Sunday, June 6, 2010

ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသောအဖွဲ့ အစည်းများအကြား ထိရောက်စွာပူးပေါင်းဆာင်ရွက်နိုင်သွားရန် (ဒု)ကြိမ် ညိုနှိုင်းစည်းဝေး။




ယနေ့ (၆-၆-၂၀၁၀)နေ့ တွင် ဂျပန်နိုင်ငံတိုကျိုမြို့ ရှိ ညီညွတ်သော တိုင်းရင်းသားများအဖွဲ့ အစည်း(AUN-Japan)ရုံးခန်းတွင် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေးကို ဆောင်ရွက်နေသောအဖွဲ့ အစည်းများအကြား ထိရာက်သည့် လှုပ်ရှားမူများကို ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် အထွက် ညှိနှိုင်း အစည်းအဝေး တရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ယခင်(၁၆-၀၅-၂၀၁၀)နေ့တွင် ဆုံဖြတ်ထားပြီးသားဖြစ်သည့် (၂၀၁၀ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ ဂျပန်ရောက် မြန်မာနိုင်ငံသားများ၏ ဆန္ဒဖော်ထုတ်ပွဲ) အခမ်းအနားကို ထပ်မှန်၍ အသးစိတ် ညှိနှိုင်းဆွေးနွေးပြီး အကောင်အထည်ဖေါ် ဆောင်ရွက်သွားရန် နှင့် တာဝန်ခွဲဝေမူများကို ဆွေးနွေး ဆုံဖြတ်ခဲ့ပါသည်။

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အတွက် လာမည့် (၁၉)ရက်နေ့ စနေနေ့တွင် Shibuya UN အဆောက်အဦးရှေ့၌ ညနေ ၄း၀၀ နာရီမှ ၆း၀၀နာရီအထိ ကျင်းပပြုလုပ်သွားရန် ဆုံဖြတ်ခဲ့ပါသည်။ အသေးစိတ် အစီအစဉ်များကို တာဝန်ရှိသူများတို့မှ ထပ်မှန်ကြေငြာ ပေးသွားမည်ဖြစ်ပါသည်။


၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဂျပန်ရောက်မြန်မာနိုင်ငံသားများ၏ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ မပျက်မကွက် တက်ရောက်ကြပါရန် တိုက်တွန်း နှိုးဆော် အပ်ပါသည်။

နေရာ ။ ။ အိခဲဘုခုရို ရှိ ခင်းခိုးပလာဇာ(7-F)(၁၃-၀၆-၂၀၁၀)နေ့ မွန်းလွဲ (၁) နာရီမှ (၅)နာရီအထိ ။
သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum (CNC-Japan)

0 comments: