ရွှေဂုံတိုင် စာတမ်းကို CRPP ဝန်းရံမည်
ခိုင်စု | စနေနေ့၊ ဇန်နဝါရီလ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၂၆ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ရွှေဂုံတိုင် ကြေညာစာတမ်းကို လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP က ဝိုင်းရံသွားမည်ဟု CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး ပါဝင်သည့် NLD ၏ ရွှေဂုံတိုင် ကြေညာစာတမ်းကို CRPP အနေဖြင့် အခိုင်အမာ ထောက်ခံဝန်းရံမည်ဟု ပြောဆိုခြင်းဖြစ်သည်။
''NLD က ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းပါ အချက်အလက်တွေကို သဘောကျတယ်၊ လက်ခံတယ်၊ အခိုင်အမာ ထောက်ခံသွားမှာပါ၊ ဝိုင်းရံသွားမှာပါ'' ဟု ဦးအေးသာအောင်က ပြောသည်။
လာမည့်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့တွင် ထုတ်ပြန်မည့် NLD ကြေညာချက်တွင် ထည့်သွင်းလိုသည့် အချက်များကို အကြံပြုဖြည့်စွက်ရေးအတွက် ယမန်နေ့ နေ့လည်ပိုင်းတွင် ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်၌ CRPP အစည်းအဝေး ကျင်းပရာ CRPP အဖွဲ့ဝင်များက ထိုကဲ့သို့ သဘောတူ ထောက်ခံခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေးသို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေနှင့် ပူးကျင့်ရှင်းထန် (ဇိုမီးအမျိုးသားကွန်ဂရက်)၊ ဦးထောင်ကိုထန်း (စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့)၊ နိုင်ထွန်းသိန်း (မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးအေးသာအောင် (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးစိုးဝင်း (အမျိုးသားဒီမိုကရေစီပါတီ) အပါအဝင် ၁၁ ဦး တက်ရောက်ခဲ့သည်။
ရွှေဂုံတိုင်စာတမ်းတွင် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွှတ်ပေးရေး၊ ၂ဝဝ၈ အခြေခံဥပဒေ သုံးသပ်ပြင်ဆင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပရေး၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေးတို့သည် လတ်တလော ဖြေရှင်းရမည့် ပြဿနာများ ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ဤစာတမ်းကို ၂၀၀၉ ခုနှစ် ဧပြီလနှောင်းပိုင်းတွင် NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့၊ ပြည်နယ်/တိုင်း စည်းရုံးရေး အဖွဲ့များနှင့် အလုပ်အမှုဆောင် ကိုယ်စားလှယ်များ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်သည့် စုံညီအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ CRPP အစည်းအဝေး၌ NLD ခေါင်းဆောင် ဦးဝင်းတင်က ရွှေဂုံတိုင် ကြေညာစာတမ်းကို ဦးဆောင်၍ ရှင်းလင်းတင်ပြခဲ့သည်။
နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ လွှတ်တော်ခေါ်ယူရေး အချက်များသည် NLD ၏ မူလသဘောထား ဖြစ်ကြောင်းနှင့် ၂၀၀၈ အခြေခံဥပဒေ ပြန်လည်သုံးသပ် ပြင်ဆင်ရေးမှာလည်း ထိုဥပဒေသည် အာဏာရှင်စနစ်ကို အကောင်အထည် ဖော်ခြင်း ဖြစ်သဖြင့် ထိုစနစ်ကို NLD က မူလကတည်းကပင် လက်မခံခဲ့သောကြောင့် ပြင်ဆင်ရန် လိုအပ်ကြောင်း ဦးဝင်းတင်က အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းထွန်းက စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေများ မထုတ်ပြန်သေးသလို၊ ရွှေဂုံတိုင် စာတမ်းကို စစ်အစိုးရ တုံ့ပြန်သည့်အပေါ် မူတည်ပြီး ထိုရွေးကောက်ပွဲနှင့် ပတ်သက်၍ဆုံးဖြတ်သွားမည်ဟုတင်ပြခဲ့သည်။
ဦးအေးသာအောင်ကလည်း ပြည်ထောင်စုနေ့တွင် ထုတ်ပြန်မည့် NLD ကြေညာချက်တွင် ပြည်ထောင်စုစိတ်ဓာတ် (ပင်လုံစိတ်ဓာတ်) ကို ထည့်သွင်းဖော်ပြရန် အကြံပြုခဲ့သည်။
''လွတ်လပ်ရေးကို အင်္ဂလိပ်က ပေးတော့မယ့်အခါ ပြည်မနဲ့ တောင်တန်း ပေါင်းစည်းရေး၊ မပေါင်းစည်းရေး ဆွေးနွေးရာက ဒီစိတ်ဓာတ် ပေါ်လာတယ်။ ပေါင်းပြီးယူရင် လွတ်လပ်ရေး အမြန်ဆုံး ရမယ်ဆိုတဲ့ သဘောထားနဲ့ ပေါင်းခဲ့တာပါ။ ဗမာကိုယ်စားပြုတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည် လွတ်လပ်ရေးရရင် တောင်တန်းဒေသပါ ရစေချင်တယ်။ ခွဲပြီးလုပ်ရင် မတိုးတက်နိုင်ဘူး၊ ပေါင်းလုပ်ရင် တောင်တန်းဒေသတွေပါ တိုးတက်မယ်၊ ဗမာတွေ အင်္ဂလိပ်ကျွန် မဖြစ်ချင်သလို ရှမ်း၊ ကချင်၊ ချင်းတွေကိုလည်း မဖြစ်စေချင်ဘူး။ ထို့အတူ ဗမာကလည်း ရှမ်းတွေကို ကျွန်ပြုမှာ မဟုတ်ဘူးဆိုတာ ပြောခဲ့တယ်။ ဒီစိတ်ဓာတ်တွေက ပင်လုံစိတ်ဓာတ်ပဲ''ဟု ဦးအေးသာအောင်က ပြောသည်။
ကိုလိုနီနယ်ချဲ့ထံမှ လွတ်လပ်ရေး အရယူရန် ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ရှမ်းပြည်နယ် ပင်လုံကျေးရွာ၌ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ရာမှ ပြည်ထောင်စုနေ့ စတင်ပေါ်ပေါက်ခဲ့သည်။
''တိုင်းရင်းသားတွေနဲ့ ဗိုလ်ချုပ် သဘောတူညီချက်၊ ပင်လုံစိတ်ဓာတ်တွေ အများက မေ့နေတယ်။ ဖော်ထုတ်ရုံတင် မလုံလောက်ဘဲ ပင်လုံသဘောတူညီချက်အရ ပြည်ထောင်စုဖွဲ့ရင် တိုင်းရင်းသား လက်နက်ကိုင်အရေးလည်း ချုပ်ငြိမ်းပြီး၊ နိုင်ငံ ငြိမ်းချမ်းမယ်။ တိုင်းရင်းသား စည်လုံးညီညွတ်ရေးအပြင် အမျိုးသား စည်းလုံးညီညွတ်ရေးကိုပါ ရမယ်။ ခိုင်မာပြီး ဖွဲ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်ကို ထူထောင်နိုင်မယ်'' ဟု ဦးအေးသာအောင်က ပြောသည်။
လတ်တလော ဖြစ်ပေါ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပေါ် နအဖ စစ်အစိုးရ၏ သဘောထား တင်းမာမှုများ၊ စစ်ရေုးပြင်ဆင်မှုများကြောင့် တိုင်းပြည်အရေး စိုးရိမ်ရကြောင်းနှင့် ပင်လုံစာချုပ်အရ ပြည်ထောင်စုနိုင်ငံ တည်ဆောက်လျှင် တိုင်းရင်းသား လက်နက်ကိုင်ကိစ္စ ချုပ်ငြိမ်းမည်ဖြစ်ကြောင်း ယမန်နေ့ အစည်းအဝေးတွင် CRPP ခေါင်းဆောင်များက မှတ်ချက်ပေးခဲ့ကြသည်။
၁၉၉ဝ ရွေးကောက်ပွဲရလဒ်နှင့်အညီ ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးနှင့် လွှတ်တော် မပေါ်ပေါက်မီစပ်ကြား လွှတ်တော်ကဲ့သို့ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ CRPP ကို ၁၉၉၈ စက်တင်ဘာလ ၁၆ ရက်နေ့တွင် NLD နှင့် ရခိုင်၊ ရှမ်း၊ မွန်၊ ဇိုမီး စသည့် တိုင်းရင်းသားပါတီများမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၅၁ ဦးက လက်မှတ်ရေးထိုးကာ လုပ်ပိုင်ခွင့် အပ်နှင်းခဲ့ခြင်း ဖြစ်သည်။
သို့သော် စစ်အစိုးရကမူ တရားမဝင် အသင်းအဖွဲ့အဖြစ် ပြောဆိုလေ့ရှိသည်။
(ရဲရင့်အောင် တည်းဖြတ်သည်။)
PNS-Japan
www.mizzimaburmese.com/ မှ ကူးယူဖေါ်ပြသည်။
Rest of your post
Sunday, January 31, 2010
ရွှေဂုံတိုင် စာတမ်းကို CRPP ဝန်းရံမည် ။
Posted by PNSjapan at 1:05 AM 0 comments
Labels: သတင်း
Saturday, January 30, 2010
ပေါချောင်ကောင်းနဲ့ ခေတ်ကို အမီလိုက် ကြစို့ ။
ပေါချောင်ကောင်းနဲ့ ခေတ်ကို အမီလိုက်ကြစို့ရဲ့
ဝေလင်း
၂၉ ဇန်န၀ါရီ ၂၀၁၀
PNS-Japan
www.khitpyaing.org/ မှ ကူးယူသည်။
Posted by PNSjapan at 2:58 AM 0 comments
Labels: သတင်း
မူဆယ်မြို့ဝတပ်ဖွဲ့ဆက်ဆံရေးရုံးအနီးဗုံး(၁)လုံးတွေ့ရှိ။
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းမုလုံရပ်ကွက်ရှိ ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်ခေါ် ဝတပ်ဖွဲ့၏ ဆက်ဆံရေးရုံးအနီးတွင် မပေါက်ကွဲသေးသည့် ဗုံး (၁) လုံးကို ယမန်နေ့က တွေ့ရှိခဲ့သည်။
မူဆယ်မြို့၊ ကောင်းမုလုံရပ်ကွက်၊ ရွှေနဂါးဟိုတည်အနီး လမ်းကြားတွင်တွေ့ရှိခဲ့ပြီး လမ်းများပိတ်ကာ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ လာရောက်ကာ အချိန်အတော်ကြာ ဖြုတ်ယူသိမ်းဆည်းခဲ့သည်ဟု မူဆယ်မြို့ခံတဦးက ပြောသည်။
၎င်းက “ညနေ (၂) နာရီခွဲကျော်လောက်မှာ တွေ့တာ။ အရပ်သားတွေ တွေ့တာကနေ ရဲတွေခေါ်၊ နောက်တော့ လမ်းကို ဟိုဘက် ဒီဘက်ပိတ်၊ ကြိုးတွေတားလိုက်ပေါ့။ နောက်ဘီအီးတပ် (စစ်အင်ဂျင်နီယာတပ်)က ရောက်လာပြီး လာဖြုတ်သွားတယ်။ ညနေပိုင်းလောက်မှ ပြီးသွားတယ်” ဟု ပြောသည်။
ယခုဗုံးတွေ့ရှိရာနေရာသည် နအဖနှင့် အပစ်ခတ်ရပ်ထားသည့် ဝတပ်ဖွဲ့၊ ရှမ်းအဖွဲ့ စသည့်ငြိမ်းချမ်းရေး ရယူထားသည့် အဖွဲ့အစည်းများ၏ ရုံးများနှင့် မိသားစုဝင်များ နေထိုင်သည့် ရပ်ကွက်ဖြစ်သည်ဟု အဆိုပါမူဆယ်မြို့ခံက ပြောသည်။
ထိုသို့ ဗုံးတွေ့ရှိမှုနှင့်ပတ်သက်၍ တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက နယ်ခြားစောင့်တပ် လက်မခံသေးသည့် အပစ်ခတ်ရပ်အဖွဲ့များအတွင်း နအဖက အခြေအနေရှုပ်ထွေးစေရန် ပြုလုပ်ခြင်းဖြစ်နိုင်သည်ဟု ပြောဆိုသည်။
၎င်းက “ဝတို့၊ မိုင်းလားတို့ကိုကျတော့ ကိုးကန့်လို စစ်တိုက်တဲ့ အကြမ်းနည်း သွားလုပ်လို့မရတော့ အခြေအနေ ရှုပ်ထွေးအောင် တမင်ဖန်တီးလုပ်ပြီး ကွဲလာရင် ကောက်စားမယ်၊ ရေနှောက်အောင် လုပ်ပြီး ငါးဖမ်းမယ်ပေါ့ဗျာ။ တနေ့က ဖြစ်သွားတဲ့ ကိုမင်းအိမ် လုပ်ကြံခံရတဲ့ကိစ္စဆို အဖွဲ့မှာ ပျော့ပျော့ပျောင်းပျောင်း ကိုင်တွယ်လုပ်တတ်တဲ့ သူကို လုပ်သွားတာ။ အခုလည်း ငြိမ်းအဖွဲ့တွေနေတဲ့ ရပ်ကွက်မှာ ဗုံးတွေ့တယ်ဆိုတာ အချင်းချင်းကြား သွေးကွဲပြီး မယုံသင်္ကာဖြစ်အောင်လုပ်တဲ့ကိစ္စဘဲ။ နအဖ လက်ချက်လို့ပဲ ယူဆလို့ရပါတယ်” ဟု ပြောသည်။
ယခုလ (၂၇)ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ မိုင်းလားတပ်ဖွဲ့၏ အတွင်းရေးမှူး ဦးမင်းအိမ်သည် မိုင်းလားမြို့အတွင်း သေနတ်ပစ် လုပ်ကြံခံလိုက်ရပြီး ယနေ့အချိန်ထိ လူသတ်တရားခံ ရှာမတွေ့သေးပေ။
PNS-Japan
khitpyaing.org/ မှ ကူးယူဖေါ်ပြသည်။
Rest of your post
Posted by PNSjapan at 1:05 AM 0 comments
Labels: သတင်း
Friday, January 29, 2010
“ ၀ ” တခုတည်း ကိုယ်လွတ်ရုန်းမရဟု ပလောင်ခေါင်းဆောင်ကပြော။
“ ၀ ” တခုတည်း ကိုယ်လွတ်ရုန်းမရဟု ပလောင်ခေါင်းဆောင်ကပြော
၂၀၁၀ ခုနှစ် ဇန္န၀ါရီလ (၂၉)ရက်။
“ ၀ ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ( UWSA ) သည် သျှမ်းပြည်အတွင်း လက်နက်ကိုင်တပ်ဖွဲ့ အားလုံးအနက် အင်အား အတောက်တင်းဆုံးဖြစ်သည်ဟု ဆိုသော်လည်း မိမိလူမျိုး ၊တပ်ဖွဲ့ ၊ နယ်မြေ တခုထဲအတွက် ကိုယ်လွတ်ရုန်းထွက်လို့  မရဟု ပလောင်ခေါင်းဆောင် မိုင်းအိုက်ဖုန်းကပြေပါသည်။
အပြည့်အစုံသို့ ...
Rest of your post
Posted by PNSjapan at 12:00 AM 0 comments
Labels: သတင်း
Thursday, January 28, 2010
မိုင်းလားတပ်ဖွဲ့ အတွင်းရေးမှူး သေနတ် ဖြင့် ပစ်ခတ်လုပ်ကြံခံရ။
မိုင်းလားတပ်ဖွဲ့ အတွင်းရေးမှူး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ
ခိုင်လင်း/ ၂၇ ဇန်န၀ါရီ ၂ဝ၁ဝ
ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် ခေါ် မိုင်းလားတပ်ဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဦးမင်းအိမ်သည် ယနေ့နံနက်ပိုင်း၌ မိုင်းလားမြို့တွင် လုပ်ကြံခံရ၍ သေဆုံးသွားသည်။
အသက် (၅၄)နှစ်ရှိပြီဖြစ်သည့် ဦးမင်းအိမ်သည် ၎င်း၏နေအိမ်အနီးတွင် အမျိုးသားတဦးနှင့်အတူ လမ်းလျှောက် နေစဉ် နံနက် (၆) နာရီခန့်၌ သေနတ်ဖြင့် ပစ်ခတ်ခံရကာ ပွဲချင်းပြီး သေဆုံးခဲ့ သည်ဟု မိုင်းလား တပ်ဖွဲ့ဝင် များနှင့် နီးစပ်သူ တရုတ်-မြန်မာနယ်စပ် ဒေသခံတဦးက ပြောသည်။
၎င်းက “ဦးမင်းအိမ်ကတော့ သေနတ်ဒဏ်ရာ (၇) ချက်နဲ့ ပွဲချင်းပြီး သေဆုံးသွားတယ်။ သူရဲ့အဖော်ကတော့ သေနတ်ဒဏ်ရာ (၃) ချက်နဲ့ ဆေးရုံအသွားမှာ သေဆုံးသွားတယ်။ မြို့ထဲက သူ့အိမ်နားပဲ သေနတ်တွေနဲ့ ပစ်ခတ်သွားတာ။ ဘယ်သူပစ်တယ် ဆိုတာတော့ မသိရသေးဘူး” ဟု ပြောသည်။
၁၉၈၉ ခုနှစ်၊ ဇွန် (၃ဝ) ရက်၊ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီးနောက်ပိုင်း ဦးမင်းအိမ်သည် ရှမ်းပြည် အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့၏ အတွင်းရေးမှူးတာဝန်နှင့် မိုင်းလားတပ်ဖွဲ့၏ အတွင်းရေးမှူးတာဝန်ကို ယူထားသူဖြစ်ပြီး ညောင်နှစ်ပင် အမျိုးသားညီလာခံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူလည်း ဖြစ်သည်။
မိုင်းလားတပ်ဖွဲ့အတွင်း နိုင်ငံရေးကိစ္စများနှင့် ပတ်သက်၍ နအဖနှင့်ဆက်ဆံရာတွင် ပြေပြစ်ကာ ပါးပါးနပ်နပ်ရှိသူ ဖြစ်သည့် အတွက် ဒေသနှင့်တပ်ဖွဲ့အတွက် ဆုံးရှုံးမူဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။
၎င်းက “အခုချိန်မှာ ပြောဖို့တော့ စောသေးတာပေါ့။ ဒါပေမယ့် အခုလို ကိုမင်းအိမ်လို ဒေသအတွင်း နိုင်ငံရေးအရ ပါးပါးနပ်နပ်ရှိတဲ့ ပုဂ္ဂိုလ်မျိုးမရှိတဲ့အတွက် နအဖအတွက် အကျိုးရှိပါတယ်။ သူတို့လက်ချက်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
မိုင်းလားတပ်ဖွဲ့သည် ယမန်နှစ်ကတည်းက စ၍ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေးအတွက် နအဖ၏ ဖိအားပေးမှုကို ခံနေရပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ တို့ကဲ့သို့ နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်မခံဘဲ ယခုအချိန်ထိ နအဖနှင့် ဆွေးနွေးနေဆဲဖြစ်သည်။
PNS-Japan
www.khitpyaing.org/ မှ ကူးယူဖေါ်ပြသည်။
Posted by PNSjapan at 12:45 AM 0 comments
Labels: သတင်း
အဆိပ်သင့်တောင်တန်းများအစီရင်ခံစာထုတ်ဝေ။
ဇန္န၀ါရီ ၂၆

ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များ ကလပ်တွင် ယနေ့နေ့လည်ပိုင်းက “အဆိပ်သင့် တောင်တန်းများ” အမည်ရှိ စာတမ်းတစ်စောင်အား ပလောင်အမျိုးသမီး အစည်းအရုံးက ထုတ်ဝေလိုက်သည်။
စာမျက်နှာ ၅၆ မျက်နှာပါရှိသော အဆိုပါအစီရင်ခံစာတွင် မြန်မာစစ်အစိုးရ ထိန်းချုပ်မှုအောက်ရှိ နိုင်ငံ၏ အရှေ့  မြောက်ပိုင်း ရှမ်းပြည်နယ် ဒေသများတွင် လွန်ခဲ့သည့် ၃နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု အလျှင်အမြန် တိုးတက် များ ပြား လာနေကြောင်း ဖေါ်ပြထားသည်။
ပလောင်အမျိုးသမီး အစည်းအရုံး(PWO)၏ အဆိပ်သင့်တောင်တန်းများအမည်ရှိ အစီရင်ခံစာတွင် မန်တုန်နှင့် နမ့်ခမ်းမြို့ နယ်များရှိ ဘိန်းစိုက်ပျိုးရာ နေရာများသည် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ၅ဆမျှ တိုးတက် လာ ပြီး ဧရိယာ ၅၄၀၀ ဟက်တာရှိကြောင်း ဖေါ်ပြထားသည်။ ဤကိန်းဂဏန်းများမှာ နှစ်စဉ် ထုန်ပြန်လေ့ရှိသော ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး(UNODC) ၏ နှစ်စဉ်ဘိန်းထုတ်လုပ်မှု စစ်တမ်းကောက်ယူမှု ခန့်မှန်းချက်ထက် လွန်စွာများပြားနေကြောင်း တွေ့ ရှိရသည်။
ပလောင်အမျိုးသမီးအစည်းအရုံး ဗဟိုကော်မီတီဝင် လိုည်းအေးနန်းက “အမျိုးသားတွေက ဘိန်းရှုတယ်။ မူးယစ် ဆေးဝါး သုံးစွဲတယ်၊ ကျမတို့အမျိုးသမီးအစည်းအရုံးကဘာဖြစ်လို့ ဒီအစီရင်ခံစာကို သုတေသနပြုပြီးတော့ ထုတ် ရသလဲဆိုရင်၊ အဲဒီယောက်ျားတွေဘိန်းစွဲ၊မူးယစ်ဆေးစွဲတဲ့ ဒဏ်ကိုခံရတာက အမျိုးးသမီးတွေဖြစ်တဲ့ မိခင်တွေ၊ အဒေါ်တွေ၊ အစ်မတွေ၊ ညီမတွေ၊ ဇနီးမယားတွေပဲ ခံရပါတယ်၊ ဘိန်းစွဲတဲ့လူဟာ ထမင်းဆာတာနဲ့  မတူဘူး လေ ၊ အဲဒီအချိန်မှာ ဘိန်းရှုကိုရှုရမှဖြစ်တာ၊ သူတို့ ဘိန်းရှုချိန်ရောက်လို့ မရှုရရင် မိန်းမတွေကို နှိပ်စက်မယ်၊ အမျိုးမျိုးပေါ့နော်။ စကားဝိုင်းတွေ ထိုင်လိုက်တိုင်း အမျိုးသမီးတွေ ခံစားနေရတဲ့ အသံမျိုးစုံကိုပဲ ကျမတို့ ကြား သိနေရလို့ ဒီလို အစီရင်ခံစာ ထုတ်နိုင်အောင် ကြိုးစားခဲ့ကြတာပါ”ဟု ပြောသည်။ ယခုထုတ်ပြန်သော ကိန်းဂ ဏန်းများမှာ ဒေသတွင်း ပလောင်အမျိုးသမီး အစည်းအရုံးအဖွဲ့ ဝင်များက စနစ်တကျ မှန်မှန်ကန်ကန် အချိန် ယူပြီး စာရင်းကောက်ခံခဲ့ခြင်းဖြစ်ကြောင်း အချက်အလက်ခိုင်လုံကြောင်း လိုည်းအေးနန်းက ရှင်းပြသည်။ မန်းတုန်မြို့ နယ် ကျေးရွာတစ်ရွာတွင် ဆန်းစစ်လေ့လာချက်အရ အသက် ၁၅နှစ်အထက် လူငယ်နှင့် ယောက်ျား ၈၅ ရာခိုင်နုန်းတို့ မှာ ဘိန်း(သို့ မဟုတ်)ဘိန်းဖြူ စွဲနေကြကြောင်း၊ မူးယစ်ဆေးစွဲနေသူကိုမှ မယူလျှင် အိမ် ထောင်ပြုဖက် မရှိတော့ကြောင်း၊ လူတိုင်းနီးပါး မူးယစ်ဆေးဝါး စွဲနေကြသဖြင့် ဘုန်းတော်ကြီး ကျောင်းရှိ သံဃာတော်များသာ ကျန်တော့သည်။
အစီရင်ခံစာထုတ်ဝေသည့် အခမ်းအနားတွင် ၀င်ရောက်တင်ပြသူ တစ်ဦးဖြစ်သည့် ရှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာရေး သုတေသနမှူး ရှမ်းသံတော်ဆင့်သတင်းစဉ် အယ်ဒီတာ၊ ဦးခွန်ဆိုင်းက“ နအဖက သူတို့ တပ်တွေကို ထမင်းဝအောင် မကျွေးနိုင်ဘူးလေ၊ တစ်ချက်ခုတ်နှစ်ချက်ပြတ်၊ ရှမ်းပြည်နယ်၊ ပလောင်ဒေသ၊ ၀ဒေသတွေမှာ ဘိန်းစိုက်ခိုင်းတယ်၊ ဆိုတော့ သူတို့လည်း အခွန်ရတယ်၊ ဒေသခံတွေလည်း မူးယစ်ဆေးဝါး စွဲသွားပြီး ဘ၀ပျက်တယ်။ ဒေသတွင်းမှာတာဝန်ကျနေတဲ့ တပ်ရင်းတပ်မတွေက အခွန်ယူထားတော့ မဖျက်ဆီးဘူး၊ အခြားကလာတဲ့ တပ်တွေကပဲ ဖျက်ဆီးတာ။ အဲဒါလည်း အယောင်ဆောင်ပါပဲ၊ နည်းနည်းပဲ ဖျက်ဆီးပြတာ။ အင်္ဂလိပ်ခေတ်က မြန်မာနိုင်ငံမှာ တပ်ရင်း ၁၅ရင်းနဲ့အုပ်ချုပ်တယ်၊ ခု စစ်အစိုးရက တပ်ရင်း ၅၀၀ ကျော်နဲ့ အုပ်ချုပ်တယ်၊ အင်္ဂလိပ်လောက် အုပ်ချုပ်ဖို့ မတတ်တာပြနေတာပဲ၊ တပ်တွေ ရွာတိုင်းနယ်တိုင်းမှာ တိုးချဲ့ပြီး ထမင်းဝအောင် မကျွေးနိုင်ပဲ ဒေသတွင်းမှာ ကိုယ့်ဟာကိုယ် ရှာစားခိုင်းထားတော့ အကုန်လုံး ပျက်စီး ကုန်တော့တာပေါ့ ” ဟု ပြောသည်။
အာဏာပိုင်များ ကျောထောက်နောက်ခံ ပေးထားသည့် ပြည်သူ့စစ်အဖွဲ့များနှင့် အစိုးရ မူးယစ်နှိမ်နင်းရေးအဖွဲ့  များက ဘိမ်းခင်းများကို သုတ်သင်ရှင်းလင်းရမည့် အစား အခွန် ကောက်ယူ၍ အကျိုးထူးများ ခံစားနေကြကြောင်း၊ ၂၀၀၇-၂၀၀၈ ဘိန်းစိုက်ရာသီအတွင်း မန်တုန်မြို့ နယ် တစ်ခုတည်း၌ပင် ကျပ် ငွေ ၃၇ သန်း (အမေရိကန်ဒေါ်လာ ၃၇,၀၀၀)ရှိကြောင်း ဖေါ်ပြထားသည်။
ပလောင်အမျိုးသမီး အစည်းအရုံး သတင်းနှင့်သုတေသနဌာန လက်ထောက်တာဝန်ခံ လိုည်းဒါင်းဇျားက “၂၀၀၆ခုနှစ်က “အဆိပ်သင့်ပန်းများ”အမည်နဲ့ စာတမ်းတစ်စောင်ထုတ်ခဲ့ပါတယ်။
ခုဒုတိယအကြိမ် ထုတ်ဝေတာပါ။ ဒေသတွင်းမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်နေတာကြောင့် ဒေသတွင်း ပြည်သူတွေမှာ အကျိုးနည်းပြီး အပြစ်များပါတယ်၊ လူငယ်တွေဟာ အနာဂတ်တွေပျောက်ပြီး မူးယစ်ဆေးဝါးတွေ စွဲသွားတာ၊ ဘ၀တွေ ပျက်စီးသွားတာ၊ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ ကုန်ဆုံးသွားတာတွေ ကို သိစေချင်တာ ပေါ့နော်”ဟု ပြောသည်။
ယခင်က ပလောင်ဒေအတွင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော်(PSLA)တို့က မိမိတို့ နယ်မြေကို ထိန်းချုပ်ထားစဉ်က ပလောင်ကျေးရွာအချို့တွင် ဘိန်းစားတတ်သူ တစ်ဦးတလေသာ ရှိခဲ့သော်လည်း ၂၀၀၅ ခုနှစ်အတွင်း နအဖစစ်အစိုးရက အတင်းအကျပ်ကိုင် လက်နက်ချခိုင်းခဲ့ပြီး ပြည်သူစစ်များကို အခွန်ကောက် လုပ်ခွင့်ပြုခဲ့သည်။
ပလောင်ဒေသ နန့်ဆန်မြို့တွင် တပ်မတော် လဖက်အချိုခြောက် စက်ရုံတည်ထောင် ကတည်းက၊ လဘက် ဈေးများမှာ စက်ရုံသတ်မှတ်ဈေး အတိုင်းသာ ရရှိပြီး၊ ကုန်သည်များကလည်း စစ်တပ်ကို မလွန်ဆန်နိုင်သဖြင့် လဖက်စိုက် တောင်သူများမှာ ၀မ်းစာဆန်ကိုပင် ဖုံလုံအောင် ၀ယ်မထားနိုင်ကြပေ။ နန်းဆန်တွင် အကြီးဆုံး စက်ရုံတစ်ခုဖြစ်သော အဆိုပါစက်ရုံကို စတင်တည်ထောင်ကတည်းက ဗိုလ်မှူးကြီးသန်းထွန်းက ဆက်တိုက် တာဝန်ယူလာခဲ့ပြီး ထင်သလိုစီပွားရှာ နေကြောင်း ပလောင်အမျိုးသမီး အစည်းအရုံးက ပြောသည်။
မျိုးရိုးစဉ်ဆက် လဖက်တောင်သူများအဖြစ် ရပ်တည်လာကြသော မိသားစုများမှာ လဖက်စိုက်ပျိုးရေး တစ်ခုတည်းဖြင့် ရပ်တည်၍ မရလောက်အောင် ၀င်ငွေကျဆင်းလာသဖြင့် ရှမ်းပြည်နယ်စပ်ဒေသအချို့သို့ ပလောင်လူငယ် အချို့ စီးပွားရှာ အလုပ်သွားလုပ်ကြသည်၊ ထိုမှဘိန်းစွဲ၊ မူးယစ်ဆေးစွဲ အပြင် အခြား ရောဂါများလည်း ကူးစက်လာခဲ့ကြသည်။
ဒေသတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် စိုက်ပျိုးထုတ်လုပ်မှုကြောင့် မူးယစ်ဆေးဝါးသုံးစွဲမှု၊ HIV ကဲ့သို့သော ရောဂါများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာခဲ့သည်။ ဤဖြစ်စဉ်အားလုံး ပပျောက်ရေးကို နိုင်ငံတော် အစိုးရက စေတနာမှန်ကန်စွာဖြင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှသာ လုံးဝ အောင်မြင်နိုင်ကြောင်း အပြင် မြန်မာနိုင်ငံတွင် စစ်အစိုးရအာဏာ တည်မြဲနေသ၍ မြန်မာပြည်ဒေသတွင်း ဘိန်းနှင့် မူးယစ်ဆေးဝါးများ အဆိပ်သင့်နေကြမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
PNS-Japan
အပြည့်အစုံသို့ ...http://www.womenofburma.org/
Rest of your post
Posted by PNSjapan at 12:22 AM 0 comments
Labels: သတင်း
Tuesday, January 26, 2010
ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာ လတွင် လွှတ်ပေးမည်ဟု နအဖပြည်ထဲရေးဝန်ကြီး ပြောကြား။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား လာမည့်နိုဝင်ဘာလကုန် နေအိမ် အကျယ်ချုပ် သက်တမ်း စေ့ပါက ပြန်လွှတ်ပေးမည်ဟု မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့ကြောင်း ယနေ့ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ယခုလ (၂၁)ရက်တွင် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ မြို့ခံအစိုးရ၀န်ထမ်းများနှင့် တွေ့ဆုံစကားပြောကြားရာတွင် ဗိုလ်ချုပ်မောင်ဦးက ယင်းသို့ပြောကြားခဲ့ကြောင်း မြို့ခံမျက်မြင်များ ကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားခြင်းဖြစ်သည်။
နေအိမ်တွင် ထိန်းသိမ်းခြင်းခံနေရသည့် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးအားလည်း လာမည့် ဖေဖော်ဝါရီ (၁၃) ရက်တွင် လွှတ်ပေးမည်ဟု ဗိုလ်ချုပ်မောင်ဦးက ပြောဆိုခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
ယင်းသို့ နအဖစစ်အစိုးရ ပြည်ထဲရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးအား ပြန်လွှတ်ပေးမည်ဟု ပြောဆိုနေသော် လည်း ယခုအချိန်အထိ ရွေးကောက်ပွဲကျင်းပမည့် ရက်အတိအကျကို အစိုးရ အာဏာပိုင်များက ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။ ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမည်ဆိုသည့် အချိန်သည်လွတ်ရက်စေ့၍ လွှတ်သည့်သဘောမျိုးသာ ဖြစ်နေသည် ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သည့် ဦးခင်မောင်ဆွေက ပြောသည်။
၎င်းက “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့အခါမှာ ရွေးကောက်ပွဲမတိုင်ခင်မှာ လွှတ်ပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ် ရေး လုပ်ငန်းစဉ်တွေကို လုပ်ပြီးမှ ရွေးကောက်ပွဲကို သွားလို့ရှိရင်တော့ အင်မတန်သင့်တော်တဲ့ကိစ္စ ဖြစ်ပါတယ်။ မြန်မာပြည်သူ များနဲ့ မြန်မာနိုင်ငံအဖို့ အကျိုးစီးပွားသက်ရောက်မှာ ဖြစ်ပါတယ်။ အင်မတန်မှန်ကန်သင့်လျော်တဲ့ အတွက်ကြောင့် ကြိုဆိုရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်အား မလွှတ်ခင် ရွေးကောက်ပွဲကျင်းပသွားမည်ဆိုပါက နိုင်ငံတကာက တောင်းဆိုထားသည့် အချက်များကို နအဖအနေဖြင့် လျစ်လျူရှုသည့်အတွက် နိုင်ငံရေးပြဿနာများ ပြေလည်နိုင်မည်မဟုတ်ဟု ဦးခင်မောင်ဆွေက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ရွေးကောက်ပွဲမတိုင်ခင် လွှတ်ပေးရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး၊ အားလုံးပါဝင်သည့် ရွေးကောက်ပွဲဖြစ်မြောက် ရေး နှင့် သန့်ရှင်း လွတ်လပ်သည့် ရွေးကောက်ပွဲဖြစ်ရေးအတွက် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက တောင်းဆိုလျက်ရှိသည်။
“အဲဒါတွေကို မျက်ကွယ်ပြု သတိမထားဘဲ ရွေးကောက်ပွဲ ဆက်လုပ်သွားမယ်ဆိုရင် နိုင်ငံရေးအားဖြင့် အပြောင်းအလဲ ကြီးကြီးမားမားတော့ ရှိမှာမဟုတ်ပါဘူး။ ရွေးကောက်ပွဲတခုကို ကျင်းပတယ်ဆိုတဲ့ သဘောလောက်ပဲ ဆောင်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအပြီးမှာလည်း နိုင်ငံရေးအရ အနှစ်သာရရှိမယ့် အပြောင်းအလဲရှိမယ်လို့ အန်ကယ်တို့ မယူဆပါဘူး” ဟု ဦးခင်မောင်ဆွေက ဆက်လက် ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခု သြဂုတ်လတွင် ၎င်း၏ နေအိမ်ခြံဝန်းအတွင်း ၀င်ရောက်လာသည့် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလီယံ ယက်ထောကို လက်ခံခဲ့သည့်အတွက် အမှုစွဲတင်ခံရပြီး နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ ချမှတ်ထားခံရသည်။ အဆိုပါ နေအိမ်အကျယ်ချုပ် သက်တမ်းကို ပြီးခဲ့သည့် မေလမှ စတင်သတ်မှတ်ရာ လာမည့်နိုဝင်ဘာလတွင် သက်တမ်းပြည့်မည် ဖြစ်သည်။
ဦးတင်ဦး လွှတ်ပေးမည်ဆိုခြင်းသည်လည်း လွတ်ရက်စေ့သည့်သဘောမျိုးပင်ဖြစ်သော်လည်း ကြိုဆိုကြောင်း၊ အဖွဲ့ချုပ်စည်းလုံး ညီညွတ်ရေးအတွက်၊ ရှေ့အနာဂတ် နိုင်ငံရေးလမ်းကြောင်းအတွက် အားရှိမည်ဖြစ်ကြောင်း ဦးခင်မောင်ဆွေက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)က အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုန်းများနှင့်မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးရန်နှင့်လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် ကျင်းပပေးရန် နအဖစစ်အစိုးရထံ တောင်းဆိုထားပြီး ယင်းအချက်များနှင့် ပြည့်စုံပါက ရွေးကောက်ပွဲဝင်ရန် စဉ်းစားမည်ဟု ရွှေဂုံတိုင်ကြေညာစာတမ်း ထုတ်ပြန်ထားသည်။
PNS-Japan
( ခေတ်ပြိုင် ဂျာနယ် ) မှ ကူးယူဖေါ်ပြသည်။
Posted by PNSjapan at 12:01 AM 0 comments
Labels: သတင်း
Monday, January 25, 2010
AUN-Japan နှင့် Japan Association for Refugees (JAR) တွေ့ ဆုံပွဲအခမ်းအနား။
၂၀၁၀ ခုနှစ် ဇန္န၀ါရီ ၂၄ ရက်။
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)၏ တာဝန်ခံများ နှင့် Japan Association for Refugees (JAR) တွေ့ ဆုံဆွေးနွေးပွဲအခမ်းအနား ကို တိုကျိုမြို့  Toshimaku Minami Otsuka Dai ichi Hall တွင် ညနေ ၆း၀၀ နာရီ မှ ၈း၃၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
(၂၀၀၈ ၊ ၂၀၀၉ )ခုနှစ်အတွင်း JAR နှင့် AUN-Japan အဖွဲ့ တို့ မှ ပူးပေါင်း ဆောင်ရွက်ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲများ၊ ကျွမ်းကျင် ပညာရှင်မှ သင်ကြားပို့ ချပေးသည့် ခေါင်းဆောင်မူသင်တန်းများ ဂျပန်စာ အခြေခံသင်ကြားပို့ ချမူလုပ်ငန်းများတို့ ၏ အားနည်းချက်လိုအပ်ချက်များတို့ ကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးပြီး လာမည့် ၂၀၁၀ ခုနှစ် တွင် ပိုမို၍ တိုးချဲ သင်ကြားပို့ ချသွားမည့်အကြောင်း နှင့် ပြီးခဲ့သည့် နှစ်များတွင် ဂျပန်စာ စကားပြော အခြေခံ အဆင့်ကိုသာ သင်ကြား ပို့ချခဲ့ပြီး လာမည့်နှစ်များတွင် အဆင့်မြင့်တန်းများ အပြင် သင်ကြားလိုသည့်အကြောင်းအရာများ သင်ယူချင်သော ပုံစံတို့ ကိုလည်း ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ညနေ ၂၀း၃၀ တွင် ပြီးဆုံးခဲ့ပါသည်။
PNS-Japan
Rest of your post
Posted by PNSjapan at 12:41 AM 0 comments
Labels: သတင်း
Saturday, January 23, 2010
အာရှ နျူကလီယား လုံခြုံရေး ဆွေးနွေးပွဲ တက်ရောက်သည့် စစ်အုပ်စုကိုယ်စားလှယ်အား ဆန္ဒပြပွဲ(တိုကျို)။
၂၀၁၀ ခုနှစ် ဇန္န၀ါရီလ (၂၂)ရက်။
ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် (IAEA) ပူးတွဲကျင်းပသည့် နိုင်ငံပေါင်း(၃၀)တက်ရောက် သည့် အာရှ နျူကလီယား လုံခြုံရေး ဆွေးနွေးပွဲ အခမ်းအနားကို ဇန္န၀ါရီလ(၂၁-၂၂ )ရက်နေ့ အထိ တိုကျိုမြို့  New OTANI Hotel တွင် ကျင်းပပြုလုပ် ခဲ့ကြပါသည်။ ထိုဆွေးနွေးပွဲ အခမ်းအနားတွင် နအဖ စစ်အုပ်စုကိုယ်စားလှယ် ပါဝင်တက်ရောက် သည့်အတွက် ဂျပန်နိုင်ငံရောက် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(JAC) မှ ဦးဆောင်၍ နအဖ စစ်အုပ်စု ကိုယ်စားလှယ်အား ဆွေးနွေးပွဲ့ ကျင်းပသည့် New OTANI Hotel ရှေ့ တွင် သွားရောက် ဆန္ဒပြခဲ့ကြပါသည်။
ယူကလီယား လုံခြုံရေး ဆွေးနွေးပွဲတွင် နိုင်ငံအသီးသီးမှ ကိုယ်စားပြု ကိုယ်စားလှယ်များ ယူကလီယား ကျွမ်းကျင် ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ယူကလီယား ပိုင်ဆိုင်ကြသည့် နိုင်ငံများတို့ မှ အာရှ လုံခြုံရေးအတွက် စနစ်တကျ ထိမ်းသိမ်းသွားကြရန် နှင့် လူသားအကြိုးပြု လုပ်ငန်းတွေမှာ စနစ်တကျ အသုံးပြု သွားကြရန်အတွက် ပါဆွေးနွေးခဲ့ကြသည်ဟုသိခဲ့ရပါသည်။
နအဖ စစ်အုပ်စုသည် ယူကလီယားကို ပိုင်ဆိုင်လိုခြင်းမှာ ပြည်သူအကျိုးပြု လုပ်ငန်းထက် စစ်အာဏာ သက်ဆိုးရှည်ဖို့  တိုင်းရင်းသား ပြည်သူတရပ်လုံးတို့ ကို စစ်ကျွန်ပြုဖိုအရေး အတွက်သာ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်များက ယူကလီယားလက်နက် ပိုင်ဆိုင်လိုသည့်အတွက် မြောက်ကိုရီးယား နိုင်ငံ နှင့် ဆက်သွယ်သွယ်ဆောင်ရွက်မူကိုလည်း လှိုဝှက်အစီရင်ခံစာများ သတင်းမီဒီယာတွင် အကျယ်တ၀င့် ဖေါ်ပြထားသည် ကိုတွေ့ ရှိရပါသည်။ဂျပန်နိုင်ငံရေက် ဒီမိုကရေစီအင်အားစု ၅၀ ကျော်သွားရေက်ဆန္ဒပြခဲ့ ကြပါသည်။
သတင်းမှတ်တမ်း PNS-Japan
အပြည့်အစုံသို့ ...
Rest of your post
Posted by PNSjapan at 6:05 PM 0 comments
Labels: သတင်း
နယ်ခြားစောင့်တပ်ရင်းမှ ထွက်ပြေးသူများပြား အနားယူသူများလည်း ပင်စင်လစာမရရှိသေး။
မကြာသေးခင်က အသွင်ပြောင်းခဲ့သည့် နယ်ခြားစောင့်တပ်ရင်းများတွင် ထွက်ပြေးမှု များ ရှိနေသကဲ့သို့ တပ်မှထွက်ခွင့်ရထားသူများကိုလည်း ယခုအချိန်ထိ ပင်စင်လစာ ထုတ်မပေးနိုင်ဘဲ ဖြစ်နေသည်။
ရှမ်းမြောက်အထူးဒေသ (၁)၊ မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့အား နအဖတပ်က ဝင်ရောက်တိုက်ခိုက်ပြီးနောက် လက်ကျန် ပိုင်စုံချိန် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့အား ဒီဇင်ဘာလဆန်းပိုင်းက အသွင်ပြောင်း လိုက်သည့် အမှတ် (၁ဝဝ၆)၊ နယ်ခြားစောင့်တပ်ရင်းမှ စစ်သည်များသည် ယခုအခါ စစ်သင်တန်း တက်ရောက်နေကြရာမှ ထွက်ပြေးမှု အများအပြားရှိနေသည်ဟု ကိုးကန့်ဒေသခံများနှင့် နီးစပ်သူ တရုတ်နယ်စပ် ဒေသခံတဦးက ပြောသည်။
၎င်းက “သင်တန်းတက်ရမယ်ဆိုတော့ အဲဒီထဲကစပြီး ထွက်ပြေးနေတာ။ သင်တန်းသွားတော့ လူ (၂ဝဝ) တောင် မပြည့်တော့ဘူး။ သင်တန်းက နှစ်နေရာမှာ။ အရာခံဗိုလ်နဲ့အထက်တွေက ဗထူးမှာ ပေးတယ်။ အကြပ်တပ်သားတွေက မန်ကပ်မှာ ပေးနေတယ်၊ အဲဒီ သင်တန်းကလည်း ပြန်ပြေးနေတယ်။ သူတို့ အိမ်တွေလည်း ပြန်မရောက်လာသေးဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၈) ရက်တွင် နယ်ခြားစောင့်တပ်ရင်း၊ အမှတ် (၁ဝဝ၁)၊ (၁ဝဝ၂) နှင့် (၁ဝဝ၃) ဟုဆိုကာ အသွင်ပြောင်းလိုက်သည့် ကချင်အထူးဒေသ (၁) တွင်လည်း တပ်ပြေးမှုများရှိနေပြီး ယခင်ရဲဘော်များ မဟုတ်သည့် အပြင်လူများကို တပ်အင်အားအဖြစ် ပြန်ဖြည့်ခဲ့ရသဖြင့် နားလည်သဘောပေါက်မှုလွဲနေ၍ ယခုကဲ့သို့ တပ်ပြေးမှု ဖြစ်နေရကြောင်း ကချင်အထူး ဒေသ (၁) ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှူးကြီးဟောင်း မုရင်ဒေါင်ဟောင်းက ပြောသည်။
၎င်းက “သဘောမပေါက်လို့ဖြစ်တယ်။ အသွင်ကူးပြောင်းတဲ့ထဲမှာ တချို့က တပ်ထဲက လူတွေ၊ လူအင်အားကို ပြန်ဖြည့်တယ် ဆိုတော့ တပ်ဖွဲ့ဝင် မဟုတ်တဲ့သူတွေ ပါသွားတာပေါ့လေ။ သဘောမပေါက်တဲ့သူတွေကို ဆွဲထည့် လိုက်တာရှိတယ်။ အခု နောက်ပိုင်း ပြေးတာ လျော့တော့ လျော့သွားပြီ” ဟု ပြောသည်။
နယ်ခြားစောင့်တပ်ဖွဲ့တွင် ပါဝင်ခွင့်မရတော့သည့် အသက် (၅ဝ) ကျော် တပ်ဖွဲ့ဝင်များအနေဖြင့် တပ်ကအနားယူခဲ့ရပြီး ယခုအချိန်အထိ ပင်စင်လစာ မရရှိသေးသဖြင့် ယခုလ (၁၃) ရက်မှ (၁၆) ရက်အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကချင်အထူးဒေသ (၁) ၏ အထူးအစည်းဝေးတရပ် ကျင်းပခဲ့ပြီး အနားယူထားသည့် တပ်ဖွဲ့ဝင်များအတွက် ကူညီထောက်ပံ့ရေး ဆွေးနွေးခဲ့ကြသော်လည်း ဆုံးဖြတ်ချက်မချနိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးဟောင်း မုရင်ဒေါင်ဟောင်းက ပြောသည်။
၎င်းက “အဲဒီကိစ္စကို နိုင်ငံတော်အစိုးရနဲ့ ဆက်ဆွေးနွေးရမယ်။ သူတို့ကို တင်ပြပြီး သူတို့ပေးလာတဲ့ အဖြေပေါ်မှာပဲ ဆက်လက် လုပ်ဆောင်သွားရမှာ ဖြစ်တယ်။ သူတို့နဲ့ ဆွေးနွေးဖို့ လိုသေးတယ်” ဟု ပြောသည်။
အပစ်ခတ်ရပ်အဖွဲ့များမှ အသွင်ပြောင်းလိုက်သည့် နယ်ခြားစောင့်တပ်ရင်းများ ယခုကဲ့သို့ အဆင်မပြေမှုများ ရှိနေချိန်တွင် ပြည်သူ့စစ်အသွင်ပြောင်းခဲ့ရသည့် ကချင်ငြိမ်းချမ်းရေးအဖွဲ့ ခေါ် ဦးလဆန်အောင်ဝါ ဦးဆောင်သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ခွဲထွက်) ၏ စီးပွားရေးလုပ်ငန်းအဖြစ် တရုတ်ပြည်သို့ ကုန်ပစ္စည်းများ တင်ပို့နေမှုကို မကြာသေးခင်ရက်ပိုင်းက ဖမ်းဆီးခဲ့ သည့်အပြင် မြစ်ကြီးနားမြို့နေ၊ အဖွဲ့နာယက တဦးကိုလည်း မူးယစ်တပ်ဖွဲ့က မူးယစ်ဆေးဝါး ရှာဖွေရင်း ရိုက်နှက်ခဲ့၍ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
ခေတ်ပြိုင်“ဂျာနယ်” သတင်းမှ ကူးယူဖေါ်ပြသည်။
PNS-Japan
Rest of your post
Posted by PNSjapan at 12:47 PM 0 comments
Labels: သတင်း
Thursday, January 21, 2010
စစ်အစိုးရနှင့် ငြိမ်းအဖွဲ့များကြား ရင်မအေးဖွယ် ကြုံနေ ။
ဆလိုင်းဟံသာစန်း ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၂ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ ငြိမ်းအဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို အဆိုပါအဖွဲ့များက ငြင်းဆန်ခဲ့အပြီး နှစ်ဖက်ကြား တင်းမာနေကြသော်လည်း အေးဆေး ငြိမ်သက်လျက် ရှိသည်ဟု အကဲခတ်များ၏ အပြောအရ သိရသည်။
စစ်အစိုးရနှင့် လက်နက်ကိုင် အပစ်ရပ်အဖွဲ့များအကြား မြင်သာထင်သာရှိသော တင်းမာမှုများ ရှိမနေသော်လည်း စစ်အစိုးရက နောက်တလှမ်း လှမ်းရန်အတွက် ဆက်လက်ပြီး လျှို့ဝှက် ပြင်ဆင်နေသည်ဟု တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ယမန်နေ့က မဇ္ဈိမကို ပြောသည်။
''သူတို့ (စစ်အစိုးရ) က အခုတော့ ငြိမ်နေတာပဲ။ အပစ်ရပ်အဖွဲ့တွေကို ဘယ်လိုဖြိုခွဲရမယ်ဆိုတာ သူတို့ စဉ်းစားနေကြတာ၊ အခြေအနေက သူတို့ ကနဦး ထင်ထားသလောက် မလွယ်ဘူးဖြစ်နေတယ်'' ဟု ဦးအောင်ကျော်ဇောက တွက်ချက်ပြောဆိုသည်။
စစ်အစိုးရသည် အပစ်ရပ်အဖွဲ့ ၁၇ ဖွဲ့ကို စစ်အစိုးရ အုပ်ချုပ်မှုအောက်တွင် ထားရှိမည့် နယ်ခြားစောင့် တပ်များအဖြစ် ပြင်ဆင်ဖွဲ့စည်းရေး အတွက် ၂ဝဝ၉ ခုနှစ် ဧပြီလက စတင် ကမ်းလှမ်းခဲ့သည်။
ဒီမိုကရေစီသစ်တပ်မတော် - ကချင် (NDA-K) အပါအဝင် ငြိမ်းအဖွဲ့အနည်းငယ်က အဆိုပါ ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြသော်လည်း ပိုမိုအင်အားကြီးမားသော ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ကဲ့သို့သော အဖွဲ့ကြီးများက လက်မခံ ငြင်းဆန်ခဲ့ကြသဖြင့် စစ်အစိုးရ၏ အစီအစဉ် ရပ်တန့်သွားခဲ့ရသည်။
အပစ်ရပ်အဖွဲ့အားလုံး လိုအပ်သော အပြောင်းအလဲများ ပြုလုပ်ထားကြရန် နောက်ဆုံးရက်အဖြစ် ၂ဝဝ၉ ခုနှစ် အောက်တိုဘာလကို စစ်အစိုးရက အစောပိုင်းတွင် သတ်မှတ်ထားခဲ့သော်လည်း အဖွဲ့ အများအပြားက အဆိုပါ အစီအစဉ်ကို ငြင်းဆန်ခဲ့ကြပြီးနောက်ပိုင်းတွင် နောက်ဆုံးရက်ကို ၂ဝဝ၉ ခုနှစ်ကုန်အထိ ရွှေ့ဆိုင်းပေးခဲ့ရသည်။
''ဒီအဖွဲ့တွေကို အကြမ်းကိုင်လို့ မရဘူးဆိုတာ သူတို့သိသွားတော့ အခု သူတို့ (စစ်အစိုးရ) မဟာဗျူဟာကို အချိန်ယူပြန်စဉ်းစားနေရပြီ'' ဟု ဦးအောင်ကျော်ဇောက ပြောသည်။
အဖြေပေးရန် သတ်မှတ်ထားသည့် နောက်ဆုံးရက် ကျော်လွန်လာခဲ့ပြီဖြစ်သော်လည်း စစ်အစိုးရနှင့် လက်နက်ကိုင် အပစ်ရပ်အဖွဲ့တို့အကြား အခြေအနေမှာ အေးချမ်းလျက်ပင်ရှိသေးကြောင်းနှင့် နှစ်ဖက်စလုံးက လုံခြုံရေးများ တိုးမြှင့်လုပ်ဆောင်သည့် အနေအထားများ မတွေ့ရသေးကြောင်း ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့်သတင်းစဉ် (SHAN) ၏ အယ်ဒီတာ ဦးစိန်ကြည်၏ အပြောအရ သိရသည်။
''စစ်အစိုးရဘက်က လက်လျှော့သွားတယ်လို့တော့ ကျနော်မထင်ဘူး။ ဒါပေမဲ့ကျနော်ထင်တာ သူတို့က နောက်တလှမ်းလှမ်းဖို့ အခု အသာနောက်ဆုတ်ထားလိုက်တယ်လို့ ထင်တယ်'' ဟု ဦးစိန်ကြည်က ပြောသည်။
စစ်အစိုးရအနေဖြင့် အပစ်ရပ်အဖွဲ့များအပေါ် အဓိက စစ်ရေးထိုးစစ်ကြီးများ လုပ်လိမ့်မည် မဟုတ်သော်လည်း စစ်အစိုးရ အသုံးပြုမည့် အမြင်သာဆုံး မဟာဗျူဟာမှာ အဆိုပါအဖွဲ့များကို ခွဲထုတ်ပစ်လိုက်ရန် ကြိုးစားကာ အလွယ်တကူ အနိုင်ရအောင် ကြိုးပမ်းမည့် အလားအလာရှိနေသည်ဟု သူက ပြောသည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက စစ်အစိုးရက ကိုးကန့်တပ်မတော်ဟုလည်း သိကြသော ဖုန်ကျားရှင် ဦးဆောင်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အဆိုပါအဖွဲ့အတွင်း ဖုန်ကျားရှင် ဦးဆောင်သော အဖွဲ့နှင့် ပိုင်စိုချိန် ဦးဆောင်သော အဖွဲ့ဟူ၍ အောင်မြင်စွာ ခွဲထုတ်နိုင်ခဲ့သည်။
ထို့နောက် စစ်အစိုးရက ပိုင်စိုချိန်ကို ကိုးကန့်အဖွဲ့၏ ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်ခဲ့ပြီး ဖုန်နှင့် အဖွဲ့ကိုမူ တရားခံပြေးများအဖြစ် ကြေညာခဲ့သည်။ ဤအဖြစ်အပျက်ကို အကဲခတ်များက လက်နက်ကိုင် တိုင်းရင်းသားများကို အနိုင်ယူရာတွင် စစ်အစိုးရ အသုံးပြုလေ့ရှိသည့် စံကျသော နည်းပရိယာယ်တရပ်အဖြစ် ပြောဆိုကြသည်။
ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက် စစ်အစိုးရက သူတို့တပ်ဖွဲ့ အမြောက်အမြားကို UWSA အဖွဲ့ ထိန်းချုပ်ရာ နယ်မြေအနီး ရှမ်းပြည်မြောက်ပိုင်းတွင် ပြောင်းရွှေ့တပ်စွဲစေခဲ့သည်။ ထို့ကြောင့် အကြီးဆုံး လက်နက်ကိုင် အပစ်ရပ်အဖွဲ့နှင့် စစ်အစိုးရတပ်ဖွဲ့များအကြား ကြီးမားသော စစ်ပွဲကြီးတရပ် မကြာမီ ပေါ်ပေါက်တော့မည်ဟု ခန့်မှန်းတွေးဆမှုများ ပေါ်ပေါက်လာစေခဲ့သည်။
သို့သော် ထိုသို့ နှစ်ဖက်လုံးမှ စစ်ရေးပြင်ဆင်မှုများရှိနေပြီး နယ်ခြားစောင့်တပ်အရေး မပြီးပြတ်သေးသော်လည်း ဝ'တပ်ဖွဲ့ကိုသော်၎င်း၊ အခြားအပစ်ရပ်အဖွဲ့များကိုသော်၎င်း၊ စစ်အစိုးရက ထိုးစစ်ဆင် တိုက်ခိုက်မည့် အရိမ်အယောင်များ ပြသခဲ့ခြင်း မရှိဟု ဦးစိန်ကြည်က ပြောသည်။
''လက်နက်ကိုင် အပစ်ရပ်အဖွဲ့တွေအပေါ် ကြီးကြီးမားမား ထိုးစစ်ဆင်တိုက်ခိုက်မယ့် အလားအလာ မရှိဘူးလို့ ကျနော် ထင်တယ်။ သူတို့မှာလည်း ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေရတာနဲ့ အလုပ်ရှုပ်နေကြတာ။ ဖြစ်နိုင်တာ အပစ်ရပ်အဖွဲ့တွေနဲ့ ကိစ္စကို နောက်မှကိုင်မယ်။ ပထမတော့ အစိုးရသစ်ဖွဲ့ရေး ကိစ္စကိုပဲ အရင်လုပ်လိမ့်မယ်လို့ ထင်တယ်'' ဟု သူက ဆက်လက်ပြောဆိုသည်။
အလားတူပင် KIO က စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့ရေး အဆိုပြုချက်ကို ငြင်းဆန်လိုက်သော်လည်း နှစ်ဖက်အကြား စစ်ပွဲဖြစ်ပွားမည့် အရိပ်အယောင် မတွေ့ရသေးကြောင်းဖြင့် ထိုင်းအခြေစိုက် ကချင်သတင်းဌာန အယ်ဒီတာ နော်ဒင်းက ပြောသည်။
''အခုလောလောဆယ် ရွေးကောက်ပွဲကိစ္စနဲ့ အလုပ်ရှုပ်နေတာကြောင့် စစ်ရေးအရ ထိုးစစ်ဆင်တာက စစ်အစိုးရအတွက် နောက်ဆုံးလမ်း ဖြစ်လိမ့်မယ်။ ကျနော်ထင်တယ်၊ ဒီကိစ္စကို နောက်မှဖြေရှင်းဖို့ စစ်အစိုးရက ခဏခေါက်ထားလိမ့်မယ်'' ဟု နော်ဒင်းက ပြောသည်။
သို့သော် အပစ်ရပ်အဖွဲ့များကိစ္စ စစ်အစိုးရက အလျှော့မပေးမှာကတော့ သေချာကြောင်းနှင့် ဤအဖွဲ့များ အပေါ် သူတို့သြဇာတည်အောင် အနှေးနှင့် အမြန်ဆိုသလို နည်းပရိယာယ်များ ချမှတ် လုပ်ဆောင် လာလိမ့်ဦးမည်ဟု သူက ဆက်လက်ပြောဆိုသည်။
သို့သော် အခြားတဖက်တွင် အပစ်ရပ်အဖွဲ့များဘက်က ကြည့်လျှင် သူတို့ ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင် လာခဲ့သော အရေးကိစ္စကို အလျှော့ပေးလိုက်သလိုဖြစ်မည့် အဆိုပါ ကမ်းလှမ်းချက်ကို လက်ခံရန်မှာ လွန်စွာ ခဲယဉ်းလှကြောင်း သူက ဆိုသည်။
စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေး အဆိုပြုချက်အရ တပ်ရင်းတရင်းစီတွင် အင်အား ၃၂၆ ဦး ရှိမည်ဖြစ်ကာ မြန်မာ့တပ်မတော်ဘက်မှ စစ်သား ၃ဝ ဦး ပါဝင်မည်ဖြစ်သည်။
တပ်ဖွဲ့ဝင်အားလုံး၏ လစာကို ဗဟိုအစိုးရက ထုတ်ပေးမည်ဖြစ်ကာ အုပ်ချုပ်မှုအရလည်း မြန်မာ့ တပ်မတော်၏ လက်အောက်တွင်ပင် ရှိမည်ဖြစ်သည်။
(မုံပီး တည်းဖြတ်သည်။)
http://www.mizzimaburmese.com/ မှ ကူးယူဖေါ်ပြသည်။
PNS-Japan
Rest of your post
Posted by PNSjapan at 1:38 AM 0 comments
Labels: သတင်း
Tuesday, January 19, 2010
လွတ်တော်ဆောက်လုပ်ရေး အဆုံးမသတ်နိုင်သေး။
ဧရာဝတီ Monday, January 18, 2010
စစ်အစိုးရက မကြာမီ ရွေးကောက်ပွဲ ပြုလုပ်ပေးမည် ဆိုသော်လည်း နေပြည်တော်တွင် တည်ဆောက် နေသည့် လွှတ်တော် အဆောက် အအုံကြီးမှာ ပြီးစီးခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။
ဧရာဝတီမှ ရရှိသည့် ဓာတ်ပုံတပုံတွင် ရှေးဟောင်းလက်ရာ စုလစ်မွန်းချွန်များနှင့် လွှတ်တော် အဆောက်အအုံကို ငြမ်းများ တပ်ဆင်ထားပြီး အလုပ်သမား ရာပေါင်းများစွာဖြင့် တည်ဆောက်ဆဲဖြစ်ကြောင်း တွေ့ရသည်။
မကြာသေးမီက နေပြည်တော်သို့ ရောက်ရှိခဲ့သည့် Reuters သတင်းထောက် ပေးပို့သည့် သတင်းတပုဒ်တွင်လည်း “လုပ်ငန်းတွေ ပြီးဆုံးဖို့ အများကြီး လိုသေးတယ်၊ လမ်းတွေလည်း မပြီးသေးဘူး၊ ဆေးတွေလည်း သုတ်ရအုံးမယ်” ဟု ဖော်ပြထားသည်။
ယခုနှစ်တွင် ရွေးကောက်ပွဲကို စနစ်တကျ ကျင်းပပေးရေးအတွက် စီမံဆောင်ရွက်လျက် ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး၏ ၆၂နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
သို့သော်လည်း ရွေးကောက်ပွဲ အချိန်ဇယား အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပေ။ မကြာသေးမီက ဂျပန်နိုင်ငံထုတ် အဆာဟိရှင်ဘွန်း သတင်းစာတွင် စစ်အစိုးရက ရွေးကောက်ပွဲကို အောက်တိုဘာလတွင် ကျင်းပမည် ဖြစ်ပြီး၊ ၎င်းရက်သည် ၁၀- ၁၀- ၁၀ ရက်နေ့တွင် ကျရောက်ကြောင်း အမည်မဖော်လိုသူ စစ်တပ် အရာရှိကြီး တဦးကို ကိုးကား၍ ရေးသားထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကဆစ် ဖိရုမ်းကလည်း ရွေးကောက်ပွဲ ဥပဒေ ရေးဆွဲမှုသည် ၇၀ ရာခိုင်နှုန်းခန့် ပြီးစီး နေပြီ ဖြစ်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကို ဒုတိယ နှစ်လယ်ပိုင်း၌ ပြုလုပ်နိုင်ဖွယ် ရှိကြောင်း မကြာသေးမီက ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ သူက စစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို ကိုးကားပြီး ပြန်လည် ဖောက်သည်ချခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံရေး အကဲခတ်များကမူ ရွေးကောက်ပွဲ ဥပဒေသည် ရေးဆွဲ ပြီးစီးနေပြီဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွေ၏ လက်ထဲတွင် အဆင်သင့် ရှိနေသည်ဟု ယူဆကြသည်။
ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကက်ဆုရာ အိုကာဒါနှင့် တွေ့ဆုံရာတွင် ယခု ကျင်းပပေးမည့် ရွေးကောက်ပွဲတွင် ပါတီပေါင်းစုံနှင့် ပြည်သူများ ပါဝင်နိုင်စေရန် လမ်းဖွင့်ပေးထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း ပါဝင်ယှဉ်ပြိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု ဂျပန် နိုင်ငံခြားရေးဌာန အရာရှိများက ဆိုသည်။
သို့ရာတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းများ မပြီးစီးသေးသည့် အတွက် စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးခဲ့သော်လည်း အနိုင်ရရှိသည့် လူထုကိုယ်စားလှယ်များထံ အာဏာလွှဲပြောင်းရေး၊ လွှတ်တော် ခေါ်ယူရေးတို့အတွက် အချိန် ကြာကောင်းကြာဦးမည် ဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်များက ပြောဆိုနေကြသည်။
Irrawaddy.org/bur/ မှ ကူးယူဖေါ်ပြသည်။
PNS-Japan
Rest of your post
Posted by PNSjapan at 12:56 AM 0 comments
Labels: သတင်း
Friday, January 15, 2010
ကျောက်ကပ်၊ အသည်းတို့အားလှူဒါန်းသွားမည်ဟု အရှင် အရိယ၀ံသ မိန့်ဆို
http://www.ald-exile.org/ မှ ကူးယူဖေါ်ပြသည်။
PNS-Japan
Rest of your post
Posted by PNSjapan at 12:49 AM 0 comments
Labels: သတင်း
Thursday, January 14, 2010
သမ္မတနှစ်ဦးရဲ့အံ့ဖွယ်ဖြစ်စဉ်တ
အပြည့်အစုံသို့ ...
Rest of your post
Posted by PNSjapan at 12:04 AM 0 comments
Labels: သတင်း
Monday, January 11, 2010
ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)
၂၀၀၉ ခုနှစ် ဇန္န၀ွရီလ (၁၁)ရက်။
“ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးသည် ပထမ”
“ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးသည် အဓိက”
နအဖ စစ်အုပ်စုသည် ဒာမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုဆင်ပြီး ထောင်ဒဏ် ချမှတ်ခဲ့သည်မှာ (၅)လပြည့်သွားပြီဖြစ်သည်။လက်ရှိ မြန်မာနိုင်ငံ၏ အထွေထွေ အကျပ်အတည်းများကို ကျော်လွှားနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး ၊ ဦးခွန်ထွန်ဦး ၊ ကိုမင်းကိုနိုင် အပါအ၀င် နိုင်ငံ ရေး အကျဉ်းသားများ လွတ်မြောက်ရေးသည် အလွန်ပင် အဓိကကြပါသည်။ အထူးပင် လိုအပ်ပါသည်။
ဤကဲ့သို မြန်မာ့နိုင်ငံရေးမှာ လက်ရှိနိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန်အတွက် အဓိက အရေးပါ သော အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေး အတွက် ချီတက် ဆန္ဒပြ တောင်းဆိုမူတရပ်ကို ကနေ့  ၂၀၁၀ ခုနှစ် ဇန္န၀ါရီလ(၁၁)ရက် နေ့ လည် ၁၄း၀၀ နာရီ မှ ၁၆း၃၀ နာရီ အထိ တိုကျိုမြို့  Episu ပန်းခြံ မှ Sandagaya(Meiji) ပန်းခြံအထိ ချီတက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲတွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၊တိုင်းရင်းသားအင်အားစုများ နှင့် မြန်မာ့အရေးကို ထောက်ခံအားပေးကြသော ဂျပန် အဖွဲ့ အစည်းများ NGO များ စုစုပေါင်း အင်းအား(၃၀၀) ကျော် ပါဝင်ဆန္ဒပြခဲ့ကြပါသည်။ နအဖ စစ်အုပ်စုသည် ၁၉၉၀ ပြည့်နှစ်တွင် ကမ္ဘာက အသိအမှတ်ပြု လက်ခံထား သည့် တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ကို ယနေ့ ထိတိုင် အကောင်အထည် ဖေါ်ဆောင်ခြင်းမရှိပဲ လာမည့် ၂၀၁၀ အောက်တိုဘာလတွင် ရွေးကောက် ပွဲ ထပ်မှန်ကျင်းပပြုလုပ်မည်ကို လက္ခံယုံကြည်နိုင်ဘွယ်ရာမရှိကြောင်း နှင့် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများတို့ ကို အမြန်ဆုံးလွတ်ပေးပြီး တွေ့ ဆုံဆွေးနွေးရေးပြုလုပ်သွားရန် တိုက်တွန်း တောင်းဆို ဆန္ဒပြခဲ့ကြပါသည်။
PNS-Japan
ဗီဒီယို / (ကိုပွါး)
Posted by PNSjapan at 8:28 PM 0 comments
Labels: သတင်း
(၆၂)ကြိမ်မြောက် ကချင်ပြည်နယ်နေ့  အခမ်းအနား ကျင်းပခြင်း( တိုကျို-ဂျပန် )
၂၀၁၀ ခုနှစ် ဇန္န၀ါရီလ (၁၀)ရက်နေ့ ။
ဒုတိယပိုင်းအစီအစဉ်မှာတော့ ရိုးရာယဉ်ကျေးမူ ဖျော်ဖြေရေးအစီအစဉ် ဖြစ်ပြီး ပထမဦးဆုံး ကချင်မျိုးနွယ်စု ခြောက်စုကို မိတ်ဆက်ပေးသည့်အက များဖြစ် တင်ဆက်ကပြပြီးသည့်နောက် ၊ရိုးရာသီချင်းများ သီဆိုခြင်းများ၊ တေးသရုပ်ဖေါ်အကများ၊ ကချင်လူမျိုးများ ၏ နိုင်ငံရေးသမိုင်း ပြဇတ်များ ၊ ကချင်ရိုးရာ ထောင်ကာအက၊ ဂျပန်နိုင်ငံ ရောက် ပြည်ထောင်စုဘွားများ စုပေါင်းပါဝင်ကြသည့် မနောအက ဖြစ် ကပြပြီးသည့်နောက် အပိတ် ဆုတောင်း ပြီး ညနေ ၂၁း၃၀ တွင် အခမ်းအနားပြီးဆုံးခဲ့ပါသည်။
PNS-Japan
Posted by PNSjapan at 1:39 AM 0 comments
Labels: သတင်း
Saturday, January 9, 2010
နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုအတွက် သေဒဏ်များ ချမှတ်
သတင်းပေါက်ကြားမှုဖြင့် ထိန်းသိမ်းထားသူများကို သေဒဏ်ပေးပြီ
ရန်ပိုင် Thursday, January 07, 2010
စစ်အစိုးရ၏ လျှို့ဝှက်သတင်းများပေါက်ကြားမှုကြောင့် ထိန်းသိမ်းထားသည့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူးဝင်းနိုင်ကျော်ကို အင်းစိန်ထောင်တွင် ယနေ့ သေဒဏ်နှင့်ထောင်ဒဏ် အနှစ်၂၀ ချမှတ်လိုက်ကြောင်း သိရသည်။
ဗိုလ်မှူးဝင်းနိုင်ကျော်အား အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်၊ အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရ ထောင် ဒဏ် ၁၅ နှစ်၊ အစိုးရနှင့်သက် ဆိုင်သော စာရွက်စာတမ်းများ ပေါက်ကြားမှု ပုဒ်မ ၆/၃ အရ ထောင်ဒဏ် ၂ နှစ်၊ တရားမ၀င်နိုင်ငံခြား ငွေကြေးကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် အနှစ်၂၀ ကို ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှ အမိန့်ချမှတ်လိုက်ကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဥရောပရေးရာဌာန အကြီးတန်း စာရေးများ ဖြစ်သည့် ကိုသူရကျော် (ခ) အောင်အောင် ကိုလည်း အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်နှင့် အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရထောင်ဒဏ် ၁၅ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် ၁၅ နှစ်၊ ကိုပျန်စိန်(ခ) ကိုအစီးအား အီလက်ထရွန်နစ်ပုဒ်မ ၃၃/ခ အရထောင်ဒဏ် ၁၅ နှစ် အသီးသီးချမှတ်ခြင်း ခံခဲ့ရကြောင်းသိရသည်။
ယခုပြစ်ဒဏ်ပေးခံရသူများသည် စစ်အစိုးရ၏ လျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်း၊ မြေအောက် လိုဏ်ခေါင်းများ ဖောက်လုပ်ရေး စီမံကိန်း၊ လျှို့ဝှက်သွားရောက်ပြီး လက်နက်ဝယ်ယူခဲ့သည့် မြောက်ကိုရီးယားခရီးစဉ်၊ ရုရှား၊ အိန္ဒိယခေါင်းဆောင်များနှင့် လျှို့ဝှက် ဆွေးနွေးခဲ့သည့်မှတ်တမ်းများနှင့်ပတ်သက်ပြီး မီဒီယာများထံပေါက်ကြားခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်က အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
ဗိုလ်မှူး ၀င်းနိုင်ကျော်သည် ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်ခဲ့သူ စစ်အစိုးရအဖွဲ့ အတွင်းရေးမှူး( ၂ ) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေးအရာရှိနှင့် ထောက်လှမ်းရေးအရာရှိအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်၊
ယခင်က ၎င်းနှင့်အတူ စစ်အစိုးရ ရုံး ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းပါ အဖမ်းခံခဲ့ရပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ထမ်းတချို့လည်း အရေးယူခံရမှုများရှိကြောင်း သိရသည်။
PNS-Japan
သတင်းမှတ်တမ်း ။ irrawaddy.org/bur News
Posted by PNSjapan at 5:53 PM 0 comments
Labels: သတင်း
၂၀၁၀ ရွေးကောက်ပွဲကို အောက်တိုဘာ ၁၀ ရက်နေ့တွင်ပြုလုပ်မည်ဟု အာဆာဟိသတင်းတွင်ဖော်ပြထား
Posted by PNSjapan at 1:12 AM 0 comments
Labels: သတင်း
Tuesday, January 5, 2010
(၆၂) နှစ်ပြည့်မြောက် လွတ်လပ်ရေးနေ့ (တိုကျို)
၂၀၁၀ ခုနှစ် ဇန္န၀ါရီလ (၄)ရက်။
(၆၂)နှစ်မြောက် လွတ်လပ်ရေးနေ့ တွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုအင်အားစုများ၏ ပူးပေါင်းဆောင်ရွက်ရေးကော်တီ (JAC)မှ ဦးဆောင်၍ တိုကျိုမြို့  နအဖ စစ်အခွန်ရုံး ရှေ့ မှာ ဒီမိုကရေစီ အင်အားစုများ မြန်မာနိုင်ငံတိုင်းရင်းသားများ စုစုပေါင်း အင်အား (၁၀၀)ကျော် လာရောက်ပြီး ညနေ ၁၅း၃၀ နာရီ မှ ၁၇း၀၀ နာရီ အထိ ငြိမ်သက်စွာ ဆန္ဒပြခဲ့ကြသည့် မှတ်တမ်းဓါတ်ပုံများ။
PNS-Japan
ဓါတ်ပုံ / သာထက်
Rest of your post
Posted by PNSjapan at 4:20 PM 0 comments
Labels: သတင်း
Monday, January 4, 2010
AUN-Japan နှင့် ဦးရဲထွဋ် တွေ့ ဆုံဆွေးနွေးခြင်း စည်းဝေးမှတ်တမ်းများ။
၂၀၁၀ ခုနှစ်၊ ဇန္န၀ါရီလ(၃)ရက်
အချိန် ။ ၇း၀၀ နာရီ မှ ၉း၀၀ နာရီ ထိ
နေရာ ။ AUN-Japan ရုံးခန်း
PNS-Japan
Photo by/ Lian Khan Sum (CNC-Japan)
Rest of your post
Posted by PNSjapan at 1:29 AM 0 comments
Labels: သတင်း
AUN-Japan နှင့် ဂျပန်ရောက် ကရင်တိုင်းရင်းသားများ တွေ့ဆုံ ဆွေး နွေးခြင်း အစည်းအဝေးမှတ်တမ်း။
အချိန် - ညနေ 5း00 နာရီ မှ 7း00 နာရီအထိ
နေရာ - AUN-Japan Office
အစည်းအဝေးအခမ်းအနားကို လက်ရှိ AUN-Japan ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော စိုင်းစီဝမ်းမှ အဖွင့် အမှာစကားပြောကြားပြီး၊ အစည်းအဝေးကို စတင်ဆွေးနွေးခဲ့ပါသည်။ ဂျပန်နိုင်ငံတွင် တိုင်းရင်းသားများ၏ အရေးကို ပိုမိုထိရောက်စွာ လုပ်ဆောင်သွား နိုင်ရန်အတွက် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီးသည့်နောက် အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ကြပါသည်။
အစည်းအဝေးဆုံးဖြတ်ချက်များမှာ-
ဆုံးဖြတ်ချက် (၁)။ ။
AUN-Japan ၏ မူဝါဒရေးရာကော်မီတီတွင် ကရင်အမျိုးသားများဘက်မှ အဆိုပြုလာသည့် စောသောမတ်စ်ဂုံအောင်၊ စောမျိုးခိုင်ရှင်း ၊ စောလှကြီးတို့အား AUN-Japan ၏ မူဝါဒ ရေးရာကော်မတီ တွင် အဖွဲ့ဝင်အဖြစ် ပါဝင်တိုးချဲ့လိုက် ပါသည်။
ဆုံးဖြတ်ချက်(၂)။ ။
ဂျပန်နိုင်ငံရောက် ကရင်တိုင်းရင်းသားအဖွဲ့အစည်းများ၏ ကိုယ်စား AUN-Japan တွင် အမြဲတမ်း အဖွဲ့ ၀င်အဖြစ် KAREN NATIONAL COMMUNITY (JAPAN) (KNC-JAPAN) ကို ကရင်တိုင်းရင်းသားခေါင်းဆောင်များ၏ တင်ပြချက်အရ AUN-Japan နှင့် ဆက်လက်၍ တိုင်းရင်းသားများ၏ အရေးကို လက်တွဲဆောင်ရွက်သွားရန် တို့ ဖြစ်ပါသည်။
သတင်းမှတ်တမ်း / AUN-Japan Secretary - Information
မှတ်တမ်းဓါတ်ပုံ / Lian Khan Sum (CNC-Japan)
Rest of your post
Posted by PNSjapan at 12:57 AM 0 comments
Labels: သတင်း
Sunday, January 3, 2010
ကရင်နှစ်သစ်ကူး အခမ်းအနား တိုကျို တွင် ကျင်းပခြင်း။
၂၀၁၀ ခုနှစ် ဇန္န၀ါရီလ (၃)ရက်။
ကရင်သက္ကရာဇ် ၂၇၄၉ ခုနှစ်မြောက် ကရင်နှစ်သစ်ကူး ပွဲတော်ကို တိုကျိုမြို့ တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။
ထိုကရင်နှစ်သစ်ကူးအခမ်းအနားကို ဂျပန်နိုင်နိုင်ငံရောက် ကရင်တိုင်းရင်းသားများ စုပေါင်းကျင်းပလာခဲ့ကြ သည်မှာ (၁၁)ကြိမ်မြောက်ဖြစ်ပြီး ပထမပိုင်း အစီအစဉ်၌ ကရင်နှစ်သစ်ကူးကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီးသည်နောက် ကရင်ရိုးရာ ဒုံးယိမ်းအကဖြစ် ဧည်ခံဖျော်ဖြေခဲ့ပါသည်။ ကရင်ရိုးရာ အစားအစာ များ တေးဂီတ အစီအစဉ်တို့ဖြစ် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားခဲ့ကြပါသည်။
PNS-Japan
Photo by / Lian Khan Sum (CNC-Japan)
Rest of your post
Posted by PNSjapan at 11:43 PM 0 comments
Labels: သတင်း
Saturday, January 2, 2010
၂၀၁၀ နှစ်သစ် NIKKO ခရီးစဉ် (တိုကျို)
၂၀၀၉ ခုနှစ်၊ ဇန္န၀ါရီလ (၁)ရက်။
ဂျပန်နိုင်ငံရောက် တိုင်းရင်းသားလူမျိုးပေါင်းစုံများ စုစည်းပြီး တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးမှု ရရှိနိုင်ရန်အတွက် ၂၀၁၀ ခုနှစ် နှစ်ဦးကြိုဆို ခရီးစဉ် ကို စုပေါင်းသွားရောက်ခဲ့ကြပါသည်။
PNS-Japan
Photo by / t2
Rest of your post
Posted by PNSjapan at 1:54 PM 0 comments
Labels: သတင်း