၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်။
PNS-Japan
Thursday, December 31, 2009
မေ ၃၀ ဒီပဲယင်းလုပ်ကြံမှုကြီး(၇၉)လပြည့် ၀မ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနား(တိုကျို)
Posted by PNSjapan at 12:29 AM 0 comments
Labels: သတင်း
Sunday, December 27, 2009
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)(၆)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား(တိုကျို)
၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက်။
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)AUN-Japan၏ (၆)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို တိုကျိုမြို့  တာကါဒါနိုဘာဘာ ရှိ Seikatsu Center ၌ ညနေ ၁၈း၃၀ နာရီ မှ ၂၁း၀၀နာရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ညီလာခံ အခမ်းအနား၏ သဘာပတိများအဖြစ် AUN-Japan ဥက္ကဋ္ဌ ဦးဇော်မင်းခိုင် မှတာဝန်ယူပြီး အခမ်းအနားမှုး အဖြစ် မိုင်းကျော်ဦးမှ တာဝန်ယူဆောင်ရွက်ခဲ့ကြပါသည်။ သဘာပတိမှ အဖွင့် အမှာစကားပြောကြားပြီးသည့်နောက် တက်ရောက်လာကြသည့် တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်နှင့် ကိုယ်စားလှယ် အသီးသီးတို့ မှ နှုတ်ခွန်းဆက် အမှာစကား အသီးသီးပြောကြားခဲ့ကြပါသည်။ဖိတ်ကြားထားသည့် မဟာမိတ် အဖွဲ့ အစည်းဖြစ်သော KNU-Japan ကိုယ်စားလှယ် စောမျိုးခိုင်ရှင်း ၊ OKOJ ဥက္ကဋ္ဌ စောလှကြီး တို့ မှ တက်ရောက် အမှာစကားပြောကြားခဲ့ကြပါသည်။
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)၏ (၂၀၀၈.၂၀၀၉)ခုနှစ် အလုပ်အမှုဆောင်ကော်မတီ ၏ တစ်နှစ်တာ လုပ်ငန်း အစီရင်ခံစာကို အထွထွေအတွင်းရေးမှုး မိုင်းကျော်ဦးမှ ဖတ်ကြားတင်သွင်းပြီးနောက် ရေးရာကော်မတီဝင်များမှ တစ်တာ လုပ်ငန်းဆောင်ရွက်ချက်များ အားသာချက် အားနည်းချက်များကို တင်ပြအစီရင်ခံခဲ့ကြပါသည်။
၂၀၀၉ / ၂၀၁၀ ခုနှစ် အလုပ်အမှုဆောင် ကော်မတီဝင်အမည်စာရင်းများကို AUN-Japan ၏ ၂၀၀၉/ ၂၀၁၀ အလှည့်ကျ ဥက္ကဋ္ဌ စိုင်းစီဝမ်း အား လွှဲပြောင်းပေးအပ်ပြီး အထွေထွေအတွင်းရေးမှုး မိုင်းကျော်ဦးမှ လည်း ၂၀၀၉/၂၀၁၀ ခုနှစ် ရွေးချယ်ခံရသည့် အထွေထွေအတွင်းရေးမှုး မင်းဝင်းတေဇ အား လုပ်ငန်းတာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ၂၀၀၉/၂၀၁၀ ခုနှစ် ဥက္ကဋ္ဌ အသစ် စိုင်းစီဝမ်း မှ အမှာစကား ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
PNS-Japan
Photo by / Lian Khan Sum(CNC-Japan)
Rest of your post
Posted by PNSjapan at 11:02 PM 0 comments
Labels: သတင်း
Friday, December 25, 2009
Myanmar: Beneath the surface
Two years ago the world watched in dismay as Myanmar's military junta brutally crushed the so-called Saffron Revolution. It was the only show of mass opposition to have occurred inside the country in almost 20 years.
Now, that same junta is moving towards elections some time in 2010, but no one expects them to be either free or fair, based as they are on a constitution seemingly designed to ensure the survival of those in power.
Filmmaker Hazel Chandler entered the country undercover for People & Power, to find out how Myanmar's people are fairing, and to investigate disturbing claims that the regime may be trying to develop nuclear weapons.
Copy from http://english.aljazeera.net/programmes/peopleandpower/2009/12/20091221105558464153.html
Posted by PNSjapan at 1:13 AM 0 comments
Wednesday, December 23, 2009
(၂၈)လမြောက် ကျောင်းသားခေါင်းဆောင်များ လွတ်မြောက်ရေးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)
၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ(၂၁)ရက်
ဂျပန်နိုင်ငံ တိုကျိုမြို့ရှီနာဂါဝါမြို့နယ် နအဖ အခွန်ရုံးရှေ့ တွင် (၇၁)နှစ်မြောက် ဗိုလ်အောင်ကျော်နေ့ အထိမ်းအမှတ်နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဖမ်းဆီး ထိမ်းသိမ်း ထားခြင်း(၂၈)လမြောက် လွတ် မြောက် ရေး တောင်းဆိုဆန္ဒပြပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီမှ ၄ နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
PNS-Japan
Photo by / Soeaung1961sep
Rest of your post
Posted by PNSjapan at 12:57 AM 0 comments
Labels: သတင်း
Tuesday, December 22, 2009
သျှမ်းပြည်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်)၏ ၂၀၁၀ ခုနှစ်အတွက် အလုပ်မှုဆောင်ကော်မတီများ
သျှမ်းပြည်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) သည် ပြီးခဲ့သည့် ၂၀ ရက်နေ့ဒီဇင်ဘာလ ၂၀၀၉ တွင် ဂျပန်နိုင်ငံရောက် ရှမ်းပြည်နယ်တိုင်းရင်းသားများမှ စုပေါင်းပြီး ၂၀၁၀ ခုနှစ်အတွက် အလုပ်မှုဆောင်ကော်မတီများ ရွေးချယ်တင်မြောက်ပြီးစီးခဲ့ပါသည်။
ဓာတ်ပုံ မှတ်တမ်းများနှင့်အတူ
Posted by PNSjapan at 1:10 AM 0 comments
Labels: သတင်း
Sunday, December 20, 2009
Pang Deng Nork New village
Opening ceremony of New village
Pang Deng Nork village
Chiang Mai
Pang Deng Nork villagers were celebrated their new village which held on Dec 10-12, 2009. At the ceremony, many Palaung villagers from Fang and Mae Ai districts as well as guests from Chiang Mai and local Thai authorities such as police offers, Thai Army officers, forestry department and school teachers were also attended the opening ceremony. The ceremony were organized by Makhampom Foundation and UHDP and Pang Deng Nork villagers wer host food and accomodation to the guests.
PNS-Japan
Posted by PNSjapan at 12:46 AM 0 comments
Labels: သတင်း
၂၀၀၉ ခုနှစ် နှစ်ကုန် နှုတ်ဆက်ပွဲ အခမ်းအနား(တိုကျို)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၇)က်နေ့ 
တိုကျိုမြို့  AKASAKA တွင် ကျင်းပပြုလုပ်သည့် ဂျပန်အောက်လွတ်တော် ဥက္ကဋ္ဌ Mr.TAKAHIRO YOKOMICHI ၏ ၂၀၀၉ ခုနှစ် နှစ်ကုန်နှုတ်ဆက်ပွဲ ပါတီ အခမ်းကို NDF ဂျပန်တာဝန်ခံ Mr.SHIMISU နှင့်အတူ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံ တိုင်းရင်းသားဒေသမှ လူ့ အခွင့်အရေးချိုးဖေါက်ခံနေရသည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီးသည့်နောက် တိုင်းရင်းသား ဒေသမှ လူ့ အခွင့် နှင့်ပတ်သက်သည့် အစီရင်ခံစာမှတ်တမ်းကို လွတ်တော်ဥက္ကဋ္ဌ ထံပေးအပ်ခဲ့ပါသည်။
PNS-Japan
Posted by PNSjapan at 12:24 AM 0 comments
Labels: သတင်း
Tuesday, December 15, 2009
No united army for us, rebels vow
(http://www.bangkokpost.com/news/investigation/29198/no-united-army-for-us-rebels-vow) မှ ကူးယူထားခြင်းဖြစ်ပါသည်။
Posted by PNSjapan at 12:27 AM 0 comments
Labels: သတင်း
Friday, December 11, 2009
(၆၁)နှစ်ပြည့်မြောက် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့ အခမ်းအနား(တိုကျို)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်
ဂျပန်နိုင်ငံ Shibuya မြို့ နယ် ကုလသမဂ္ဂ အဆောက်အဦးရှေ့ မှာ (၆၁)နှစ်ပြည့်မြောက် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့  အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (JAC) မှ ဦးဆောင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းနားမှာ ဂျပန်နိုင်ငံရောက် အီရတ်နိုင်ငံသားများ၊ ကွန်ဂိုနိုင်ငံသားများ၊ အီသီယိုပီးယား နိုင်ငံသားများ၊ တီဘက်နိုင်ငံသားများ နှင့် မြန်မာ့ဒီမိုကရေစီ အင်အားစုများတက်ရောက်ပြီး မိမိတို့ နိုင်ငံ ဒေသအသီးသီးမှ ဖြစ်ပေါ်နေသော လူအခွင့်အရေးချိုးဖေါက်ခံနေရသည့် အကြောင်းကို ဟောပြောခဲ့ကြပါသည်။ ထိုအပြင် ဂျပန်နိုင်ငံ လူ့ အခွင့်အရေးအဖွဲ့ များ၊ NGO အဖွဲ့ များ နှင့် မြန်မာ့အရေးကို အားပေးကူညီ ခဲ့ကြသော အဖွဲ့ အစည်းများပါ ပူးပေါင်းပါဝင်ခဲ့ကြပါသည်။
PNS-Japan
Posted by PNSjapan at 3:19 PM 0 comments
Labels: သတင်း
Thursday, December 10, 2009
တိုင်းရင်သားခေါင်းဆောင်များ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ(တိုကျို)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၉)ရက်။
ဦးခွန်ထွန်းဦး၊ဒေါ်အောင်ဆန်းစုကြည် ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ အခမ်းအနားကို AUN-Japan မှ ဦးဆောင်ပြီး ၂၀၀၇ ခုနှစ် မှ စတင်၍ လစဉ် (၉) ရက်နေ့  ကျရောက်တိုင်း ကျင်းပ လာခဲ့သလို ယခုအချိန်ထိ AUN-Japan ၊ SND နှင့် SSND တို့ ပူးပေါင်း၍ ဦးခွန်ထွန်းဦး အပါအ၀င်တိုင်းရင်းသား ခေါင်းဆောင်များ ၊နိုင်ငံရေး အကျဉ်းသားများအားလုံး ကျမ္မာစေဖို နှင့် အမြန်ဆုံး လွတ်မြောက်ရန် အတွက် လစဉ် (၉)ရက်နေ့  ကျရောက်တိုင်း ဆက်လက်၍ တောင်းဆို ဆန္ဒပြပွဲ များ ပြုလုပ်လျှက်ရှိပါသည်။
အဆိုပါဆန္ဒပြပွဲ အခမ်းအနားကို Shibuya မြို့ နယ် UN အဆောက်အဦးရှေ့ တွင်ကျင်းပပြုလုပ်ခဲ့ကြပါသည်။
PNS-Japan
Posted by PNSjapan at 12:45 AM 0 comments
Labels: သတင်း
Tuesday, December 8, 2009
(တအာင်း)ပလောင် တောင်ပိုင်နယ်ကို အစဉ်အဆက်အုပ်ချုပ်လာသော စော်ဘွားများ
တအာင်း (ပလောင်)တောင်ပိုင်နယ်ကို အစဉ်အဆက် ရိုးရာမပျက် အုပ်ချုပ်လာသော စော်ဘွားများအနက်၊ ပုဂံခေတ်က အုပ်ချုပ်လာသော စော်ဘွားများကို မသိရသော်လည်း မုဆိုးဆျက် အလောင်း မင်းတရား လက်ထက်တော်မှ၍ အချုပ်အခြာ အာဏာပိုင်နှင့် လွတ်လပ်သော ပြည်ထောင်စု သမတ မြန်မာနိုင်ငံတော်အထိ အစဉ်အဆက် ရိုးရာမပျက် အုပ်ချုပ်လာသော စော်ဘွားများမှာ-
၁။ ဒဒွေးဖ။
၂။ ဖခွန်မြ။
၃။ ဖခွန်ဆိုင်။
၎။ ဖဒွေးတော်။
၅။ ဖလွယ်လျို။
၆။ ဖခွန်ကျိန်မိန်း။
၇။ ဖခွန်ဆေ။
၈။ ခွန်တန်မိန်း။
၉။ ဖကန်ခွန်ဆိင်ရဲ (ခေါ်)ခွန်ဆာ။
၁၀။ ခွန်ကျန်။
၁၁။ အောင်ဆာ။
၁၂။ ခွန်ကွန်း။
၁၃။ ခွန်ခမ်းမိန်း။
၁၄။ ခွန်ခမ်းတန်မိန်း။
၁၅။ ခွန်ဆင်အွမ် (ကြက်သရေဆောင် ရွှေစလွယ်ရမင်း)။
၁၆။ ခွန်ပန်းစိန် (မဟာသရေစည်သူ)
မင်းတုံးမင်းတရားလက်ထက် “ခွန်ကျန်” ပုန်ကန်ထကြွသောကြောင့် ရာထူးမှ ချပြီး၊ “အောင်ဆာ” ကို စော်ဘွားခန့်ထားလေသည်။ စော်ဘွားရာထူးကျ “ခွန်ကျန်” သည် မန္တလေး၌ အချုပ်ခံနေရစဉ်၊ ကွယ်လွန်အနိစ္စ ရောက်လေသည်။
သက္ကရာဇ် ၁၂၃၀ ပြည့်နှစ်၊ အောင်ဆာကို “ခွန်ကွန်း”က လုပ်ကြံ၍ စော်ဘွားရာထူးကို လုယူပြီး၊ မြန်မာဘုရင်ကို နှစ်စဉ်ပဏ္ဍာတော်များ ဆက်သွင်း၍ ၊ သင့်တင့်စွာ အုပ်ချုပ်နေလေသည်။
၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့ မြန်မာဘုရင်နှင့် နိုင်ငံတော်အလုံးကို ဗြိတိသျှတို့ သိမ်းယူပြီးနောက် ၁၂၄၉ ခုနှစ်၊ တပေါင်းလ၌ (Colonel Sladen) ကာနယ်စလေဒင်၊ (Ser Arther White) ဆာအာသာဝှိုက်၊ (Mr. Berzet) မစ္စတာ ဘားဇက်အစရှိသော ဗြိတိသျှစစ်ဗိုလ်ကြီးများ ကွပ်ကဲ၍ အင်္ဂလိပ်စစ်တပ်များချီတက်စေပြီး၊ တောင်ပိုင်းရှမ်းပြည်၊ ညောင်ရွှေနယ် “မိုင်းသောက်” မြို့တွင် စစ်စခန်းချ၍ စော်ဘွား၊ မြို့စား၊ ငွေခွန်တော်မှူးတို့အား ဗြိတိသျှ အလံတော်အောက်၊ ၀င်ရောက်ရန် သစ္စာတော်ရည်တိုက်သောအခါ၊ “ခွန်ခမ်းမိန်း”သည် မိုင်းသောက်မြို့သို့ လာရောက် သစ္စာတော်ရည်သောက် ခြင်းမပြုသည်သာမက၊ ငါတို့အရှင် မြန်မာဘုရင်နှင့် ထီးနန်းကို ပြန်လည် တိုက်ခိုက်ယူမည်ဟူသော စိတ်ဓါတ်နှင့် တောင်ပိုင်နယ်သို့ ချီတက်လာသော ဗြိတိသျှစစ်တပ်ကို ဆီးကြိုခုခံတိုက်လေသည်၊ သို့ရာတွင် အရေးမသာ၍ တိမ်းရှောင်ရလေသည်။သားတော် “ခွန်ခမ်းတန်မိန်း”က အရေးပြီးပြောအောင် ဆောင်ရွက်သောကြောင့်၊ ဗြိတိသျှတို့ကလည်း လိုက်ရော၍ တိုက်ပွဲကို ရပ်စဲပြီး၊ “ခွန်ခမ်းတန်မိန်း” ကို ပင် စော်ဘွားရာထူး ခန့်အပ်လေသည်။ အာဇာနည် စော်ဘွားကြီး “ခွန်ခမ်းမိန်း” ကား၊ သာသနာ့ဘောင်အတွင်းသို့ ၀င်ရောက်ထမ်းဆောင်ကာ အသက်ထက်ဆုံး နေထိုင်သွားတော့၏။
၁၂၅၈ ခုနှစ်၊ “ခွန်ခမ်းတန်မိန်း” ကွယ်လွန်၍ သားတော် “ခွန်ဆင်အွမ်” စော်ဘွားရာထူးဆက်ခံလေသည်။ ၄င်းစော်ဘွားကြီး လက်ထက်၊ ရှေးအခါက လားဝန်တင်၊ နွားဝန်တင်များနှင့် ကူးလူးဆက်ဆံ သွားလာ ရောင်းဝယ်နေရသော သီပေါနယ်၊ ကျောက်မဲမြို့နှင့် နမ့်ဆန်မြို့ကို မော်တော်ကားလမ်း စတင်ဖေါက်လုပ် စေလေသည်။
၁၉၁၂ ခုနှစ်၊ နှစ်ဦး အစလောက်ကစတင် ဖေါက်လုပ်စေရာ ၁၉၂၄ ခုနှစ်၊ အောင်မြင်ပြီးစီး၍ ဖို့မော်တော်ကားများ စတင်သွားလာကြသည်။ ပညာရေးကို အထူး အားပေးတော်မူသည့် အလျောက် မြန်မာဘာသာ အလယ်တန်းကျောင်း ဖွင့်လှစ်ရန် ကြိုးစားရာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပေသည်။ ဗြိတိသျှအစိုးရက စော်ဘွားကြီးအား ကြက်သရေဆောင် ရွှေစလွယ်ရမင်း ဘွဲ့တံဆိပ်ကို ချီးမြှင့်လေသည်။
စော်ဘွားကြီး “ခွန်ဆင်အွမ်” သည် ပလောင်အမျိုးသမီး မဟာဒေ၀ီ အပြင်၊ မန္တလေးမြို့သူ မြန်မာအမျိုးသမီး ဒေါ်ညွှန့်နှင့် ဒေါ်ခင်သက် (ခေါ်) ဒေါ်ခင်ခင်တို့ ညီအစ်မကို မင်္ဂလာဒေ၀ီ၊ ရတနာဒေ၀ီ တင်မြှောက်ရာ၊ ၄င်းတို့မှ ပွါးစီးလာသော သား၊ သမီး၊ မြေး မြစ်များ တောင်ပိုင်နယ်တွင် များစွာရှိလေသည်။ ၁၂၈၉ ခုနှစ်၊ “ခွန်ဆင်အွမ်” ကွယ်လွန်၍ ပလောင် မဟာဒေ၀ီမှ ဖွားမြင်သော သားတော် “ခွန်ပန်းစိန်” စော်ဘွားရာထူးကို ဆက်ခံလေသည်။
၎င်းလက်ထက် စော်ဘွားကြီး “ခွန်ဆင်အွမ်”ကြိုးစား ဆောင်ရွက်ခဲ့သော မြန်မာဘာသာသင် အလယ်တန်းကျောင်းကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် အလယ်တန်း ကျောင်းအဖြစ်သို့ ရောက်ရှိအောင် ကြိုးစားဆောင်ရွက်ရာ အောင်မြင်ခဲပပြီး၊ ၁၉၅၉ ခုနှစ်တွင် အလယ်တန်းကျောင်းမျ အထက်တန်းကျောင်း အဖြစ်သို့ ရောက်ရှိခဲ့ပေသည်။ ဆရာ ၆ ယောက်၊ ဆရာမ ၆ ယောက်ဖြင့် သင်ကြားပို့ချလျက်ရှိရာ၊ ယခုအခါ ကျောင်းသား ဦးရေမှာ ၈၀၀ ကျော်မျှ ရှိပေသည်။ တက္ကသိုလ်ဝင် ကျာင်းသား ဦးရေ ခန့်မှန်းခြေ ၁၆ ယောက်ရှိသည်ဟု သိရှိရသည်။
စော်ဘွားကြီး ခွန်ပန်းစိန် လက်ထက် ပညာရေးနှင့် ပတ်သက်၍ တောင်ပိုင်နယ်တွင် မူလတန်း ကျောင်းပေါင်း ၂၇ ကျောင်း ဖွင့်လှစ်စေ၍ ပညာ သင်ကြားပေးနေသည့်အပြင် အချို့ရပ်ရွာများ၌ အစိုးရ အထောက်အပံ့ ချက်ခြင်းမရသေးမီ ရပ်ရွာက တည်ထောင်သော ကျောင်းနှင့် ဆရာ၊ ဆရာမ လခကို ရပ်ရွာက ပညာ ပါရမီအဖြစ် ပေးနေသော ကျောင်းပေါင်း ၁၀ ကျောင်းမျှ ရှိပေသည်။
အစိုးရ အသိအမှတ်ပြုသော ကျောင်းများပင် ဖြစ်သော်လည်း ကျောင်းသား ဦးရေများ၍ ဆရာ မလုံလောက်သောကြောင့် သက်ဆိုင်ရာ ရပ်ရွာ ကော်မီတီများက ဆရာကို ရှာဖွေငှါးရမ်းကာ ရပ်ရွာပညာရေး ရံပုံငွေဖြင့် လစာထောက်ပံ့ ခန့်ထားသော ဆရာ၊ ဆရာမပေါင်း ၂၀ ကျော်မျှရှိသည်။ ၄င်းစော်ဘွားကြီး လက်ထက် နမ့်ဆန်မြို့မှ ၃၁ မိုင် ဝေးသော သီပေါး-နမ္မတူ မော်တော်ကားလမ်းရှိ “ပန်လုံ” မြို့ကို မော်တော်ကားလ်း ဖေါက်လုပ်စေ၍ ကုန်သည်များ ကူးလူးဆက်ဆံ ဖေါက်ကားရောင်းဝယ်နိုင်ရန် လမ်းဖွင့်ပေးလေသည်။ ပန်လုံမှ သျီပေါသို့ ၁၈ မိုင် ဝေးရာ၊ သီပေါနှင့် နမ့်ဆန် ၄၉ မိုင်ဝေးသည်။
PNS-Japan
Posted by PNSjapan at 12:34 AM 0 comments
Labels: ကျွှန်တော်တို့အကြောင်း, ပလောင်ယဉ်ကျေးမှု, မှတ်တမ်း
Friday, December 4, 2009
SSA-S နှင့် PNLO အကြားပြစ်ခတ်မှုနှင့်ပတ်သတ်၍ AUN-Japan ၏ သဘောထားထုတ်ပြန်ကျေညာချက်။
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ(၃)ရက်
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်)၊ Association of United Nationalites in Japan (AUN- Japan) သည် ဂျပန်နိုင်ငံတွင် ပအို့တိုင်းရင်းသားများ၊ ရှမ်းတိုင်းရင်းသားများအပါအ၀င် တိုင်းရင်းသားလူမျိုးပေါင်း စုံဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်ပါသည်။
၂၀၀၉ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့ ရှမ်းပြည်နယ်တောတွင်တနေရာတွင် ပအို့အမျိုးသားလွတ်မြောက်ရေးအ ဖွဲ့ (PNLO) နှင့် ရှမ်းပြည်နယ်တပ်မတော်-တောင်ပိုင်း(SSA-S) တို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ သည်အပေါ် AUN-Japan အနေဖြင့် များစွာ စိုးရိမ်သောကဖြစ်မိပါသည်။
ထိုပစ်ခတ်မှုတွင် ပအို့အမျိုးသားများလွတ်မြောက်ရေးအဖွဲ့၏ဆေးမှူးဖြစ်သူ ခွန်ဇော်ဦး ကျဆုံးသွားည့်အတွက် လည်း ပအို့အမျိုးသားများ နှင့် အတူထပ်တူထပ်မျှ ၀မ်းနည်းရပါကြောင်းဖေါ်ပြလိုပါသည်။
သို့သော်လည်းနှစ်ဘက်ခေါင်းဆောင်များက ယခုလိုအောက်ခြေအဖွဲ့ဝင်များအကြား မတော်တဆဖြစ်မှုကိုဆွေး နွေး ဖြေရှင်းခြင်းဖြင့် အဖြေရှာမည် ဟုကြားသိရသည့်အတွက် AUN-Japan အနေဖြင့် လှိုက်လှဲစွာကြိုဆိုပါကြောင်း နှင့် အမြန်ဆုံး ဖြေရှင်းနိုင်ပါစေကြောင်း တိုက်တွန်းအပ်ပါသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့်စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဘုံရန်သူဖြစ်သော စစ်အာဏာရှင်စနစ်ဆိုးအား ဆန့်ကျင် တော်လှန်တိုက်ပွဲဝင်နေသော ယခုလိုအချိန်မျိုးတွင် ရည်ရွယ်ချက်ချင်းတူညီသော တိုင်းရင်းသားအဖွဲ့ အချင်းချင်း တို့အကြား ယခုလိုဖြစ်ပွါးမှုသည် ရန်သူအကြိုက် ကိုဖြစ်စေသည်မှအပ မည်သူမျှအကျိုးရှိမည်မဟုတ်ပေ။
နအဖသည် မိမိတို့တိုင်းရင်းသားများအကြား စည်းလုံးညီညွတ်မှုပျက်ပြားအောင် အမျိုးမျိုးသပ်လျှို၊ သွေးခွဲ၊ အ ကောက်ကြံမှုများကို ပေါ်ပေါ်ထင်ထင်တမျိုး၊ သွယ်ဝိုက်၍တဖုံ အမျိုးမျိုးကြံဆောင်လျှက်ရှိနေသည်ကို သတိကြီး စွာ ထားကြရမည်ဖြစ်ပါကြောင်း ထပ်လောင်းဖေါ်ပြအပ်ပါသည်။
အလုပ်အမှုဆောင်အဖွဲ့
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်)
၂၀၀၉ခုနှစ် ဒီဇင်ဘာလ (၃) ရက်
ဆက်သွယ်ရန်- ဥက္ကဌ ၀၈၁-၉၀-၆၀၂၅-၄၆၂၉
အထွေထွေအတွင်းရေးမှူး ၀၈၁-၉၀-၉၈၃၁-၇၁၉၂
Posted by PNSjapan at 3:18 PM 0 comments
Labels: သတင်း



