PNS-Japan
Monday, November 30, 2009
Baby Billie Jean - Michael Jackson babies dancing
Posted by PNSjapan at 6:28 PM 0 comments
Labels: ဗွီဒီယို
AUN-Japan ၏ ( ၂၀၀၉ -၂၀၁၀ ) ခုနှစ် အတွက် အလုပ်အမှုဆောင် ရွေးကောက်ပွဲ အခမ်းအနား(တိုကျို)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၂၉)ရက်
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)၏ ၂၀၀၉ - ၂၀၁၀ ခုနှစ် အတွက် အလုပ်အမှုဆောင် ကော်မတီ ရွေးကောက်ပွဲ အခမ်းအနားကို Toshimaku မြို့ နယ် E ,cotoshima Plaza , 8F . မှာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်မှာ အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အဖြစ် (ရခိုင်)မှ ဦးဘအေး အားလည်းကောင်း၊ တွဲဘက် ရွေးကော်ပွဲ ကော်မရှင် ဥက္ကဌ အဖြစ် (ကရင်) ဦးဂုံအောင်(ခ) ဦးသောမတ်(စ်) နှင့် ဦးစိုင်းဆမ်မုဒ် (ရှမ်း) တို့ မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှုး အဖြစ် (SSND) စိုင်းရွေလှု မှ ဆောင်ရွက် ခဲ့ကြပါသည်။ရွေးကောက်ပွဲ အခမ်းအနားအတွက် (SSND) အဖွဲ့  နှင့် (OKOJ) အဖွဲ့ မှ ပါဝင်ကူညီ ပေးခဲ့ပါသည်။
၂၀၀၉ - ၂၀၁၀ ခုနှစ် အလုပ်အမှုဆောင် အတွက် AUN-Japan ၏ အဖွဲ့ ဝင် အဖွဲ့ အစည်းအသီးသီး ကိုယ်စား (၃၂) ဦးကို အချိုးကျ ရွေးချယ်ခဲ့ပြီး ၂၀၀၉ - ၂၀၁၀ ခုနှစ် အတွက် လုပ်ငန်းစဉ်များကို ဦးဆောင် အကောင်အထည်ဖေါ်ဆောင်သွားရန်အတွက် AUN-Japn ဥက္ကဌ အဖြစ် စိုင်းစီဝမ် (SND-Japan) အား လည်းကောင်း၊ တွဲဘက် ဥက္ကဌ (၁) အဖြစ် လဖိုင်ဇော်လှ (KNO-Japan) ၊ တွဲဘက် ဥက္ကဌ (၂) အဖြစ် ဦးခုတ်စွမ်းဂင် (CNC-Japan) အား လည်းကောင်း ရွေးချယ်ခဲ့ကြပါသည်။ အထွေထွေ အတွင်းရေးမှုး အဖြစ် ဦးမင်းဝင်းတေဇ ( PMNS-Japan )၊ တွဲဘက် အထွေထွေအတွင်းရေးမှုး(၁) အဖြစ် ကျော်သန်းလှိုင် ALD(Exile)Japan ၊ တွဲဘက် အထွေထွေအတွင်းရေးမှုး(၂)အဖြစ် ဦးသိန်းရယ် (KNS-Japan) တို့ အား ရွေးချယ်ခဲ့ကြပါသည်။ ရေးရာမှုး နှင့် တွဲဘက်ရေးရာမှုး (၂၂)ဦး တို့ ကို ရွေးချယ် တာဝန်ပေးခဲ့ပါသည်။
PNS-Japan
Photo by- Lian Khan Sum
Rest of your post
Posted by PNSjapan at 12:25 AM 0 comments
Labels: သတင်း
Thursday, November 26, 2009
ရွှေဂုံတိုင် ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲ ( တိုကျို - ဂျပန် ) “ဗီဒီယို မှတ်တမ်း အစအဆုံးကြည့်ရန်”
ဗီဒီယိုမှတ်တမ်း - ကိုပွား
ဗီဒီယိုများကို ဆက်ကြည့်ရန် ( ၂၊၃၊၄၊၅၊၆၊၇၊၈၊၉၊၁၀၊၁၁၊၁၂၊၁၃၊၁၄၊၁၅)
Credit By: http://nldlajb.blogspot.com
Photo by / Lian Khan Sum(CNC-Japan)
Posted by PNSjapan at 12:40 AM 0 comments
Labels: သတင်း
Monday, November 23, 2009
ရွှေဂုံတိုင် ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲ ( တိုကျို - ဂျပန် )
၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၂၃)ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ၂၀၀၉ ခုနှစ် ဧပြီလ (၂၉)ရက်နေ့ မှာ ပြည်သူလူထုတရပ်လုံး ကိုယ်စား ထုတ်ပြန် ကြေငြာ တောင်းဆိုခဲ့သည့် ရွှေဂုံတိုင် ကြေငြာစာတမ်းအား အကောင်အထည် ပေါ်ပေါက်လာနိုင်ရေးအတွက် ဂျပန်နိုင်ငံမှာ ရွှေဂုံတိုင်ကြေညာစာတမ်း (သို့) လက်ရှိမြန်မာနိုင်ငံ အကျပ်အတည်းမှ ထွက်ရပ်လမ်း ခေါင်းစဉ်ဖြင့် ယနေ့  နိုဝင်ဘာလ (၂၃)ရက် JTUC(Rengo)အဆောက်အဦးခမ်းမ၌ နှီးနှောဖလှယ်ပွဲ အခမ်းအနားတရပ် ကျင်းပပြုလုပ်ခဲ့ကြပါသည်။
သတင်းများကို နောက်ပိုင်းတွင် ဆက်လက်ဖေါ်ပြသွားမည်ဖြစ်ပါသည်။
PNS-Japan
Photo by - Lian Khan Sum(CNC-Japan)
Rest of your post
Posted by PNSjapan at 11:35 PM 0 comments
Labels: သတင်း
Sunday, November 22, 2009
NCGUB အလုပ်သမားဝန်ကြီး နှင့် AUN-Japan တွေ့ ဆုံပွဲအခမ်းအနား(တိုကျို)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၂၁)ရက်
ဂျပန်နိုင်ငံသို့  ခေတ္တရောက်ရှိလာသော သထုံမြို့ နယ် အမှတ်(၁) ပြည်သူလွတ်တော်ကိုယ်စားလှယ် ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့် ပေါင်းအစိုးရ (NCGUB) အလုပ်သမား ၀န်ကြီး ဦးခွန်မြင့်ထွန်း နှင့် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း (ဂျပန်) AUN-Japan နှင့် တွေ့ ဆုံဆွေးနွေးပွဲ အခမ်းအနားကို Takadanobaba မြို့ AUN-Japan ရုံးခန်းမှာ ညနေ ၁၈း၃၀ နာရီ မှ ၂၁း၃၀ နာရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
PNS-Japan
Rest of your post
Posted by PNSjapan at 1:08 AM 0 comments
Labels: သတင်း
Saturday, November 21, 2009
ဂျပန် အမတ်များသမဂ္ဂ ပြန်လည်ဖွဲ့ စည်းခြင်း။
၂၀၀၉ ခုနှစ် နိုဝင်ဘာ လ (၂၀)ရက်
မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသော ဂျပန်လွတ်တော် အမတ်များ သမဂ္ဂအဖွဲ့ ကို ယနေ့  ၂၀၀၉ခုနှစ် နိုဝင်ဘာလ (၂၀)ရက် နေ့ မှာ ပြန်လည်ပြင်ဆင်ဖွဲ့ စည်းလိုက်ပါသည်။ ထိုအခမ်းအနားကို ဂျပန်လွတ်တော် ( Dai 3 ) အဆောက်အဦးရှိ ခန်းမတွင် ကျင်းပပြုလုပ်ပြီး ဂျပနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများ၊ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများပါ တက်ရောက်ခဲ့ကြပါသည်။
လက်ရှိအာဏာရပါတီမှ အမတ်ဦးရေ အများစု နှင့် အခြားပါတီမှ အမတ်များပါဝင်သော အမတ်ဦးရေ (၆၀)ဦးဖြစ် ပြင်ဆင်ဖွဲ့ စည်းလိုက်ပါသည်။ အမတ်များသမဂ္ဂ ဥက္ကဌ ကို Mr.Suematsu Yoshinori နှင့် အထွေအထွေအတွင်းရေးမှုး အဖြစ် Mr.Azuma Kono တို့ ကို ရွှေးချယ်တာဝန်ပေးအပ်ခဲ့ပါသည်။
PNS-Japan
Posted by PNSjapan at 12:48 AM 0 comments
Labels: သတင်း
Sunday, November 15, 2009
သျှမ်း နှစ်သစ်ကူး အထိမ်းအမှတ် အခမ်းအနား (တိုကျို)
သျှမ်း နှစ်သစ်ကူး အထိမ်းအမှတ် အခမ်းအနားကို Tokyo Ooyama Bunka Center မှာ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၁၅)ရက် ညနေ ၁၇း၀၀ နာရီ မှ ၂၁း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားမှာ သျှမ်း နှစ်သစ်ကူး ကျင်းပပြုလုပ်ရသည့်အကြောင်းကို နာယက ကြီး စိုင်းဆမ်မုဒ် မှ ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များအား သျှမ်းရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါသည်။
PNS-Japan
Photo by- Lian Khan Sum (CNC-Japan)
Posted by PNSjapan at 11:17 PM 0 comments
Labels: သတင်း
(၃)ကြိမ်မြောက် JAR - AUN-Japan အလုပ်ရုံးဆွေးနွေးပွဲ (တိုကျို)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၁၅)ရက် နေ့ 
(၃)ကြိမ်မြောက် Japan Association for Refugees နှင့် AUN-Japan အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို Toshimaku မြို့ နယ် Ootsuka Dai I chi Hall တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် JAR အဖွဲ့  မှ Social Worker တာဝန်ခံ Mr.KOTO က ပို့ ချပေးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲတွင် သက်ကြီးပင်စင်ကိစ္စများ၊ ကျမ္မာရေးအာမခံချက်ကိစ္စရပ်များ၊ အခွန်ကိစ္စရပ်များနှင့် ဖျားနာ အလုပ်မလုပ်နိုင်တော့သည့်အချိန် ဂျပန်အစိုးရထံမှ ရယူနိုင်မည့် အကူအညီ ထောက်ပံ့ကြေးငွေ ရယူရေးကိစ္စများ ကို အသေးစိတ်ရှင်းလင်း ပို့ ချသွားခဲ့ပါသည်။
တက်ရောက်လာကြသည့် သူများထဲမှ မရှင်းလင်းသည်များကို အပြန်အလှန် ဆွေးနွေးမေးမြန်းမှုများကို ပြုလုပ်ပြီးသည့်နောက် AUN-Japan ၏ ဥက္ကဌ ဦးဇော်မင်းခိုင်မှ ကျေးဇူးတင်စကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ည (၂၁း၀၀)နာရီတွင် ရုတ်သိမ်းလိုက်ပါသည်။
PNS-Japan
Photo by - Lian Kin Sum(CNC-Japan)
အပြည့်အစုံသို့ ...
Rest of your post
Posted by PNSjapan at 10:39 PM 0 comments
Labels: သတင်း
Saturday, November 14, 2009
(RHQ)Refgees Head Quarter အကြိမ်(၃၀)မြောက် ချစ်ကြည်ရေးပွဲတော်
(RHQ)Refgees Head Quarter မှ ဦးစီးကျင်းပပြုလုပ်သည့် အကြိမ်(၃၀)မြောက် ဂျပန်တွင်အခြေချ နေထိုင်ကြသည့် ဒုက္ခသည်များ၏ ယဉ်ကျေးမှုပဒေသာကပွဲအခမ်းအနားကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့  Shinjuku မြို့ နယ် Bunka Center Hall ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားအစီအစဉ်ကို နှစ်ပိုင်းခွဲ ကျင်းပပြုလုပ်ပြီး ပထမပိုင်းတွင် အာရှလူမှုရေးနှင့်ပညာရေးဖေါင်ဒေးရှင်း ဥက္ကဌ Mr.Tamisuke Watanuki မှ နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပြီးနောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ၊ တရားရေးဝန်ကြီးဌာနမှ လူဝင်မှုကြီးကြပ်ရေးညွန်ချုပ်၊ UNHCR ဂျပန်တာဝန်ခံတို့ မှ အမှာစကား ပြောကြားခဲ့ကြပါသည်။
ဂျပန်နိုင်ငံတွင် အခြေချနေထိုင်ကြသည့် ဒုက္ခသည်များအတွက် အလုပ်အကိုင်ဖန်တီးအကူအညီပေးသည့် ဌာနများနှင့် ဒုက္ခသည် ကူညီထောက်ပံ့သူများတို့ ကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြင့်ခဲ့ပါသည်။ ဂျပန်တွင် အခြေချနေထိုင်သူများထဲမှ စံပြ အခြေချနေထိုင်သူ ဒုက္ခသည် (၁၁)ဦးကိုလည်း ဂုဏ်ပြုလက်မှတ် ချီးမြင့်ခဲ့ပါသည်။
ဒုတ်ယပိုင်း အခမ်းအနားကို Musashino အလယ်တန်းနှင့်အထက်တန်း ကျောင်းသူများမှ ဘင်ခရာတီးဝိုင်းဖြင့် တင်ဆက်ပြီး ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း AUN-Japan မှ တိုင်းရင်းသားလူမျိုးစုအသီးသီးတို့ မှ ရိုးရာယဉ်ကျေးမှုအကများကို ကပြဖျော်ဖြေခဲ့ပါသည်။ ထိုနောက် ကမ္ဘောဒီယား ၊ လာအို ၊ဗီယက်နမ် နိုင်ငံအသီးသီးတို့ မှ ရိုးရာယဉ်ကျေးမှု အကပဒေသာများဖြစ် တင်ဆက်ဖျော်ဖြေသွားပါသည်။ အာရှလူမှုရေးနှင့် ပညာရေးဖေါင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး Mr.Shigeo Ishisaki မှ ကျေးဇူးတင်စကားပြောကြားပြီး “မွေးရပ်မြေကို သတိရတယ် ” FURUSATO ဂျပန်ရိုးရာသီချင်းဖြင့် စုပေါင်းသီဆိုကြပြီး အခမ်းအနားအစီအစဉ်ကို ညနေ ၁၇း၃၀ တွင် ပြီးဆုံးခဲ့ပါသည်။
PNS-Japan
Photo by - Lian Khan Sum( CNC-Japan)
Posted by PNSjapan at 10:46 PM 0 comments
Labels: သတင်း
Monday, November 9, 2009
AUN-Japan လှုပ်ရှားမှုမှတ်တမ်း
အကြိမ်(၃၀)မြောက်ချစ်ကြည်ရေးပွဲတော်
၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်
၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၈)ရက်
၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၁)ရက်။ အောက်တိုဘာလ ( ၂၅ . ၁၈ ) ရက်။
“RHQ”ဒုက္ခသည်ကူညီဆောက်ရှောက်ရေးဌာနချုပ် မှ ကြီးမှုးကျင်းပသည့် ဂျပန်နိုင်ငံတွင်
အခြေချ နေထိုင်သည့် နိုင်အသီးသီးမှ ဒုက္ခသည်များ၏ ယဉ်ကျေးမှု ပဒေသာ ကပွဲကို လာမည့်နိုဝင်ဘာလ (၁၄)ရက်နေ့ တွင် ကျင်းရန် စီစဉ်ထားပါသည်။
ဒုက္ခသည်များ ယဉ်ကျေးမှု ပဒေသာ ကပွဲ၌ ညွီတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း
(ဂျပန်)မှ ပါဝင်ကြသော တိုင်းရင်းသား အသီးသီးတို့ မှ မိမိတို့ ၏ ရိုးရာအကများကို
တင်ဆက်ကပြရန်အတွက် စုပေါင်းလေ့ကျင့်နေကြသည့် မှတ်တမ်းများဖြစ်ပါသည်။
PNS-Japan
Photo by- Lian Khan Sum (CNC-Japan)
Rest of your post
Posted by PNSjapan at 6:29 PM 0 comments
Labels: သတင်း
စစ်အုပ်စု ကိုယ်စားလှယ် သိန်းစိန် ဆန္ဒပြပွဲ(စစ်အခွန်ရုံးရှေ့ တိုကျို)
ဖိနပ်ဖြင့်အပေါက်ခံရမည်စိုးသောကြောင့် မြန်မာသံရုံးသို့လာရောက်မည့်အစီအစဉ်ကို ဗိုလ်သိန်းစိန်ဖျက်သိမ်း
မဲခေါင်မြစ်ဝှမ်းအစည်းအဝေးအတွက် ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် နအဖစစ်အုပ်စု၏ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်ကြီးသိန်းစိန်သည် တိုကျိုမြို့၊ ရှင်နာဂါဝါရပ်ကွက်ရှိ မြန်မာသံရုံးသို့ လာရောက်မည့်အစီအစဉ်ကို ရုတ်တရက်ဖျက်သိမ်းလိုက်ကြောင်းသိရသည်။
မူလအစီအစဉ်အရ အခွန်ရုံးရှေ့ဆန္ဒပြပွဲကို နေ့လယ် ၃ နာရီမှ ညနေ ၅နာရီအထိသာ
စီစဉ်ထားခဲ့ကြသော်လည်း၊ ၅း၃၀ ခွဲတွင် ဗိုလ်သိန်းစိန်ဦးဆောင်သည့် ဂျပန်ရောက် န.အ.ဖကိုယ်စားလှယ်များ ဂါရ၀ပြုခံဖို့လာရောက်မည်ဟု မြန်မာ့ဒီမိုသမားများ သိရှိသွားသဖြင့် မပြန်ကြတော့ပဲ အင်အားတိုးကာ ကန့်ကွက်ဆန္ဒပြဖို့ဆက်လက်လုပ်ဆောင်ကြသည်။
ဂျပန်ရဲများမှလည်း လုံခြုံရေးအင်အားတိုးကာ၊ ဆန္ဒပြမည့်သူများထက် ၃ ဆနီးပါးချထားခဲ့ပြီး၊ အဓိကရုဏ်းဖြိုခွဲရေးရဲများ၊ ရဲမှတ်တမ်းသတင်းထောက်များနှင့်တကွ ရှင်နာဂါဝါရဲမှူးကြီးကိုယ်တိုင်လာရောက်၍ မြန်မာသံရုံးလုံခြုံရေးအတွက် ကွပ်ကဲဆောင်ရွက်ခဲ့သည်။
ဆန္ဒပြမည့်သူများကိုလည်း မြန်မာသံရုံးနှင့် ကိုက် ၁၀၀ အကွာတွင်သာဆန္ဒပြဖို့ပြောဆိုခဲ့ပြီး၊ လိုက်နာမှုမရှိပါက ယခင်ပုံစံများအတိုင်း အင်အားသုံးဖြေရှင်းမည်ဖြစ်ကြောင်း အသိပေးပြောဆိုသည်။ ထို့အပြင် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ဗိုလ်ခင်ညွှန့်လာခဲ့စဉ်အချိန်က လက်စလက်နရှိခဲ့သည့်သူများ၊ ဗိုလ်ဋ္ဌေးဦးလာခဲ့စဉ်က ခွပ်ဒေါင်းအလံလွှင်ထူခဲ့သူများနှင့် ဂျပန်လုံခြုံရေးတာဝန်ခံများ၏ အထူးသတိထားစောင့်ကြည့်စာရင်းထဲတွင်ပါဝင်သည့် မြန်မာ့ဒီမိုသမားများကို လူတစ်ဦးလျင် လုံခြုံရေးရဲ ၄ ဦးခြံရံ၍ သွားလေရာနောက်သို့ တစ်ကောက်ကောက်လိုက်ပါစောင့်ကြည့်ခဲ့ကြသည်။ ဆိုင်းပုဒ်ကိုင်ပြီး ဆန္ဒပြမည့်သူများကိုလည်း ခရမ်းချဉ်သီး၊ ဖိနပ်၊ ရေးဗူးအစရှိသည့် ပစ္စည်းကိရိယာများပစ်ပေါက်ခြင်းမပြုလုပ်ကြရန် ရဲမှူးကြီးကိုယ်တိုင်က လာရောက်ပြောဆိုသည်။
ည ၉း၃၀ အထိ မြန်မာ့ဒီမိုသမားများမှ ကန့်ကွက်ဆန္ဒပြဖို့ စောင့်ဆိုင်းခဲ့ကြသော်လည်း ဗိုလ်သိန်းစိန်အဖွဲ့သည် မြန်မာသံရုံးသို့ လာရောက်ကြည့်ရှု၍ ဂါရ၀ပြုခံမည့်အစီအစဉ်ကို ဖျက်သိမ်းသွားကြောင်း ဂျပန်နိုင်ငံခြားရေးရုံးမှတာဝန်ခံများ၏အကြောင်းကြားချက်အရ လုံခြုံရေးယူထားသည့်ရဲများနှင့်တကွ၊ ကန့်ကွက်ဆန္ဒပြမည့်သူများပါ ည ၁၀ နာရီကျော်ကျော်တွင် ရုပ်သိမ်းသွားခဲ့ကြသည်။
သတင်း။ moethaukkye
မှတ်တမ်းဓါတ်ပုံ။ moethaukkye
။ ko pour
Rest of your post
Posted by PNSjapan at 12:15 AM 0 comments
Labels: သတင်း
Saturday, November 7, 2009
စစ်အုပ်စု ကိုယ်စားလှယ် သိန်းစိန် ဆန္ဒပြပွဲ(တိုကျို)
ဂျပန်လွတ်တော်ရှေ့ 
စစ်အုပ်စု ကိုယ်စားလှယ် သိန်းစိန် မှ ဂျပန်-မဲခေါင်ဒေသ နိုင်ငံများ ထိပ်သည်းအစည်းဝေး
ကျင်းပပြီးသည့်နောက်ပိုင်း ဂျပန်ဝန်ကြီးချုပ်ကို လာရောက်တွေ့ ဆုံကာ ထောက်ခံမှု အသိ
အမှတ်ပြုမှုများ ရယူရန်နှင့် ဂျပန်မြန်မာ ချစ်ကြည်ရေး တိုးမြင့်လုပ်ဆောင်ရန်အတွက် ဂျပန်
ဝန်ကြီးချုပ်ကို လာရောက်တွေ့ ဆုံစဉ် ဂျပန်ရောက် ဒီမိုကရေစီအင်အားစုတို့ မှ ကန့် ကွက်
ဆန္ဒပြခဲ့ကြပါသည်။
မြန်မာပြည်သူများ၏ သဘောထားကို ထင်ဟပ်ပေါ်လွင်စေမည့် အကြံပြုစာကို ဂျပန်ဝန်ကြီးချုပ်ထံသို့ ပေးပို့ ခဲ့ပါသည်။
PNS-Japan
Posted by PNSjapan at 11:02 PM 0 comments
Labels: သတင်း
စစ်အုပ်စု ကိုယ်စားလှယ် သိန်းစိန် ဆန္ဒပြပွဲ(တိုကျို)
တည်းခိုသည့် “New Otani” ဟိုတည်ရှေ့ 
ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော စစ်အုပ်စု၏ ကိုယ်စားလှယ် သိန်းစိန်တည်းခိုရာနေရာဖြစ်သော -NEW OTANI HOTEL ရှေ့ တွင် ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှကြီးမှူး၍ဂျပန်ရောက်
ဒီမိုကရေစီအရေး လှုပ်ရှားသူများမှ နိုဝင်ဘာလ ( ၆ ရက် ၊ ၇ ရက် ) နံနက် ၉ နာရီ မှ ၁၁ နာရီ
အထိ ဆန္ဒပြပွဲသွားရောက်ပြုလုပ်ခဲ့ကြပါသည်။
“လူသတ်စစ်အုပ်စုကိုယ်စားလှယ်သိန်းစိန်(အလိုမရှိ-အလိုမရှိ) ”
“လူသတ်စစ်အုပ်စုနဲ့  ဆက်ဆံမှု(ချက်ချင်းရပ်-ချက်ချင်းရပ်”
ထို့ အပြင် JAC မှ ဂျပန်နိုင်ငံခြားရေးဝန်ကြီးထံသို့ (၆-၇)နေ့ ရက်များတွင်ပြုလုပ်မည့်
ဂျပန်- မဲခေါင် ထိပ်သီးအစည်းအဝေး နှင့်ပတ်သက်သည့် သဝဏ်လွှာကို ပေးပို့ ခဲ့ပါသည်။
PNS-Japan
Posted by PNSjapan at 1:53 PM 0 comments
Labels: သတင်း
Friday, November 6, 2009
မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းသူများ သို့
Joint Action Committee of Burmese Community in Japan
在日ビルマー人共同行動実行委員会 (JAC) 参加団体
ဒီမိုကရေစီ ဂျပန်နိုင်ငံသို့ နအဖ လူသတ် စစ်အုပ်စု ဝန်ကြီးချုပ် ရောက်ရှိလာခြင်းကို ကန့်ကွက်ပွဲရှိသည်ဖြစ်၍အောက်ပါအစီအစဉ်အတိုင်းတက်တက်ကြွကြွပူးပေါင်းလှုပ်ရှားကြပါရန် နှိုးဆော်အပ်ပါသည်။
နေ့ရက် - ( ၆-၁၁-၂ဝဝ၉ ) / ( ၇-၁၁-၂ဝဝ၉ ) ။
နေရာ - NEW OTANI HOTEL , YOTSUYA ဘူတာ , SOPHIA UNIVERSITY ထွက်ပေါက်။
အချိန် - မနက် ( ၉ နာရီ မှ ၁၁နာရီ ) အထိ
ရည်ရွယ်ချက် - နအဖ လူသတ် စစ်အုပ်စု ဝန်ကြီးချုပ် ရောက်ရှိလာခြင်းကို ကန့်ကွက်ပွဲ
JAC- Information
၅-၁၁-၂ဝဝ၉
Posted by PNSjapan at 12:31 AM 0 comments
Labels: သတင်း
Thursday, November 5, 2009
ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့  ဆန္ဒပြပွဲ(တိုကျို)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ( ၄ . ၅ ) ရက်
ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် မဲခေါင်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ၀န်ကြီးချုပ်အဆင့်
အစည်းအဝေး ကို တက်ရောက်နိုင်ရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ စစ်အုပ်စုခေါင်းဆောင်
သိန်းစိန်ကို ဖိတ်ကြားသည့်အတွက် ဂျပန်ရောက် ဒီမိုကရေစီအင်အားစုများမှ ရှုတ်ချကန့် ကွက်သည့် ဆန္ဒပြပွဲကျင်းပခဲ့ကြပါသည်။
ှဆန္ဒပြပွဲ အခမ်းအနားကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့ တွင်ကျင်းပပြုလုပ်ပြီး “စစ်အာဏာရှင်လူသတ်သမား သိန်းစိန် ကို ဖိတ်ကြားသည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အား ရှုတ်ချကန့် ကွက်သည်” ဟု ဂျပန်ဘာသာဖြစ်ကြွေးကြော်ခဲ့ကြပါသည်။
စစ်အုပ်စုခေါင်းဆောင် သိန်းစိန် အစည်းဝေး ကျင်းပသည့်နေရာနှင့် တည်ခိုမည့်နေရာများကို စုံစမ်းပြီးဆန္ဒပြဖို စီစဉ်ထားကြောင်းသိရပါသည်။
PNS-Japan
Rest of your post
Posted by PNSjapan at 12:16 AM 0 comments
Labels: သတင်း