Sunday, June 6, 2010

AUN-Japan ၏ ရှေ့လုပ်ငန်းများ ညှိနှိုင်း အစည်းအဝေး။



၂၀၁၀ ခုနှစ် ဇွန်လ (၆)ရက်နေ့ ။

တိုကျိုမြို့ Takadanobaba ရှိ AUN-Japan ရုံးခန်းတွင် ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့ အစည်း(ဂျပန်) ၏ (၂၀၁၀)ခုနှစ် ဗဟို အလုပ်အမူဆောင် ကော်မတီများ၊ မူဝါဒ နှင့်နည်းဗျုဟာ ကော်မတီဝင်များ ညှိနှိုင်းအစည်းဝေး အခမ်းအနားကို အခမ်းအနားကို ညနေ ၄း၀၀ နာရီ မှ ၇း၃၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲ အခမ်းအနား၌ AUN-Japan ကို ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ် အတွင်း အားသာချက်များ ၊ အားနည်းချက်များနှင့် လိုအပ်ချက်များတို့ကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး တိုင်ပင်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ၂၀၁၁ နောက်ပိုင်းတွင်လည်း လိုအပ်လာသည့် ပေါ်လစီနှင့် မူဝါဒရေးရာများကို တိုးချဲ ပြင်ဆင် ပြောင်းလဲမှုများ လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

0 comments: