Friday, April 2, 2010

ဂျပန်လွတ်တော်တွင် မြန်မာ့အရေးကို ဆွေးနွေး။


၂၀၁၀ ခုနှစ် မတ်လ(၃၁)ရက်။

မြန်မာ့အရေးကို ထောက်ခံအားပေးသော အမတ်များသမဂ္ဂအဖွဲ့ မှ ဦးစီးကျင်းပသည့် မြန်မာ့ဒီမိုကရေစီအရေးကို ဆွေးနွေးပွဲ အခမ်းအနားကို တိုကျိုမြို့  အထက်လွတ်တော် အဆောက်အဦး Dai I chi ခမ်းမတွင် ညနေ ၃း၀၀ နာရီင်္ မှ ၄း၀၀ နာရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနား အစီအစဉ်ကို အမတ်များသမဂ္ဂအဖွဲ အထွေထွေအတွင်းရေးမှူး Mr.AZUMA KONNO မှ အခမ်းနားမှူး အဖြင့် ဆောင်ရွက်ပြီး အမတ်များသမဂ္ဂအဖွဲ့  ဥက္ကဌ Mr. Yoshinori SUEMATSU မှ အဖွင့်အမှာစကား ပြောကြားရာမှာ မြန်မာပြည် ဒီမိုကရေစီရရှိဖို့ အတွက် အမတ်များသမဂ္ဂများမှ ကြိုးစား လုပ်ဆောင်သွားမည့် အကြောင်းနှင့် ကနေဒါနိုင်ငံမှာ ကျင်းပမယ့် G-8 စက်မှုအင်အားကြီး ၈ နိုင်ငံ အစည်းအဝေးမှာလည်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါက မြန်မာ့အရေးကို ထည့်သွင်း ဆွေးနွေး သွားသည်ကို ပြောကြားသွားပါသည်။


ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ့  ဥက္ကဌ ဦးသန့် ဇင်ဦးမှ နအဖ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် ပတ်သက်ပြီး မြန်မာပြည်သူများ၏ သဘောထားနှင့် လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံရေးအခြေအနေ ကိုရှင်းလင်းပြောကြားသွားခဲ့ပါသည်။ မြန်မာ့ ဒီမိုကရေစီအရေးကို ဂျပန်အစိုးရမှ ၀င်ရောက် ကူညီဖြေရှင်း ပေးနိုင်ရန်အတွက် အချက်(၃)ချက်ကို တောင်းဆိုခဲ့ပါသည်။“ မတရားသော တရားမျှတမူမရှိသော ရွေးကောက်ပွဲဥပဒေ ကိုကန့် ကွက်ပေးဖို့ နှင့် ယင်း ဥပဒေကို အခြေခံသည့် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုပေးရန်” စသည့် အချက်များကိုပါ ထည့်သွင်း တောင်းဆိုခဲ့ပါသည်။


Mr. Benedict Rogers(UK) မှ တိုင်းရင်းသားဒေသများတွင် လူအခွင့်အရေး ချိုးဖေါက်မူများ၊ နှိပ်စက်ခံနေရမူများ၊ နအဖ စစ်အာဏာရှင်မှ တိုင်းရင်းသားလူမျိုးစုများကို မျိုးဖြုတ် သတ်ဖြတ်မူများနှင့် တိုင်းရင်းသားနယ်မြေ ဒေသအတွင်း လတ်တလော ဖြစ်ပျက်နေသော အခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်း ပြောကြားသွားခဲ့ပါသည်။ နအဖ ၏ အကျဉ်းထောင် များထဲတွင် နိုင်ငံရေးအကျဉ်းသားများ (၂၂၀၀)ကျော် ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားဆဲဖြစ်ပြီး ကလေးစစ်သည် (၇၀၀၀၀)ခုနှစ်သောင်းကျော်ကို စစ်မူထမ်းရန်အတွက် အဓမ္မ အတင်းဖမ်းဆီးအသုံးပြုထားသည့် အကြောင်းကိုလည်း အထောက် အထားများနှင့်တကွ ရှင်းလင်း ပြောကြားသွားခဲ့ပါသည်။ Mr. Benedict Rogers(UK) မှ ဂျပန်အစိုးရနေဖြင့် နအဖ စစ်အုပ်စုကို ပို၍ ဖိအားပေး စေလိုကြောင်း တိုက်တွန်းပြောကြား သွားခဲ့ပါသည်။

တက်ရောက်လာကြသည့် လွတ်တော်အမတ်များမှ မိမိသိလိုသည်များကို အပြန်အလှန်ဆွေးနွေးမူများ ပြုလုပ်ပြီးသည့်နောက် အမတ်များသမဂ္ဂအဖွဲ့ မှ နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ မြန်မာ့ဒီမိုကရေစီ အရေးအတွက် ဖိအားပေး တိုက်တွန်းသည့် စာတစ်စောင်ပေးပို့ ရန် စီစဉ်ထားသော်လည်း ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားမှ ပိုမိုပြည့်စုံစွာ သိရှိရသည်အတွက် ပိုမိုပြင်းထံသည့် တောင်းဆိုမူကို ထပ်မံဖြည့်စွက် တောင်းဆိုသွားမည့်အကြောင်း အမတ်များသမဂ္ဂအဖွဲ အထွေထွေအတွင်းရေးမှူးမှ ရှင်းလင်း ပြောကြားသွားပါသည်။

သတင်းမှတ်တမ်း ။ PNS-Japan

0 comments: