Wednesday, June 9, 2010

ဦးခွန်ထွန်းဦးနှင့် တိုင်းရင်သားခေါင်းဆောင်များ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ(တိုကျို)။


၂၀၁၀ ခုနှစ် ဇွန်လ (၉)ရက်။

ဦးခွန်ထွန်းဦး ၊ ဒေါ်အောင်ဆန်းစုကြည် ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် မတရား ဖမ်းဆီးခံနေရသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ရေးစေရန် အတွက် တောင်းဆို ဆန္ဒပြပွဲ အခမ်းအနားကို Shibuya မြို့ နယ်ရှိ UNရုံးရှေ့ တွင် ဂျပန်နိုင်ငံရောက် ညီညွတ်သော တိုင်းရင်းသားများအဖွဲ့ အစည်း (AUN-Japan)၊ သျှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ ချုပ် (SND-Japan)၊ သျှမ်းပြည်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် (SSND-Japan) တို့ မှ ဦးစီး၍ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီလ(၉)ရက်နေ့တွင် နအဖ အာဏာရှင်တို့မှ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များတို့ကို နှစ်ရှည်ထောင်ဒဏ်ဖြင့် မတရား ဖမ်းဆီးထားခြင်းအပေါ် ၊တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအ၀င် နိုင်ငံရေး အကျဉ်းသားများအားလုံး ကျမ္မာစေဖို နှင့် အမြန်ဆုံး လွတ်မြောက်ရန် အတွက် ယခုလို လစဉ် (၉)ရက်နေ့  ကျရောက်တိုင်း တောင်းဆို ဆန္ဒပြပွဲ များ ပြုလုပ်လျှက်ရှိပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

0 comments: