Sunday, August 16, 2009

NCUB Visit Japan for Depayin

၂၀၀၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်

မြန်မာနိုင်ငံမှ လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေများ နှင့်
ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီးကို ဂျပန်အစိုးရမှ တာဝန်ရှိပုဂ္ဂိလ်များအား ဆွေးနွေးတင်ပြ
ခဲ့သည့် မှတ်တမ်းများ

NCUB visted Japan to meet Japanese MPs for appealing about Depayin Masscure.


၂၀၀၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ မှာ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ NCUB
အထွေထွေအတွင်းရေးမှုး ၊ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌဦးအောင်မိုးဇော် နှင့် ဦးဇော်မင်း
(FAC / NCUB ) ၊လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ပြောရေးဆိုခွင့် တို့ သည် ဂျပန်နိုင်ငံသို့ ရောက်ရှိ
လာပြီး မြန်မာနိုင်ငံမှ ဖြစ်ပျက်နေသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီး
ကို ခြုံခိုတိုက်ခိုက်ခံလိုက်ရသည့်အပေါ် ဂျပန်အစိုးရမှ တာဝန်ရှိပုဂ္ဂိုလ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တွေ့ ဆုံဆွေးနွေးရေးအ
တွက် ( ODA )လူသားခြင်းစာနာသည့် အကူအညီများ များစွာကိုပေးခဲ့ပါသည်။ ယခုဖြစ်ပေါ်နေသောအ
ခြေအနေမှာ တွေ့ ဆုံဆွေးနွေးရေးသည် နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးသည်လည်း ဒီပဲယင်း
လူသတ်ပွဲသွေးအိုင်ထဲတွင် စုန်းစုန်းမြုပ် ပျောက်ကွယ်သွားခဲ့ပြီးဖြစ်ကြောင်း နှင့် နေအိမ်အကျယ်ချုပ်
ထိမ်းသိမ်းခံရသည့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို အမြန်ဆုံလွတ်မြောက်အောင်ဖိအား
ပေးတောင်းဆိုပေးဖို တောင်းဆိုခဲ့ကြပါသည်။
ဂျပန်အမတ်များ သမဂ္ဂအထွေထွေအတွင်းရေးမှုး Mr.Seishu Makino မှ ဂျပန်လွတ်တော် တွင်
ဆက်လက်တင်ပြတောင်းဆိုပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာ့ရေးရာရုံးညွန်ကြားရေးမှုးချုပ် Rengo တာဝန်ခံ
Mr.Uchida မှ မြန်မာအစိုးရများကို အကူအညီပေးနေမှုများကို ရပ်ဆိုင်းပေးပြီး ဖိအားပေးမှုများကိုပိုမို
လုပ်ဆောင်သွားဖို တိုက်တွန်းပြောဆိုသွားကြပါသည် ။ မြန်မာ့ရေးရာရုံ ဒါရိုက်တာ ဒေါ်တာမင်းညို၊ FTUB
ဂျပန် တာဝန်ခံ ဦးညွန့် ဆွေ၊ NDF ဂျပန်ကိုယ်စားလှယ် မိုင်ကျော်ဦးတို့ မှ ထိုဆွေးနွေးပွဲအခမ်းအနားကို
တက်ရေက်ခဲ့ပါသည်။



မိုင်ကျော်ဦး
NDF ဂျပန်ကိုယ်စားလှယ်



အပြည့်အစုံသို့ ...

Rest of your post

0 comments: