ဗီဒီယိုမှတ်တမ်း မူရင်း(nldlajb.blogspot.com)
၂၀၁၀ ခုနှစ် ဧပြီလ(၃၀)ရက်။
မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၈၃)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဋ္ဌာနခွဲ့ မှ ဦးဆောင်၍ တိုကျိုမြို့  ရှီနာဂါဝါ အရပ်ရှိ မြန်မာစစ်အခွန်ရုံး(သံရုံး)ရှေ့ တွင် ယနေ့ ဧပြီလ (၃၀)ရက် နေ့ လည် ၃း၀၀ နာရီမှ ၄း၀၀ရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဂျပန်နိုင်ငံသို့  ခေတ္တရောက်ရှိလာသော ABSDF ဥက္ကဌ ရဲဘော်သံခဲမှ တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ယနေ့ အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား စုစုပေါင်း ၁၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။
PNS-Japan
သတင်းဓါတ်ပုံ။ Lian Khan Sum(CNC-Japan)
Friday, April 30, 2010
မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၈၃)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်(တိုကျို)။
Posted by PNSjapan at 11:52 PM 0 comments
Labels: သတင်း
တရုတ်စစ်တပ် မြန်မာ နယ်စပ်တလျှောက် တပ်စွဲထား ။

အင်အား ၅၀၀၀ ခန့် ပါဝင်သည့် တရုတ်စစ်တပ်က တရုတ်-မြန်မာ နယ်စပ် တလျှောက်တွင် ယခုရက်ပိုင်း အတွင်း တပ်စွဲ ထားကြောင်း သိရသည်။
အဆိုပါ တရုတ် စစ်တပ်သည် ၀ပြည်နယ် မြို့တော် ပန်ဆန်းနှင့် ကပ်လျက်ရှိသည့် နယ်စပ် တလျောက်တွင် တပ်စွဲထားပြီး လေယာဉ်ပစ် အမြောက် များလည်း ပါဝင်သည်ဟု ၀ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA) အရာရှိ တဦးက ဧရာဝတီသို့ ပြောသည်။
“အစိုးရတပ်တွေ ၀ယ်ထားတဲ့ လေယာဉ်တွေကို အရမ်းသုံးလို့ မရတော့ဘူး၊ လေယာဉ်ပစ် အမြောက်တွေကို တရုတ်က နယ်စပ်နားမှာ ချထားတာ”ဟု ၎င်းကဆိုသည်။
UWSA တပ်ဖွဲ့များ အနေဖြင့် စစ်ရေးသတိ အမြဲရှိနေကြောင်း၊ တောင်တန်းများ ပေါ်တွင် အခြေစိုက်သည့် မိုင်းပေါက်၊ ၀ိန်းကောင်၊ မိုင်းမော စသည့် စစ်စခန်းများတွင် ပြင်ဆင်မှုများ ပိုမိုပြုလုပ်ထားကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောပြသည်။
တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသများ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့လျှင် တရုတ်နိုင်ငံဘက်သို့ ဒုက္ခသည်များ ထွက်ပြေး လာမည်ကို လည်း စိုးရိမ်ကြောင်း ၎င်းကရှင်းပြသည်။
ယမန်နှစ်က ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ တိုက်ပွဲများတွင် ဒုက္ခသည် စုစုပေါင်း ၃၇၀၀၀ ခန့် တရုတ်နိုင်ငံထဲသို့ ထွက်ပြေးခဲ့သည်။
ယခုကဲ့သို့ တရုတ်စစ်တပ်များ ချထားသည့် အချိန်သည် စစ်အစိုးရနှင့် UWSA အဖွဲ့အကြား နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်း ရေးနှင့် ပတ်သက်၍ တင်းမာနေချိန်နှင့် တိုက်ဆိုင်နေသည်။
စစ်အစိုးရအနေဖြင့် လူအင်အား လက်နက်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်လျှင် အပစ်ရပ်အဖွဲ့များ၏ နယ်မြေများကို သိမ်း နိုင်မည်ဖြစ်သော်လည်း အဆိုပါ နယ်မြေများကို ရေရှည်တွင် ဆက်လက်ထိန်းချုပ်ထားရန် မလွယ်ကူကြောင်း၊ တရုတ်-မြန်မာနယ် စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း သုံးသပ်ပြောဆိုသည်။
အပစ်အခတ်ရပ်စဲရေး အဖွဲ့များကို စစ်အစိုးရက ပြီးခဲ့သည့် ဧပြီလ၂၈ ရက်နေ့ နောက်ဆုံးထား၍ နယ်ခြားစောင့် တပ်အဖြစ် ပြောင်းလဲရန် ပြောကြားထားသည်။
သို့သော် ပြီးခဲ့သည့် တနင်္ဂနွေနေ့က(SSA–N) အဖွဲ့ အခြေစိုက်ရာ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါ မြို့နယ်ရှိ စိန်ဂျော့စခန်းတွင် ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း) (SSA–N) ဥက္ကဋ္ဌ ဦးလွယ်မောင်းနှင့် တပ်ဖွဲ့ဝင်တချို့က ဌာနေပြည်သူ့စစ်ပြုလုပ်ရန် လက်ခံ ခဲ့ကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်တွင် ရေးသားထားသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ အရာရှိတဦးကလည်း စစ်အစိုးရက နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို အတင်းအကျပ် လုပ်ဆောင်ခြင်း မရှိတော့ကြောင်း၊ ယမန်နေ့ကလည်း မြစ်ကြီးနား မြို့တွင် ပြုလုပ်သည့် ခရစ်ယာန်ဘာသာရေး ခေါင်းဆောင် များနှင့် စစ်အစိုးရ ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး အသင်း( ကြံ့ဖွံ့)တို့ တွေ့ဆုံကြကြောင်း ဧရာဝတီသို့ ပြောသည်။
အဆိုပါတွေ့ဆုံပွဲကို စစ်အစိုးရ ၀န်ကြီးများဖြစ်သည့် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် သိန်းဇော် အပြင် အမှတ် ၁ စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းလည်း တက်ရောက်ကြောင်း သိရသည်။
PNS-Japan
သတင်းမှတ်တမ်း ။ မူရင်း( irrawaddy.org/News)
Posted by PNSjapan at 11:21 PM 0 comments
Labels: သတင်း
အပစ်ရပ်အဖွဲ့နယ်မြေများ အခြေအနေ ငြိမ်သက် ။
တိုင်းရင်းသားအပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖစစ်အစိုးရက နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားသည့် ဧပြီ (၂၈) ရက် ကျော်လွန်လာခဲ့သော်လည်း တရုတ်-မြန်မာနယ်စပ်ရှိ အပစ်ရပ်အဖွဲ့များ၏ နယ်မြေများတွင် စစ်ရေးလှုပ်ရှားမှု မတွေ့ရသေးဘဲ နအဖ၏ တုံ့ပြန်လာနိုင်မှုကိုသာ စောင့်ကြည့်နေကြသည်။
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဝတပ်ဖွဲ့၏ နယ်မြေအနီးနားတွင် နအဖစစ်တပ်များမှာ နဂိုအတိုင်း ရှိမြဲရှိနေပြီး စစ်ကြောင်းသွားလာလှုပ်ရှားမှု မရှိသေးသော်လည်း ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမှတဆင့် သံလွင်မြစ်ကူး တာကော်အက်တံတားကို ဖြတ်ကျော်ကာ ဝဒေသသို့ ဝင်ရောက်သည့် ကုန်စည်များကို လွန်ခဲ့သည့် ရက်ပိုင်းမှစ၍ ပိတ်ပင်ထားသည်ဟု ဝဒေသအား စောင့်ကြည့်နေသည့် တရုတ်-မြန်မာနယ်စပ် ဒေသခံတဦးက ပြောသည်။
၎င်းက “စစ်ရေးအရ တိုက်ခိုက်မယ့် အရိပ်အယောင်တော့ မတွေ့ရသေးဘူး။ တာကော်အက် တံတားဘက်က ဝင်နေတဲ့ ကုန်တွေကိုတော့ ပိတ်လိုက်ပြီ။ ဒါပေမယ့် မိုင်းဖြန်၊ မိုင်းပေါက်တို့ဘက်က ဝင်လို့ရနေသေးတယ်။ ဝကတော့ ဘာမှလည်း ထပ်ပြီးတောင်းဆိုမနေတော့ဘူး။ အရင်တောင်းထားတဲ့ဟာက လျှော့ပေါ့ပြီး တောင်းထားတာ။ ဒါကိုလက်မခံတော့ နအဖဘက်က ဘာလုပ်လာမလဲဆိုတာဘဲ စောင့်နေကြတယ်” ဟု ပြောသည်။
ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA-ESS) တပ်ဖွဲ့ ဌာနချုပ် မိုင်းလားမြို့တွင်းသို့လည်း ကျိုင်းတုံမှ ကားများ ယနေ့အချိန်အထိ ဝင်နေဆဲဖြစ်ပြီး စစ်ရေးအရ တိုက်ခိုက်မည့်ပုံမျိုး မရှိကြောင်း မိုင်းလားဒေသခံတဦးက ပြောသည်။
၎င်းက “ဒီမှာတော့ အေးအေးဆေးဆေးပါပဲ။ ပြီးခဲ့တဲ့ သင်္ကြန်ပွဲဆို စည်စည်ကားကား ကျင်းပခဲ့တာပဲကြည့်တော့။ မနေ့ကလည်း ဦးစိုင်းလင်းတို့နဲ့ တွေ့ဖို့ ကျိုင်းတုံက စစ်အရာရှိတွေ ထပ်ရောက်လာသေးတယ်လို့ ကြားတယ်။ တခုရှိတာက လူတွေတော့ နည်းသွားတယ်။ ဝန်ထမ်းတွေလည်း ပြန်တဲ့ဟာ ပြန်တယ်။ စစ်တိုက်တာကတော့ နအဖ အပေါ်မှာ မူတည်တာပဲ။ နယ်ခံတွေကတော့ ပစ္စည်းရွှေ့တာ၊ ပြောင်းတာ မရှိဘူး” ဟု ပြောသည်။
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ လိုင်ဇာဒေသတွင်လည်း စစ်ရေးလှုပ်ရှားမှု မရှိသေးသကဲ့သို့ နအဖနှင့် ထပ်မံဆွေးနွေးရန်ရှိကြောင်း အမည်မဖော်လိုသည့် ကေအိုင်အို အရာရှိတဦးက ပြောသည်။
၎င်းက “နှစ်ဖက် ထပ်ဆွေးနွေးမယ်လို့သာ ကြားရပါတယ်။ အကြောင်းအရာကတော့ မသိပါဘူး။ (၂၈) ရက်နေ့ ကျော်လာရင် တိုက်မယ်ခိုက်မယ်ဆိုတာ ထင်သလို မဟုတ်ပါဘူး။ စစ်ရေးထက် တွေ့ဆုံဆွေးနွေးရေးကိုသာ ပထမ ဦးစားပေးလုပ်မယ်ဆိုပြီး ကေအိုင်အိုက မူချထားပါတယ်၊ စစ်ပွဲတွေ ဖြစ်လာမှာကို မလိုလားဘူး။ ဒါပေမယ့် စစ်တိုက်နိုင်အောင်တော့ ပြင်ထားကြပါတယ်” ဟု ပြောသည်။
နောက်ဆုံး သတ်မှတ်ရက်အထိ နယ်ခြားစောင့် အသွင်ပြောင်းရန် လက်မခံပါက အပစ်ခတ်ရပ်စဲရေးမတိုင်မီကာလက အခြေအနေအတိုင်း ပြန်ရောက်သွားမည်ဟု နအဖဘက်က အပစ်ရပ်အဖွဲ့များအား ပြောဆိုထားသော်လည်း ၎င်းတို့နယ်မြေများအတွင်း ယနေ့အထိ အခြေအနေ ငြိမ်သက်လျက်ရှိသည်။
နအဖက ယမန်နှစ် ဧပြီ (၂၈) ရက်မှစ၍ နယ်စပ်တလျှောက်ရှိ အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ်လည်းကောင်း၊ နယ်စပ်နှင့်ဝေးသည့် အပစ်ရပ်အဖွဲ့အား ပြည်သူ့စစ်တပ်ဖွဲ့အဖြစ်လည်းကောင်း အသွင်ပြောင်းခိုင်းခဲ့ရာ ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K)၊ ပိုင်စုံချိန် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့၊ ကယားအထူးဒေသ (၂) ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) နှင့် လားဟူပြည်သူ့စစ်အဖွဲ့တို့မှာ နယ်ခြားစောင့်တပ်ရင်းများအဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့သည်။
ဦးလဆန်အောင်ဝါ ဦးဆောင်သည့် KIO ခွဲထွက်နှင့် ကချင်ကာကွယ်ရေးတပ်မတော် (KDA) တို့မှာ ပြည်သူ့စစ် အဖွဲ့အဖြစ် အသွင်ပြောင်းပြီး ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းအဖွဲ့မှာလည်း ပြည်သူ့စစ်အသွင်ပြောင်းရန် သဘောတူထားပြီး ဖြစ်သည်။
နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် သဘောတူလက်ခံခြင်းမရှိသည့် အပစ်ရပ်အဖွဲ့များကိုမူ နအဖက နောက်ဆုံးရက် သတ်မှတ်ပေးထားကာ ခြိမ်းခြောက် ပြောဆိုမှုများ လုပ်နေခဲ့ခြင်းဖြစ်သည်။
PNS-Japan
သတင်းမှတ်တမ်း။ မူရင်း khitpyaing.org,News
Posted by PNSjapan at 12:00 AM 0 comments
Thursday, April 29, 2010
(၈၁)ကြိမ်မြောက် (မေဒေး)အလုပ်သမားနေ့  အခမ်းအနား(တိုကျို)။
ဗီဒီယိုမှတ်တမ်း ။ maungwto
၂၀၁၀ ခုနှစ် ဧပြီလ(၂၉)ရက်။
ယနေ့ ဧပြီလ ၂၉ရက်နေ့  (၈၁)ကြိမ်မြောက် (မေဒေး) အလုပ်သမားနေ့  ချီတက်ပွဲ အခမ်းအနားကို တိုကျို ShinJuKu-Ku Tocho ပန်းခြံမှ Yoyogi ပန်းခြံအထိ ဂျန်နိုင်ငံ အလုပ်သမားသမဂ္ဂများ ၊ မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂအဖွဲ့ ချုပ်(ဂျပန်ပြည်) FWUBC ၊ မြန်မာ့ပင်လယ်ပျော်များသမဂ္ဂ(SUB) တို့ နှင့်အတူ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများပါ ချီတက်ပွဲတွင် ပူးပေါင်း ပါဝင်ခဲ့ကြသည်ကို တွေ့ ရှိရပါသည်။ ချီတက်ပွဲ အခမ်းအနားတွင် အနုမြူလက်နက် ပိုင်ဆိုင်ရန် ကြိုးစားတည်ဆောက်နေသော နအဖ ဆန့် ကျင်ရန်၊ နအဖ မှ မတရားသဖြင့် ခိုင်းစေခြင်း ခံနေရသည့် အလုပ်သမားများနှင့် အတင်းအဓမ္မ ရွှေ့ ပြောင်းခံနေရသော အလုပ်သမားများအတွက် ဆန့့်ကျင်ရန် ကြွေးကြော်သံများဖြစ် ကြွေးကြော် ချီတက်ခဲ့ပါသည်။
နေ့ ခင်း ၁၁း၀၀ နာရီတွင် (မေဒေး) အလုပ်သမားနေ့  အခမ်းအနားကို YoYogi ပန်းခြံ၌ ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်အလုပ်သမား သမဂ္ဂများ အဖွဲ့ ချုပ်(JTUC-Rengo) ဥက္ကဋ္ဌ KOGA NOBUAKI မှ အဖွင့်အမှာစကား ပြောကြားပြီးသည့်နောက် ဂျပန်ဝန်ကြီးချုပ် YUKIO Hatoyama မှ ပြောကြားရာမှာ အလုပ်သမားများရဲ့  ဘ၀လုံခြုံစိတ်ချနေထိုင်နိုင်မှု၊ ကျောင်းသားနှင့် ကလေးငယ်များအတွက်ပါ ဆက်လက်၍ ကြိုးစားလုပ်ဆောင် သွား မည့်အကြောင်းနှင့် မိမိတို့ အစိုးရအနေဖြင့် ပေးထားသည့် ကဓိအတိုင်း ကြိုးစား အကောင်အထည်ဖေါ် ပေးသွားမည့် အကြောင်းကို ထည့်သွင်းပြောကြားသွားပါသည်။
မေဒေး အခမ်းအနားတွင် ပြခန်းများ ဆိုင်ခန်းများ စုံလင်စွာ ဖွင့်လှစ်ထားပြီး မြန်မာ့ရေးရာရုံး(BOJ) နှင့် မြန်မာနိုင်ငံ ဟိုတယ်နှင့် စားသောက်ဆိုင် အလုပ်သမားများသမဂ္ဂ(HRWUB) တို့ မှပူးပေါင်း၍ မြန်မာ့နိုင်ငံနှင့် ပတ်သက်သည့် အလုပ်သမားများ အတင်းအဓမ္မ အလုပ်ခိုင်းစေသည့် မှတ်တမ်းဓါတ်ပုံပြခန်းကိုပါ တင်ဆက်ပြသထားကြောင်းတွေ့ ရှိရပါသည်။ ယနေ့ အခမ်းအနားသို့  ဂျပန်အလုပ်သမားစုစုပေါင်း သုံသေါင်းကျော်ခန့်  တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ PNS-Japan
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum(CNC-Japan)
အပြည့်အစုံသို့ ...Rest of your post
Posted by PNSjapan at 1:30 PM 0 comments
Labels: သတင်း
Wednesday, April 28, 2010
ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ စစ်ဘက်ရာထူး စွန့်လွှတ် ။
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့်အတူ ဝန်ကြီး ၂၂ ဦးသည် စစ်ဘက်ရာထူးများကို ယခုလ ၂၆ ရက်နေ့မှ စတင်၍ စွန့်လွှတ်လိုက်ကြသည်။
ဝန်ကြီးချုပ် အပါအဝင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ဋ္ဌေးဦး (ကြံ့ဖွံ့ အထွေထွေ အတွင်းရေးမှူး)၊ ရထားပို့ဆောင်ရေးဝန်ကြီး ဗိုလ်ချုပ်အောင်မင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ်တင်နိုင်သိန်း၊ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်း၊ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်၊ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ဘုန်းဆွေတို့ အဆိုပါ အစုအဖွဲ့တွင် ပါဝင်သည်ဟု မဇ္ဈိမက စုံစမ်းသိရှိထားသည်။
ယခုသတင်းကို စစ်အစိုးရက ကြေညာခြင်း မရှိသော်လည်း ယနေ့ထုတ် သတင်းစာများတွင် ဝန်ကြီးချုပ် ဦးသိန်းစိန်ဟု စတင်အသုံးပြုလာသည်ကို တွေ့ရသည်။
အတိုက်အခံများနှင့် လေ့လာသူများက ရွေးကောက်ပွဲဝင်ရန် ခြေလှမ်းတခုအဖြစ် သုံးသပ်လိုက်ကြပြီး ရွေးကောက်ပွဲ မဲဆွယ်မှုများကို မကြာခင်တွင် ပေါ်ပေါ်ထင်ထင် လုပ်လာကြလိမ့်မည်ဟု ဆိုသည်။
ကျန်ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ ပါဝင်သော နောက်တသုတ်လည်း စစ်ဘက်ရာထူးမှ နုတ်ထွက်မှု ရှိလာလိမ့်မည်ဟုလည်း စစ်ဘက်သတင်းရပ်ကွက်တခုက ပြောသည်။
၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် ပါဝင်မည်ဖြစ်သည်။
စစ်သားများက အရပ်ဘက်သို့ ပြောင်းလိုက်လျှင် စစ်ဘက်ကိုယ်စားလှယ် ကဏ္ဍအောက်မှ မဟုတ်သောကြောင့် စစ်အစိုးရအတွက် ပါလီမန်တွင် နေရာများ ပိုမိုရရှိလာမည်ဖြစ်သည်။
PNS-Japan
သတင်းမှတ်တမ်း ။ မူရင်း (မဇ္ဈိမ)
Posted by PNSjapan at 11:51 PM 0 comments
Labels: သတင်း
ပြည်တွင်းစစ်ဖြစ်လာနိုင်သည်ဟု SSA ခေါင်းဆောင် စ၀်ယွက်စစ်ပြော ။

လက်နက်ကိုင် အပစ်ရပ်တပ်ဖွဲ့များအားလုံး အသွင်ပြောင်းရမည်ဆိုသည့် နအဖ၏ တဘက်သတ် အစီအစဉ်ကြောင့် ပြည်တွင်းစစ် တကျော့ ပြန်ဖြစ်လာနိုင်သည်ဟု လွယ်တိုင်းလျဲန်း အခြေစိုက် SSA ခေါင်းဆောင် စ၀်ယွက်စစ်က ပြောကြား လိုက်ပါသည်။
“အပစ်ရပ်တွေက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ရည်ရွယ်ချက်နဲ့ အပစ်ရပ်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ပြီ၊ နိုင်ငံရေး စကားဝိုင်း မရောက်ဘဲ ပြည်သူ့စစ်တပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့၊ အသွင်ပြောင်းဖို့ဘဲ နအဖက တဘက် သတ်ပြောနေတာ။ လက်မခံရင် အင်အားသုံးမယ်လို့တောင် အကြိမ်ကြိမ်ပြောခဲ့တယ်။ ဒီအတိုင်း ဆက်သွားမယ် ဆိုရင် တော့ ကျနော်တို့ တိုင်းပြည်မှာ ပြည်တွင်းစစ် ဖြစ်လာမှာမလွဲဘူး” - ဟု SSA ခေါင်းဆောင် စ၀်ယွက်စစ် ကပြောပါသည်။
နအဖ သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းလိုဘဲ စစ်အင်အားသုံး၍ တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့များအား အမြစ်ပြတ် ခြေမှုန်းလိုသောကြောင့် နိုင်ငံရေးပြဿနာ ဖြေရှင်းသည့် နည်းလမ်းကောင်း မဟုတ် သဖြင့် တိုင်းပြည်ပြဿနာ ပိုမိုရှုပ်ထွေးလာစေမည်သာဖြစ်ကြောင်း - စ၀်ယွက်စစ်က သျှမ်းသံတော်ဆင့်သို့ပြော၏။
“နအဖ က သူ့မဟာဗျူဟာ အတိုင်းသူလုပ်မှာဘဲ၊ ပြည်သူအရေး စဉ်းစားမှာမဟုတ်ဘူး၊ တိုင်းရင်းသား ပြည်သူလူထု တိုးတက်ကြီးပွားမှာ ၊ တိုင်းပြည် သာယာစိုပြေမှာကို သူမလိုလားဘူး၊ မိမိမွေးရပ်ကနေစွန့်ခွါကြလေ သူကကြိက်လေဘဲ၊ တိုင်းရင်းသားပိုင် ရေမြေတွေကို အပိုင်ရဖို့က စစ်အုပ်စုရဲ့ အဓိကမဟာဗျူဟာဘဲ” - ဟု စ၀်ယွက်စစ်က ဆက်ပြော ပါသည်။
တိုင်းရင်းသားများ စည်းရုံးညီညွတ်မှုရမည်ကို နအဖ အင်မတန်စိုးရိမ်နေကြောင်း၊ မိမိအမျိုးသား ကောင်းစားရေးအတွက် သာကြည့်ပြီး နအဖ ဖျားယောင်းသွေးဆောင်မှုနောက် လိုက်မည်ဆိုပါက အားလုံးရေတိမ်နစ်မည်မှာ မလွဲကြောင်း၊ စည်းရုံးညီညွတ်မှုဖြင့် လက်တွဲအဖြေရှာကာ စစ်အုပ်စု၏ ဖိနှိပ်မှုရန် တွန်းလှန်မှသာလျှင် တိုင်းရင်းသားလူမျိုးစုတိုင်း တန်းတူ အခွင့်အရေးရရှိနိုင်မည်၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကို နအဖ သတိမူစေရမည်ဟု ပြောကြားခဲ့ပါသေး သည်။
ထို့အတူ SSA ခေါင်းဆောင် စ၀်ယွက်စစ်က တိုင်းရင်းသားလူမျိုးစုများအားလုံး နေရပ်မှ စွန့်ခွါခြင်းသည် ပြဿနာဖြေရှင်း သည့် နည်းလမ်းမှန် မဟုတ်သည့်အပြင် စစ်အုပ်စု အသိုင်းအ၀ိုင်းတို့ အစားထိုးနေရန် ရှောင်တိမ်းပေးသကဲ့သို့ဖြစ်နေ ကြောင်း၊ ထို့ကြောင့်မွေးရပ်မြေမှ စွန့်ခွာခြင်းမပြုဘဲ သေတူ ရှင်မကွဲ ရရာလက်နက်စွဲကိုင်ပြီး လွတ်မြောက်ရေးတိုက်ပွဲ ၀င်ကြဖို့ရန် ပြောကြားခဲ့ပါသေးသည်။
SSA ခေါင်းဆောင် စ၀်ယွက်စစ်သည် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ဥက္ကဌဖြစ်၏။ ထို့ပြင် သျှမ်းပြည်တိုင်းရင်း သားများ တန်းတူအခွင့်အရေးအတွက် ရှေ့တန်းတင်ပြီး သျှမ်း၊ ပအိုဝ်း၊ ၀ ၊ အခါ၊ လားဟူ နှင့် အခြားတိုင်းရင်းသားများပါ ၀င်သည့် သျှမ်းပြည် ကွန်ဂရက် ဖွဲ့စည်းစဉ်ကလည်း ဦးဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်သည်။
PNS-Japan
သတင်းမှတ်တမ်း ။ မူရင်း (သျှမ်းသံတော်ဆင့်)
Posted by PNSjapan at 11:42 PM 0 comments
Labels: သတင်း
ဒီကေဘီအေနှင့် နအဖ ထိပ်တိုက်တွေ့ နယ်မြေမကျော်ရန် သတိပေးထား ။
နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် နအဖနှင့်သဘောတူညီမှု ရရှိထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) အဖွဲ့နှင့် နအဖ တပ်တို့သည် ယမန်နေ့က ကော့ကရိတ်မြို့နယ်အတွင်း ထိပ်တိုက် ရင်ဆိုင် တင်းမာမှုတရပ် ဖြစ်ပွားခဲ့သည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ထိုင်းနယ်စပ်အနီးရှိ ဖလူးကျေးရွာတွင် ယမန်နေ့နံနက်၌ နအဖအမှတ် (၉) ကွပ်ကဲရေး ဌာနချုပ် လက်အောက်ခံ ခလရ (၁၀၆) တပ်ဖွဲ့သည် ရွာသားများအား လက်နက်များဖြင့် ချိန်ရွယ်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်သောကြောင့် ၎င်းတို့တပ်ဖွဲ့ဝင်များနှင့် နှစ်ဖက် ပစ်ခတ်လုနီးပါး ဖြစ်ပွားခဲ့သည်ဟု ဒေသအခြေစိုက် ဒီကေဘီအေ အမှတ် (၅) တပ်မဟာမှူး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး) က ပြောသည်။
၎င်းက “မနေ့မနက် (၈) နာရီခွဲလောက်မှာ နအဖတပ်တွေက ရွာထဲဝင်လာပြီး ရွာသားတွေကို သေနတ်နဲ့လာပြီး ချိန်တာတွေ ဘာတွေ လုပ်တယ်။ ဒါမျိုးလုပ်တာ ကျနော်တို့ မကြိုက်ဘူး။ ဖလူးကြီးနဲ့ ဖလူးလေးရွာကြားက မေတ္တာလမ်းမတံတားနားမှာ ကျနော်တို့ တပ်နဲ့ နအဖတပ်နဲ့ တင်းမာမှုတွေ ဖြစ်ပွားခဲ့တယ်” ဟုပြောသည်။
အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ နအဖဘက်မှ ဒီကေဘီအေဘက်သို့ ဖုန်းဆက်၍ တောင်းပန်ခဲ့ပြီး လက်ရှိအချိန်တွင် တဖက်နှင့်တဖက် ရန်စခြင်း၊ နယ်မြေကျူးကျော်ခြင်းများ မလုပ်ရန် သတိပေးထားကြောင်း ၎င်းက ပြောသည်။
ပြည်နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်တဦးက “ဒီကေဘီအေက နယ်ခြားစောင့်တပ်လုပ်ဖို့ကိစ္စကို အစိုးရနဲ့ သဘောတူပြီးသွားပြီ။ ဥက္ကဋ္ဌ ဦးသာထူးကျော်၊ စစ်ဦးစီးချုပ် ကျော်သန်းနဲ့ အဖွဲ့နာယက မြိုင်ကြီးငူ ဘုန်းကြီး ဦးသုဇနတို့ရဲ့ အစီအစဉ်တွေပဲ။ တချို့တပ်တွေက သဘောမတူတာတွေ လက်မခံတာတွေ ရှိနေတုန်းပဲ။ ပြောရရင်တော့ ဒီကေဘီအေထဲမှာလည်း အခြေအနေက သိတ်တော့ မကောင်းဘူး” ဟု ပြောသည်။
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ဒီကေဘီအေတပ်ရင်း တပ်ဖွဲ့အသီးသီးကို ယခုလ (၂၄) မတိုင်မီ နောက်ဆုံးထား၍ လက်နက်နှင့် တပ်ဖွဲ့ဝင်စာရင်း ပေးပို့ရန် ဗဟိုမှ အမိန့်ပေးထားသော်လည်း စာရင်းမပေးသည့် တပ်အချို့ရှိနေသည်ဟုလည်း သိရသည်။
ဒီကေဘီအေမှ တပ်မှူးတဦးက “အသွင်ပြောင်းမယ့်ကိစ္စကို ဗဟိုက သဘောတူ လက်ခံလိုက်ပေမယ့် လူတိုင်းရဲ့သဘောတော့ မဖြစ်ပါဘူး။ ဒီလ (၂၈) ရက်နေ့ ကျော်ရင်တော့ ကျနော်တို့ဆီမှာ အဖြူ အမည်း ကွဲမှာပါ” ဟု ပြောသည်။
ဒီကေဘီအေအပါအ၀င် နအဖနှင့်ပူးပေါင်းသွားသည့် ကရင်ခွဲထွက်အဖွဲ့ (၆) ဖွဲ့ရှိသည့်အနက် စောဌေးမောင်ဦးဆောင်သည့် ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီတဖွဲ့တည်းသာ နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့်ကိစ္စကို လက်မခံနိုင်ကြောင်း အတိအလင်း ကြေညာထားသည်။
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ကျန်ရှိနေသည့် တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကို ယခုလ (၂၈) ရက်တွင် နောက်ဆုံးထား၍ အသွင်ပြောင်းပေးရမည်ဟု အမိန့်ထုတ်ထားပြီး လက်မခံသည့် အဖွဲ့အစည်းများကို မတရားအသင်းအဖြစ် ကြေညာသွားမည်ဖြစ်ကြောင်း နအဖစစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ပြောဆိုထားသည်ဟု အပစ်ရပ်အဖွဲ့များက ပြောသည်။
PNS-Japan
သတင်းမှတ်တမ်း ။ cc _ khitpyaing.org/news
Posted by PNSjapan at 12:43 AM 0 comments
Labels: သတင်း
Tuesday, April 27, 2010
စစ်ဗိုလ်ချုပ်တွေ အရပ်ဝတ်လဲပြီ ။
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ ၀န်ကြီး အနည်းဆုံး ၁၇ ယောက်တို့ဟာ စစ်ရာထူးတွေကနေ အနားယူလိုက်ကြပြီ ဖြစ်ပါတယ်။ အခုလို စစ်ရာထူးက အနားယူလိုက်တာဟာ လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ခြေလှမ်း ဖြစ်တယ်လို့ စစ်တပ် သတင်းရပ်ကွက်က ပြောပါတယ်။ အနားယူကြတဲ့ အထဲမှာ ဗိုလ်ချုပ်ဌေးဦးလည်း ပါဝင်ပါတယ်။
စစ်ယူနီဖောင်းကနေ အရပ်ဝတ် ပြောင်းဝတ်တာသာဖြစ်ပြီး အခု အစိုးရအဖွဲ့ ရာထူးတွေကတော့ ဒီအတိုင်းပဲ ဖြစ်ပါတယ်လို့ အမည်မဖော်လိုသူ အစိုးရ အရာရှိတယောက်က ပြောပါတယ်။
အစိုးရ သတင်းမီဒီယာတွေကတော့ ဒီသတင်းကို အတည်ပြု ဖော်ပြတာ မတွေ့ရသေးပါဘူး။ စစ်ရာထူးတွေကနေ အနားယူတဲ့ သတင်းတွေ လာပါဦးမယ်၊ ဒါက ပထမအသုတ် ဖြစ်ပါတယ်လို့ သတင်းပေးသူက ဆိုပါတယ်။
စစ်ထွက် ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ တရပ်ကို မကြာမီ မှတ်ပုံတင်မယ်လို့ အများက မျှော်လင့်ထားကြပါတယ်။
စစ်တပ်လိုလားတဲ့ အစိုးရတရပ်ဟာ ရွေးကောက်ပွဲနဲ့ ထွက်ပေါ်လာပြီး ဗိုလ်ချုပ်ကြီးတွေရဲ့ အာဏာချုပ်ကိုင်မှုကို ပိုမို ခိုင်မာစေလိမ့်မယ်လို့ ရွေးကောက်ပွဲကို ဝေဖန်သူတွေက ပြောကြပါတယ်။
ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ်လို့ ယူဆရတဲ့ ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် မပေးတဲ့အတွက် နိုင်ငံတကာ အသိုက်အ၀န်းကလည်း စစ်အစိုးရကို ဝေဖန်နေကြပါတယ်။
တကယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပါတီမှတ်ပုံတင်မယ် ဆိုရင် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရမယ်လို့ ရွေးကောက်ပွဲ ဥပဒေတွေက ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် NLD ပါတီက ပါတီအဖြစ် မှတ်ပုံမတင်တော့ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ပြောပါတယ်။
PNS-Japan
သတင်းမှတ်တမ်း။ မူရင်း voanews.com
Posted by PNSjapan at 2:45 PM 0 comments
Labels: သတင်း
Monday, April 26, 2010
Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign လှုပ်ရှားမူကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမျူးချုပ်ထံပေးပို့ ရန်ပြင်ဆင်။
၂၀၁၀ ခုနှစ် ဧပြီလ (၂၆)ရက်။
နျူကလီးယားကင်းစင်သော မြန်မာနိုင်ငံ Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign လှုပ်ရှားမူ ကို ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလမှစတင်၍ FTUB ဂျပန် ကော်မတီမှ ဦးစီးကောက်ခံလာခဲ့ရာ ဧပြီလ ၂၆ ရက်နေ့ တွင် ကောက်ခံထားသည့် လက်မှတ်များကို စုစည်းပြီး FTUB နာယက Dr.မင်းညို ထံ လွှဲအပ်သည့် အစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။
FTUB(Japan) ကိုယ်စားလှယ် ဒေါ်ခင်ဆွေအေးမှ Signature Campaign လှုပ်ရှားမူနှင့်ပတ်သက်၍ ရှင်းပြရာမှာ မြန်မာနိုင်ငံသည် သဘာဝသယံဇာတ အရင်းအမြစ်များ ပိုင်ဆိုင်သည့် နိုင်ငံများအနက် နံပါတ်(၉)အဆင့်တွင် ရှိပြီး Hydro power ရေအားလျှပ်စစ်ဖြင့် စီမ်းအင်မဂ္ဂါဝပ် အမြောက်အများထုတ်လုပ်နိုင်သော နိုင်ငံဖြစ်သည်။ နှစ်စဉ် ရေအား လျှပ်စစ်စွမ်းအင် နှင့် သဘာဝဓါတ်ငွေ့ များမှ ရောင်းချရငွေသည်လည်း မြန်မာနိုင်ငံ၏ နှစ်စဉ် ၀င်ငွေ၏ ၅၀% ကျော်ရရှိလျက်ရှိသည်။
ထိုကြောင့် နအဖ မှ စွမ်းအင်လုံလောက်မှု မရှိဟုသော အကြောင်းပြချက်ဖြင့် နျူကလီးယား စွမ်းအင်ကို ထုတ်လုပ်ရန် ကြိုးပမ်းမှုမှာ လက္ခံ ယုံကြည်နိုင်ဘွယ်ရာ မရှိသည့်အပြင် နျူကလီယား စွမ်းအင်မှတဆင့် နျူကလီယား လက်နက်ပိုင်ဆိုင်သော နိုင်ငံဖြစ်ရန် လုပ်ဆောင်နေခြင်း၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် လုပ်ဆောင်နေသည့်အတွက် အခုလို Signature Campaign လှုပ်ရှားမူကို လုပ်ဆောင်ရကြောင်း ရှင်းလင်းပြောကြားသွားပါသည်။ ဂျပန်နိုင်ငံတွင် Sign Campaign ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ အနျူမြူ၏ ဆိုးကျိုးကို ဂျပန်လူမျိုးတို့  ကိုယ်တိုင် ခံစားခဲ့ကြရပြီး ကမ္ဘာတစ်ဝန်း နျူကလီးယား လက်နက်လျော့ချရန် နျူကလီယားအဆိပ် အတောက် ကင်းရှင်းရန် ကြိုးစားနေသော နိုင်ငံဖြစ်သည့်အတွက် ဂျပန်နိုင်ငံတွင် လှုပ်ရှားမှုကို စတင်ပြုလုပ်ရခြင်းဖြစ်သည်။
နိုင်ငံတော်ဘတ်ဂျက် ဒေါ်လာသန်းပေါင်းထောင်ချီ အကုန်ကျခံနေခြင်းသည် နျူကလီးယားစွမ်းအင်မှ ရရှိလာမည့် အကျိုးကို ပြည်သူများ စံစားနိုင်မည်မဟုတ်၊ နျူကလီးယားနှင့်ပတ်သက်သည့် ခေတ်မှီနည်းစနစ်ဖြစ် ထိမ်းသိမ်း ဆောက်ရှောက်မှု ၊ ဘေးထွက်စွန့် ပစ် ပစ္စည်းများကြောင့် ပတ်ဝန်းကျင် ဖြစ်ပေါ်လာမည့် အန္တရာယ် အလွန်စိုးရိမ်ရကြောင်းနှင့် နျူကလီယား စွမ်းအင်ကို ကန့် ကွက်နေသည်မဟုတ် နအဖမှ နျူကလီယား လက်နက်ပိုင်ဆိုင်ရန် ကြိုးပမ်းနေခြင်းကို ကန့် ကွက်ရကြောင်းကို FWUBC ဒု ဥက္ကဋ္ဌ ကိုဘုန်းလှိုင်မှ ထောက်ပြ ပြောဆိုသွားပါသည်။
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ဂျပန်ပြည်သူများ နှင့် ဂျပန်အလုပ်သမားသမဂ္ဂများထံမှ စုစုပေါင်းလက်မှတ် (တစ်သေါင်း)ကျော် ကောက်ခံရရှိထားကြောင်း သိရှိရပါသည်။ လာမည့် ၂၉ ရက်နေ့ ဂျပန်အလုပ်သမားနေ့ (မေဒေး)နေ့  နောက်ဆုံးထား ကောက်ခံသွားမည်ဖြစ်ပြီး ကောက်ခံရရှိထားသည့် လက်မှတ်များကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမျူးချုပ်နှင့် လုံခြုံရေးကောင်စီ နိုင်ငံများသို့  ပေးပို့ သွားမည်ဖြစ်ပါသည်။ ဂျပန်အစိုးရကို တိုက်တွန်း တင်ပြသွားနိုင်ရန်အတွက် FTUB ဗဟိုနှင့် ဆွေးနွေးတိုင်ပင်ပြီး ဂျပန်ရောက် အင်အားစုများနှင့် ပူးပေါင်းပါဝင်ပြီး ပိုမိုကျယ်ပြန့် သည့် လှုပ်ရှားမူကို ဆက်လက်ဖေါ်ဆောင် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ PNS-Japan
Posted by PNSjapan at 9:59 PM 0 comments
Labels: သတင်း
အပစ်ရပ် SSA ဥက္ကဌ HGF လက်ခံ၊ တပ်ဖွဲ့နှစ်ခြမ်းကွဲဖွယ်ရှိ ။

ဧပြီလ ၂၂ ရက်နေ့ မြောက်ပိုင်း အပစ်ရပ်သျှမ်းပြည်မတပ်တော် ဥက္ကဌ နှင့် EC ဆယ်ယောက်ကျော်က HGF အဖြစ်အသွင်ပြောင်းဖို့ ရပခ စစ်တိုင်းရုံးသို့ သွား၍ ခေါင်းငြိမ့် လက်ခံသဘောတူခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။
“ဟုတ်တယ်၊ ဥက္ကဌ စ၀်လွယ်မောဝ်နဲ့ အဖွဲ့ ၁၂ ယောက်သွားတယ်၊ နယ်မြေစောင့် တပ်ပြောင်းဖို့ စိန်ကျော့ဌာနချုပ်က စတင်လက်ခံ လိုက်ပြီ၊ လက်မခံတဲ့ တပ်မဟာတွေက ၀ လမ်းစဉ်အတိုင်း ဆက်လိုက်မယ်ဆိုတော့ အနည်းဆုံးနှစ်ဖွဲ့ကွဲ သွားမယ့်သဘော၊ နအဖရဲ့ သပ်လျှိုဖြိုခွဲ စည်းရုံးမှုအောင်မြင်တယ် လို့ပြောရမယ်” - ဟု လားရှိုးရပ်မိရပ်ဖ တဦးကပြော ပါသည်။
ဧပြီ ၂၂ ရက်က ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ်၊ တပ်မဟာ ၃ မှူး ဗိုလ်မှူးကြီးလှမြင့်၊ ဗဟိုအုပ်ချုပ်ရေးဌာန အကြီးအကဲ စ၀်ကောင်တိုင်း၊ ဒုတပ်မဟာ ၁ မှူး ဗိုလ်မှူးကြီးခေးတိုင်း၊ SSA - ဒုအတွင်းရေးမှူး ဗိုလ်မှူးစိုင်းအွမ်၊ ဗဟိုလုံခြုံရေးတပ်မှူး ဗိုလ်မှူးလိန်ဇင့်၊ ဗိုလ်မှူးအောင်မြင့်၊ ဗိုလ်မှူးသန်းဌေး နှင့် ဗိုလ်မှူးယွက်မောဝ်တို့ပါဝင်သော အဖွဲ့ ၁၂ ယောက်ကလားရှိုး အခြေစိုက် ရပခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်နှင့်သွားရောက်တွေ့ဆုံကာနယ်မြေစောင့်တပ်အသွင်ပြောင်း မည့် အစီစဉ် သဘောတူ လက်ခံခဲ့၏။ HGF ၃ ရင်းစာအတွက်လည်း အင်အား တထောင်ကျော် စာရင်းပေးခဲ့ပြီးလက်နက် ငယ် ၁၅၀ ခန့်လည်းအပ်နှံခဲ့သည် ဟုဆို၏။
ဧပြီ ၂၃ ရက် အပစ်ရပ် SSA ဌာနချုပ် ဆိုင်ကျော့သို့ ဒု တိုင်းမှူးသွားပြီး HGF ပြည်သူ့စစ်အသွင်ပြောင်းပွဲအခန်းအား ပြုလုပ်ရန် လူသိ ရှင်ကြားထုတ်ဖေါ်ကြေငြာမည်ဟု အကြောင်းကြား ထားသော်လည်းဌာနချုပ်တွင်လုံခြုံရေးတာဝန်ယူ ထားသော တပ်မဟာ ၁ တပ်မှူး များက သွားခွင့်မြုပနိုင်သေးကြောင်း၊ အကယ်၍သွားခဲ့ပါကလက်နက်ကိုင်ပဋိပက္ခ ဖြစ်လာလျှင် မိမိတို့တာဝန်မဟုတ်ကြောင်းပြန်လည် အကြောင်းကြားသဖြင့် ဒုတိုင်းမှူးအစီအစဉ်ဖျက်သိမ်း လိုက်ရသည်ဟု သိရသည်။
BGF အသွင်ပြောင်းရေးအတွက် အပစ်ရပ် SSA သာမက လားရှိုးရှိ KIA နှင့် UWSA ဆက်ဆံရေးတာဝန်ခံများကလည်း သွားရောက် လက်ခံ သဘောတူခဲ့၏။ သို့သော် ၎င်း တို့ဗဟိုဌာချုပ်အသီးသီးထံ အစီရင်ခံတင်ပြသောအခါ (မိမိတို့ တင်ပြခဲ့ဖူးသော တောင်းဆိုချက် ၈-၉ ချက် များနှင့် မကိုက်ညီလျှင်) BGF ဖြစ်ရန် လက်မခံ/သဘောမတူနိုင် သေးဟု နအဖ ထံ အကြောင်းပြန်လိုက်ကြောင်း အခြား ဆို့စ်တခုက ဆိုပြန်သည်။
“၃၀/၄/၁၀ မဟုတ်ရင် ၁/၅/၁၀ ရက်မှာ ဗိုလ်ချုပ်အောင်သန်းထွဋ်၊ ဒုတိုင်းမှူးဖြစ်ဖြစ် SSA ဌာနချုပ် ဆိုင်ကျော့ (စိန်ဂျော့) ကို သွားမလား၊ HGF အသွင်ပြောင်းအခမ်းအနားနဲ့ ထုတ်ပြန်ကြေငြာပြီး နိုင်ငံရေးအမြတ်ထုတ်မယ်ထင်တယ်။တိုင်းမှူး မဟုတ်ရင် ဒုတိုင်းမှူးကို တိုင် ဦးဆောင်ပြီး တပ်မဟာ ၃၊ တပ်မဟာ ၇ ဘက် ဆက်သွားမလားမပြောတတ်ဖူး၊ သူတို့ ပါလက်ခံရင်ပေါ့၊ လုံး ၀ လက်မခံနိုင်တဲ့ တပ်မဟာ ၁ ကတော့ ပြတ် သားတယ်” - ဟု ခိုင်လုံသည့်သတင်းရပ်ကွက် ကပြောပါသည်။
သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ ဒုဥက္ကဌ စ၀်ကိုင်ဖှာ့လည်း SSA ၏ ယခင်ဦးဆောင်ပါတီဖြစ်သည့် SSPP သျှမ်းပြည်တိုးတက်ရေးပါတီ အမည်နှင့် နအဖ ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်မည် ဟုဆိုသည်။
မြောက်ပိုင်း အပစ်ရပ် သျှမ်းပြည် တပ်မတော် အခြေအနေနှင့် ပတ်သက်၍ ဒေသခံမျိုးချစ်လူငယ် တဦးက ဆက်၍ -ယခု အခြေ အနေ အရ ဗိုလ်ချုပ်လွယ်မောဝ်နှင့်အဖွဲ့က နအဖ လက်အောက်ခံတပ် အဖြစ်ရောက်ရှိမည်၊ စ၀်ကိုင်ဖှ၏နိုင်ငံရေး ပါတီက ရွေးကောက် ပွဲဝင် မည်၊ လက်မခံသည့် တပ်မဟာများက ဥပဒေပြင်ပ မတရားအသင်း အဖွဲ့ဖြစ် သွားမည် - အနည်းဆုံး ၃ ဖွဲ့ ကွဲသွားနိုင်၏။ ဗိုလ်ချုပ် လွယ် မောဝ်ကြောင့် ၁၉၆၄ ညောင်ရွှေမဟာဒေ၀ီ စ၀်မယ့်နန်းဟိန်းခမ်းတည် ထောင် ခဲ့သည့် သျှမ်းပြည်တပ်မတော်သမိုင်းလည်း ရေစုန် မျှောရတော့မည်လောဟူ၍ သျှမ်းသံတော်ဆင့်သို့သုံးသပ်ပြ ပါသည်။
ပြည်ထောင်စုမှခွဲထွက်ရန်ကြံစည်သည့်အမှုအပါဝင် စွဲချက်ပေါင်းများစွာဖြင့် နအဖ စစ်အုပ်စုက ထောင်ဒဏ် ၁၀၆ ပစ်ဒဏ် ပေးထားသည့် ခန္တီးအကျဉ်းထောင်ရောက် သျှမ်းပြည်တပ်မတော် နာယက ဗိုလ်ချုပ်ဆေထဲန့်ကမူ ပြင်ပလောကရှိ သျှမ်းပြည် တပ်မတော်ခေါင်းဆောင် များ အား ‘ကိုယ်ကျိုးစွန့်ပြီး သျှမ်းပြည်တပ်မတော်၏ သမိုင်းကို ထိန်းသိမ်းစောင့် ရှောက်ရန် မိမိရည်မှန်းချက်အတိုင်း တစိုက်မတ်မတ် ခရီးဆက်ရန်’ အကြိမ်ကြိမ်မှာကြား ခဲ့သေးသည်။
PNS-Japan
သတင်းမှတ်တမ်း ။ မူရင်း (သျှမ်းသံတော်ဆင့်)
Posted by PNSjapan at 1:02 AM 0 comments
Labels: သတင်း
AUN-Japan လပတ်အစည်းဝေး နှင့် ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲ နှင့် တွေ့ ဆုံပွဲ ။
ဗီဒီယိုမှတ်တမ်း။ Naung Min Thein(PMNS-Japan) Part-1 & Part-2
၂၀၁၀ ခုနှစ် ဧပြီလ ၂၅ ရက်။
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)AUN-Japan မှ ဧပြီလ ပုံမှန်လပတ် အစည်းအဝေးကိုToshima ku Minami Otsuka ၌ ဧပြီလ ၂၅ ရက်နေ့ တွင် ညနေ ၁၈း၃၀ နာရီ မှ ၂၁း၃၀ အထိ နှစ်ပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမပိုင်းအစီစဉ်မှာ လစဉ် လုပ်ငန်း အစီအစဉ်များကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြပြီးသည်နောက် (၆၃)နှစ်မြောက် ပြည်ထောင်စု အခမ်းအနားတွင် လူအား၊ ငွေအား ဖြစ် ပူးပေါင်းပါဝင်ကူညီခဲ့ကြသော AUN-Japan အဖွဲ့ ဝင်များအား မှတ်တမ်းတင် ဂုဏ်ပြုလွှာများကို ဥက္ကဋ္ဌ စိုင်းစီဝမ်းမှ ပေးအပ်ချီးမြှင့်ခဲ့ပါငည်။
ဒုတိယပိုင်း အစီအစဉ်၌ ဂျပန်နိုင်ငံသို့  ခေတ္တရောက်ရှိလာသော ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ မှ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အကျပ်အတည်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး တိုင်းရင်းသားဒေသ အသီးသီးတို့ ၌ အနှစ် ၂၀ ကျော်အတွင်း ဖြတ်သန်းခဲ့သော မိမိဘ၀ အတွေ့ အကြုံများကိုပါ ရှင်းလင်း ပြောကြားသွားခဲ့ပါသည်။ အပြန်အလှန် ဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းဝေးကို ည ၂၁း၃၀ နာရီတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
သတင်းမှတ်တမ်း ။ PNS-Japan
မှတ်တမ်း ဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)
Posted by PNSjapan at 12:13 AM 0 comments
Labels: သတင်း
Sunday, April 25, 2010
သျှမ်းပြည်တပ်မတော်ဟုဆိုကာ တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖ စတင်တိုက်ခိုက် ။

တောင်ပိုင်း ၀ ပြည်သူများ တိုက်ပွဲသတင်းနှင့်ပါတ်သက်၍ စိုးရိမ်ထိပ်လန့်ရှောင်တိမ်းနေချိန် ၀ တပ်ဖွဲ့အား သျှမ်းပြည် တပ်မတော်တပ်ဖွဲ့ဟုဆိုကာ နအဖဘက်မှ တိုက်ပွဲနှစ်ကြိမ် စတင်တိုက်ခိုက်သည်ဟု စုံစမ်းသိရှိရ ပါသည်။
“နအဖ က အရင် စပစ်လို့ ကျနော်တို့ပြန်တိုက်ရတယ်။ နှစ်ကြိမ်စလုံး နအဖ က စပစ်တာ၊ ကျနော်တို့ဘက် သေကြေ ဒဏ်ရာရတာမရှိဘူး” - ဟု အမည်မဖေါ်လိုသည့် ၀ အရာရှိငယ်တဦး က ပြောပါသည်။
ဧပြီ ၂၃ ရက် ညနေပိုင်း မိုင်းဆတ်မြို့ အရှေ့ဘက် မိုင်းတုန်း (တွမ်း) တောင်ကြောတွင်လည်းကောင်း၊ ၂၄ ရက်နေ့ မနက် ၁၀ နာရီ ထိုင်းနိုင်ငံ ဖှန်မြို့မျက်နှာချင်းဆိုင် မိုင်းဆတ်မြို့တောင်ဘက် လွယ်ဖါဟုံဘုတ် တောင်ကြောတွင် လည်းကောင်း ၀ တပ်ဖွဲ့အား နအဖ က စတင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“မနေ့က ညနေပိုင်း ၁၅ မိနစ်လောက်တိုက်ပွဲဖြစ်တယ်။ ဒီနေ့မနက်တော့ ၁၀ မိနစ်လောက်ဘဲ၊ ကျနော်တို့က ၀စကားနဲ့ အော်ပြောပြီး ပြန်တိုက်တော့ သူတို့က ရပ်သွားတယ်” -အမည်မဖေါ်လိုသည့် ၀ တပ်မှူး တဦးက ပြောပါသည်။
တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖစစ်တပ်က ဒုဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် သျှမ်းပြည် တပ်မတော်လှုပ်ရှား စစ်ကြောင်း ဟု ထင်မှတ်ပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက်နှာပြောင်တိုက် ဟန်ပြတောင်းပန်ခဲ့သည်ဟု အဆိုပါ ၀ တပ်မှူးကပြော၏။
ဝ တပ်ဖွဲ့အရာရှိများကတော့ နှစ်ကြိမ်စလုံး မှားပစ်တိုက်ခိုက်ခြင်း မဖြစ်နိုင်ကြောင်း၊ အရင်ကတည်းက ထိုဒေသ အတွင်း ၀ တပ်ဖွဲ့သာ သွားလာလှုပ်ရှားလေ့ရှိကြောင်း ရှင်းပြ၏။
ယခုကိစ္စသည် နအဖ မှ တမင်ရန်စ တိုက်ခိုက်ခြင်းဖြစ်သဖြင့် ၎င်းင်းတို့လုပ်ရပ်အား သုံးသပ်ကြည့်ပါက တိုက်ပွဲကြီး အတွက် ရှောင်လွဲရန် မဖြစ်နိုင်တော့ကြောင်း ၀ တပ်ဖွဲ့အရာရှိများက သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြပါသည်။
နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ၂၂ ရက်နေ့နောက်ဆုံးသတ်မှတ်ရက်နှင့် ပတ်သက်၍လည်း မိမိတို့တောင်းဆိုချက် အတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု မြောက်ပိုင်း ၀ တပ်မှူးတို့ဆုံးဖြတ်ချက်ချချိန် တောင်ပိုင်း ၀တပ်ဖွဲ့ခေါင်းဆောင် များနှင့် ဆွေးနွေးရန် မိုင်းဆတ်အခြေစိုက် စကခ ၁၈ စစ်ဒေသမှူးကြီးက အစည်းဝေးဆင့် ခေါ်ခဲ့သေးသည်ဟုဆို၏။
“မိုင်းဆတ်သွားတာက ဟိုပန်၊ ဟိုရွက်၊ မိုင်းယွန်း၊ ဟွေ့အော့ က ကိုယ်စားလှယ်တွေပါတယ်၊ ဒါပေမယ့် မိုင်း ဆတ် စကခ ဌာနချုပ်မရောက်ဘဲ နောက်ပြန်လှည့်ကြတယ်၊ သွားသွားမသွားသွားမထူးဘူး ဆိုတဲ့သဘောပေါ့” - အမည်မဖေါ်လိုသည့် ၀ အရာရှိ တဦးကလည်း အတည်ပြုပြောဆိုပါသည်။
ထိုအစည်းအဝေးသို့ တောင်ပိုင်း ၀ တပ်ဖွဲ့ခေါင်းဆောင်မသွားသည့်အပြင် ကိုယ်စားလှယ်အဖွဲ့လည်း မိုင်းဆတ်မြို့ အနီးရောက်ရှိပြီး ပြန်လှည့်လာခဲ့ကြောင်း၊ ၀မ့်ဟုန့်ရှိ ၀ တပ်ဖွဲ့များနှင့် အချင်းချင်း အစည်းအဝေးထိုင်ပြီးမိမိဌာနချုပ် အသီးသီး ပြန်သွားကြသည်ဟု ဆက်ပြောပြပါသည်။
PNS-Japan
သတင်းမှတ်တမ်း ။ မူရင်း (သျှမ်းသံတော်ဆင့်)
Posted by PNSjapan at 12:36 AM 0 comments
Labels: သတင်း
Saturday, April 24, 2010
ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ဥက္ကဋ္ဌ တို့ အမြန်ဆုံးတွေ့ ဆုံဆွေးနွေးရန် တိုက်တွန်း တောင်းဆိုသည့် ဂျပန်အမတ်များလှုပ်ရှာမူ။
၂၀၁၀ ခုနှစ် ဧပြီလ ၂၃ ရက်။
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့  အမြန်ဆုံး တွေ့ ဆုံဆွေးနွေးရန် တိုက်တွန်း တောင်းဆိုသည့် လှုပ်ရှားမှုကို မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသော အမတ်များ သမဂ္ဂအဖွဲ့ မှ ဦးစီး၍ ဂျပန်အမတ်များ၏ ထောက်ခံသည့် လက်မှတ်များကို ယနေ့  ဧပြီလ (၂၃)ရက်နေ့ တွင် စတင်ကောက်ခံခဲ့ပါသည်။
အမတ်များလက်မှတ် ကောက်ခံသည့် လှုပ်ရှားမူတွင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့ မှ ပူးပေါင်းပါဝင်ခဲ့ကြပြီး အောက်လွတ်တော် အမတ်အဆောက်အဦး အမှတ်(၁)၊ အမှတ်(၂) နှင့် အထက်လွတ်တော် အမတ်အဆောက်အဦးတို့ တွင် အဖွဲ့ ၃ ဖွဲ့ ခွဲကာ အမတ်များ၏ ထောက်ခံ လက်မှတ်များကို ကောက်ခံခဲ့ကြပါသည်။
လက်ရှိမြန်မာပြည်၏ အခြေအနေနှင့် တိုင်းပြည်ကို ငြိမ်းချမ်းစွာ ပြောင်းလဲနိုင်သည်မှာ ရွှေဂုံတိုင် ကြေငြာစာတမ်း ပါသည့်အတိုင်း တွေ့ ဆုံဆွေးနွေးရေး နည်းလမ်းဘဲဖြစ်သည်။ မြန်မာပြည်၏ နိုင်ငံရေးပြဿနာကို ဖြေရှင်းသည့်နေရာမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်ပေးပြီး ပါဝင်သင့် ပါဝင်ထိုက်သည့် ပုဂ္ဂိုလ်များဖြင့် တွေ့ ဆုံဆွေးနွေးဖြေရှင်းမှသာလျှင် မှန်ကန်သည့် နည်းလမ်းဖြစ်သည့်အတွက် ယခုလို ဂျပန်အမတ်များ ဆန္ဒသဘောထား လက်မှတ်များကို ကောက်ခံကာ နအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံသို့  မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသော အမတ်များသမဂ္ဂအဖွဲ့ မှ တာဝန်ယူပြီး ပေးပို့ သွားမည်ဖြစ်ပါသည်။
အမတ်များ၏ လက်မှတ် ကောက်ခံသည့် လှုပ်ရှားမူကို ဧပြီလ(၂ရ)ရက်နေ့ အထိ နောက်ဆုံး ကောက်ခံသွားမည်ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံနှင့် လုံခြုံရေးကောင်စီ အဖွဲ့ ဝင်နိုင်ငံများထံသို့  ဆက်လက်ပေးပို့ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ PNS-Japan
/span> ...
Posted by PNSjapan at 12:32 AM 0 comments
Labels: သတင်း
Friday, April 23, 2010
နအဖ နှင့် ၀ တင်းမာမှုကြောင့် လားဟူ BGF တပ်ရင်းသစ်မှ တပ်သားများထွက်ပြေး ။
အပစ်ရပ်အပေါ်နအဖသတိပေးထားသည့် ဒက်လိုင်းကြောင့် ၀ တပ်နှင့် တိုက်ပွဲဖြစ်လျှင် လားဟူ BGF တပ်ရင်း သစ်အား ရှေ့ပြေးတပ် အဖြစ်အသုံးပြုရန်အတွက် ပြင်ဆင်မှုပြုလုပ်ခိုင်းသဖြင့်ထွက်ပြေးကြခြင်း ဖြစ်သည်ဟု စုံစမ်း သိရှိရပါသည်။
“ဒီအပတ်ထဲဘဲ စတင် ထွက်ပြေးကြတယ်။ ဆယ်ဂဏန်းလောက်ရှိမယ်။ အိမ်ပြန်ပြီး ဘိန်းခြံဘဲလုပ်တော့မယ် ပြောတယ်”- ဟု ထွက်ပြေးသည့်လားဟူတပ်သားသစ်အချို့နှင့် ရင်းနှီးသည့် သျှမ်း - လားဟူ ကပြားတဦးက ပြောပါသည်။
ဧပြီ ၁၉ ရက် မိုင်းတုံမြို့နယ် ပုံပါကျင်အခြေစိုက် နအဖ စစ်ဗျူဟာမှူးက လားဟူ (ပြည်သူ့စစ်) နယ်ခြားစောင့် တပ်အကြီး အကဲ များအား အစည်းအဝေးဆင့်ခေါ်ခဲ့ကြောင်း၊ ထိုအစည်းအဝေးတွင် - ဖြစ်ပေါ်နေသည့်နိုင်ငံရေး အရ ၀ တပ်ဖွဲ့ အသွင်ပြောင်းရန်အာခံခဲ့ပါက ကူညီတိုက်ခိုက်ဖို့ လားဟူတပ်ဖွဲ့ အသင့်ပြင်ဆင်ထားရန် မှာကြားခဲ့ပြီးနောက် ဤကဲ့သို့ တပ်ပြေးကြခြင်းဖြစ်သည်ဟု ဆိုသည်။
“လားဟူအမျိုးသားတွေရဲ့ ပင်ကိုယ်စရိုက်က တိုက်ပွဲမရှိဘဲနဲ့ စစ်တပ်ထဲမှာ အချိန်ပြည့် နေလေ့မရှိဘူး၊ ထိုးစစ်ထက် ပြောက်ကျားစနစ်နဲ့ ခံစစ်ကသူတို့ပိုအားသန်တယ်။ အခုဟာကလဲ ၀ နဲ့လားဟူက ဘိုးဘေး စဉ်ဆက်အတူနေ လာခဲ့ တယ်လေ၊ သူတို့မတိုက်ချင်ဘူး၊ နောက်တခုက နအဖ လစာစပေးနေတယ် ဆိုပေမယ့် သူတို့အတွက် မလုံလောက်ဘူး၊ ဘိန်းခြံလုပ်ရရင်အဲ့ထက် ၁၀ ဆ မက ရတယ်လေ” -အမည်မဖေါ်လိုသည့် လားဟူ အသိုင်းအ၀ိုင်းတဦးကပြောပါသည်။
လားဟူနယ်ခြားစောင့်တပ်ဖွဲ့ တပ်ရင်းမှူး ဂျပီးကွယ်၏ (နအဖ အပ်နှင်းထားသည့်) ဗိုလ်မှူးရာထူး လစာငွေမှာ ကျပ် ၁ သိန်း ၇ သောင်း၊ ဒုတပ်ရင်းမှူး ဗိုလ်ကြီးရာထူး လစာငွေကျပ် ၁ သိန်း ၂ သောင်း၊ အခြေခံတပ်သား လစာမှာမူ ကျပ်ငွေ ၄ သောင်း ၅ ထောင် ပေးမည်ဟုပြောသော်လည်း အခုချိန်ထိမရသေးဟု ထိုင်းနယ်စပ် ရောက် အမည်မဖေါ်လိုသည့် လားဟူတပ်သား တဦးက အတည်ပြုပါသည်။
လက်ရှိ ဂျပီးကွယ်ဦးဆောင်သည့် လားဟူ နယ်ခြားစောင့်တပ်ရင်း (အမှတ် ၁၀၀၇ ) တွင် အင်အား ၂၉၆ နှင့် နအဖ အရာရှိ ၃၀ အဆင်သင့်ရှိနေပြီဖြစ်သော်လည်း လက်နက်အလက်တစ်ရာခန့်သာရှိသေးသည်ဟု ဆိုသည်။
၎င်းလားဟူပြည်သူ့စစ်တပ်ဖွဲ့ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းပွဲကို မတ်ခ်ျ ၃၁ ရက်နေ့က စရဖ အရာ ရှိချုပ် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး ဖေါ်ဆောင်ရေးကော်မတီ ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးရဲမြင့်၊ သျှမ်းပြည်နှင့် ကရင်နီပြည်တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ကိုယ်တိုင် အခမ်းအနားတက်ရောက် ရာထူးချီးမြင့်ခဲ့သည်။
PNS-Japan
သတင်းမှတ်တမ်း ။ မူရင်း (သျှမ်းသံတော်ဆင့်)
Posted by PNSjapan at 11:28 PM 0 comments
Labels: သတင်း
တရုတ်နယ်စပ် အပစ်ရပ်အဖွဲ့များ စစ်ရေးပူးပေါင်းမှု ဆွေးနွေး ။
ရန်ပိုင် Thursday, April 22, 2010 .
နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်အစိုးရက စစ်ရေးအရ တိုက်ခိုက်ခဲ့လျှင် တရုတ်-မြန်မာ နယ်စပ်ရှိ အပစ်ရပ် အဖွဲ့ များကြား ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုပြုလုပ်ရန် ဆွေးနွေးပွဲ တရပ်ကို ယမန်နေ့က ပန်ဆန်းမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၁၆ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့တွင် KIA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - AP)
အဆိုပါ ဆွေးနွေးပွဲသို့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA )၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မိုင်းလား အဖွဲ့၊ ၀ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA) ၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) (SSA-N) တပ်ဖွဲ့တို့ တက်ရောက်၍ စစ်ရေး ဆိုင်ရာများ ဆွေးနွေးကြောင်း UWSA အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
“ကိုးကန့် ကိစ္စကို သင်ခန်းစာ ယူပြီးတော့ အဲ့သည်လိုမျိုး မဖြစ်အောင် ဘယ်လို ကြိုတင် ကာကွယ် စီမံမှုတွေ လုပ်ထားတယ်၊ တပ်ပေါင်းစု ပုံစံမျိုး ခုခံဖို့ပဲ”ဟု ၎င်းက ဆိုသည်။
ထို့အပြင် UWSA အဖွဲ့၏ လက်ရှိ ရပ်တည်ချက်မှာ ယခင်က တောင်းဆို ထားသကဲ့သို့ပင် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ဆက်လက် စောင့်ထိန်းသွားမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြော သည်။
UWSA အဖွဲ့မှ တောင်းဆိုခဲ့သည့် အချက်များမှာ မိုင်းပေါက် နှင့် မိုင်းဖြန် ဒေသကို ပေါင်း၍ မိုင်းပေါက်မြို့နယ် အဖြစ်သတ်မှတ် ပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ တိုင်း ဒေသကြီးအတွင်း ထည့်သွင်းပေးရန်၊ ထိုင်းမြန်မာနယ်စပ်ရှိ ၀မ်ဟုန် စစ်ဒေသကို စစ်တိုင်း ကြီး အဖြစ်သတ်မှတ် ပေးရန်၊ အဆိုပါ စစ်တိုင်းကြီးများ၏ စစ်ဒေသမှူးနှင့် စစ်ဦးစီးမှူးကို UWSA တပ်ဖွဲ့မှ တာဝန်ယူ၍ ဒုတိယ စစ်ဦးစီးမှူးများကို စစ်အစိုးရဘက်မှ တာဝန်ယူရန်၊ တပ်ဖွဲ့များကို ၀ တပ်သားများဖြင့်သာ ဖွဲ့စည်းရန်တို့ဖြစ်သည်။
သျှမ်းသံတော်ဆင့်သတင်းစဉ်မှ ဦးစိန်ကြည် က“စစ်အစိုးရက လက်နက်ကြီးများနဲ့ စားနပ်ရိက္ခာ ယာဉ်တန်းတွေ ရှမ်းပြည်မြောက် ပိုင်း ကွမ်းလုံ၊ တန့်ယန်း နဲ့ ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံဒေသတွေကို ပို့နေတယ်”ဟုဆိုသည်။
UWSA အဖွဲ့ကလည်း စစ်အစိုးရတပ်များနှင့် ထိတွေ့နေသည့် ဒေသများတွင် လက်နက် ခဲယမ်းများ၊ စားနပ်ရိက္ခာများကို ဖြည့်တင်း မှုများ ပြုလုပ်ထားကြောင်း ဦးစိန်ကြည်က ဆက်လက်ပြောဆိုသည်။
စစ်အစိုးရတပ်များ နှင့် ရင်ဆိုင်ထားသည့် ဒေသများမှာ တန့်ယန်းဒေသနှင့် ကပ်လျှက်ရှိသည့် မန်ဆန်ဒေသ၊ ကွမ်းလုံ၊ ဟိုပန်ဒေသ၊ ကျိုင်းတုံမြို့နယ် အရှေ့မြောက်ဘက်ရှိ မိုင်းပေါက် မိုင်းဖျန်ဒေသ နှင့် သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ မော်ဖဒေသတို့ဖြစ်သည်။
ပြီးခဲ့သည့် အင်္ဂါနေ့က စစ်အစိုးရတပ်များ စစ်ကား အစီး ၅၀ကျော်နှင့် ရှမ်းပြည်တောင်ပိုင်းသို့ တက်သွားကြောင်းမိထ္တီလာမြို့ခံတဦး ကလည်းဆိုသည်။
ဝနယ်မြေရှိ ဒေသခံတဦးကမူ“ဒီမှာကတော့ အားလုံး ပုံမှန်အတိုင်းပဲ၊ လှုပ်လှုပ်ရှားရှားမရှိပါဘူး၊ စီးပွားရှာတဲ့သူကရှာပါပဲ၊ ဒါပေမယ့် တကယ်ဖြစ်လာလို့ တပ် ကဦးဆောင်ပြီးတိုက်မယ်ဆိုရင်တော့ တိုက်ရမှာပေါ့”ဟု ဧရာဝတီသို့ပြောသည်။
မကြာသေးမီက ၀နယ်မြေမှ ပြည်မသို့ ပြန်သွားသည့် အစိုးရ၀န်ထမ်းများကိုမူ UWSA အဖွဲ့က ပြန်လာခွင့် မပေးကြောင်း ၎င်းက ဆက်လက်ပြောပြသည်။ စစ်အစိုးရနှင့် UWSA အဖွဲ့ကြားတွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရန် နည်းပါးကြောင်း၊ စစ်အစိုးရအနေဖြင့် ကိုးကန့်အရေး ကဲ့ သို့ အင်အားနည်းသည့် နေရာတွင်သာ ထိုးဖောက်ဝင်ရောက်လိမ့်မည်ဟု ၀တပ်ဖွဲ့ မှ အရာရှိတချို့က သုံးသပ်ကြောင်း ဦးစိန်ကြည် က ပြောသည်။
ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် စစ်အစိုးရကိုယ်စားလှယ်များ ယနေ့ မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးကြောင်း၊ စစ်အစိုးရ ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် အတူ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်လည်းပါဝင်ကြောင်း လိုင်ဇာ အခြေစိုက် ကချင်လွတ်လပ်ရေးအဖွဲ့မှ အရာရှိတဦးက ဧရာဝတီသို့ပြောသည်။
စစ်အစိုးရက အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ယနေ့ နောက်ဆုံး သတ်မှတ်ထားပြီး လာမည့် ဧပြီလ ၂၈ ရက်နေ့ ကျော်လွန်လျှင် မတရားအသင်း အဖြစ်ကြေညာမည်ဖြစ်သည်။
သတင်းမှတ်တမ်း။ မူရင်း irrawaddy.org,News
Posted by PNSjapan at 12:22 AM 0 comments
Labels: သတင်း
မတရားသည့် ရွေးကောက်ပွဲ ဥပဒေနှင့် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအား ချီတက်ကန့် ကွက်ဆန္ဒပြပွဲ(တိုကျို)။
ဗီဒီယိုမှတ်တမ်း။ မူရင်း (nldlajb.blogspot.com)
ဗီဒီယိုမှတ်တမ်း။ မူရင်း (nldlajb.blogspot.com)
၂၀၁၀ ခုနှစ် ၊ ဧပြီလ ၂၂ ရက်။
ယနေ့  ဧပြီလ(၂၂)ရက်နေ တိုကျိုမြို့  မှာ မြန်မာစစ်အစိုးရ၏ မတရားသည့် ရွေးကောက်ပွဲ ဥပဒေနှင့် ကျင်းပမည့် ၂၀၁၀ရွေးကောက်ပွဲအား ဆန့် ကျင်ကန့် ကွက်သည့် ချီတက်ဆန္ဒပြပွဲ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ့ မှဦးစီး ကျင်းပပြုလုပ်ခဲ့ပါသည်။
ချီတက်ဆန္ဒပြပွဲ အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား အဖွဲ့ အစည်းများနှင့်အတူ မြန်မာ့အရေးကို ကူညီ ဆောင်ရွက်ပေးကြသည့် ဂျပန်အလုပ်သမာသမဂ္ဂများအဖွဲ့ ချုပ် (JTUC RENGO)၊ လူ့ အခွင့်အရေးအဖွဲ့ အစည်းများ တို့ ပါ ပူးပေါင်းပါဝင် ခဲ့ကြသည်ကိုလည်း သိရှိရပါသည်။
နေ့လည် (၃)နာရီ တိတိမှာ Gontada ပန်းခြံကနေ စတင်ထွက်ခွါပြီး ဂျပန်နိုင်ငံရဲ့ လူစည်ကားရာ မြို့ လည် လမ်းမကြီးများအတိုင်း ချီတက်လာကြပြီး ချီတက်သွားရာ လမ်းတလျှောက်တွင်လဲ ဂျပန်ဘာသာဖြစ် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသား များအားလုံး ချက်ချင်းလွတ်။ နအဖ စစ်အုပ်စု မတရားတဲ့ရွေးကောက်ပွဲဥပဒေ အလိုမရှိ။ စသည့် ကြွေးကြော်သံများဖြစ် ကြွေးကြော်ကာ လူစည်ကားရာ လမ်းမကြီးအတိုင်း ချီတက် လာခဲ့ကြပါသည်။ SHINAGAWA မြို့ နယ်ရှိ စစ်အခွန်ရုံး( မြန်မာသံရုံး)ရှေ့ ကိုဖြတ်ကာ စစ်အခွန်ရုံး အနီးရှိ ပန်းခြံတွင် အဆုံးသတ်ခဲ့ပါသည်။ အဖွဲ့ ပေါင်းစုံ ပါဝင်သော သဘောထားထုတ်ပြန်ကြေငြာချက် တစ်စောင်ကို နအဖ သံရုံးသို့ ပေးပို့ ခဲ့ပါသည်။
ချီတက်ဆန္ဒပြပွဲ သို့  ဒီမိုကရေစီ အင်အား(၂၀၀)ကျော်ခန့်  တက်ရောက်ကြောင်း သိရှိရပါသည်။
PNS-Japan
သတင်းဓါတ်ပုံ။ Lian Khan Sum(CNC-Japan)
အပြည့်အစုံသို့ ...
Rest of your post
Posted by PNSjapan at 12:00 AM 0 comments
Labels: သတင်း
Wednesday, April 21, 2010
မွန်ပြည်သစ် ပါတီ တောပြန်ခိုမလား ။
မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ - NMSP)
ဧရာဝတီ Wednesday, April 21, 2010 .
စစ်အစိုးရနှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဆွေးနွေးပွဲ ပျက်ပြားခဲ့ပါက ထိပ်ပိုင်း ခေါင်းဆောင် တချို့ အပါအ၀င် မွန်ပြည်သစ် ပါတီဝင်များ တောတွင်း အခြေစိုက် စခန်းသို့ ပြန်ရန် လျှို့ဝှက်နှုတ်ဆက်ပွဲများ ကျင်းပနေကြကြောင်း သိရသည်။
ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် မွန်ပြည်သစ် ပါတီ (NMSP) တို့ တွေ့ဆုံ ဆွေးနွေးမှု မတိုင်ခင် ပါတီဝင် ခေါင်းဆောင်များ၊ အရာရှိများနှင့် စစ်သည်များက တောတွင်း အခြေစိုက် စခန်းသို့ ပြောင်းရွှေ့ နေကြခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် မော်လမြိုင် မြို့ရှိ ပါတီနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။
“ကျနော့် သူငယ်ချင်းကတော့ သူ တောထဲကို ပြန်သွား တော့မယ်လို့ ပြောတယ်။ သူ့ကလေး တွေကို ကြည့်ရှု စောင့်ရှောက်ဖို့ မှာတယ်။ ခင်လာတာ ကြာပြီဆိုတော့ စိတ်မကောင်း ဖြစ်ပါတယ်”ဟု ယင်းက ဆိုသည်။
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူတောင်ကြားလမ်းမှ NMSP ပါတီဝင်တချို့က နယ်ခြားစောင့် တပ်ဖွဲ့ အသွင်ပြောင်းရေး အတွက် နောက်တကြိမ် ဆွေးနွေးမှုမှာ ဧပြီ ၂၂ ရက်နေ့ဖြစ်ကြောင်း၊ အကယ်၍ ဆွေးနွေးညှိနှိုင်းမှုပျက်ပြားပြီး စစ်ကို မရှောင် လွှဲ နိုင်ပါက နေအိမ်များစွန့်ခွာပြီး တောတွင်းသို့ ပြန်ဝင်ကြရန် ခေါင်းဆောင်များက မှာကြားထားကြောင်း ပြောသည်။
NMSP ၏ တရားဝင် စာရင်းများအရ အဖွဲ့ဝင် ၃၅၀၀ ရှိသော်လည်း လက်ရှိတွင် တာဝန် ထမ်းဆောင်နေသူမှာ ၇၀၀ ခန့် သာ ရှိကြောင်း သိရသည်။
အကယ်၍ စစ်ဖြစ်ပွားရန် အကြောင်းပေါ်လာပါက တပ်ဖွဲ့ဝင်များ ပြန်လာဖွယ်ရှိကြောင်း၊ အစပိုင်းတွင်မှု အခက်အခဲ ရှိမည်ဖြစ်ကြောင်း NMSP အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။
သို့သော် အပစ်ရပ်ထားသည့် ဆယ်စုနှစ် တခုကျော်ကြာအတွင်း မြို့ပေါ်၌ စီးပွားရေး လုပ်ငန်းများနှင့် အခြေကျနေသည့် ပါတီ အဖွဲ့ဝင်များအဖို့ လက်ရှိအခြေအနေကို စွန့်လွှတ်၍ NMSP နှင့် တောတွင်းသို့ လိုက်ပါပူးပေါင်းရန် အခက်အခဲရှိမည်ဟု မွန် နိုင်ငံရေး လေ့လာ အကဲခတ်သူများက ဆိုသည်။
NMSP ဗဟိုအလုပ်အမှုဆောင်ဟောင်း နိုင်တင်အောင်ကမူ မြန်မာစစ်တပ်အနေဖြင့် ၎င်းတို့ကို တိုက်ခိုက်လိမ့်မည်ဟု မထင်ကြောင်း ပြောသည်။
“မွန်ပြည်သစ်ပါတီကို တိုက်မယ်ဆိုရင် နိုင်ငံရေးအရ ထိခိုက်မှု ရှိနိုင်တယ်၊ မွန်ပြည်သစ်ပါတီကို နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ဖိအားပေးရုံသက်သက်ပါပဲ”ဟု နိုင်တင်အောင်က ဆိုသည်။
နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးအတွက် ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် NMSP မှ ဗဟိုအလုပ်မှုဆောင် ၄ ဦးတို့ ဧပြီလ ၇ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယင်းဆွေးနွေးပွဲ၌ NMSP သည် နယ်ခြားစောင့်တပ် မဖွဲ့လိုပါက ပြည်သူ့စစ်အဖြစ် ရပ်တည်ရေး စဉ်းစားပေးရန် ဗိုလ်ချုပ်ကြီး ရဲမြင့်က ပြောကြောင်း NMSP ပြောခွင့်ရပုဂ္ဂိုလ် နိုင်ချေးမွန်က ဧရာဝတီသို့ ပြောသည်။
“ပါတီခေါင်းဆောင်တွေ ဒီနေ့ ဗဟိုဌာနချုပ်မှာ အစည်းအဝေးလုပ်တယ်၊ လက်ခံမယ် မခံဘူးဆိုတာအဲဒီ အစည်းအဝေးမှာ ဆွေးနွေးမယ်၊ လာမယ့် ဧပြီ ၂၂ ရက်နေ့မှာ ဗိုလ်ချုပ်ရဲမြင့်နဲ့တွေ့ဖို့ရှိတယ်”ဟု နိုင်ချေးမွန်က ဆိုသည်။
ယမန်နှစ်က နယ်ခြားစောင့်တပ် ဖွဲ့ရန် NMSP က ငြင်းဆန်ပြီးနောက် စစ်အစိုးရနှင့် ဆက်ဆံရေး တင်းမာခဲ့သည်။
ပြီးခဲ့သည့် မတ်လက NMSP သည် လက်နက်စုဆောင်းရေးဌာန အပါအဝင် ဌာနတချို့ကို နေရာရွှေ့ပြောင်းခဲ့ကြောင်း ယင်းအဖွဲ့နှင့် နီးစပ်သူများက ဆိုသည်။
အကယ်၍ တိုက်ပွဲ ပြန်ဖြစ်ခဲ့လျှင် ပြောက်ကျား နည်းဖြင့် ပြန်လည် ခုခံမည် ဖြစ်ကြောင်း NMSP ခေါင်းဆောင်များက ပြော သည်။
အပစ်အခတ်မရပ်စဲခင်က မွန်ဒေသတွင် စစ်အစိုးရ တပ်ရင်း ၁၀ ရင်းသာ တပ်စွဲထားခဲ့သော်လည်း ၁၅ နှစ်ကြာ ကာလအတွင်း တပ်စွဲထားသည့် တပ်ရင်း ၃၀ ခန့် ရှိကြောင်း သိရသည်။
အပစ်ရပ်အဖွဲ့များအနေနှင့် ဧပြီ ၂၈ ရက်နေ့ မတိုင်မီ နယ်ခြားစောင့်တပ် အသွင် မပြောင်းပါက စစ်အစိုးက မတရားအသင်း အဖြစ် ကြေညာမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။
PNS-Japan
သတင်းမှတ်တမ်း ။ မူရင်း irrawaddy.org,News
Posted by PNSjapan at 11:05 PM 0 comments
Labels: သတင်း
ဝ တပ်ဖွဲ့ စစ်ရေးပြင်ဆင်နေ ။
ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က စစ်ရေး ပြင်ဆင်မှုများ အပါအ၀င် မဟာမိတ်များနှင့် နီးကပ်စွာ ဆက်ဆံမှုများကို ယခု ရက်ပိုင်း အတွင်း ပိုမို ပြုလုပ် လာသည်။

ရှမ်းပြည်နယ် တနေရာတွင် စစ်ရေးပြ လေ့ကျင့်နေသော UWSA တပ်ဖွဲ့ဝင်များ
လာမည့် ဧပြီလ ၂၂ ရက်နေ့တွင် UWSA က နယ်ခြားစောင့် တပ်အသွင် ပြောင်းခြင်းနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို စစ်အစိုးရအား ပေးရမည် ဖြစ်သည်။
စစ်အစိုးရက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အတွက် ၀ ခေါင်းဆောင်များနှင့် ထပ်မံ ဆွေးနွေးရန် ကမ်းလှမ်းမှုများ မရှိသကဲ့သို့ စစ်အစိုးရ၏ အစီအစဉ်ကို လက်မခံ နိုင်သည့် UWSA ခေါင်းဆောင်များ၏ သဘောထား သည်လည်း ပြောင်းလဲမှု မရှိကြောင်း UWSA နှင့် နီးစပ်သော သတင်းများ အရ သိရသည်။
UWSA ကလည်း နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက ငြင်းပယ်နေခြင်းဖြစ်ပြီး နိုင်ငံရေး အရ ငြိမ်းချမ်းစွာ ဖြေရှင်းရန် ပြောဆိုခဲ့ပြီး အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ရန် အတွက် ပြင်ဆင်ထားကာ တပ်များကိုလည်း အသင့်အနေအထားရှိရန် သတိပေးထားခဲ့သည်။
ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက နိုဝင်ဘာနှင့် ဧပြီလအတွင်းတွင် ဥက္ကဋ္ဌ ပေါက်ယူချန်းက နအဖထံသို့ စာ ၂ စောင် ရေးသား ပေးပို့ခဲ့သော်လည်း ပယ်ချခဲ့သဖြင့် ယခုအခြေအနေတွင် အလျှော့ပေးရန် မဖြစ်နိုင်ကြောင်း ဆိုသည်။
“အခုလောလောဆယ်ကတော့ နအဖက တိုက်မယ် တကဲကဲပုံစံ လုပ်ပြီးတော့မှ အလျှော့ပေးစေချင်တဲ့ ပုံစံဖြစ်တယ်၊ နအဖ ကလည်းသိတယ်၊ ၀ ဘက်က ထွက်မတိုက်ချင်ဘူး မတိုက်ချင်တဲ့သူ ပိုများတယ်ဆိုတာ၊ အခြေအနေကတော့ နအဖဘက်မှာပဲ မှုတည်မှာပါ”ဟု ဦးခွန်စိုင်းကဆိုသည်။
ဖိအားကို လိုတာထက်ပိုပြီး ပေးသွားပါက စစ်ပွဲ ဖြစ်လာနိုင်ကြောင်း၊ စစ်ပွဲဖြစ်လာပါက ဒေသကန့်သတ်ထားသည့် အခြေအနေ လောက်သာ မဟုတ်ဘဲ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ပါဖြစ်လာနိုင်သည့်အတွက် ရွေးကောက်ပွဲကို ထိခိုက် လာနိုင် သည်ဟု စစ်အစိုးရက တွက်ထားပုံရကြောင်းလည်း ၎င်းက ဆိုသည်။
UWSA အနေဖြင့် နယ်ခြားစောင့်တပ်အဖြစ်လက်မခံပါက ၅ ရက်ကြာ စစ်ဆင်ရေး တရပ်ကို ပြုလုပ်သွားမည်ဟု မှုဆယ်ရှိ စစ်အစိုးရ ထောက်လှမ်းရေးများက ၀ါဒဖြန့်ချိနေကြောင်း တရုတ်-မြန်မာ နယ်စပ်အရေးကို လေ့လာ စောင့်ကြည့်နေသူ ဦးအောင်ကျော်ဇောက ဧရာဝတီသို့ ပြောသည်။
“ဒါကတကယ်တမ်းကျတော့ ၀ တပ်ဖွဲတွေကို ခြိမ်းခြောက်တာပါ၊ တရုတ်နဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်လို့ စစ်ပွဲဖြစ်လာဖို့ကတော့ မလွယ်ပါဘူး” ဟု ဦးအောင်ကျော်ဇောက ဆိုသည်။
စစ်အစိုးရသည် ယခုနှစ်တွင် ကျင်းပ ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ် အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးအတွက် လိုလားနေကြောင်း သိရသည်။ ဤအတောအတွင်း တပ်မတော် ခေါင်းဆောင်များက အပစ်ရပ် အဖွဲ့များနှင့် ဆက်တိုက် တွေ့ဆုံနေကြသည်။
“ရွေးကောက်ပွဲ အပြီးတွင် အစစအရာရာ သူ့လက်ထဲမှာရှိဖို့ စီစဉ်ထားသော်လည်းပဲ ဒီအနာဂတ်ဆိုတာ မှန်းဆလို့ မရတော့ မထင် မှတ်တာပေါ်လာနိုင်တယ်လို့ သူတို့မှတ်ပုံရတယ်။ ဒါကြောင့် ရွေးကောက်ပွဲ မပြီးခင် ကြိုတင်ပြီး အာဏာရှိနေတုန်း လုပ်ထားချင် ပုံရတယ်” ဟု ဦးခွန်စိုင်းက ဆက်ပြောသည်။
ယင်းအပြင် အတည်မပြုနိုင်သေးသော သတင်းများအရ စစ်အစိုးရက လက်နက်ကြီးများနှင့် သံချပ်ကာကားများကို ရှမ်းပြည်အရှေ့ပိုင်းသို့ ပို့ဆောင် နေကြောင်းလည်း သိရသည်။
UWSA သည် ဗမာပြည် ကွန်မြူနစ် ပါတီ၏ လက်နက်ကိုင် အင်အားစု အဖြစ်မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်ခဲ့ပြီး၊ ယခုနှစ် ဧပြီလ ၁၇ တွင် တည်ထောင်သည့် နှစ် ၂၁ နှစ်ပြည့်မြောက်ပြီဖြစ်သည်။ ယခင်က ပန်ဆိုင်းတွင် နှစ်ပတ်လည်အခမ်းအနားကို အကြီးအကျယ် ကျင်းပသော်လည်း ယခုနှစ်တွင်မှု ကျင်းပခြင်း မရှိကြောင်းလည်း သိရသည်။
ယခုအခါ စစ်သည်အင်အား နှစ်သောင်း မှ နှစ်သောင်းခွဲကြားတွင် ရှိသည်ဟု သိရသည်။ UWSA သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။ စစ်အစိုးရ၏ အခြေခံ ဥပဒေ တွင်လည်း ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့်သွင်း ပြဋ္ဌာန်းထားပြီး ဖြစ်သည်။
အခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း (ပန်းခမ်း) စသည့် မြို့နယ်များကို ခရိုင် ၂ ခရိုင် ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် ဖော်ပြထားသည်။ သံလွင်မြစ် အရှေ့ဘက်ခြမ်းမှ ထို မြို့နယ် ၆ ခုမှာ တရုတ် မြန်မာ နယ်စပ်တွင် တည်ရှိသည်။
ယခု အချိန်အထိ အပစ်ရပ် အဖွဲ့ ၃ ဖွဲ့က နယ်ခြားစောင့် တပ်ဖွဲ့အသွင်ပြောင်းပြီး ဖြစ်သည်။
အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိသည်။
PNS-Japan
သတင်းမှတ်တမ်း ။ မူရင်း irrawaddy News,
Posted by PNSjapan at 12:49 AM 0 comments
Labels: သတင်း
စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် ဆိုးဝါးနိမ့်ကျနေသော တအာင်းဒေသရှိ ပညာရေး စနစ်အပေါ် ထုတ်ပြန်ကြေညာချက် ။
တအာင်း လူငယ်များ၏ ယနေ့ထုတ်ပြန်သည့် အလင်းမဲ့ဘဝ ပညာရေး အစီရင်ခံစာသည် စစ်အုပ်စု၏ ထိန်းချူပ်မှုအောက် ဆိုးဝါးနိမ့်ကျ နေသော ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တအာင်း လူမျိုးတို့ ပညာရေး စနစ်အကြောင်းကို အများပြည်သူ သိရှိစေရန် ထုတ်ဖော်ထားပါသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်၊ နမ့်ခမ်းနှင့် မန်တုံ စသည့် မြို့နယ်သုံးမြို့နယ်မှရွာပေါင်း ၆၁ ရွာတွင် လူဦးရေ ၁၇၅ ဦးတို့ကို တွေ့ဆုံ မေးမြန်းမှူအပေါ် အခြေခံပြီး အချက်အလက်များ ကောက်ယူခဲ့ပါသည်။
တအာင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံး၏ ယခုအစီရင်ခံစာသည် စစ်အုပ်စု၏ တာဝန်မဲ့မှု၊ ပညာရေးဆိုင်ရာ အခွင့်အလမ်း ကင်းမဲ့နေမှု များကြောင့် တအာင်း ပြည်သူလူထုတို့၏ဘဝ အနာဂတ်မဲ့ နေကြရသည်ကို အချက်အလက် စုစည်း တင်ပြထားပါသည်။ တအာင်းဒေသတွင် စာသင်ကျောင်း အနည်းငယ်သာရှိပြီး ကျောင်းသုံးပစ္စည်းလည်း မပြည့်စုံပါ။ နအဖ စစ်အုပ်စုသည် အရည်အချင်း ပြည့်ဝသော ဆရာများထားရှိခြင်း၊ ဆရာများကို လေ့ကျင့်သင်ကြားပေးခြင်း၊ ပညာရေးသင်ထောက်ကူများ ပံ့ပိုးခြင်း အစရှိသည့် ပညာရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရာတွင် မရှိသလောက် အလွန်နည်းပါသည်။ ကျောင်းသင်ထောက်ကူပစ္စည်းအတွက် ပညာသင်ကြားသည့် တအာင်းကျောင်းသား လူငယ်များထံသာ ကောက်ခံခဲ့ကြပါသည်။
ကျောင်းတကျောင်းတွင် ၂ဝဝဝ ခုနှစ်တွင် စတင်ပညာ သင်ကြားခဲ့သော ကျောင်းသူ/သား ၁၇၂ ဦးသည် ၂ဝဝ၉ ခုနှစ် ရောက်သောအခါ ကျောင်းသူ /သား ၃ ဦးခန့်သာ ဆယ်တန်းအထိ ရောက်ရှိသင်ကြားနိုင်ခဲ့သည်ကို အစီရင်ခံစာ အတွက် လေ့လာ သုတေသန ပြုသည့် အဖွဲ့မှ လေ့လာတွေ့ရှိရပါသည်။ ထိုအတူ ပညာရေး သင်ရိုးညွန်တမ်းတွင် တိုင်းရင်းသားလူမျိုးများအား ကိုယ်ပိုင်ဘာသာစကားနှင့် ယဉ်ကျေးမှုများကို တရားဝင်လေ့လာသင်ယူခွင့်ကို တားမြစ်ပိတ်ပင်ထားပြီး စာသင်ကျောင်းများတွင်လည်း မြန်မာစာ ကိုသာ အခြေခံ အသုံးပြု၍ သင်ကြားနေသည်။
နအဖ စစ်အုပ်စုသည် ပြည်သူလူထု၏ ပညာရေးနှင့် ကျန်းမာရေးထက် စစ်အင်အား ပြင်ဆင်တိုးချဲ့ရေးတွင် နိုင်ငံ့ဘဏ္ဌာငွေကို အဆ ပေါင်းများစွာ အသုံးပြုထားပြီး၊ နိုင်ငံထွက်ကုန်တန်ဖိုး (ဂျီဒီပီ) ၏ ၁.၄ ရာခိုင်းနုန်းသာ ပညာရေးနှင့် ကျန်မာရေးအတွက် သုံးစွဲသည် ကိုတွေ့ရှိရပါသည်။ ပညာသင်ကြားသော ကျောင်းသား လူငယ်များမှာ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ ကြံ့ခိုင်ရေးအဖွဲ့ဝင်အဖြစ် အတင်း သွတ်သွင်းခြင်းအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ခံစားနေကြရသည်ကိုလည်း တွေ့ရှိရပါသည်။
ပညာရေးအခြေအနေမှာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအရ အဘက်ဘက်တွင် ဆိုးရွားစွာ ဆက်လက် ဖိနှိပ်ချိုးနှိမ်ခံထားရပါသည်။ စာသင်ကျောင်းတွင် အချိန်ကြာမြင့်စွာသင်ယူခဲ့သည့် ကျောင်းသား တစ်ယောက်အတွက် ဆက်လက်ပြီး တဆင့်မြှင့် ပညာသင်ကြားရန် အခြေအနေလုံးဝ မရှိသလောက် နည်းပါးလှပါသည်။ “ကျနော်သင်ကြားခဲ့တဲ့ ပညာရေးဟာ ကျနော်လုပ်နေတဲ့အလုပ်နဲ့ ဘာမှ မဆက်စပ် ပါဘူး။ တက္ကသိုလ် မှာ ဥပဒေပညာကို သင်ယူခဲ့ပြီး အခုလက်ဖက်ရောင်းနေပါတယ်။ ပညာရေးဟာ ကျနော်တို့ရဲ့ အနာဂတ်အတွက် အာမခံချက်လုံးဝ မရှိဘူး။ အခုပညာရေး စနစ်ဟာ အစိုးရကို ကြောက်လန့်အောင်၊ အမိန့်နာခံအောင်ပဲ သင်ပေးပါတယ်။ လာဘ်စားမှု တွေလဲ အင်မတန်များပါတယ်” ဟု အစီရင်ခံစာအတွက် တွေ့ဆုံမေးမြန်းခံခဲ့သူ လူငယ်တဦးပြောပြပါသည်။
“နအဖ စစ်အုပ်စု ရဲ့ ပညာရေး စနစ်ကို အချိန်မှီပြုပြင်ပြောင်းလဲမှုမလုပ်ဘူးဆိုရင် ပညာရေးဟာအလျှင်အမြန် ယိုယွင်း ပျက်ဆီး သွားမှာဖြစ်ပါတယ်၊ ဒေသခံပြည်သူလူထုတွေရဲ့ ပညာရေးအခြေအနေဟာ ဘတ်ဂျတ် မရှိလို့ကျောင်းပိတ်တာ၊ဘတ်ဂျတ် ငွေကြေး မတတ်နိုင်လို့ ကျောင်းထွက်ရတာ၊ ပညာရေးအတွက် အခြားဘာမှ ရွေးချယ်စရာ အခွင့်အလမ်းမရှိတော့တာတွေဟာ လုံးဝစိတ်ဓါတ် ကျဆင်းစရာဖြစ်နေပါတယ်” ဟု တအာင်းတအာင်းကျောင်းသားနှင့်လူငယ်များ အစည်းအရုံး၏ ပညာရေးဌာန တာဝန်ခံ မိုင်းမောဝ်ဒါင်း မှ စစ်အုပ်စု၏ မှားယွင်းသော ပညာရေးစနစ်ကို အချိန်မှ ပြုပြင်ရန် ထောက်ပြ ပြောဆိုထားပါသည်။
Contact:
Mai Mao Dang -၆၆-ဝ၈၇ ၅၂၄ ၆ဝ၇၂
Mai Aung Ko – ၆၆-၀၈၀ ၁၁၈၄၄၇၉
သတင်းမှတ်တမ်း ။ www.palaungland.org
PNS-Japan
Posted by PNSjapan at 12:17 AM 0 comments
Labels: သတင်း
Tuesday, April 20, 2010
ကရင်အမျိုးသားအလံ အသုံးပြု ရွေးကောက်ပွဲဝင်မှု ကေအန်ယူ ကန့်ကွက် ။
ကရင်အမျိုးသားအလံတော်ကို ပါတီအလံအဖြစ်အသုံးပြု၍ နအဖကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်မည့် မည်သည့် ကရင်ပါတီကိုမဆို ကန့်ကွက်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နှင့် နိုင်ငံတကာသို့ ရောက်ရှိနေကြသည့် ကရင်အမျိုးသားများက ပြောသည်။
ကေအန်ယူအဖွဲ့၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က “ကရင်အမျိုးသား အလံတော်ဟာ ကရင်အမျိုးသားထု တရပ်လုံးရဲ့ အလံဖြစ်တယ်။ အမျိုးသား အလံတော်ကို ပါတီအလံအဖြစ် အသုံးပြုပြီး နအဖလုပ်မယ့် ရွေးကောက်ပွဲကို ၀င်မယ်ဆိုတာက တကယ်မလုပ်သင့်တဲ့ကိစ္စပါ။ အဲဒါကြောင့် ကန့်ကွက်ရတာပါ။ ဒီလိုလုပ်တာဟာ နအဖနဲ့ပေါင်းပြီး ကရင်တမျိုးသားလုံးကို စော်ကားလိုက်တာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ကရင်ပြည်သူ့ပါတီ (ကေပီပီ) သည် နအဖပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်ရန် ကရင်အမျိုးသားအလံကို ပါတီအလံအဖြစ် အသုံးပြုပြီး ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီ၏ ဒု-ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာစိုင်မွန်သာက ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်များတွင် မကြာသေးမီရက်ပိုင်းအတွင်းက ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံးက သောကြာနေ့တွင် ကြေညာချက် ထုတ်ပြန် ကန့်ကွက်ထားသည်။
ကရင်အမျိုးသားအလံတော်ကို အသုံးပြု၍ ရွေးကောက်ပွဲမှတ်ပုံတင်ရန် လျှောက်ထားသည့် ကရင်ပါတီနှစ်ခုမှာ ကရင်ပြည်သူ့ပါတီ (ကေပီပီ) နှင့် ပြည်ထောင်စုကရင်အမျိုးသားအဖွဲ့ချုပ်ပါတီ (ယူကေအယ်လ်) တို့ဖြစ်သည်။
တပ်မတော်ရေမှ အရာရှိဟောင်း စောထွန်းအောင်မြင့် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် ကရင်ပြည်သူ့ပါတီသည် ပါတီအသစ်ဖြစ်ပြီး ပြည်ထောင်စုကရင်အမျိုးသားအဖွဲ့ချုပ်ပါတီမှာ ပြီးခဲ့သည့် ၁၉၉၀ ခုနှစ် ပါတီစုံရွေးကောက်ပွဲ၌ မဲဆန္ဒနယ်အသီးသီးတွင် ရှုံးနိမ့်ခဲ့သည်ဟု ယင်းပါတီမှ အဖွဲ့ဝင်တဦးက ပြောသည်။
အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ သြစတြေးလျ၊ အင်္ဂလန်၊ နယူးဇီလန်၊ ထိုင်း၊ ဆွီဒင်အပါအ၀င် နိုင်ငံတကာရှိ ကရင်အမျိုးသား အဖွဲ့အစည်းများကလည်း ကရင်အလံကို အသုံးပြု၍ ရွေးကောက်ပွဲဝင်မည်ကို ကန့်ကွက်ရှုတ်ချကြသည်။
အမေရိကန် မန်ဏီဆိုးလား ကရင်ကွန်မြူနီတီ (ကေစီအန်) အဖွဲ့၏ နာယက မန်းရောဘတ်ဇန်က “ဒီကိစ္စကို လုံးဝလက်မခံနိုင်ဘူး။ နအဖရဲ့ချည်ပြီးတုပ်ပြီးလုပ်တဲ့ ရွေးကောက်ပွဲကို ၀င်လို့ ဘာအကျိုးမှမရှိဘူး၊ နိုင်မှာလည်းမဟုတ်ဘူး။ နအဖအလိုကျပဲဖြစ်မယ်။ ဒီလူတွေဟာ ကရင်အမျိုးသားတွေကိုလည်း လုံးဝကိုယ်စားမပြုဘူး၊ ကရင်အလံသုံးတာကိုလည်း လုံးဝလက်မခံနိုင်ဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ကရင်အမျိုးသားအလံတော်ကို ၁၉၃၆ ခုနှစ် ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရလက်ထက်တွင် (ဒေါကလူ) ခေါ် ကရင်အမျိုးသားအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်အရ လွှတ်တော်အတွင်းရှိ ကရင်အမတ်များအရေးဆိုရာမှ တရားဝင်အသိအမှတ်ပြု ရရှိခဲ့ခြင်းဖြစ်သည်။
PNS-Japan
သတင်းမှတ်တမ်း ။ မူရင်း khitpyaing.org/news
Posted by PNSjapan at 2:51 PM 0 comments
Labels: သတင်း
Monday, April 19, 2010
နယ်ခြားစောင့်တပ် လက်မခံရသည့်အကြောင်း ကေအိုင်အို လူထုအား အသိပေးပြောကြား။
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စများနှင့်ပတ်သက်၍ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က လူထုအား အသိပေးရှင်းလင်းသည့် အခမ်းအနားတခုကို ကေအိုင်အို ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ယခုလ (၁၆) ရက်၌ ပြုလုပ်ခဲ့သည်။
ကေအိုင်အို နှင့်နအဖအကြား နှစ်ဘက်တွေ့ဆုံဆွေးနွေးချက်များ၊ ကေအိုင်အိုဘက်က တင်ပြထားချက်များ၊ နအဖဘက်က ကမ်းလှမ်းထားချက်များနှင့် အပစ်ခတ်ရပ်စဲရေး စာချုပ်တို့ကို နံရံကပ်စာစောင်ဖြင့် ပြသထားသကဲ့သို့ ကေအိုင်အို အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာက ကချင်ဘာသာဖြင့် ပြောကြားပြီး တွဲဖက်အတွင်းရေးမှူးက မြန်မာဘာသာပြန်၍လည်းကောင်း၊ ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က မြန်မာ၊ ကချင် နှစ်ဘာသာဖြင့် လည်းကောင်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းသွားခဲ့သည်ဟု အခမ်းအနား တက်ရောက်ခဲ့သူ ကေအိုင်အို အုပ်ချုပ်ရေး အရာရှိတဦးက ပြောသည်။
၎င်းက “အရပ်သားတွေ၊ ကေအိုင်အိုဌာနဆိုင်ရာအရာရှိတွေ၊ တပ်ဖွဲ့ဝင်တွေ (၁,ဝဝဝ) ကျော်လောက် တက်တယ်။ မေးမြန်းချင်တာရှိရင် ပြန်မေးလို့ ဖိတ်ခေါ်တယ်။ ကချင်လိုကော၊ မြန်မာလိုကော အကျယ်တဝင့် ရှင်းသွားတယ်။ ပြီးတော့ နံရံကပ်စာစောင်မှာလည်း သူတို့ရှင်းလင်းပြောပြတာတွေကို ထုတ်ပြထားတယ်။ နယ်ခြားစောင့်တပ်ကို ဘယ်လို ဖွဲ့စည်းမယ်၊ လစာနဲ့ရိက္ခာ ဘယ်လိုထုတ်ပေးမယ် ဆိုတာကအစ ရေးထားတယ်။ အခုလို ရှင်းပြလိုက်တော့ လူထုတွေအနေနဲ့ ကေအိုင်အိုက နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ဘာကြောင့် လက်မခံသေးသလဲဆိုတာ သိခွင့်ရပါတယ်” ဟု ပြောသည်။
အပစ်ခတ်ရပ်စဲရေးစာချုပ်တွင် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စ မပါဝင်ပုံ၊ နောင်တက်လာမည့် အစိုးရနှင့်သာ နိုင်ငံရေးကိစ္စဆွေးနွေးရန် နအဖဘက်က ၂ဝဝ၈ ခုနှစ်အထိ တစိုက်မတ်မတ်ပြောလာခဲ့ပုံ၊ အမျိုးသားညီလာခံအတွင်း ကေအိုင်အိုအဖွဲ့၏ တင်ပြချက်များ အလေးထား မခံခဲ့ရပုံ အပါအဝင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး နှစ်ဖက်ဆွေးနွေးချက်များကို ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က အခမ်းအနားတွင် ပြောကြားခဲ့သည်။
၎င်းက “ကျနော်တို့ နှစ်ဖက်ဆွေးနွေးနေတာ (၁၅) ကြိမ်ရှိပါပြီ။ (၁၅) ကြိမ်စလုံးမှာ တပ်မတော်အစိုးရက ကျနော်တို့ကို ပြောနေတာကတော့ ဘီဂျီအက်ဖ်ကို လက်ခံရေးပဲဖြစ်တယ်။ အဲဒီ (၁၅) ကြိမ်စလုံးမှာ ကေအိုင်အို ပြန်ပြောနေတာက ဘီဂျီအက်ဖ်မဟုတ်ဘဲနဲ့ တခြားသော နည်းလမ်းနဲ့ ကျနော်တို့ရဲ့ ပြဿနာကို ဖြေရှင်းရေးဖြစ်ပါတယ်” ဟု ပြောသည်။
ကေအိုင်အိုအဖွဲ့အား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် နအဖက ယခုလ (၂၈) ရက် နောက်ဆုံးရက် သတ်မှတ်ထားပြီး သူတို့အနေဖြင့် ပြည်ထောင်စုတပ်မတော်အတွင်း တိုင်းရင်းသားတပ်ဖွဲ့အနေဖြင့်သာ အသွင်ပြောင်းလိုကြောင်း ယခုလ (၁၅) ရက်က ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ စာရေးတင်ပြကမ်းလှမ်းထားသည်ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။
ယခုရှင်းလင်းပွဲတွင် ကေအိုင်အိုအဖွဲ့က နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို အဘယ်ကြောင့် လက်မခံခြင်းဖြစ်ကြောင်း လူထုအား အသိပေးပြောကြားကာ နအဖဘက်မှ တဖက်သတ် လုပ်ဆောင်နေမှုများကိုလည်း ရှင်းလင်းပြခဲ့ကြောင်း စစ်ရေးအကဲခတ်တဦးက ပြောသည်။
၎င်းက “လျှို့ဝှက်ထားတဲ့ သူတို့ရဲ့ အပစ်ရပ်စာချုပ်တွေ၊ နအဖဆီကို ရေးတဲ့စာတွေ လူထုကို ပြသလာတာက နအဖက တဖက်သတ် အကျပ်ကိုင် ဆောင်ရွက်နေတာတွေကို သည်းမခံနိုင်တာလည်းပါတယ်။ တဖက်က သူတို့ ရပ်တည်ချက် မှန်တယ်ဆိုတာကို လူထုကို ရှင်းပြချင်တယ်။ တချိန်တည်းမှာ လူထုရဲ့ထောက်ခံမှုကို ရယူချင်တာလည်း ဖြစ်တယ်” ဟု ပြောသည်။
PNS-Japam
သတင်းမှတ်တမ်း ။ မူရင်း khitpyaing.org/
Posted by PNSjapan at 11:17 PM 0 comments
Labels: သတင်း
နအဖစစ်အစိုးရ၏ ရာဇ၀တ်မှုများကို ပြည်သူ့တရားရုံးတင် တရားစွဲဆိုနိုင်ရေး ဂျပန်ရှိဒီမိုကရေစီအင်အားစုများပြင်ဆင် ။
တိုကျို၊ ဧပြီ(၁၈)
သတင်း-သန့်မျိုးထွေး
နအဖစစ်အစိုးရမှ အပြစ်မဲ့ပြည်သူများနှင့် တိုင်းရင်းသား အမျိုးသမီးငယ်များအပေါ် မတရား ကျူးလွန်ထားသည့် ပြစ်မှုများ(Criminal Case)များကို ဖော်ထုတ်နိုင်ရန်အတွက် ဂျပန်နိုင်ငံတွင် ပြည်သူ့တရားရုံးဖွဲ့စည်း၍ ရုံတင်စစ်ဆေး တရားစွဲဆိုနိုင်ရန် ပြင်ဆင်ကြိုးစား နေကြောင်းသိရသည်။
ဂျပန်ရှိ မြန်မာအမျိုးသမီးသမဂ္ဂ၏ဥက္ကဋ္ဌ ဒေါ်ချိုချိုအေးမှ ဦးဆောင်၍ နအဖစစ်အစိုးရ၏ အမျိုးသမီးများအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများနှင့် ပတ်သတ်၍ ဂျပန်နိုင်ငံတွင် ပြည်သူ့ တရားရုံးကျင်းပရေးကော်မတီဟု အမည်ပေးထားသည့် အလုပ်ကော်မတီ တခုကို တိုကျိုမြို့ အိုးစုခအရပ်ရှိ မိနားမိအိုးစုခခန်းမ၌ ပြုလုပ်သော အစည်းအဝေးတွင် ဂျပန်ရှိ ဒီမိုကရေစီလှုပ်ရှားသူများနှင့် စုပေါင်း ဖွဲ့စည်းလိုက်ပြီး လာမည့်ဇွန်လတွင် တရားခွင်ပြုလုပ်၍ ကြားနာ စစ်ဆေးကြမည်ဟုဆိုသည်။
ဥက္ကဋ္ဌဒေါ်ချိုချိုအေးက“ဒါမျိုးလုပ်လိုက်လို့ စစ်အစိုးရက ချက်ခြင်ကြီးပြုတ်ကျသွားမယ်လို့ မဆိုလိုဘူး။ နအဖ ပြုတ်ကျ သွားနိုင်လောက်အထိလဲ ဖြစ်ချင်မှဖြစ်မယ်၊ မဖြစ်ချင်လဲ မဖြစ်ဘူး၊ ဘာတွေ အကျိုးကျေးဇူးရှိမလဲဆိုတော့ ကျမတို့အပေါ်လူ့အခွင့်အရေး ချိုးဖောက်တာတွေက ပါးစပ်နဲ့ဘဲပြောလို့ရတယ်၊ နအဖ မကောင်းကြောင်းကို တကမ္ဘာလုံးကသိတယ်၊ သိပေမဲ့ ဒီလို အထောက်အထား အချက်အလက်နဲ့ မပြောနိုင်တဲ့အခါမှာ ပြောရင်း ပြောရင်းနဲ့ လေထဲမှာဘဲ ပျောက်သွားတယ်၊ ဒီတော့ ဒီလိုအထောက် အထားနဲ့ပြောနိုင်မယ်ဆိုရင် ဒီမှတ်တမ်း မှတ်ရာတွေဟာ သမိုင်းဝင် အဖြစ်လဲကျန်ခဲ့မယ်၊ ဒီကနေချက်ခြင်း အကျိုးသက်ရောက်မှု မရှိတောင် သမိုင်းမှာ ဒါတွေဟာ ဖျောက်ဖျက်လို့ မရနိုင်ဘူး”ဟု အကျိုးသက်ရောက်မှု ရှိနိုင်ပုံနှင့် ရည်ရွယ်ချက်ကို ရှင်းပြသွားသည်။
ယနေ့တွင် ကော်မတီဖွဲ့စည်း လိုက်ကြခြင်းသာဖြစ်ပြီး အခြေအနေအရ တရားခွင်၏ ဂျူရီလူကြီးများ၊ တရားသူကြီးများအဖြစ် စစ်မေးမည့် ပုဂ္ဂိုလ်များကို အကြမ်းဖြင်းအားဖြင့် လျာထားခြင်း သာဖြစ်သည့်အတွက် တရားဝင် မထုတ်ပြန်နိုင်သေးကြောင်းနှင့် တရားခွင်တွင် စစ်မေးခံမည့် သူများမှာ နအဖစစ်အစိုးရက အမှန်တကယ် ညှင်းပန်းနှိပ်စက် မတရားပြုကျင့်ခြင်းကို ခံထားရပြီး ထိုင်း-မြန်မာနယ်စပ်တွင် ထွက်ပြေး တိမ်းရှောင်နေသည့် အမျိုးသမီးငယ်များ ဖြစ်ကြောင်းသိရသည်။
ဆက်လက်ပြီး ဒေါ်ချိုချိုအေးက“ကျမတို့တိုင်းပြည်ထဲမှာ တရားဥပဒေမစိုးမိုးလို့ အခြားနိုင်ငံကို ထွက်ပြီးတော့ တရားရုံးတောင် လုပ်ယူရတယ်ဆိုတာ သမိုင်းမှာကျန်ခဲ့တာဘဲ၊ နောက်တချက်ကလဲ ကျမတို့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာကိုလဲ ဘယ်သူ့ပြောရမှန်းမသိ၊ ဘယ်သူမှလည်း အကာအကွယ် မပေးနိုင်တဲ့ဘ၀မှာ ဒီတရားစီရင်မှုကို ကမ္ဘာတ၀ှမ်းလုံးမှာရှိတဲ့ လူတွေကို အထောက်အထား အချက်အလက် ခိုင်ခိုင်လုံလုံနဲ့ ကျမတို့မှာ အကာကွယ်မဲ့နေပါတယ်၊ ဥပဒေအရ ကာကွယ်စောင့်ရှောင့်မှု ပေးနိုင်ခြင်း မရှိပါဘူး ဆိုတာကို လက်တွေ့ ပြနိုင်တဲ့ဟာက ပါစပ်နဲ့ပြောတာနဲ့ မတူပါဘူး”ဟုရှင်းပြသည်။
ဖွဲ့စည်းလိုက်သော ကော်မတီတွင် အမှုဆောင် (၁၈)ဦးပါရှိပြီး ဆက်လက်၍ ပါဝင်လိုသူများကို ဖိတ်ခေါ်ထားပြီး တရားခွင် ကျင်းပမှု ကုန်ကျစားရိတ်များအတွက် နိုင်ငံတကာရှိ မည်သည့်အဖွဲ့အစည်း၏ အကူအညီမျှ မယူဘဲ ဂျပန်ရှိ ဒီမိုကရေစီ အဖွဲ့အစည်းများစုပေါင်း၍ စားရိတ်စိုက်ထုတ် အကုန်အကျခံကာ တရားရုံး၏ ဆုံးဖြတ်ချက်ကို လူ့အခွင့် အရေးစောင့်ရှောက်ရေးအဖွဲ့များ၊ ကုလသမဂ္ဂနှင့် ဂျပန်အစိုးရ အပါအ၀င် နိုင်ငံတကာသို့ ဖြန့်ဝေသွားမည်ကြောင်း သိရသည်။
နအဖစစ်အစိုးရက ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများကို ကော်မရှင်တရပ်ဖွဲ့စည်း၍ စုံးစမ်းစစ်ဆေးရန် အီးယူအဖွဲ့ဝင် ဗြိတိန်နှင့် ချက်နိုင်ငံတို့က စတင်တောင်းဆိုပြီးနောက် အခြားအဖွဲ့ဝင် နိုင်ငံများအားလည်း ထောက်ခံကြရန် ဘားမားကမ်ပိန်(ယူကေ)က တိုက်တွန်းခဲ့ကာ အမေရိကန်နိုင်ငံတွင် နိုဘယ်လ်ဆုရှင်များက ဦးဆောင်၍ ကြားနာစစ်ဆေးမှုတခုကို ပြီးခဲ့သည့် မတ်လဆန်းပိုင်းက ပြုလုပ်နိုင်ခဲ့ပြီး ဂျပန်တွင်လည်း အလားတူ စုံစမ်းစစ်ဆေးနိုင်ရန် ကြိုးပမ်းကြခြင်းဖြစ်သည်။
သတင်းမှတ်တမ်း။ သန့်မျိုးထွေး( မိုးသောက်ကြယ်)
PNS-Japan
Posted by PNSjapan at 1:35 AM 0 comments
Labels: သတင်း
Sunday, April 18, 2010
မြစ်ဆုံရေကာတာ စီမံကိန်းဝန်းကျင် ဗုံးများ ဆက်တိုက်ကွဲ ။
ကချင်ပြည်နယ်ရှိ မြစ်ဆုံ ရေကာတာ စီမံကိန်း ဆောင်ရွက် နေသည့် အနီးဝန်းကျင်တွင် ယနေ့နံနက်က ဗုံးများ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြစ်ဆုံရေကာတာ စီမံကိန်းကို တည်ဆောက်နေသည့် အေရှားဝေါလ် ကုမ္ပဏီ ဆက်သွယ်ရေးရုံး အဆောက်အဦးနှင့် တရုတ် လူမျိုး ပညာရှင်များ နေထိုင်သည့် နေရာများတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ကချင်သတင်းစဉ်မှ အယ်ဒီတာ ကိုနော်ဒင်း ဧရာဝတီ သို့ ပြောသည်။

တရုတ်ပညာရှင်များ ရေးဆွဲထားသည့် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ဝေဟင်မှမြင်တွေ့ရပုံ (ဓာတ်ပုံ - စိန်ဌေး)
“အလုပ်သမားတွေ နေတဲ့နေရာတော့မပါဘူး၊ စီမံကိန်းအုပ်ချုပ်တဲ့ရုံးတွေ၊ ဂိုဒေါင်တွေမှာပေါက်တာ”ဟု ၎င်းကဆိုသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူ လေးဦးခန့်ရှိပြီး ထိခိုက်ဒဏ်ရာရမှုများလည်း ရှိသည်ဟု ကိုနော်ဒင်းက ပြောသည်။
မြစ်ကြီးနားမြို့ခံတဦးက“ဗုံး ၇လုံးပေါက်တယ်၊ ကားနှစ်စီးပျက်တယ်”ဟု ဆိုသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းသော်လည်း လုံခြုံရေးအရ မဖြေဆိုနိုင် ကြောင်း ငြင်းဆိုခဲ့သည်။
စုစုပေါင်း ဗုံးအရေအတွက်မှာ ၃၉ လုံးခန့် ဖြစ်ကြောင်း၂၇ လုံးမှာ ပေါက်ကွဲခဲ့ပြီး ၁၂လုံးမှာ ပေါက်ကွဲခြင်းမရှိကြောင်း အတည် မပြုနိုင်သော သတင်းများအရ သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော အေးရှားဝေါလ် ကုမ္ပဏီ ဆက်သွယ်ရေးရုံး အဆောက်အဦး (ဓာတ်ပုံ - ကချင် သတင်းစဉ်)
မြစ်ဆုံရေကာတာ တည်ဆောက်ရေးစီမံကိန်းကို စစ်အစိုးရ၏ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ ရေအား လျှပ်စစ် အကောင်အထည်ဖော်ရေး ဌာနနှင့် တရုတ် အစိုးရပိုင် CPI ကော်ပိုရေးရှင်းတို့မှ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး စီမံ ကိန်းကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လောပိုင် အေရှားဝေါလ် ကုမ္ပဏီက အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။
ယခုဗုံးပေါက်ကွဲသည့် အချိန်သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေးအစီအစဉ်ကို ကချင်လွတ်လပ်ရေး အဖွဲ့(KIO)က လူထုအစည်းအ၀းခေါ်ယူ၍ ငြင်းဆန်ထားသည့် အချိန်နှင့် တိုက်ဆိုင်နေသည့်အတွက် စစ်အစိုးရက KIO အဖွဲ့ အပေါ်တွင် အပြစ်ရှာခြင်းလည်းဖြစ်နိုင်ကြောင်း ကိုနော်ဒင်းက သုံးသပ်သည်။
ပြီးခဲ့သည့် သင်္ကြန်ရက်အတွင်းကလည်း ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင်ရှိ အေးရှားဝေါလ် ဂိတ်တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ သေး ကြောင်း နယ်စပ်သတင်းများ အရသိရသည်။
သတင်းမှတ်တမ်း။ မူရင်း ဧရာဝတီ သတင်း ။
Posted by PNSjapan at 11:52 PM 0 comments
Labels: သတင်း
Friday, April 16, 2010
ဗုံးပေါက်ကွဲပြီးနောက် ရန်ကုန်သင်္ကြန် အခြေအနေ(ဗီဒီယို မှတ်တမ်း) ။
ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲမှု မှတ်တမ်း ဗီဒီယို ,VOA News,
16 April 2010
ရန်ကုန်က သင်္ကြန်မှာ ဒီနှစ် အစည်ကားဆုံးလို့ ပြောကြတဲ့ ကန်တော်ကြီးမှာ မနေ့က ဗုံးပေါက်ကွဲခဲ့လို့ လူ ၉ ယောက် အနည်းဆုံး သေဆုံးသွားခဲ့ပါတယ်။ ရေပက်သူတွေနဲ့ စည်ကားနေချိန် နေ့လယ် ၃ နာရီလောက်မှာ ဗုံးတွေ ပေါက်ကွဲခဲ့လို့ ထိခိုက်ဒဏ်ရာ ရသူတွေလည်း တော်တော်များများ ရှိခဲ့ပါတယ်။ ရန်ကုန်မြို့က ဗုံးပေါက်ကွဲမှုရဲ့ နောက်ဆုံးသိရတဲ့ အခြေအနေကို မစုမြတ်မွန်က စုစည်း တင်ပြပေးထားပါတယ်။
သင်္ကြန်အကြတ်နေ့ နေ့လယ် ၃ နာရီလောက်က ကန်တော်ကြီး ကန်ပတ်လမ်းပေါ်မှာ ဆောက်ထားတဲ့ X2O မဏ္ဍပ်ရှေ့မှာ ဗုံး ၃ လုံး ပေါက်ကွဲခဲ့ပါတယ်။ ဗုံးပေါက်ကွဲတဲ့ မြင်ကွင်းကို ကိုယ်တိုင်တွေ့ခဲ့တဲ့ ဈေးသည်တယောက်က အခုလိုပြောပါတယ်။
“ကျနော်ကတော့ အဲဒီရှေ့မှာ ဈေးရောင်းနေတာဗျ။ အဲဒါ ခုနလေးတင်ပဲ တချက်ကြားလိုက်တယ်၊ ဗုံးလားဘာလားတော့ မသိဘူး၊ နှစ်ချက် သုံးချက် ထပ်ကြားမှပဲ ကျနော်တို့လည်း ကန်တော်ကြီးထဲကို ထွက်ပြေးတော့ အဲဒီမှာ တချို့လည်း ထိတဲ့လူတွေ ဘာတွေတော့ တွေ့တာပေါ့။ ခြေထောက်တွေ ဘာတွေ ထိကြတယ်၊ သေလား၊ မသေလားတော့ မသိဘူး။ ကျနော်တွေ့တာ လေးငါး ဆယ်ယောက်လောက် ရှိမယ်ဗျ။”
ဗုံးတလုံးနဲ့ တလုံးကို စက္ကန့်ပိုင်းလောက်ပဲခြားပြီး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
“ပထမ တလုံးကတော့ ဘာမှန်းမသိဘူး၊ နောက် နှစ်လုံးမြောက်ကျတော့ နည်းနည်း သတိထားမိတယ်။ သုံးလုံးမြောက်ကျတော့ လူတွေအကုန်လုံး ပြေးကြတော့တာပဲ။ စက္ကန့်ဝက်လောက်ပဲ ရှိမယ်ထင်တယ်၊ ဗုံးဆို ထပ်ဖြစ်ပြီး၊ ဗုံးဆို ထပ်ဖြစ်ပြီး ကျနော်တို့လည်း သွားတာပဲ။”
အစိုးရရုပ်သံမှာရော ရေဒီယိုမှာပါ တရားဝင် နောက်ဆုံး သတင်းထုတ်ပြန်ချက်မှာတော့ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၅ ယောက်၊ အမျိုးသမီး ၃ ယောက်၊ စုစုပေါင်း ၈ ယောက် သေဆုံးပြီး ၉၄ ယောက် ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။ ရန်ကုန်ဆေးရုံကြီးက လာတဲ့ သတင်းရပ်ကွက်ကတော့ သေဆုံးသူ ၉ ယောက်ထက်မနည်း ရှိပြီးတော့ တော်တော်များများ ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။
ဗုံးကွဲမှုတွေ ဖြစ်ပြီးတဲ့နောက် ရေကစားမဏ္ဍပ်တွေ ရှိတဲ့ ကန်တော်ကြီးတ၀ိုက်ကို လုံခြုံရေးတွေက ပိတ်ထားလိုက်ပါတယ်။ အခုလို ကန်တော်ကြီး X2O သင်္ကြန်မဏ္ဍပ်ရှေ့မှာ ဗုံးကွဲပြီးနောက် အစိုးရနဲ့ မကင်းကြတဲ့ သားသမီးတွေရဲ့ ရေကစား မဏ္ဍပ်တွေမှာ ဗုံးရှင်းလင်းရေး တပ်ဖွဲ့တွေ ရောက်လာကြတယ်လို့လည်း မျက်မြင်တွေက ပြောပြကြပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ ရေကစားမဏ္ဍပ်တွေ အားလုံးအတွက် ရေပေးချိန်ကိုလည်း ပုံမှန် သတ်မှတ်ချိန်ထက်စောပြီး သက်ဆိုင်ရာက ပိတ်လိုက်ပါတယ်။
မနေ့ ကြာသပတေးနေ့က ဗုံးကွဲပြီးတဲ့နောက် ညပိုင်း ရန်ကုန်မြို့ရဲ့ အခြေအနေကိုတော့ မြို့ခံတယောက်က အခုလို ပြောပြပါတယ်။
“အခုပဲ ကန်တော်ကြီးဘက်က ပြန်လာတာ။ အဲဒီဘက်မှာ မဏ္ဍပ်တွေရှိတဲ့ဘက်က ပိတ်ထားတယ်။ ကန်တော်ကြီးက ကန်ပတ်လမ်း တောက်လျှောက် ရှိတာကိုး။ ကန်ပတ်လမ်းက အဲဒီအပိုင်းနဲ့ မဏ္ဍပ်တွေရှိတဲ့အပိုင်းပဲ ကွက်ပြီး ပိတ်ထားတာလေ။ ဟိုဘက် မဏ္ဍပ်မရှိတဲ့ ဗိုလ်ချုပ်ပြတိုက်ဘက်ကျတော့ ဖွင့်ထားတယ်။ တခြားဘက်အပိုင်းကတော့ သွားလို့ရတယ်။ အဲဒီဘက်မှာတော့ ကားက မရှိသလောက် နည်းတယ်။ ညဘက်ပိုင်း ဖြစ်နေတာလည်း ပါတယ်၊ ဗုံးလည်း ပေါက်ထားတယ်ဆိုတော့။
“ခါတိုင်းထက် စာရင်တော့ ကားအသွားအလာလည်း နည်းတယ်။ မြို့ထဲဘက် အပိုင်းမှာတော့ ပုံမှန်ပါပဲ၊ တရုတ်တန်းတို့ ဘာတို့ဘက်မှာတော့ ပုံမှန်လို စည်ပါတယ်။ ဆေးရုံကြီးက အရေးပေါ်ဌာန လမ်းက ပိတ်ထားတယ်။ တခြမ်းပိတ်ထားတယ်။ သွားလို့ရတယ်။ ဒါပေမဲ့ အရေးပေါ်ဌာနထဲကို လူတိုင်းဝင်လို့ မရတော့ဘူး။ အဲဒီရှေ့မှာ အရေးပေါ်အ၀ကို ရဲကား ပိတ်ထားတယ်။”
လုံခြုံရေး အခြေအနေရော ဘယ်လိုတွေ့ရပါလဲ၊ မြို့ထဲမှာ လုံခြုံရေးတွေ ပိုပြီး တိုးချထားတာရော မြင်ရပါသလား။
“လုံခြုံရေး အခြေအနေလည်း အများကြီးတော့ မတွေ့ဘူး။ ဗုံးပေါက်တဲ့နားနဲ့ ဆေးရုံကြီး အရေးပေါ်ဌာန နားမှာတော့ ရဲကားတွေ ဘာတွေ ပိတ်ထားတာ တွေ့တယ်။ ကျန်တဲ့နေရာမှာတော့ သိသိသာသာ၊ ထင်ထင်ရှားရှား မတွေ့မိဘူး။”
လူသေဆုံးထားတဲ့အထိ ဗုံးတွေ ကွဲထားတယ်ဆိုတော့ လူတွေကရော ထိတ်လန့်နေတာမျိုး တွေ့ရလားရှင့်။
“ထိတ်လန့်တာတို့ ဘာတို့တော့ မတွေ့ဘူး။ စကားအဖြစ်တော့ ပြောကြတာပေါ့။ ဘာဖြစ်မှာလဲ၊ ဘာကြောင့်ဖြစ်တာလဲ၊ အဲလိုပေါ့လေ။ နောက်နေ့ ဘာဖြစ်မလဲ၊ အဲလိုတော့ စဉ်းစားကြတာပေါ့လေ။ မဏ္ဍပ်သွားတဲ့လူ၊ အဲဒီအနား ပတ်ဝန်းကျင်က လူတွေကတော့ လန့်ရင် လန့်သွားမှာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ဗုံးပေါက်တယ်၊ လူလည်း သေတာကိုး။”
ဗုံးကွဲပြီးနောက်ပိုင်း ရန်ကုန်မြို့က အခြေအနေကို မြို့ခံတဦး ပြောပြသွားတာ ဖြစ်ပါတယ်။
သင်္ကြန်တွင်း ဗုံးကွဲမှုမျိုး မြန်မာနိုင်ငံမှာ အရင် တခါမှ မဖြစ်ဘူးတဲ့အတွက် စိုးရိမ်နေကြလို့ သင်္ကြန် နောက်ဆုံးရက်မှာ သားသမီးတွေကို အိမ်အပြင်ထွက် ရေမကစားခိုင်းတော့တဲ့ မိဘတွေလည်း ရှိကြပါတယ်။
ဒီဗုံးခွဲမှုဟာ ဘယ်သူ့လက်ချက်ဆိုတာ အခုအချိန်ထိ မသိရသေးပါဘူး။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ပေါက်ကွဲမှုတွေ ဖြစ်တဲ့အခါတိုင်း အစိုးရက သူတို့ကို ဆန့်ကျင်နေသူတွေရဲ့ လက်ချက် ဖြစ်တယ်လို့သာ စွပ်စွဲလေ့ရှိပြီး အတိအကျ ဘယ်သူက ဖောက်ခွဲတာလဲဆိုတာ တကယ်တမ်း သိနိုင်ဖို့က ခက်ခဲပါတယ်။ ဒါ့အပြင် အခုအချိန်ဟာ မြန်မာနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ စစ်အစိုးရက စီစဉ်နေချိန်မျိုး ဖြစ်တာမို့လည်း အခုလိုမျိုး ဗုံးတွေ ပေါက်ကွဲတဲ့အပေါ်မှာ နိုင်ငံတကာကလည်း စိတ်ဝင်တစား ရှိနေကြပါတယ်။
မူရင်း VOA News,
Posted by PNSjapan at 3:03 PM 0 comments
Labels: သတင်း
Thursday, April 15, 2010
ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲ၊ ၉ ဦးသေ ၆၀ ကျော် ဒဏ်ရာရ ။
သတင်းဓါတ်ပုံ ။ မူရင်း mizzimaburmese
15 April 2010
မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဒီကနေ့ မွန်းလွဲပိုင်း ၃ နာရီလောက်က ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့လို့ ထိခိုက် သေကျေမှုတွေ ရှိခဲ့ပါတယ်။
မြန်မာ့ရိုးရာ အတာသင်္ကြန် အကြတ်နေ့အဖြစ် ဆင်နွှဲနေချိန် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးအနီးက X 2 Oရေကစား မဏ္ဍပ်မှာ ဗုံး ၃ လုံး ပေါက်ကွဲခဲ့တာပါ။
မြန်မာစစ်အစိုးရရဲ့ ရုပ်မြင်သံကြားနဲ့ ရေဒီယိုသတင်းတွမှာတော့ ဗုံးပေါက်ကွဲမှုတွေ အတွင်း အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး၊ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၃ ဦး ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အသေးစိတ် ပြောဆိုတာမျိုးမရှိသလို ဘယ်သူဘယ်ဝါ လက်ချက်ဆိုတာ ပြောဆိုတာမျိုးလည်း မရှိပါဘူး။
သင်္ကြန်ရေကစားသူတွေနဲ့ စည်ကားနေတဲ့ နေရာက ပေါက်ကွဲမှု ၃ ခုကြောင့် လူ ၉ ဦးထက်မနည်း သေဆုံးပြီး အများအပြားလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ရန်ကုန်ဆေးရုံကြီး သတင်းရပ်ကွက်ကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ သတင်းတွေက ဖော်ပြပါတယ်။
အခုပေါက်ကွဲမှုအပြင် နောက်ထပ် မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကိုလည်း ဖယ်ရှားခဲ့တဲ့အကြောင်း လုံခြုံရေး တာဝန်ရှိသူ တဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတပုဒ်က ဖော်ပြပါတယ်။ ပေါက်ကွဲမှု ဘာကြောင့်ဖြစ်ရတယ် ဆိုတာတော့ စုံစမ်းနေဆဲ ဖြစ်တဲ့အကြောင်း မင်္ဂလာတောင်ညွန့် ရဲစခန်းက ဗွီအိုအေကို ပြောပါတယ်။
ထိခိုက်ဒဏ်ရာ ရသူတွေကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး အခုအချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာတွေမှာ လုံခြုံရေးတွေ ချထားပြီး ရေကစား မဏ္ဍပ်တွေကို ပိတ်ပင်လိုက်ပြီလို့လည်း မြို့ခံတွေက ပြောပါတယ်။
သတင်းမှတ်တမ်း ။ မူရင်း VOA News,
Posted by PNSjapan at 11:25 PM 0 comments
Labels: သတင်း
Wednesday, April 14, 2010
သင်္ကြန်ရေကစားပွဲတွေ လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ ကျင်းပ ။
ရန်ကုန်သင်္ကြန်ပွဲ ဆင်နွှဲနေသူအချို့။
ရန်ကုန်မှာ ဒီနှစ်တော့ ရေကစားမဏ္ဍပ်တွေ ခပ်ကျဲကျဲနဲ့ သိပ်စည်စည် ကားကား မရှိဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပြပါတယ်။ အပြည့်အစုံကို မသင်းသီရိက စုစည်း တင်ပြပေးထားပါတယ်။
“ကမ္ဘာအေး ဘုရားလမ်းရယ်၊ ပြည်လမ်းရယ် ဒါပဲ။ ကမ္ဘာအေးဘုရားလမ်းမှာ မဏ္ဍပ်အကြီးကြီးဆိုတော့ ၂ ခုပဲရှိတယ်။ ပြည်လမ်းမှာဆိုလည်း မဏ္ဍပ် အကြီးကြီးရှိတယ်။ သံချပ်တွေဘာတွေတော့ မထိုးဘူး။ သမီးသိတာတော့ ဗမာအကနဲ့ ပန်းကုံးတွေစွပ်ပြီးတော့ အဲဒီလိုမျိုးပဲ။ အရင်ကဆိုရင် တနေရာတည်းမှာ စုနေတာ။ အခုတော့ ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း အဲလိုဖြစ်သွားတာပေါ့။”
“ပြည်လမ်းမှာတော့ နည်းနည်းဝေးတယ်။ ကန်တော်ကြီးမှာတော့ နည်းနည်းစည်တယ်။ ပြီးရင် မြို့ထဲဘက်ကို သွားရော။ မြို့ထဲမှာလည်း တော်တော်လှမ်းမှ တခု၊ တော်တော်လှမ်းမှ တခု။ နောက် သိမ်ဖြူလမ်းဘက်မှာ နည်းနည်းရှိတယ်၊ ကန်တော်ကြီးဘက် ဆက်လျက်ပေါ့။ အဲဒီဘက်တွေက နည်းနည်းစည်တယ်။ တခြားနေရာတွေမှာတော့ မရှိဘူး။ နေပူကြီးထဲမှာ ကားက မောင်းမောင်း၊ ပြီးတော့ မဏ္ဍပ်လေးတွေ့ရင် ရေပက်ခံ၊ မဏ္ဍပ်က ကျဲတော့။”
မနေ့က သင်္ကြန်အကြိုနေ့မှာတော့ နေပြည်တော်ဘက်မှာ မဟာသင်္ကြန် ရေသဘင်ပွဲ အခမ်းအနား ဖွင့်ပွဲတွေ ကျင်းပပြီး နာမည်ကြီး အဆိုတော် တော်တော်များများကိုလည်း နေပြည်တော်က မဏ္ဍပ်တွေက ငှားရမ်းထားတယ်လို့ ပြောကြပါတယ်။ မြန်မာစစ်အစိုးရထုတ်တဲ့ သတင်းစာထဲမှာတော့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးနဲ့ အရေးကြီးတဲ့ တချို့နယ်မြေတွေကို ရေ ၂၄ နာရီ ပေးထားမယ်လို့ ရေးသားထားပါတယ်။ ဒါပေမဲ့ အများစု မြို့နယ်တွေက ရေသိပ်မရလို့ သိပ်မစည်ကားသလို ယူနီဖောင်းဝတ် အများအပြားကိုလည်း လုံခြုံရေးချထားတာ တွေ့ရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“သူတို့က လုံခြုံရေးတွေ ချထားတာခင်ဗျ။ စွမ်းအားရှင်လိုပဲ၊ သူတို့က ယူနီဖောင်းတခု ၀တ်ထားတယ် အပြာတွေ။ တံဆိပ်မတပ်ထားတော့ ဘာယူနီဖောင်းမှန်းတော့ မသိဘူး။ မီးသတ်တို့၊ ရဲတို့ ချထားပါတယ်။ သူတို့လူတွေပဲ များပါတယ်။ ပြည်သူကတော့ အဲဒီထဲကို သိပ်မတိုးချင်ကြဘူး။ အပြာဝတ်တွေ များတယ်။ အရင်လို ပျော်ပျော်ပါးပါး သိပ်မရှိကြဘူး။ နှစ်သစ်ကူး အတာသင်္ကြန်မှာ အညစ်အကြေးတွေ ဆေးတဲ့ ရေကစားတဲ့ နေရာမှာ ရေကလည်း မလာတဲ့အခါကြတော့ တယောက်နဲ့တယောက် မူးပြီး သောက်စား၊ နောက်ပြောင်ပြီး သီချင်းတွေဆို၊ ကတယ်။ အဲဒါပဲရှိတယ်။ ဟိုးအရင်နှစ်တွေနဲ့တော့ မတူတော့ဘူးဗျ။”
ရန်ကုန်မြို့ခံတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့် ဒီနှစ်တွေထဲမှာ စီးပွားရေး ကျပ်တည်းတာမို့ အလည်အပတ် သိပ်မရှိကြသလို ရပ်ကွက်နဲ့ မြို့နယ်တွေထဲမှာလည်း သင်္ကြန် အလှူဒါန ပြုတာမျိုး သိပ်မတွေ့ရဘူးလို့လည်း ပြောပါတယ်။
“မနှစ်ကနဲ့ စာရင်တော့ မစည်ဘူး၊ ဟိုးနှစ်တွေကနဲ့ စာရင်တော့ ပိုဝေးတာပေါ့။ အခုက ဘယ်လိုလဲဆိုတော့ ရေပက်ခံ ထွက်မယ်ဆိုလည်း ပိုက်ဆံနဲ့၊ ရေပက်မယ်ဆိုလည်း ပိုက်ဆံနဲ့၊ ရေပက်မဏ္ဍပ်မှာ ရေတက်ပက်ချင်ရင်လည်း တနေ့ကို ၃၀,၀၀၀၊ ၄၀,၀၀၀ အဲလိုမျိုးပေါ့။ ရေပက်ခံ ထွက်မယ်ဆိုလည်း ကားငှားရတာ ကားခက တသိန်းနဲ့ တသိန်းခွဲကြားမှာရှိတယ်။ အဲတော့ ရေပက်ခံထွက်မယ်ဆိုလည်း ပိုက်ဆံရှိမှ၊ ရေပက်ချင်ရင်လည်း ပိုက်ဆံရှိမှ အဲလိုဖြစ်နေတယ်။ မုန့်လုံးရေပေါ်တို့ ရွှေရင်အေးတို့ဆို ဒီနှစ် ဝေမယ့်လူ တယောက်မှမရှိဘူး။ ကျန်တဲ့ဟာ ဘယ်သူမှ လုပ်တာလည်း မတွေ့ဘူး၊ ဝေတာလည်း မတွေ့ဘူး။”
“သင်္ကြန် ရေကစားဖို့ ပစ္စည်းလေးတွေတောင်မှ ကျနော်တို့ ၀ယ်မပေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ၀မ်းနည်းပါတယ်၊ ကျနော်တို့က စားဝတ်နေရေး လုံးပန်းနေရတဲ့အတွက် သင်္ကြန်မှာပျော်ဖို့ ကလေးတွေအတွက် မပံ့ပိုးနိုင်တာကို ကျနော်တို့ ၀မ်းနည်းပါတယ်။”
ရန်ကုန်သင်္ကြန်ပွဲအကြောင်း မြို့ခံတွေ ပြောပြသွားတာ ဖြစ်ပါတယ်။
မန္တလေးဘက်မှာဆိုရင်လည်း အရင်နှစ်တွေကလို ကျုံးဘေးမှာ သင်္ကြန်မဏ္ဍပ်အကြီးတွေ သိပ်မရှိပေမဲ့ ဒီနေ့ အကျနေ့မှာတော့ စည်စည်ကားကား ရှိခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
မူရင်း ။ VOA News,
Posted by PNSjapan at 11:44 PM 0 comments
Labels: သတင်း
အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ မေးခွန်းများ ။
လူမှုရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှု အတိုင်းအတာ
အင်န်အယ်ဒီရဲ့ ဗဟိုပါတီကော်မီတီဝင်၊ အတိုက်အခံ ခေါင်းဆောင်၊ အနှစ် ၂၀ နိုင်ငံရေးအကျဉ်းသား၊ (ခုချိန်ထိ နိုင်ငံရေး အကျဉ်းသားတဦးလို နေထိုင်နေဆဲမို့ - အကျဉ်းသားဟောင်းလို့ မဆိုချင်)၊ သက်ကြီးဝါရင့် စာနယ်ဇင်းသမား ဦးဝင်းတင်နဲ့ မေးခွန်းတွေ ဆက်မေးဖြစ်တဲ့အထဲက ခုချိန်မှာ ရေပန်းစားတဲ့ မေးခွန်းတခုကို မေးဖြစ်ခဲ့ပါသေးတယ်။ အင်န်အယ်ဒီက နိုင်ငံရေးဆက်လုပ်မှာလား။ ဒါမှမဟုတ် လူမှုရေးလုပ်တဲ့ အဖွဲအစည်းအဖြစ်ကို “ဦးလှည့်” သွားတော့မှာလား ဆိုတဲ့ မေးခွန်းပါ။ ဆရာဦးဝင်းတင်က အခုလို ပြန်ပြောပြပါတယ်။
“ဒီနေရာမှာ ပြန်ပြီး ရှင်းပြချင်တဲ့အချက်က၊ မီဒီယာတွေမှာလည်း ပြောပြီးပါပြီ။ မတ်လ ၂၉ အင်န်အယ်ဒီပါတီရဲ့ ဆုံးဖြတ်ချက်က ဘာအဓိပ္ပါယ်လဲ ဆိုတဲ့အချက်။ ကျနော်က ဘာပြောခဲ့သလဲဆိုတော့ - ကျနော်တို့က အခုဒီလို ဆုံးဖြတ်လိုက်ကြတာလဲဆိုတော့ နိုင်ငံရေးမှာ ခေါင်းပြတ်မခံနိုင်လို့ ဆိုတာ ဖြစ်တယ်။ ခြေပြတ်၊ လက်ပြတ်တာကို ခံနိုင်မယ်။ ခေါင်းပြတ်သွားတာကို မခံနိုင်ဘူး။ ခြေပြတ် လက်ပြတ်ရင်တောင်မှ အစားထိုးပြီး ရှင်သန်လို့ရတယ်။ ခေါင်းပြတ်သွားရင် ခြေလက်တွေ ကောင်းနေသည့်တိုင် ဘာမှ အသုံးမ၀င်တော့ဘူး။ ဒါကြောင့် မတ် ၂၉ ဆုံးဖြတ်ချက်ဆိုတာ အင်န်အယ်ဒီသည် နိုင်ငံရေး ဆက်လုပ်မယ့် ဆုံးဖြတ်ချက်၊ ခေါင်း အပြတ် မခံနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ် ဆိုတာကို ထင်ရှားစေချင်တယ်။ နားလည် ကြစေချင်ပါတယ်။”
အဲသည်မှာ ဆရာ့ကို ထပ်ပြီး မေးခွန်းထပ်ထုတ်တာက - ပါတီတွင်းမှာ အချို့က ပါတီ မရှိတော့ရင်၊ ပါတီအဖြစ် ဆက်လက် မရပ်တည်နိုင်တော့ရင် ဆိုတဲ့ အချက်တွေပေါ်မှာ အခြေခံပြီးတော့ အင်န်အယ်ဒီပါတီက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုလို၊ အင်န်ဂျီအို တွေလိုမျိုး ရပ်တည်လာမယ် အစရှိသဖြင့် ထင်မြင် ယူဆ မှန်းချက်ထုတ် ပြောဆိုကြတဲ့ အချက်ကို ရှင်းလင်းပေးနိုင်ရန် မေးခွန်းမေးတာ ဖြစ်ပါတယ်။
“ဒီနေရာမှာ ပြောချင်တာက ကျနော်တို့တတွေဟာ နိုင်ငံရေးမပါဘဲနဲ့ လူမှုရေးတွေချည်းပဲ လုပ်နေလို့ မရဘူး ဆိုတာ ဖြစ်ပါတယ်။ လူမှုရေး ဆိုတာကလည်း လူထုနှင့် တသားတည်း ရင်းနှီး ထဲဝင်ဖို့ အလွှာတခုအနေနဲ့ ရှိနေရမယ်။ ရှိနေတယ်။ ဒါ့ထက်မကတဲ့ နိုင်ငံရေး လုပ်ငန်းဆောင်တာတွေကို ဆက်လုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ခုနင်က ပြောခဲ့သလို (ယခင်အင်တာဗျူး ဆောင်းပါး - ဒီ/ချုပ်၊ ဒီ/လှုပ် ဆောင်းပါး) အင်န်အယ်ဒီရဲ့ ဂွင် လေး ဂွင်၊ ဒေါက်လေးဒေါက်မှာ ပြည်သူလူထု ဆိုတာက တခု ပါပြီး ဖြစ်နေတယ်။
ပါတီတွင်း တည်ဆောက်ရန်၊ မဟာမိတ်များနှင့် လက်တွဲရန်၊ နိုင်ငံတကာမှာ အားလုံးနှင့် ဆက်သွယ်ရန်၊ ပြည်သူလူထုနှင့် အတူတကွ ရှိရန် ဆိုတဲ့ အတွက် လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးလုပ်ကြမယ်။ အဲသည်မှာ အလုပ်သမားအရေး၊ လယ်သမားအရေး၊ HIV လူနာတွေ၊ ကလေးစစ်သား၊ ရဟန်းသံဃာအရေး စတာတွေ အကုန်လုံး ပါဝင်လာမှာပဲ။ ဒါတွေကိုလည်း ခပ်ခွာခွာမနေဘဲနဲ့ ပါဝင် လက်တွဲ ဆောင်ရွက်တာတွေ လုပ်ရမှာ ဖြစ်ပါတယ်။ အဲသည်လိုမျိုး နားလည်ကြစေချင်တယ်။ နောက်ပြီးတော့ ဒီအလုပ်တွေဟာ အင်န်အယ်ဒီရဲ့အလုပ်၊ အစကတည်းက လုပ်နေတဲ့၊ လုပ်နေရမယ့် အလုပ်တွေ ဖြစ်လို့ ဒါတွေဟာ အကြမ်းဖက်တဲ့အလုပ် မဟုတ်ပါ။ ပြီးတော့ ယူဂျီအလုပ်လည်း မဟုတ်ပါဘူး ဆိုတာကိုလည်း ထပ်ပြောချင်တယ် …”လို့ ဆရာက ပြန်လည် ဖြေကြားပါတယ်။
လူမှုရေးနဲ့ နိုင်ငံရေးအကြောင်းကို အဓိကထားတဲ့ စကားပြောဝိုင်းဖြစ်နေတော့ မိုးမခကနေပြီးတော့ ဆရာ့ကို တင်ပြမိကြတာက ပြည်ပက၊ အမေရိကန်ပြည်ထောင်စုရောက် မြန်မာမိသားစုတွေရဲ့ မြို့နယ်အလိုက် စုစည်းပြီး ဆောင်ရွက်လာတဲ့ ပြည်သူ့ဂုဏ်ရည်လို့ အမည်ပေးထားတဲ့ စေတနာဝန်ထမ်း လူမှုလုပ်ငန်း စွမ်းဆောင်သူတွေကို ဂုဏ်ပြုရန် စီစဉ်နေတဲ့ အကြောင်း ဖြစ်ပါတယ်။ ဆရာဦးဝင်းတင်ကလည်း မျက်မှောက်ခေတ်ကို မျက်ခြေပြတ်မခံသူပီပီ အဲသည် ပြည်သူ့ဂုဏ်ရည် အစီအစဉ်အကြောင်း ကြားပြီးပြီ ဖြစ်တဲ့အကြောင်း၊ သဘောကျ အားပေး ထောက်ခံပါကြောင်း မှတ်ချက်ပေးသွားပါတယ်။
“အဲသည်မှာ လူမှုရေးလုပ်တဲ့နေရာမှာ သတ္တိရှိရှိနဲ့၊ ရဲရဲဝံ့ဝံ့နဲ့ စွန့်စားပြီး၊ စွန့်လွှတ်ပြီးတော့ အနစ်နာခံပြီး လုပ်ကြရတာကို ပြောချင်ပါတယ်။ အဲသည်လို လုပ်ကြတဲ့သူတွေ ရှိလာ များလာတဲ့အခါမှာ ပြည်သူတွေက အားတက်လာတယ်။ အားရှိလာတယ်။ ဥပမာဆိုရင် - ကိုဇာဂနာလိုမျိုး ဆောင်ရွက်သွားတာမျိုးတွေကို ကျနော်တို့က အသိအမှတ်ပြုရမယ်။” လို့ ဆရာက သူ့အမြင်ကို ပြောပါတယ်။
ဆရာ့ကို ဆက်ပြောဖြစ်ပြန်တာက အဲသည် ပြည်သူ့ဂုဏ်ရည် ဆုပေးဖို့ မြန်မာအမျိုးသား အချင်းချင်း ကြိုးစားဆောင်ရွက်ကြတဲ့ နေရာမယ် ဂုဏ်ပြုရန် အမည်စာရင်း တင်သွင်းခံရသူ ၂၄ ဦး ရရှိတယ်လို့ ဆိုတဲ့အကြောင်း၊ အဲသည်ထဲမှာ ကိုဇာဂနာအပါအ၀င် ကိုကျော်သူ တို့လို အနုပညာသမားတွေအပြင် နိုင်ငံရေးနဲ့ အင်န်အယ်ဒီ နယ်ပယ်ထဲက မဖြူဖြူသင်း၊ ဦးမြင့်အေး၊ ဦးအေးမြင့်၊ ဦးအောင်သိန်း စတဲ့ရှေ့နေအစုအဖွဲ့တွေ ပါဝင်လာကြသလို လူမှုရေးအသင်းကြီးတွေ၊ ဘာသာရေးအဖွဲ့တွေ၊ ဆရာတော်တွေရဲ့ အမည်တွေ ပါဝင်လာတဲ့ အကြောင်း တွေ့ရသည်များကို တင်ပြမိပါသေးတယ်။ ဆရာကလည်း သူနေထိုင် မကောင်းစဉ်က မိတ်ဆွေများက ပေးပို့ကူညီကြတဲ့ ငွေကြေးတွေကို ခွဲဝေပြီးတော့ အဲသည်က လူမှုလုပ်ငန်း စေတနာ့ ၀န်ထမ်းစွမ်းဆောင်သူတွေထံ ပေးပို့ လှူဒါန်း တဲ့အကြောင်း၊ မိမိနဲ့ ဘ၀တူ နိုင်ငံရေး အကျဉ်းသားတွေ၊ မိသားစုတွေကို ကူညီအားပေးရန် သုံးစွဲတဲ့အကြောင်းတွေ ၀မ်းသာရအောင် ပြန်ပြောင်း ပြောပြပါတယ်။
“ခုနင်ကလို ဖြူဖြူသင်းတို့ စောင့်ရှောက်နေတဲ့ လူနာတွေရဲ့ လုပ်ငန်းတွေက မနည်းဘူးပဲ။ အများကြီး။ အစက ကိုယ်က အဲသလောက်လို့တောင် မထင်မိဘူး။ နောက်ကျတော့မှ သိလာရတာလေ။ လူတွေက ဘယ်လောက် အားကိုးတကြီး ဖြစ်ကြသလဲဆိုတာ သိသာပါတယ်။ ဥပဒေ အထောက်အကူအဖွဲ့တွေ ဆိုတာလည်း အရေးပါတယ်ဆိုတာ တွေ့ရပါတယ်။ လူတွေက ဥပဒေကြောင်းအရ ကူရာမဲ့၊ ကယ်ရာမဲ့ ဖြစ်နေရတာတွေ အများကြီး ရှိတယ်။ ဒါတွေကို သူတို့တတွေ လုပ်နိုင်ကြဖို့ လိုအပ်ပါတယ်။ နာရေး၊ ကျန်းမာရေး၊ ပညာရေးတွေမှာ လိုအပ်နေတာတွေ ရှိပါတယ်။”
အဲသည်မှာ မေးဖြစ်တဲ့ မေးခွန်းကတော့ အင်န်အယ်ဒီကသာ ဒီနေရာတွေမှာ အင်န်ဂျီအို တွေလိုသာ ၀င်ရောက် လုပ်ကိုင် လာမယ်သာဆိုရင် ဘယ်လိုမျိုး တုန့်ပြန်ချက်တွေ ရလာနိုင်သလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲသည်မှာ ဆရာဦးဝင်းတင်ရဲ့ ပြောပြချက်အရ အင်န်အယ်ဒီကသာ အဲသည်လို ရပ်တည်မယ်သာဆိုရင် ဘယ်လိုမျိုး အကူအညီတွေ၊ အထောက်အပံ့တွေ ပေးရမလဲလို့ ကမ်းလှမ်း လာကြတာတွေ ရှိတဲ့အကြောင်း၊ ဆရာအနေနဲ့ကတော့ ဒါမျိုးတွေကို စိတ်မ၀င်စားတဲ့အကြောင်း၊ မိမိတို့မူလ ရပ်တည်ချက်များ၊ ဆောင်ရွက်စရာများကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖြေကြားသွားပါတယ်။
ဆရာဦးဝင်းတင်ရဲ့ သဘောထားများအရ နိုင်ငံရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ဖို့ ဒီ/ချုပ်နဲ့ ဒီ/လှုပ်တွေမှာ ခိုင်မာညီညွတ်တဲ့ ရပ်တည်ချက်တွေ ရှိတယ် ဆိုတဲ့အတွက် မေးမိတဲ့ မေးခွန်းနောက်တခုကတော့ မြန်မာပြည်မှာ ပါတီတွေ၊ ခေါင်းစဉ်တွေ မရှိဘဲနဲ့ ရပ်တည်ခဲ့တဲ့ နိုင်ငံရေး လှုပ်ရှားမှုတခုကို ကောက်နုတ်ပြဖို့ဖြစ်ပါတယ်။
“၁၉၅၀ ခုနှစ်တွေတုန်းက ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ၀န်းရံပြီး လှုပ်ရှားခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုကြီးကို သာဓက ပြချင်ပါတယ်။ အဲသည်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို မဏ္ဍိုင်ပြုပြီး နိုင်ငံရေးသမားတွေ၊ စာပေ အနုပညာရှင်တွေ၊ လူငယ်တွေ၊ တသီးပုဂ္ဂလတွေ၊ အလုပ်သမား၊ လယ်သမား လူတန်းစားအလွှာစုံက ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ၀ိုင်းရံဆောင်ရွက်ကြတာတွေကို တွေ့နိုင်ပါတယ်။ အဲသည်မှာ ပါတီတွေ၊ ခေါင်းစဉ်တွေ၊ ရာထူးတွေ ဆိုတာမျိုး အကန့်အသတ်တွေ မရှိကြဘူး။ အားလုံးမှာ လုပ်စရာ အလုပ်တွေပဲ ရှိတယ်။ ခုချိန်မှာလည်း အဲသည်လိုမျိုး အားလုံး ၀ိုင်းရံကြရမယ့် မဏ္ဍိုင်ကို အားလုံးက ၀ိုင်းရံပြီး လုပ်ကြရမယ့် သဘောမျိုးလို့ ပြောချင်ပါတယ်။”
ဒီစကားဝိုင်းမှာ ပြောမိကြတဲ့ ခေါင်းစဉ်ဖြစ်တဲ့ လူမှုရေးနဲ့ နိုင်ငံရေး လှုပ်ရှားမှုနဲ့ အတိုင်းအတာများအကြောင်းကတော့ ဒီလောက်ပါပဲ။ မေးစရာ ကျန်သေးတဲ့ မေးခွန်းတွေနဲ့ စီစဉ်နိုင်သေးရင် စီစဉ်တင်ဆက်ပါဦးမယ်။
PNS-Japan
သတင်းမှတ်တမ်း ။ မူရင်း moemaka.com(မျက်မှောက်ရေးရာ - အင်တာဗျူး)
Posted by PNSjapan at 12:27 AM 0 comments
Labels: သတင်း
Monday, April 12, 2010
တူးပို့ .... တူးပို့
နှစ်ကူးချိန် အတာသင်္ကြန်ရောက်တိုင်း အမိမြေကို အရမ်းလွမ်း အရမ်းသတိရပါသည်။
Posted by PNSjapan at 10:19 PM 0 comments
Labels: ဗွီဒီယို
နိုင်ငံရေးပါတီ ၁၉ ခုအနက် တအာန်း (ပလောင်) ပါတီလည်း မှတ်ပုံတင် ။

၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်သည့် နိုင်ငံရေးပါတီ ၁၉ ခု အနက် တအာန်း (ပလောင်) ပါတီလည်း မှတ်ပုံတင် သည့် နိုင်ငံရေးပါတီအသစ်ထဲတွင် တခုပါဝင်ကြောင်း စုံစမ်း သိရှိရပါသည်။
“ပလောင်ပါတီလဲ ၈ ရက်နေ့တုန်းက မှတ်ပုံတင်တယ်၊ ပါတီဖြစ်မြောက်ရေးအတွက် ဥက္ကဌ က မိုင်အိုက်မုန့်”- ဟု ထိုင်းနယ်စပ်နေ တအာန်းခေါင်းဆောင် မိုင်အိုက်ဖုန်းက ပြောသည်။
ဧပြီ ၈ ရက်နေ့အထိ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားသည့်ပါတီများတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ နှင့် တအာန်း (ပလောင်) နိုင်ငံရေးပါတီသစ်ဖြစ်လာမည့် မိုင်အိုက်မုန့်ခေါင်းဆောင် Plaung National Party (PNP) တို့ပါဝင်လျှင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၁၉ ခု ရှိကြောင်း၊ ပါတီဟောင်း ၃ ခု နှင့် ပါတီအသစ် ၁၆ ခုတို့ဖြစ် ကြောင်း ကြားသိရသည်။
မိုင်အိုက်မုန့် ၆၃ နှစ် သည် သျှမ်းပြည်မြောက်ပိုင်း မန်တုံမြို့ ဇာတိဖြစ်ပြီး သျှမ်းပြည်တော်လှန်ရေး စတင်ချိန်မှ စ၍ ပလောင် ပြည်လွတ်မြောက်ရေးတပ်မတော်တွင် ပါဝင်လာခဲ့သူတဦးဖြစ်သည်။ ၁၉၉၁ အပစ်ရပ်စဉ် ဦးဆောင် သူဖြစ်သကဲ့သို့ ၂၀၀၅ လက်နက်ချရန်ဖိအားပေးခံရစဉ်ကလည်း အကြီးအကဲဖြစ်သည်။
“ မိုင်အိုက်မုန့် ဦးဆောင် နိုင်ငံရေးပါတီသစ်က အခုဘဲ မှတ်ပုံတင်ထားတယ်လေ၊ နိုင်ငံရေးပါတီ အဖြစ်အသိအမှတ်ပြု မခံရသေးတော့ သူတို့ရဲ့နိုင်ငံရေးရပ်တည်ချက်ကိုလဲ တရားဝင်ထုတ်မပြောသေးဘူး၊ ကိုယ်စားလှယ်လောင်းဘယ် နှစ်ယောက်၊ မဲဆန္ဒနယ် ဘယ်နှစ်နယ်ကနေ ၀င်ပြိုင်မယ်ဆိုတာ မသိရသေးဘူး” - ဟု ပလောင်အမျိုးသားလွတ်မြောက် ရေးတပ်ဦး PSLF ဥက္ကဌ မိုင်အိုက်ဖုန်း ကပြောပါသည်။
နအဖ ၏ ၂၀၀၈ ဖွဲ့စည်းပုံတွင် သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် နှင့် မန်တုံမြို့နယ် ၂ မြို့နယ်အား ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ပေးထားသည်။
ပလောင်အမျိုးသားများသည် ၁၉၅၉ ရှမ်းပြည် တော်လှန်ရေး စတင်ချိန်မှစ၍ သျှမ်းအမျိုးသားများနှင့်အတူ လက်တွဲ လာခဲ့၏။ ၁၉၆၂ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီးနောက် သျှမ်းတော်လှန်ရေးတပ်မှ ခွဲထွက်ပြီး အမျိုးသား တန်းတူရေးအတွက် ၁၉၆၃ ဂျန္ဖ၀ါရီလ ၁၂ ရက်နေ့က ပလောင်ပြည် လွတ်မြောက်ရေးတပ်မတော်အဖြစ် သီးခြား ရပ်တည်ကာပလောင်တော်လှန်ရေး နေ့ဟု အစွဲပြုသတ်မှတ်ခဲ့ပါသည်။
သျှမ်းပြည် လူထုခေါင်းဆောင်များနှင့် စော်ဘွားများ စည်းရုံးမှုရရေးအတွက် သျှမ်းပြည် စော်ဘွားများကောင်စီ ပလောင် စော်ဘွား ခွန်ပန်းစိန်က ဦးဆောင်ဦးရွက် ပါဝင်ခဲ့သောကြောင့် ဖေဖေါ်ဝါရီ ၇ ရက် သျှမ်းပြည် အမျိုးသားများနေ့မှ ၁၉၄၇ ဖေဖေါ်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ဖြစ်သို့ တက်လှမ်းနိုင်ခဲ့သည်။
PNS-Japan
သတင်းမှတ်တမ်း ။ မူရင်း ( သျှမ်းသံတော်ဆင့် )
Posted by PNSjapan at 9:55 PM 0 comments
Labels: သတင်း
Sunday, April 11, 2010
တိုကျိုမြို့  မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပ။
ဗီဒီယိုမှတ်တမ်း ၊ Naung Min Thein(PMNS-Japan)
၂၀၁၀ ခုနှစ် ဧပြီလ(၁၁)ရက်။
့
မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဧပြီလ(၁၁)ရက်နေ့  တိုကျိုမြို့  INOKASHIRA ပန်းခြံ မှာ နံနက် ၁၀း၃၀ နာရီ မှ ညနေ ၅း၃၀ နာရီအထိ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(LDB) မှ တာဝန်ယူဦးစီး၍ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအစီအစဉ်ကို မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးမှ နံနက် ၁၀း၃၀ နာရီမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။
တိုကျိုအတာသင်္ကြန်ပွဲတော်မှာ ရေက်ပက် ကစားခြင်းမျိုး မရှိသော်လည်း မြန်မာလူမျိုးများအတွက် သင်္ကြန်ယိမ်း အကအလှများ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေမူ အစီအစဉ်များ အထူးအငြိမ့်အက အစီအစဉ်များပါ တင်ဆက်သွားပါသည်။
သည်နောက် နှစ်သစ်ကူးဆုတောင်း အမှာစကားကို မြန်မာ့အရေးကို ထောက်ခံအားပေးသော အမတ်များသမဂ္ဂအဖွဲ့  ဥက္ကဌ Mr. Yoshinori SUEMATSU မှ မြန်မာပြည် ဒီမိုကရေစီရရှိရေးကို ဆက်လက် ထောက်ခံသွားမည့် အကြောင်းနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆက်လက် အားပေးသွားမည့်အကြောင်းကို ပြောကြားသွားပါသည်။ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(LDB) ဥက္ကဋ္ဌ ဦးကျော်ကျော်စီုးမှ ပြောကြားရာမှာ ကျွန်တော်တို့ တတွေ ဒီနိုင်ငံမှာ မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်ကို လွတ်လပ်စွာ ပျော်ရွင်ဆင်နွဲနိုင်ခဲ့ကြသလို အမိမြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ ကျွန်တော်တို့ ရဲ မိသားစုဝင် ဆွေမျိုးမောင်နှမတွေ ပျော်ပျော်ရွင်ရွင် နေထိုင်နိုင်ဖို့  အရေးကြီးတယ် မမေ့သင့်ကြောင်းကို ပြောကြားသွားသလို စစ်တပ်က ဗမာပြည်ကို တသက်လုံးအုပ်ချုပ်မဲ့ စစ်ကျွန်ပြုမည့် ၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့် ကျင်သွားကြဖို့  တိုက်တွန်းပြောကြားသွားပါသည်။
Tokyo မြို့ တော် ကောင်စီဝင် လွတ်တော်အမတ် WADAMUNE sensei နှင့် မြန်မာ့ပြည်သူ့ ရေးရာအဖွဲ့ (PFB) အထွေထွေအတွင်းရေးမှူး ဆရာ Watanabe တို့ ကလည်း နှစ်သစ်ကူး ဆုတောင်းအမှာစကား အသီးသီးပြောကြား သွားခဲ့ပါသည်။ ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော အထူးဧည့်သည်တော် ကျောင်းသားတပ်မတော်(ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲ နှစ်သစ်ကူးဆုတောင်း အမှာစကားပြောကြားရာမှာ ဒီကနေ့ စစ်အာဏာရှင်ရဲ လုပ်ရပ်ဟာ အဆိုးဝါးဆုံးအချိန်ဖြစ်ကြောင်း ဘက်ပေါင်းစုံမှ ပြင်ဆင်ထားရန်လိုကြောင်း အကြမ်းဖက်သည့်နည်းဖြင့် ဖြစ်စေ အကြမ်းမဖက်သည့်နည်းဖြင့် ဖြစ်စေ မိမိအနေဖြစ်ထောက်ခံ အားပေးသွားမည့်အကြေင်း အာဏာရှင်စနစ်ကို မကြိုက်လျှင် မကြိုက်သည့် အကြောင်းကို ထုတ်ဖေါ်ပြသရန် လိုကြောင်းကို ပြောကြားသွားခဲ့ပါသည်။
သင်္ကြန်သံချပ်အစီအစဉ်မှာ မင်္ဂလာဒိုး၏ ၂၀၁၀ ခုနှစ် ရဲရဲတောက်သံချပ်များကိုတင်ဆက်ရာမှာ မြန်မာပြည်၏ အခြေအနေ ပြည်သူပြည်သားရ့ဲ ကံကြမ္မာတို့ ဟာ အခုအချိန်မှာ အရမ်းကိုအရေးကြီးသည့် အချိန်ဖြစ်သည်အတွက် တိုင်းပြု ပြည်ပြု သံချပ်များအစီအစဉ်များကို ထိထိမိမိ တင်ဆက် ဖျော်ဖြေသွားခဲ့ရာ ဂျပန်ရောက်ပရိတ်သတ်များ အထူးနှစ်ချိက်အားပေးမူကို ရရှိခဲ့ပါသည်။ တိုကျိုသင်္ကြန်ရဲ ထူးခြားချက် ကတော့ မြန်မာပြည် အလွမ်းပြေသင်္ကြန်မုန့် လုံးရေပေါ် တိုင်းရင်းသား ရိုးရာအစားအစာများ မြန်မာ့ရိုးရာ အစားအသောက် မျိုးစုံ စုံလင်စွာနဲ့ အမှတ်တရ ပစ္စည်းအရောင်းဆိုင်ခန်းများတို့ ပါ တည်ခင်း ရောင်းချထားသည်ကိုတွေ့ ရပါသည်။
ဂျပန်နိုင်ငံမှာ မြန်မာလူမျိုးများ ဦးစီးကျင်းပပြုလုပ်သည့် ပွဲတော်များအနက် အစည်းကားဆုံး ဖြစ်သည့်အပြင် မြန်မာ့ရိုးရာ အစဉ်အလာမပျက် တိုကျို အတာသင်္ကြန်ပွဲတော်ကို နှစ်စဉ် ကျင်းပလာခဲ့သည်မှာ (၁၉)ကြိမ်မြောက် ရှိသွားပြီဟု သိရှိရပါသည်။
တိုကျိုသင်္ကြန်ပွဲတော်တွင် ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား မြန်မာတိုင်းရင်းသားများအပြင် ဂျပန်လူမျိုးများအပါအ၀င် နိုင်ငံခြားသားအချို့ ပါ စုစုပေါင်း(၁၀၀၀)ကျော်ခန့်  ပျော်ပျော်ပါးပါး ပါဝင်ဆင်နွဲတာကိုတွေ့ ရပါသည်။
သတင်းမှတ်တမ်း။ PNS-Japan
ဓါတ်ပုံမှတ်တမ်း ။ Lian Khan Sum(CNC-Japan)
Posted by PNSjapan at 7:15 PM 0 comments
Labels: သတင်း