Tuesday, June 15, 2010

ကော့ကရိတ်တွင် KNU နှင့် နအဖ တပ်တို့ ၏ တိုက်ပွဲများပြင်းထန်။


June 11, 2010

ကရင်ပြည်နယ် ကော့ကရိတ် မြို့ နယ် အနီးတွင် နအဖ စစ်ကြောင်း နှင့် DKBA တပ်များစခန်းချရာ အနီးသို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNU စစ်ကြောင်းများက ၀င်ရောက် တိုက်ခိုက်ရာ မှ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည် ဟု သတင်းရရှိသည်။

စစ်ဖြစ်ပွားနေသည့် ကော့ကရိတ် မြို့ တွင် တယ်လီဖုန်း ဆက်သွယ်မှု လိုင်းများ ပြတ်တောက်နေသည်။မြ၀တီ-ဘားအံ ပြေးဆွဲ နေသည့် ခရီးသည် တင် နှင့် ကုန်တင် ကားများ အပြင် DKBA ပို့ ဆောင် ရေးကားများ လည်း အတက်-အဆင်း ပြေးဆွဲမှု ရပ်နားထားရသည် ဟုမြ၀တီ မြို့ မှ ကုန် သည် တစ်ဦး က Freedom News Group သို့ ပြောသည်။

DKBA နှင့် နအဖ စခန်းချရာတွင် အင်အား လေးဆယ်ခန့် ရှိသည် ဟု သိရသည်။ KNLA စစ်ကြောင်း သည် နအဖ ၏ တပ်ရင်း တစ်ခုဖြစ်သည့်  ခမရ( ၁၂) လက်အောက်ခံ ခြေလျင်တပ်ရင်း (၅၄၅) နှင့် ထိတွေ့ ခဲ့ခြင်းဖြစ်သည်။

သတင်းမှတ်တမ်း ။ မူရင်း Freedom News Group

0 comments: