ဒီနိုင်ငံတွေအတွက် သူတို့ စဉ်းစားရမယ့် အနေအထားတခု ဖြစ်လာအောင်ပေါ့၊ ဒါတွေကတော့ ကျနော်တို့ တဆင့်ပြီးတဆင့် လုပ်သွားရမယ်။ နိုင်ငံတကာက လေးစားတဲ့ တရားသူကြီးတွေ ပါတဲ့ဟာမျိုးတွေ လုပ်သွားရမယ်ဆိုတဲ့ သဘောပါ။”
လုံခြုံရေးကောင်စီမှာ မြန်မာစစ်အစိုးရဘက်က အမြဲတမ်း အကာအကွယ်ပေးနေတဲ့ တရုတ်နဲ့ ရုရှားတို့လို နိုင်ငံတွေက ဗီတိုအာဏာသုံး ပယ်ချနိုင်တဲ့ အခြေအနေ ရှိတာကြောင့် ဒီအပေါ်မှာ ဘယ်လို ချဉ်းကပ် ဆောင်ရွက်နိုင်မလဲ ဆိုတာတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဒေါက်တာသောင်းထွန်းက ပြောပါတယ်။
“လုံခြုံရေးကောင်စီလို့ ပြောတဲ့အခါမှာ တရုတ်ရှိတယ်၊ ရုရှားရှိတယ်၊ အဲဒီဟာတွေကို ဘယ်လိုလုပ်မလဲ ဆိုတဲ့ အပိုင်းပေါ့။ အဲဒီအပိုင်းကျတော့ တရုတ်ရဲ့ ပေါ်လစီ၊ နောက် အာဆီယံရဲ့ အနေအထားတွေက အခုလိုမျိုး အာဆီယံမှာလည်း ASEAN Human Rights Mechanism တွေ ဖြစ်လာတဲ့ အခါကြတော့ အာဆီယံ အနေနဲ့လည်း လုံးဝ ဒါတွေ မျက်ကွယ်ပြုလို့ မရတဲ့ အနေအထားတွေ ဖြစ်လာမယ်။
“တရုတ်ကိစ္စမှာလည်း ဆူဒန် ဒါဖော ကိစ္စတွေမှာ ပထမပိုင်းမှာတော့ ဆူဒန် အာဏာရှင် အစိုးရကို သူတို့ တောက်လျှောက် အကာအကွယ် ပေးနေပေမဲ့ အခြေအနေတွေက ဆိုးလာပြီး သူတို့ရဲ့ နိုင်ငံတကာမှာရှိတဲ့ ဂုဏ်သိက္ခာကို ထိပါးမယ့် အနေအထားမျိုး ရောက်လာတဲ့ အခါမှာ သူတို့အနေနဲ့ မသိကျိုးကျွံပြု လက်ရှောင်လိုက်ပြီး ကော်မရှင် ဖြစ်သွားတာပေါ့။ အဲတော့ ကော်မရှင်ဖြစ်တဲ့ ကိစ္စဟာ ကျနော်တို့ အများကြီးလုပ်ဖို့တော့ လိုတယ်။ ဒါပေမဲ့ လုံးဝ မဖြစ်နိုင်ဘူးဆိုတာ မဟုတ်ဆိုတဲ့ အပိုင်းပေါ့။”
မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ အဖွဲ့ရဲ့ ကုလသမဂ္ဂရေးရာရုံး တာဝန်ခံ ဒေါက်တာသောင်းထွန်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
မနေ့က ပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ ဒေါက်တာသောင်းထွန်း အပြင် နိုင်ငံတကာ တရားရေးလောကမှာ နာမည်ကြီးတဲ့ ရှေ့နေ ပက်ထရစ်ရှာ ဝေါလ်ဒ် (Patricia Wald)၊ ဟားဗာ့ဒ်တက္ကသိုလ် ဥပဒေကျောင်း လူ့အခွင့်အရေးဌာန ဒါရိုက်တာ တိုင်လာ ဂီယန်နီနီ (Tyler Giannini)၊ အင်ဒီယားနား တက္ကသိုလ်က ဥပဒေရေးရာ ကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ် ၀ီလီယမ်စ် (David Williams) နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ပရစ်စီလာ ကလပ်ပ် (Priscilla Clapp) တို့က ဦးဆောင် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
သတင်းမှတ်တမ်း မူရင်း ။ ဗွီအိုအေ မြန်မာ
Posted by PNSjapan at 8:21 PM 0 comments
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အရာရှိ ပြန်လွတ်
ဒေါ်အောင်ဆန်း စုကြည်၏ ကိုယ်ရေးအရာရှိ အဖြစ် တာဝန် ထမ်းခဲ့ဖူးသူ ထောင်ဒဏ် ၁၄ နှစ် ကျခံနေရသော ဦးဝင်းထိန်ကို စစ်အစိုးရက စစ်ကိုင်းတိုင်း ကသာ အကျဉ်းထောင်မှ ယနေ့ ပြန်လွှတ်ပေး လိုက်ကြောင်း မိသားစုဝင်များနှင့် လူ့ အခွင့်အရေး လှုပ်ရှားနေသူများက ပြောသည်။
“ကသာ ထောင်ကနေ လွတ်လာပြီလို့ သိရပါတယ်” ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) မှ အတွင်းရေးမှူး ဦးတိတ်နိုင်က ဧရာဝတီသို့ ပြောသည်။
ရန်ကုန်မြို့ရှိ မိသားစုဝင်များက ထောင်မှ ပြန်လည် လွတ်မြောက် လာသော ဦးဝင်းထိန်သည် ၎င်း၏ အိမ်သို့ ယခု အချိန်အထိ ပြန်ရောက် မလာ သေးကြောင်း ပြောဆိုသည်။
ဗိုလ်ကြီး ဟောင်းလည်း ဖြစ်သော အသက် ၆၉ နှစ်အရွယ်ရှိ ဦးဝင်းထိန်သည် ၁၉၉၆ ခုနှစ်တွင် ပြည်ပ သတင်းမီဒီယာ သမားများကို သတင်း အမှားများ ပေးသည် ဟူသော စွဲဆိုချက်ဖြင့် စစ်အစိုးရက ထောင်ဒဏ် ၁၄ နှစ် ချမှတ် ခံခဲ့ရခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ၂၀၁၀ ရွေးကောက်ပွဲ အတွက် နိုင်ငံတော် အကျိုးကို ထမ်းဆောင်နိုင်ရန်ဟု ဆိုကာ အကျဉ်းသား ၉၀၀၂ ဦးကို စစ်အစိုးရက လွှတ်ပေးရာတွင် ဦးဝင်းထိန် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၇ ဦး ပါဝင်ခဲ့သည်။
ထိုစဉ်က ဦးဝင်းထိန် လွတ်မြောက်လာသော်လည်း ကသာမြို့ရှိ တည်းခိုခန်းတခု၌ တည်းခိုနေစဉ် အာဏာပိုင်များ၏ ထပ်မံ ဖမ်းဆီး ခြင်းကို ခံခဲ့ရသည်။ ဖမ်းဆီးခြင်း၏ အကြောင်းအရင်းကိုမူ မသိရှိရပေ။
၁၉၈၈ ခုနှစ်၌ ဖြစ်ပွားခဲ့သော လူထု အုံကြွမှုတွင် ဦးဝင်းထိန်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဌ ဗိုလ်ချုပ်ကြီး ဟောင်း သူရဦးတင်ဦး၏ ကိုယ်ရေး အရာရှိ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
၎င်းသည် ၁၉၆၃ ခုနှစ်တွင် စစ်တက္ကသိုလ် ကျောင်းဆင်းဖြစ်ပြီး ကာကွယ်ရေး ၀န်ကြီးဌာန အောက်တွင် ၅ နှစ်ကြာ စစ်မှုထမ်း ခဲ့ပြီးနောက် တပ်တွင်း၌ အစိုးရ အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် ပါဝင်ပတ်သက်နေသည်ဟု ဆိုကာ တပ်မှ ထွက်ခဲ့ရသူဖြစ်ကြောင်း သိရသည်။
Copy from_ www.irrawaddy.org
Posted by PNSjapan at 8:07 PM 0 comments
Labels: သတင်း
ဧည့်နိုင်ငံသားနှင့် နိုင်ငံသား (ပြု) ကတ်များ တရုတ်လူမျိုးများကို ထုတ်ပေး
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ တရုတ်လူမျိုးများအား ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲထည့်နိုင်ခွင့်ရရှိရန် ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရကတ်များကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မဲဆွယ်သည့်အနေဖြင့် ပြုလုပ်ပေးနေသည်။
ကြံ့ဖွံ့ဗဟိုခေါင်းဆောင်တဦးလည်းဖြစ်သူ ပြည်ထဲရေး ဒု-ဝန်ကြီး ဦးဘုန်းဆွေ၏ ဆွေးမျိုးတော်စပ်သူ မိုးကောင်းမြို့၊ နန့်ရင်းရပ်ကွက်ရှိ နေအိမ်တခုတွင် တရုတ်လူမျိုးများအား ယမန်နေ့မှစ၍ ပြုလုပ်ပေးနေကြောင်း မိုးကောင်းမြို့ခံတဦးက ပြောသည်။
၎င်းက “FRC (Foreigner Registration Certificate) ကိုင်ထားတဲ့ မြန်မာပြည်ပေါက် တရုတ်တွေကို လုပ်ပေးတာ။ အခုက ဒုတိယအကြိမ်လုပ်တာပေါ့။ လာမယ့်သောကြာနေ့အထိ လုပ်မယ်လို့ ပြောတယ်။ ပထမ တကြိမ်တုန်းက ဖောင်ဖြည့်ပြီးတဲ့ သူတွေက ဧည့်နိုင်ငံသားကတ်တို့၊ နိုင်ငံသား (ပြု) ကတ်တွေရပြီ။ တရုတ်တွေက အများကြီးရှိတာ။ အသက် (၁၈) နှစ်ပြည့်ပြီး မဲထည့်နိုင်တဲ့ တရုတ်တွေ ရာချီ၊ ထောင်ချီရှိတယ်။ အဲဒီ မဲတွေ ကြံ့ဖွံ့ ရနိုင်တာပေါ့” ဟု ပြောသည်။
ယခုနှစ် ဧပြီလအတွင်းကလည်း မိုးကောင်းမြို့၊ နန့်ရင်းရပ်ကွက်ရှိ အဆိုပါနေအိမ်တွင် တရုတ်လူမျိုးများအား ဧည့်နိုင်ငံသားကတ်နှင့် နိုင်ငံသားပြုခွင့်ရကတ်များ ထုတ်ပေးရန်အတွက် ကိုယ်ရေးအချက်အလက်အပါအဝင် မိသားစု၊ ဆွေမျိုးသားချင်းတို့၏ အချက်အလက်ဖောင်များ ကောက်ယူခဲ့ပြီးဖြစ်သည်။ ထိုအချိန်က ဖောင်များ ကုန်သွားသဖြင့် မလုပ်လိုက်ရဘဲ ကျန်နေသည့်သူများအား ယခု ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း မိုးကောင်းမြို့ခံတဦးက ပြောသည်။
မြန်မာပြည်ပေါက် တရုတ်များသည် FRC လက်မှတ်များ ကိုင်ဆောင်ခွင့်ရပြီး နိုင်ငံတော်သို့ နှစ်စဉ် အခွန်ဆောင်နေရသည်။ ၎င်းတို့သည် မဆလခေတ် မဲဆန္ဒပေးပွဲများနှင့် ၁၉၉ဝ ရွေးကောက်ပွဲတို့တွင် မဲပေးပိုင်ခွင့်မရှိခဲ့ဘဲ ယခု ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအတွက် မဲပေးနိုင်သည့် အခွင့်အရေး ရရှိလာခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံ တရုတ်အမျိုးသားတဦးက ပြောသည်။
နအဖ၏ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ်များရှိလျှင် ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။
Copy by_ www.khitpyaing.org/
Posted by PNSjapan at 9:05 AM 0 comments
Labels: သတင်း
Wednesday, July 14, 2010
အပစ်ရပ် SSA ‘တပ်အမည်’နှင့် ‘လုပ်ဆောင်ချက်’ မကိုက်ညီဟု မိုင်းလားခေါင်းဆောင်ဝေဖန်

နအဖ စစ်အုပ်စု၏ အသွင်ပြောင်းရေးအစီအစဉ် လက်ခံခဲ့သည့် အပစ်ရပ် သျှမ်းပြည်တပ်မတော်အား ‘သျှမ်းပြည် တပ်မတော်’ဆိုသည့်နာမည်နှင့်မလိုက်ဖက်ဟု မိုင်းလားတပ်ဖွဲ့ခေါင်းဆောင် စ၀်စိုင်းလင်းကဝေဖန်ကြောင်း စုံစမ်း သိရှိရပါသည်။
“သျှမ်းပြည်တပ်မတော်ဆိုတဲ့ နာမည်က (သျှမ်းပြည်အတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားပြည်သူတရပ်လုံးကို အ ကာအကွယ်ပေးဖို့) တပြည်လုံးကို ကိုယ်စားပြုထားတာ။ တခြားတပ်ဖွဲ့တွေနဲ့မတူဘူး၊ ဥပမာ ၀ တို့ မိုင်းလား တပ်ဖွဲ့တို့ဆိုတာက ကိုယ်နဲ့ဆိုင်တဲ့နယ်မြေကိုယ်ဘဲကိုယ်စားပြုတာ။ အခုပြည်သူ့စစ်အသွင်ပြောင်းဖို့လက်ခံတဲ့ ကိစ္စ သျှမ်းပြည်တခုလုံးအတွက်မကြည့်ဘဲ ကိုယ်နဲ့ဆိုင်တဲ့ဆိုင်ကျောဝ့် (စိန်ဂျော့) ဒေသအတွက်ဘဲလုပ်သွားပုံပေါ် တယ် ”- ဟု စ၀်စိုင်းလင်းကပြောကြောင်း သတင်းပို့သူကဆိုသည်။
နအဖ စစ်အုပ်စုဖိအားပေးမှုကြောင့် ပြည်သူ့စစ်အသွင်ရေးလက်ခံထားသော ဦးလွယ်မောဝ်းခေါင်းဆောင် မြောက်ပိုင်း အပစ်ရပ် SSA - ဌာနချုပ်တပ်ဖွဲ့၊ တပ်မဟာ ၃ ၊ တပ်မဟာ ၇ တို့အား မိုင်းလားခေါင်းဆောင် စ၀်စိုင်းလင်းက အားမလို အားမရဖြင့် ဝေဖန်လိုက်ခြင်းဖြစ်ပြီး အသွင်ပြောင်းရေး လုံးဝငြင်းဆန်သည့် ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သည့် တပ်မဟာ ၁ တပ်ဖွဲ့ကိုမူ ထောက်ခံအားပေးကြောင်း ပြောပါသည်။
ပြည်သူ့စစ်အသွင်ရေးလက်ခံထားသည့် အပစ်ရပ် SSA တပ်မှူးတဦးက - “အပစ်ရပ် သျှမ်းပြည်တပ်မတော်နဲ့ မိုင်းလားတပ်ဖွဲ့တို့၊ ၀ တပ်ဖွဲ့ တို့ နဲ့ အခြေအနေမတူဘူး၊ သူတို့က နယ်ခြားစောင့်တပ်အသွင်ပြောင်းရင် တပ် ရင်းတခု ဗမာအရာရှိ အယောက် ၃၀ ပါဝင်မယ်၊ ကျနော်တို့ ပြည်သူ့စစ်တပ်ဖွဲ့ကျတော့ နာမည်အားဖြင့်သာ ပြည်သူ့စစ်ဖြစ်တာ၊ တပ်ဖွဲ့အနေအထားကတော့ နဂိုအတိုင်းဘဲ ဆက်ဖြစ်နေမယ်၊ ဗမာတပ်အရာရှိလဲ ပါဝင်မှာ မဟုတ်ဘူး။ နောက်တခုက ဒေသခံလူထု ဒုက္ခမရောက်အောင်၊ စစ်ဘေးစစ်ဒဏ်ကနေကင်းဝေးအောင်သာ လက်ခံလိုက်ရခြင်းဖြစ်တယ်”- ဟု ပြော၏။
အများလေးစားသည့် သျှမ်းလူကြီးတဦးကလည်း“သျှမ်းပြည်တပ်မတော်သည် အစဉ်အလာရှိသည့်တပ်မတော်၊ ဦးလွယ် မောဝ်းခေတ်ကျမှ စိန်ဂျော့ဌာနေပြည်သူ့စစ်ဖြစ်သွားခြင်းသည် လက်ရှိတာဝန်ထမ်းဆောင်နေသူများအဖို့ သမိုင်းတာဝန် မကျေပွန်ရာရောက်ကြောင်း၊ သျှမ်းပြည်တပ်မတော် ဆက်လက်တည်ရှိရေးသည် ဗိုလ်ချုပ်ပန်ဖှ ပေါ်မူတည်လာကြောင်း” ပြော၏။
သျှမ်းပြည်တပ်မတော် SSA သည် ညောင်ရွှေစော်ဘွား မဟာဒေ၀ီ စ၀်နန်းဟိန်းခမ်းက တန်းတူအခွင့်အရေး အတွက် တိုက်ပွဲဝင်ရန် ၁၉၆၄ တွင် တည်ထောင်ခဲ့သည့် သမိုင်းဝင်တပ်မတော် ဖြစ်သည်။
သတင်းမှတ်တမ်း မူရင်း ။ သျှမ်းသံတော်ဆင့်
Posted by PNSjapan at 8:58 PM 0 comments
Labels: သတင်း
ဘက်ပြောင်း DKBA တပ်ဖွဲ့ဝင် မိသားစုများ နှိပ်စက်ခံရ

ဘစောတင် Wednesday, July 14, 2010 . ကရင်အမျိုးသား အစည်းအရုံး (KNU) ထံသို့ ပူးပေါင်းသွားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) မှ တပ်ဖွဲ့ဝင်များ လက်နက် ပြန်အပ်နှံရန် ဖိအားပေးသည့် အနေဖြင့် ကျန်ရစ်သော မိသားစုဝင်များကို DKBA က နှိပ်စက် ညှဉ်းပန်းမှုများ ပြုလုပ်ကြောင်း သတင်းရရှိသည်။
လက်နက်များ ပြန်လည် မအပ်နှံပါက ထွက်ပြေး သွားသော တပ်ဖွဲ့ဝင် များ၏ မိသားစုများကို ပြင်းပြင်း ထန်ထန် အရေးယူ မည်ဟု DKBA က ခြိမ်းခြောက် နေကြောင်း ကရင် လူငယ် အစည်းအရုံး (KYO) မှ တာဝန်ရှိသူ တဦးက ပြောသည်။
“ကျနော်တို့ ဘက်ကို ထွက်ပြေး လာကြတဲ့ ဒုဗိုလ် မျိုးမျိုးနဲ့ သူ့တပ်ဖွဲ့ဝင် တွေရဲ့ မိသားစုတွေ နှိပ်စက်ခံ နေရတယ်။ ၂ နှစ် ၃ နှစ်အရွယ် ကလေး ငယ်က စပြီး ဇနီး မယားတွေ မိအို ဘအိုတွေ အားလုံးကို လက်ထိပ် ခတ်ပြီး စစ်ဆေး မေးမြန်း ရိုက်နှက် တာတွေ လုပ်နေတယ်။ လက်နက် တွေကို ပြန်မအပ်ရင် ဒီထက်ပိုပြီး ပြင်းပြင်း ထန်ထန် အရေး ယူတာကို ခံရမယ်လို့ ကြိမ်းမောင်း နေတယ်” ဟု KYO မှ ကိုစောမိုရှေးက ဧရာဝတီသို့ ပြောသည်။
ဘက်ပြောင်းလာသူ တပ်ကြပ်ကြီး အောင်သိန်းက “ကျနော်တို့ KNU ဘက်ကို ရောက်သွားတယ်လို့ သိတာနဲ့ တပြိုင် နက် ကျနော့်မိန်းမနဲ့ ကလေး ၂ ယောက်ကို အချုပ်ခန်းထဲတည့်ပြီး ခြိမ်းခြောက်တာတွေ နှိပ်စက်တာတွေ လုပ်နေ တယ်”ဟု ဆိုသည်။
တပ်ကြပ်ကြီး အောင်သိန်း၏ ကလေးများမှာ အသက် ၂ နှစ်နှင့် ၅ နှစ်အရွယ် ရှိကြသည်ဟု သိရသည်။ ဖမ်းဆီးနှိပ်စက် ခံနေရသူများမှာ အနည်းဆုံး ၁၅ ဦးနှင့် အထက်ရှိမည်ဟု ၎င်းက ပြောသည်။
၎င်းတို့၏ မိသားစုဝင်များမှ ကလေးများကိုပါ လက်ထိပ်ခတ်ကာ စစ်ဆေးမေးမြန်းနေသည်ဟု DKBA နှင့် နီးစပ်သူများ ကလည်း ပြောသည်။
ဘက်ပြောင်းလာကြသော DKBA တပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ စခန်းတခုတွင် တာဝန် ထမ်းဆောင်နေကြသော (၉၉၉) တပ်မှ ဖြစ်သည်။
ဒုဗိုလ် မျိုးမျိုး၊ တပ်ကြပ်ကြီး အောင်သိန်း၊ တပ်ကြပ် စောဝင်းနေ၊ တပ်သား မိုးခူး၊ တပ်သား စိုးလယ်ဖိုး၊ တပ်သား အောင်စိန် နှင့် တပ်သား စိုးထိုက် တို့သည် ဇူလိုင်လ ၁၂ ရက်နေ့က KNU/ KLA တပ်မဟာ (၇) သို့ လာရောက် လက်နက်ချ ပူးပေါင်းခဲ့ကြသည်။
၎င်းတို့ နှင့်အတူ AK 47 သေနတ် ၃ လက်၊ M.16 သေနတ် ၂ လက်၊ ကာဘိုင် သေနတ် ၁ လက်၊ 9 mm ပစ္စတို ၁ လက်နှင့် ကျည်ဆန်များ ပါလာခဲ့သည်။ M-79 လောင်ချာ တလက်မှာမူ လမ်းခရီးတွင် ရေထဲသို့ ပြုတ်ကျ ကျန်ရစ်ခဲ့ သည်ဟု သိရသည်။
KNU တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး ဖဒို စောလှငွေက “မလုပ်သင့်ဘူးလို့ ပြောချင်တယ်။ ပြီးတော့ သူတို့တွေက ကရင်အချင်းချင်း မတိုက်တာ့ပါဘူး၊ မသတ်ဖြတ်တော့ပါဘူးဆိုပြီး ငြိမ်းချမ်းရေးစကားတွေလည်း ပြောတယ်။ သူတို့ ဆီ မှာ မနေချင်တော့လို့  ဘက်ပြောင်းလာတဲ့ သူတွေရဲ့ မိသားစုဝင်တွေကို နှိပ်စက် ညှဉ်းပန်းတာကတော့ အင်မတန် ဆိုးရွားတဲ့ လုပ်ရပ်လို့ ကျနော် ပြောချင်တယ်” ဟု ဆိုသည်။
ယခင်ကလည်း DKBA မှ ဘက်ပြောင်းသွားသူများတွင် လက်နက်ခဲယမ်းများ ပါလာပါက ကျန်ရစ်သည့် မိဘ၊ မိသားစု ဝင် များထံ၌ ကျပ်ငွေ သိန်း ၂၀၊ ၃၀ စသည့်ဖြင့် DKBA က အလျော်တောင်းခြင်းမျိုး ရှိခဲ့ကြောင်း၊ ဤသို့ ပြုလုပ်ခြင်း သည် နအဖ နည်းကို အတုခိုးခြင်းဖြစ်ကြောင်း၊ နအဖ စစ်တပ်မှ တပ်ပြေးများ ပြန်မိလျှင် ထောင်ချခြင်း၊ လက်နက် ပါသွားပါက လိုက်လံ သတ်ဖြတ်ခြင်းအထိ ရှိကြောင်း ဗိုလ်မှူး စောလှငွေက ဆက်လက်ပြောသည်။
DKBA တပ်ဖွဲ့ဝင်များအတွင်း နယ်ခြားစောင့်တပ်ကိစ္စ သဘောကွဲလွဲမှုများ၊ အထက်အရာရှိများက ပြေလည်နေကြ သော်လည်း လက်အောက်ငယ်သားများက ရိက္ခာပင် မလုံလောက်သဖြင့် စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်နေခြင်းကြောင့် KNU ဘက်သို့  မကြာခဏ ထွက်ပြေးနေခြင်း ဖြစ်သည်ဟု သိရသည်။
DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက်ကိုင် အဖွဲ့ဖြစ်သည်။
Copy frpm _ www.irrawaddy.org
Posted by PNSjapan at 8:52 PM 0 comments
ဒေါက်တာတူးဂျာကြောင့် KSPP ကို ပါတီထောင်ခွင့်မပြုဟု ဦးအောင်သောင်းပြော
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါက်တာတူးဂျာသည် ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် ဆက်စပ်လျှက်ရှိသဖြင့် သူဦးဆောင်သော ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP ကို ပါတီထောင်ခွင့် ပြုမည်မဟုတ်ကြောင်း အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်းက ကချင်ခေါင်းဆောင်များကို
Posted by PNSjapan at 12:25 AM 0 comments
Labels: သတင်း
Tuesday, July 13, 2010
မြန်မာသူပုန် ၃၄ ဦး တရားစီရင်မှု ပြီးသော်လည်း မလွတ်မြောက်

အိန္ဒိယ အစိုးရက ၁၂ နှစ်ကျော်ကြာ ထိန်းသိမ်းပြီး တရားစွဲဆို ထားသော မြန်မာ သူပုန်များကို ထောင်ဒဏ်နှင့် ငွေဒဏ်များ အသီးသီး ကျခံစေရန် ကာလကတ္တား တရားရုံးမှ ယမန်နေ့က အပြီးသတ် ဆုံးဖြတ်ခဲ့ သော်လည်းကွင်းလုံးကျွတ် လွတ်မြောက်ရန်
Posted by PNSjapan at 10:20 PM 0 comments
Labels: သတင်း
Monday, July 12, 2010
(၆၃)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာတမ်းဖတ်ပြိုင်ပွဲ၊(တိုကျို)
Posted by PNSjapan at 10:52 PM 0 comments
Labels: သတင်း
ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်များ....
ဒီနေ့ အလုပ်အားလပ်ရက် ရတဲ့နေ့မှာ ဂျပန်နိုင်ငံရဲ့ ရှေးဟောင်းမြို့တော် ကျိုတိုမြို့ကို မိတ်ဆွေ (၃)ဦးနဲ့ အလည်တစ်ခေါက် ရောက်ရှိခဲ့ပါတယ်။ သွားရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ လေးစားချစ်ခင်ရတဲ့ လူထုခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် ကျိုတိုတက္ကသိုလ်မှာ ပညာသင်ကြားခဲ့တုန်းက နေထိုင်ခဲ့တဲ့ အမေစုအတွက် အမှတ်တရ ပြုလုပ်ထားတဲ့ အခန်းကိုပါ။ ကျိုတိုရောက်တော့ မိတ်ဆွေတစ်ဦးရဲ့ အကူအညီနဲ့ ကျိုတိုဘူတာကနေ မိနစ်(၂၀)လောက် ဘတ်(စ်)ကား စီးပြီးသွားခဲ့ပါတယ်။ ကျိုတိုတက္ကသိုလ်ကို ရောက်ပြီး မေးမြန်း စုံစမ်းကြည့်တော့ ဒေါ်အောင်ဆန်းစုကြည် အခန်းကို ကြည့်ရှူခွင့် ရဖို့အတွက် ကြိုတင်အကြောင်းကြားပြီး ရက်ချိန်းယူရပါတယ်တဲ့.. ။ ဒါပေမယ့် ကျွန်တော်တို့ ဝေးလံတဲ့ တိုကျိုမြို့က တကူးတက လာကြည့်တယ် ဆိုတာသိတော့ သူတို့စီစဉ်ပေးပါတယ်။ ကျိုတိုတက္ကသိုလ်ကနေ နောက်ထပ် တက္ကစီစီးပြီး အမေစုနေခဲ့တဲ့ အဆောင်ကို ရောက်ခဲ့ပါတယ်။ သွားရောက်ခွင့် မှတ်တမ်းတင်ခွင့် ရရှိခဲ့တဲ့အတွက် ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာ ကြည်နှူးခဲ့ကြရပါတယ်။ အဆောင်ရှေ့ မြင်ကွင်းကို ကြည့်ပြီး ငါတို့ခေါင်းဆောင် ဒီနေရာမှာ နေထိုင်ခဲ့တာ ပါလားလို့ .. တွေးတော နေမိလိုက်တယ်။ အဆောင်ရဲ့ (၃)ထပ်ကို ဓာတ်လှေကားနဲ့ တက်သွားတဲ့ အခါမှာတော့ Aung San Suu Kyi Room ဆိုတာကို ကြေးနီပြားပေါ်မှာ ရေးထိုးထားတာကို တွေ့လိုက်ရတယ်။ နောက်အခန်းက ကျွန်တော်တို့ ကြိုတင် အကြောင်းကြားပြီး လာရောက်တာ မဟုတ်တဲ့အတွက် နေထိုင်ခဲ့တဲ့ ပုံစံတူတွေ ပြုလုပ်ပေးဖို့ အချိန်မရှိပေမယ့်… ဒေါ်အောင်ဆန်းစုကြည် ကျောင်းမှာ နေထိုင်စဉ် ဓာတ်ပုံမှတ်တမ်းတွေနဲ့ ကိုယ်ရေးရာဇဝင် ၈၈၈၈ ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ထိုစဉ်က ဂျပန်သတင်းစာပါပုံတွေကို မှတ်တမ်းတင်ခွင့် ရခဲ့ပါတယ်…။ ကျွန်တော်တို့ ခေါင်းဆောင်ဟာ ၁၉၈၅ခုနှစ် အောက်တိုဘာလ တစ်ရက်နေ့ကနေ ၁၉၈၆ခုနှစ် ဇွန်လ(၃၀)ရက်နေ့အထိ ဒီအခန်းမှာ နေထိုင်ပြီး စာတမ်း သုတေသနပြုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စာတမ်းပြုစုခဲ့တဲ့ ခေါင်းစဉ်ကတော့ “ The History of the Burmese Independence Movement ” မြန်မာပြည် လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်း ကို (၉)လကြာ အခန်းနံပါတ် E306 မှာနေထိုင်ပြီး စာတမ်းပြုစုခဲ့ပါတယ်..။
ကျိုတိုတက္ကသိုလ်မှာ နေထိုင်ပြီး စာတမ်းပြုစုနေထိုင်ခဲ့စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာဆန်ဆန် မြန်မာရိုးရာ အမျိုးသားဝတ်စုံ ကိုသာ ဝတ်ဆင်နေထိုင်ခဲ့ပါတယ်…။ အခန်းအတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သတ်တဲ့ စာအုပ်တွေနဲ့ Biography တွေရှိနေပါတယ်….။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်တမ်းစာအုပ်အတွင်းမှာတော့ နိုင်ငံပေါင်းစုံက ဒေါ်အောင်ဆန်းစုကြည်ကို လေးစား..မြတ်နိုးသူတွေရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင်အတွက် အမှတ်တရတွေ ရေးထားတာကို ဖတ်ကြည့်ပြီး အထူးပီတိဖြစ်ခဲ့ရပါတယ်.။ အခုအချိန်မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားတဲ့ ခေတ်စံနစ်ကြီးထဲမှာ အဖိအနှိပ်ခံပြည်သူတွေ အတွက် မတရားတဲ့ ဥပဒေတွေ ကိုအံ့တုရင်း ရင်ဆိုင် ပြည်သူတွေဘက်က မားမားမတ်မတ် ရင်ဆိုင်တိုက်ပွဲ ဝင်နေပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ၁၉၉၀ရွေးကောက်ပွဲအပြီးမှာ ပြည့်သူ့အစိုးရသာ ပေါ်ထွန်းလာခဲ့မယ်.. ဆိုရင် အခုချိန်မှာ ဆိုရင် ရင့်ကျက်တဲ့ ဒီမိုကရေစီအစိုးရ အနေနဲ့ အနှစ် (၂၀)ခရီးကို ရောက်ရှိနေမှာ ဖြစ်ပါတယ်။ အစိုးရတစ်ရပ် ဒီမိုကရေစီ နိုင်ငံတော်သစ် တစ်ရပ်အနေနဲ့ အနှစ်(၂၀) အတွင်းမှာ အမှားအယွင်းတွေကို ပြင်ဆင်နိုင်ဖို့ တိုင်းပြည်ထူထောင်ဖို့ အတွက် လုံလောက်တဲ့ အချိန်အတိုင်းအတာပါ..။ နုပျိုငယ်ရွယ်တဲ့ အချိန်မှာ ကျွန်တော်တို့ လူထုခေါင်းဆောင်သာ ဦးဆောင်ခဲ့မယ်ဆိုရင် ဆိုတဲ့စိတ်ကူးတွေနဲ့ အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ၊ချမ်းသာပြီး တိုင်းပြည်အကျိုးကို ဆက်လက်ဆောင်ရွက် နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်..အမေ..။
လိုက်လံပို့ဆောင် ပေးသူအား အထူးကျေးဇူးတင်ပါသည်။
ဒီမိုဝေယံ
http://www.demowaiyan.co.ccမှဖေါ်ပြပါသည်။
Posted by Unknown at 10:20 PM 0 comments
မတရားဖမ်းဆီးခံရသော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆို ။
၂၀၁၀ ခုနှစ် ဇူလိုင်လ(၁၂)ရက်။
နအဖ စစ်အုပ်စုသည် ဒာမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုဆင်ပြီး ထောင်ဒဏ် ချမှတ်ခဲ့သည်မှာ (၁၁)လပြည့်သွားပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေး အတွက် တောင်းဆိုဆန္ဒပြပွဲကို တိုကျို Shinagawa အရပ်ရှိ နအဖ စစ်အခွန်ရုံးရှေ့  ယနေ့  ဇူလိုင်လ (၁၂)ရက် ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့မှ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ မြန်မာနိုင်ငံ၏ အထွေထွေ အကျပ်အတည်းများကို ကျော်လွှားနိုင်ရေးအတွက် အဓိက ဆောင်ရွက်နိုင်စွမ်းရှိသူ တယောက်လည်းဖြစ်သည်။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် အထူးပင် လိုအပ်လှပါသည်။ အဓိက ကျသူတစ်ဦး ဖြစ်ကြောင်းကို အခမ်းအနားမှူး ဦးမြတ်သူမှ ရှင်းလင်း ပြောကြားသွားပါသည်။
လက်ရှိမြန်မာပြည်၏ အခြေအနေနှင့် တိုင်းပြည်ကို ငြိမ်းချမ်းစွာ ပြောင်းလဲနိုင်ရေးအတွက် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ အမြန်ဆုံး တွေ့ ဆုံဆွေးနွေးရန် အတွက် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့ ၈ ဖွဲ့ ၊ တိုင်ရင်းသားအဖွဲ့အစည်း ၁၀ ဖွဲ့ တို့၏ တိုက်တွန်းတောင်းဆိုသည့် စာများကို တိုကျိုရှိ မြန်မာစစ်အခွန်ရုံး(သံရုံး) သံအမတ်ကြီးကနေ တဆင့် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ လိပ်မူ၍ ပေးပို့ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်အား မတရားသဖြင့် အမိန့်ချမှတ်ခဲ့သည့် လစဉ်(၁၁)ရက် နေ့ရောက်တိုင်း ဆန္ဒပြ တောင်းဆိုမူများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
Posted by PNSjapan at 7:38 PM 0 comments
Labels: သတင်း
ဂျပန်အာဏာရပါတီ လွှတ်တော် ရွေးကောက်ပွဲမှာ အရေးနိမ့်
Copy from_ ANNnewsCH
ဂျပန်နိုင်ငံမှာ ဒီကနေ့ ကျင်းပတဲ့ အထက်လွှတ်တော် ရွေးကောက်ပွဲတွေမှာ မဲရုံထွက်ကောက်ယူတဲ့ စစ်တမ်းတွေအရ ၀န်ကြီးချုပ်သစ် နာအိုတို ခန်း (Naoto Kan) ရဲ့ အာဏာရ ညွန့်ပေါင်းအဖွဲ့ အနေနဲ့ လွှတ်တော်တွင်းမှာ အမတ်နေရာ အများစု ရထားတာကို ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။
ဂျပန် ဒီမိုကရက်တစ်ပါတီ (DPJ) ဟာ သူတို့ခန့်မှန်းထားတဲ့ အမတ်နေရာ အရေအတွက် ၅၄ နေရာထက် လျော့ပြီး အမတ်နေရာ ၅၀ အောက်ကိုပဲ အနိုင်ရမယ်လို့ ဂျပန် သတင်းမီဒီယာတွေက ကောက်ယူတဲ့ စစ်တမ်းတွေကနေ ခန့်မှန်းထားပါတယ်။
ရွေးကောက်ပွဲ နောက်ဆုံးရလဒ်တွေကို တနင်္လာနေ့မှာ သိရမယ်လို့ မျှော်လင့်ထားကြပါတယ်။ အခုထွက်ထားတဲ့ ခန့်မှန်းချက်တွေ အတည်ဖြစ်မယ် ဆိုရင်တော့ အာဏာရ ညွန့်ပေါင်းအဖွဲ့ဟာ အမတ်နေရာ ၂၄၂ နေရာရှိတဲ့ အထက်လွှတ်တော်မှာ လူဦးရေအများစု ရထားတာကို လက်လွှတ်ရတော့မှာပါ။
ရွေးကောက်ပွဲ ရလဒ်က ဘယ်လိုပဲ ထွက်လာထွက်လာ သူ ၀န်ကြီးချုပ်နေရာမှာ ဆက်နေမယ်လို့ ၀န်ကြီးချုပ် နာအိုတို ခန်းက လွှတ်တော်အမတ် တယောက်ကို ပြောတာကို ကိုးကားပြီး တိုကျိုအခြေစိုက် NHK သတင်းဌာနက ကြေညာပါတယ်။
ဝန်ကြီးချုပ်ရဲ့ ဂျပန် ဒီမိုကရက်တစ် ပါတီဟာ သြဇာကြီးတဲ့ အောက်လွှတ်တော်မှာ လွှတ်တော်အမတ်နေရာ အများစုကို ရထားပါတယ်။
Copy from _ voanews.com/burmese
Posted by PNSjapan at 6:08 PM 0 comments
Labels: ဂျပန်နိုင်ငံအကြောင်း, ဗွီဒီယို, သတင်း
Sunday, July 11, 2010
မပြေလည် မလောက်ငလို့ တပ်က နုတ်ထွက်ကြ

ကျွှန်တော်က တပ်သားပါ၊ တပ်သား လစာက ၂၅၀၀၀ လောက်ပဲရတယ်၊ မလောက်ဘူး။ အပြင်မှာလုပ်ရင် ၅၀၀၀၀ ကနေ ၈၀၀၀၀ ကျပ် လောက်ရတယ်။ တပ်ထဲဝင်တာ အနေ အစား ချောင်မလားလို့ ၀င်တာ၊ တပ်ထဲမှာက ပိုဆိုးနေတယ်လို့ ရှမ်းပြည်နယ် ကလောမြို့အခြေစိုက် တပ်မ ၅၅ လက်အောက်ခံ နောင်ချို အခြေစိုက် ခမရ ၁၇ က တပ်သားတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
တပ်ကပြေးရင် အရေးယူတယ်ဆိုပေမယ့် လွတ်အောင်တော့ ပြေးရတာပဲလို့ သူကဆိုပါတယ်။ တပ်ကပြေးတာရော ထွက်စာတင်တာရော ခွင့်မဲ့ပျက်ကွက်တာတွေရော ရှိတယ်လို့လည်း ပြောပါတယ်။
တပ်ရင်းမှူး ကအစ နှုတ်ထွက်စာတင်တယ်။သူ့ခမျာလည်း တပ်ရင်းရဲ စီးပွါးရေး ၊ လူမူရေး ၊ ကျမ္မာရေး အထွေထွေ အကျပ်အတည်း တွေကို ကိုယ်တိုင်ဖြေရှင်းရတယ် အထက်ကို လိုအပ်ချက်တွေ တင်ပြတော့လည်း အမိန့်ပဲလာတယ် ၊ သူတို့တွေ တော်တော် အခက်အခဲ့ရှိပုံရပါတယ်၊ သူတို့တောင် ခက်ခဲ့တော့ ငယ်သားတွေ ပိုဆိုးတာပေါ့၊ ဒါကြောင့် ထွက်စာတွေ တင်ကြတာလို့ တပ်သားကပြောပါတယ်။

တပ်ရင်းမှူးအပြင် ဒုအရာခံဗိုလ်၊ အကြပ်တပ်သား ရဲဘော်တွေက ဗျူဟာမှူးဆီ ထွက်စာတွေ တင်ထားပေမယ့် ခွင့်မပြုဘူး၊ ကြာပြီလို့ သူကပြောပါတယ်။ ဒါအပြင် အရာရှိငယ်တွေဖြစ်တဲ့ ဒုဗိုလ်တွေ ဗိုလ်တွေကလည်း ၊ မနက်ဘက် တန်းလည်း မစီတော့ဘူး ညနေဘက် အပြင်ထွက်ပြီ ညဘက်လည်း ပြန်မ၀င်ဘူး။ အပြင်ထွက် လောင်းကစားလုပ်၊ သောက်စား မူးယစ်တာတွေလုပ်ကြတယ်၊ တပ်ကဖွဲ့စည်းပုံ ပျက်နေပြီလို့ တပ်သားက ဘီဘီစီကိုပြောပါတယ်။
လစာနည်းရတဲ့ကြားထဲ ဘဏ်မှာစုရမယ်ဆိုပြီး လစာကနေ တလ ၅၀၀၀ ကျပ်ဖြတ်တယ်၊ နှစ်ပေါက်လာပြီးနောက် လိုအပ်လို့ အဲဒီဆုငွေကို ထုတ်ပေးဖို့ပြောတော့ ထုတ်ပေးလိုက်ရင် မင်းတို့ပြေးမှာပဲ ဆိုပြီး မထုတ်ပေးဘူးလို့ သူကပြောပါတယ်။
လစာမလောက်ငှတော့ အကြပ် စစ်သည်တွေနဲ့ အရာခံဗိုလ်တွေရဲ့ မိန်းမတွေက ဈေးရောင်းရတယ်၊ ထင်ခုတ် အပြင်ထွက် ပိုက်ဆံရှာ စတာတွေလုပ်ပြီး စားဝတ်နေရေး ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။
Copy from_ www.bbc.co.uk/burmese
Posted by PNSjapan at 11:26 PM 0 comments
Labels: သတင်း