Friday, April 2, 2010

တရုတ်အစိုးရအား ဆန့် ကျင် ကန့် ကွက်ဆန္ဒပြပွဲ (တိုကျို)။




၂၀၁၀ ခုနှစ် ဧပြီလ (၂)ရက်။

မြန်မာစစ်အာဏာရှင် စစ်အုပ်စုကို နည်းအမျိုးဖြင့် အားပေးလျှက်ရှိသော တရုတ်အစိုးရအား ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (JAC) မှ ဦးစီး၍ နအဖ အာဏာရှင်တို့ အား ကူညီ ထောက်ပံ့မှုများ ရပ်တန့် ပေးရန် မတ်လ (၂၉)ရက် မှ ဧပြီလ (၂)ရက်နေ့ အထိ တိုကျို Roppongi မြို့ နယ်ရှိ တရုတ်သံရုံးရှေတွင် ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆန္ဒပြပွဲတွင် တာဝန်ကျ ဂျပန်ရဲများတို့ က လုံခြုံရေးကို အကြောင်းပြုကာ တရုတ်သံရုံးရှေ့ တွင် လူ(၅)ဦးထက် ပို၍ စုရုံးဆန္ဒပြခွင့်မရသဖြင့် သရုံးအနည်းတွင် စုရပ်အသုံးပြပြီး အလှည့်ကျ ဆန္ဒပြခဲ့ရပါသည်။ ယနေ့  ဆန္ဒပြပွဲ နောက်ဆုံးနေ့  မတ်လ ၂ ရက်နေ့ တွင် တရုတ်သံ အမတ်ထံသို့  ကန်ကွက်လွှာကို ပေးပို့ ခဲ့ပါသည်။

ကန့် ကွက်လွှာထည့်တွင် နအဖ စစ်အုပ်အကို အကာအကွယ်ပေးနေမူအား ရပ်တန့် ပေးရန် နှင့် နအဖ စစ်အုပ်စုအား စစ်လက်နက် တင်ပို့ ရောင်းချ နေမူကို ရပ်တန့် ပေးရန် စသည့်အချက်များပါ ထည့်သွင်း တောင်းဆို သွားပါသည်။

သတင်းမှတ်တမ်း။ PNS-Japan
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum(CNC-Japn)

အပြည့်အစုံသို့ ...

Rest of your post

0 comments: