Thursday, June 3, 2010

EU ကိုယ်စားလှယ်နှင့် မြန်မာ့ဒီမိုကရေစီအင်အားစု တွေ့ဆုံသည့် အခမ်းအနား။


၂၀၁၀ ခုနှစ် ဇွန်လ ၃ ရက်။

ဂျပန်နိုင်ငံရောက် EU ၏မြန်မာနိုင်ငံဆိုင်ရာ အထူးသံ Mr.Piero Fassino ၊ EU ဂျပန်သံရုံး တာဝန်ခံများနှင့် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများဖြစ်သည့် NLD-LA(JB) ၊ LDB ၊ AUN-Japan ၊ NCUB ဂျပန်ကိုယ်စားလှယ် ၊ NDF(Burma) ဂျပန်ကိုယ်စားလှယ် ၊ FTUB ဂျပန်ကိုယ်စားလှယ် ၊ RENGO(JTUC) မြန်မာ့ရေးရာတာဝန်ခံ တို့နှင့်အတူ ယနေ့ ၂၀၁၀ ခုနှစ် ဇွန်လ ၃ ရက်နေ့ မှာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် တွေ့ဆုံ ဆွေးနွေးမူကို EU ဂျပန် သံရုံးတွင် ညနေ ၄း၀၀ နာရီ မှ ၅း၃၀ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

နအဖ စစ်အုပ်စု၏ ၂၀၁၀ ရွေးကောက်ပွဲ နှင့်ပတ်သက်၍ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ဆန္ဒသဘောထားနှင့် EU နိုင်ငံများတို့၏ အမြင်သဘောထားများတို့ကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးမူများ ပြုလုပ်ခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo

0 comments: