Tuesday, August 25, 2009
ဂျပန်ရောက် ဒီပဲရင်းတရားခံ ကြံ့ဖွတ် အထွေထွေအတွင်းရေးမှူး ၀န်ကြီးဦးဌေးဦး တည်းခိုရာဟိုတယ်ရှေ့ခွပ်ဒေါင်းအလံနေရာယူ
Posted by PNSjapan at 12:12 AM 0 comments
Sunday, August 16, 2009
ဦးခွန်ထွန်းဦးအပါအ၀င် တိုင်ရင်းသားခေါင်းဆောင်များ လွတ်မြောက်ရေး တောင်းဆိုပွဲ အခမ်းအနားမှတ်တမ်း
ဂျပန်နိုင်ငံတွင် လစဉ် (၉)ရက်နေ့ တိုင်း ကျင်းပသည့် ဦးခွန်ထွန်းဦး အပါအ၀င် အဖမ်းဆီးခံ တိုင်းရင်းသားခေါင်းဆောင်များ လွတ်မြောက်ရေးလှုပ်ရှားမှု
စစ်အာဏာရှင်ကို ကြောက်ရွံ့လို့မနေခဲ့၊ တုန့်နှေးလို့မနေခဲ့၊ လုပ်စရာရှိတာလုပ်သွားခဲ့သူ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဌ ဦးခွန်ထွန်းဦးကို ယခုအခါ ကချင်ပြည်နယ် ပူတာအိုထောင်တွင် နှစ်ရှည် ထောင်ချထားဆဲပင်ဖြစ်ပေသည်။
ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့၏ ငြိမ်းချမ်းရေးရယူသည့် ၁၅ နှစ်မြောက် အထိမ်းအမှတ်ပွဲသို့ တက်ရောက်ပြီး ရှမ်းပြည် ပညာရှင်များ အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခဲ့သည်။ ထို့သို့လုပ်ဆောင်မှုကို နအဖ စစ်အုပ်စုမှ စစ်ရေးအရ အကြမ်းဖက် တော်လှန် ဆန့်ကျင်သည်ဟု ယူဆပြီး မည်သည့် သက်သေအထောက်အထား တစုံတရာမရှိဘဲ နိုင်ငံတော်သစ္စာဖောက်မှု စွဲချက်ဖြင့် မတရားနှစ်ရှည် ထောင်ဒဏ်ချမှတ်ခဲ့သည်။
ဦးခွန်ထွန်းဦးကို လေးစားဂုဏ်ပြုသောအားဖြင့် လစဉ် ၉ ရက်နေ့ရောက်တိုင်း ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် လွှတ်မြောက်ဖို့ အတွက် တောင်းဆိုရေးကို လစဉ်အစည်းအဝေးနှင့် လှုပ်၇ှားမှုများပြုလုပ် နေကြောင်းသိရပါသည်။ ထိုပွဲတွင် အခမ်းအနားမှူးအဖြစ်
တာဝန်ယူဆောင်ရွက်ခဲ့သူ ကိုမိုင်ကျော်ဦးက`` ဦးခွန်ထွန်းဦးဆိုတာ နိုင်ငံတကာကရော မြန်မာတိုင်းရင်းသားတွေကပါ လေးစားကြတဲ့ရှမ်းတိုင်းရင်းသားခေါင်းဆောင်တစ်ဦးပါ။ ၉၀ ရွေးကောက်ပွဲမှာလည်း NLD ပါတီပြီးရင် ဒုတိယမြောက် အင်အား အကြီးမားဆုံးနဲ့ အနိုင်ရခဲ့တဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ရဲ့ ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်သလို ခေတ်ပညာ တတ်စော်ဘွားမျိုးရိုးအနွယ်မှ ဆင်းသက်လာသူတစ်ဦးလည်းဖြစ်ပါတယ်။
နောက်ပြီး သူဟာ CRPP လို့ အတိုကောက်ခေါ်ဆိုနေကြတဲ့ ပြည့်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ ၁၈ ဦးထဲမှာလည်း တစ်ဦးအပါ အ၀င်ဖြစ်ပါတယ်။ ဦးခွန်ထွန်းဦးဟာ နအဖစစ်အုပ်စုရဲ့ မတရားတဲ့လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ဝေဖန်ခဲ့သူဖြစ်ပြီး အဲဒီ့အတွက်နဲ့ သူ့ကို နအဖက နိုင်ငံတော်ပုန်ကန်မှု၊ တရားမ၀င်လူစုရုံးမှု၊ ၄င်းတို့ကိုအကြည်အညိုပျက်အောင် ဆောင်ရွက်မှုအစရှိတဲ့ ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့ပါတယ်။ ဒီလိုဥပဒေမဲ့မတရားစီရင်ချက်ချတာဟာ မြန်မာပြည်တွင်းမှာ ဒီမိုကရေစီစနစ်မရှိဘူး၊ တိုင်းရင်းသားအရေးကိုတန်ဖိုးမထားဘူး။ လျစ်လျှူရှုတဲ့သဘောမျိုး သက်ရောက်နေပါတယ်။
ဒါကြောင့် ကျနော်တို့တိုင်းရင်းသားတွေသာမက မြန်မာလူမျိုးတွေကပါ ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသား ခေါင်းဆောင် များ လွှတ်မြောက်ရေး အတွက်သာမက အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်မြောက်ဖို့အတွက် ရည်ရွယ်ပြီး ဦးခွန်ထွန်းဦးအဖမ်းခံခဲ့ရတဲ့ ၉ ရက်နေ့ရောက်တိုင်း လွှတ်မြောက်ဖို့အတွက် တောင်းဆိုပွဲကို လစဉ်ပြုလုပ်ရခြင်းဖြစ်ပါတယ်…``ဟု တက်ရောက်လာသူများကို ရှင်းလင်းပြောကြားပေးခဲ့သည်။
သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သော AUN ဥက္ကဋ္ဌဦးဇော်မင်းခိုင်ကလည်း `` ၂၀၀၇ ခုနှစ် မေလကတည်းကစပြီး လစဉ် ၉ ရက် နေ့ရောက်တိုင်း
ကျနော်တို့တစ်တွေဟာ ဦးခွန်ထွန်းဦး နဲ့ တိုင်းရင်းသားခေါင်းဆောင် များအပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မြောက်ဖို့အတွက် ဂျပန်မှာရှိတဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေက နအဖစစ်အခွန်ရုံးရှေ့မှာ၊ ယူအန်ရုံးရှေ့မှာ တောင်းဆိုဆန္ဒပြခြင်းများပြုလုပ်ခဲ့ပါတယ်။
ဒီလိုမျိုးပြုလုပ်တာဟာ ကျနော်တို့နိုင်ငံမှာ တရားဥပဒေမရှိဘူး၊ စစ်အုပ်စုဟာ တိုင်းရင်းသားတွေကိုဖိနှိပ်နေတယ်။ ဒါကိုလက်မခံနိုင်ဘူး။ ဆန့်ကျင်ရှုတ်ချကြောင်း သိစေချင်လို့ဖြစ်ပါတယ်။ ဆက်လက်ပြီး ဦးခွန်ထွန်းဦးနဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင်များအရေးသာမက တခြားသော တိုင်းရင်းသားခေါင်းဆောင် များလွှတ်မြောက်ရေးအတွက်ပါ ပြုလုပ်သွားကြမှာဖြစ်ပါတယ်..။ အားလုံးကလည်း ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်…``ဟု ပြောဆိုခဲ့သည်။
တက်ရောက်လာကြသည့် ရှမ်းတိုင်းရင်းသားလူငယ်များမှ ဦးခွန်ထွန်းဦးနှင့်ပါတ်သက်သည့် အတ္ထုပ္ပတ္တိနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များ၊ ဦးဆောင်လှုပ်ရှားမှုကဏ္ဍာများအပါအ၀င် ဦးခွန်ထွန်းဦးနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဗိုလ်ချုပ်ဆေထင်၊ စိုးနွတ်(ခ)စိုင်းညွန့်၊ စိုင်းလှအောင်၊ ဦးမြင့်သန်း၊ ဦးထွန်းညို၊ ဦးညီညီမိုး၊ စိုင်းမျိုးဝင်းထွန်း၊ ဦးရွှေအုံးနှင့် စ၀်သာဦးတို့ အတ္ထုပ္ပတ္တိနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များအကြောင်းကို ဖတ်ကြားပေးခဲ့ကြောင်း သိရှိရသည်။
ရေးသားသူ-စိုးဝင်းရှိန်၊ ဖြိုးဝေ-mmp၊ နန်းအိမွန်ချစ်
(မှတ်ချက် - ဦးမြင့်သန်းသည် ၂၀၀၆ ခုနှစ် မေလ ၂ ရက်နေ့တွင် သံတွဲ ထောင်တွင်းနှိပ်စက်မှုဒဏ် ကြောင့်ကွယ်လွန်သွားခဲ့ပြီး၊ ဦးရွှေအုံးနှင့် စ၀်သာဦးတို့ကို ပြန်လွှတ်ပေးခဲ့သည်။)
အပြည့်အစုံသို့ ...
Rest of your post
Posted by PNSjapan at 12:23 AM 0 comments
Labels: သတင်း
NCUB Visit Japan for Depayin
၂၀၀၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်
မြန်မာနိုင်ငံမှ လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေများ နှင့်
ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီးကို ဂျပန်အစိုးရမှ တာဝန်ရှိပုဂ္ဂိလ်များအား ဆွေးနွေးတင်ပြ
ခဲ့သည့် မှတ်တမ်းများ
NCUB visted Japan to meet Japanese MPs for appealing about Depayin Masscure.
၂၀၀၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ မှာ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ NCUB
အထွေထွေအတွင်းရေးမှုး ၊ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌဦးအောင်မိုးဇော် နှင့် ဦးဇော်မင်း
(FAC / NCUB ) ၊လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ပြောရေးဆိုခွင့် တို့ သည် ဂျပန်နိုင်ငံသို့ ရောက်ရှိ
လာပြီး မြန်မာနိုင်ငံမှ ဖြစ်ပျက်နေသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီး
ကို ခြုံခိုတိုက်ခိုက်ခံလိုက်ရသည့်အပေါ် ဂျပန်အစိုးရမှ တာဝန်ရှိပုဂ္ဂိုလ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တွေ့ ဆုံဆွေးနွေးရေးအ
တွက် ( ODA )လူသားခြင်းစာနာသည့် အကူအညီများ များစွာကိုပေးခဲ့ပါသည်။ ယခုဖြစ်ပေါ်နေသောအ
ခြေအနေမှာ တွေ့ ဆုံဆွေးနွေးရေးသည် နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးသည်လည်း ဒီပဲယင်း
လူသတ်ပွဲသွေးအိုင်ထဲတွင် စုန်းစုန်းမြုပ် ပျောက်ကွယ်သွားခဲ့ပြီးဖြစ်ကြောင်း နှင့် နေအိမ်အကျယ်ချုပ်
ထိမ်းသိမ်းခံရသည့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို အမြန်ဆုံလွတ်မြောက်အောင်ဖိအား
ပေးတောင်းဆိုပေးဖို တောင်းဆိုခဲ့ကြပါသည်။
ဂျပန်အမတ်များ သမဂ္ဂအထွေထွေအတွင်းရေးမှုး Mr.Seishu Makino မှ ဂျပန်လွတ်တော် တွင်
ဆက်လက်တင်ပြတောင်းဆိုပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာ့ရေးရာရုံးညွန်ကြားရေးမှုးချုပ် Rengo တာဝန်ခံ
Mr.Uchida မှ မြန်မာအစိုးရများကို အကူအညီပေးနေမှုများကို ရပ်ဆိုင်းပေးပြီး ဖိအားပေးမှုများကိုပိုမို
လုပ်ဆောင်သွားဖို တိုက်တွန်းပြောဆိုသွားကြပါသည် ။ မြန်မာ့ရေးရာရုံ ဒါရိုက်တာ ဒေါ်တာမင်းညို၊ FTUB
ဂျပန် တာဝန်ခံ ဦးညွန့် ဆွေ၊ NDF ဂျပန်ကိုယ်စားလှယ် မိုင်ကျော်ဦးတို့ မှ ထိုဆွေးနွေးပွဲအခမ်းအနားကို
တက်ရေက်ခဲ့ပါသည်။
မိုင်ကျော်ဦး
NDF ဂျပန်ကိုယ်စားလှယ်
အပြည့်အစုံသို့ ...
Rest of your post
Posted by PNSjapan at 12:01 AM 0 comments
Labels: သတင်း
Saturday, August 15, 2009
အခြေခံမူ(၈)ချက် ရှင်းလင်ပွဲ ၂၀၀၅ ခုနှစ် တိုကျို
ဂျပန်လွတ်တော်သို့  တိုင်းရင်းသားခေါင်းဆောင်များရောက်ရှိလာပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ အခြေခံရမည် မူ(၈)ချက် ရှင်းလင်းတင်ခဲ့သည့်အခမ်းအနားမှတ်တမ်း
Ethnic leaders vist Japanese MP for explaing Basic Principles
၂၀၀၅ ခုနှစ် ဧပြီလ (၆)ရက်
ဂျပန်နိုင်ငံ တိုကျိုမြို့ ၌ အခြေခံမှု BasicPrinciples (၈)ချက်ရျင်းလင်းပွဲ အခမ်းအနား မှတ်တမ်း
ဂျပန်နိုင်ငံတိုကျိုမြို့ ၌ နယ်စပ်ဒေသမှ တိုင်းရင်းသားခေါင်းဆောင်များ ရောက်ရှိလာပြီး ဂျပန်နိုင်ငံရှိ ဒီမိုကရေစီအင်အားစု တာဝန်ရှိသူများနှင့်အတူ တိုင်းရင်းသားလူမျိုးများ တန်းတူရေးကို အကောင် အထည်ဖေါ်သွားနိုင်မည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံ၏ အခြေခံမှု (၈)ချက် Basic Principles နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပွဲ အခမ်းအနားတရပ်ကို ဂျပန်အစိုးရလွတ်တော် ခန်းမတွင် ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ ထိုအခမ်းအနားမှာ မြန်မာ့အရေးကူညီ ဆောင်ရွက်ပေးနေသည့် ဂျပန်လွတ်တော် အမတ်များသမဂ္ဂအဖွဲ့ နှင့်ဂျပန်အစိုးရမှ တာဝန်ရှိသူများပါ တက်ရောက်ခဲ့ကြပါသည်။
ဤရှင်းလင်းပွဲအခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ အနာဂတ် မြန်မာနိုင်ငံ၏ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ ဂျပန်အစိုးရမှ တာဝန်ရှိသူများ နှင့် မြန်မာ့အရေးကို အကူအညီ ပေးနေသော ဂျပန်လွတ်တော်အမတ်များ သမဂ္ဂအဖွဲ့ တို့ မှ ပိုမိုပြီး နားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါသည်။
ထိုအခြေခံမှု အခြေခံမှု BasicPrinciples (၈)ချက် ကို ၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီလ ( ၉ -၁၂) ရက်နေ့ တွင် နယ်စပ်ဒေသနှင့် ပြည်ပရောက် တိုင်းရင်းသားအဖွဲ့ အစည်းများ ဒီမိုကရေစီအင်အားစု အဖွဲ့ အစည်းများ အားလုံး ပါဝင်သော နှီးနှောဖလှယ်ပွဲကြီးက ဖွဲ့ စည်းပုံရေးဆွဲရာတွင် အခြေခံရမည့် သဘောတူညီချက်များဖြစ်ပါသည်။
တက်ရောက်လာကြသည့် တိုင်းရင်းသားခေါင်းဆောင်များနှင့်းဒီမိုကရေစီအင်အားစုခေါင်းဆောင်များ
၁. ဦးခိုင်စိုးနိုင်အောင် (NCUB) ဥက္ကဌ-(၁)၊ NDF ဒုတိယ ဥက္ကဌ
၂. ဦးခွန်မာကိုဘန် (NCUB) ဥက္ကဌ-(၂)၊UNLD-LA ဥက္ကဌ၊ MPU
၃. ဒေါ်စန်းစန်း ( MPU)
၎. ဦးသိန်းဦး (NCUB) အထွေထွေအတွင်းရေးမှုးx(၂)၊ MPU
၅. ဦးလှဦး ( FTUB ) ဥက္ကဌ ၊ MPU
၆. ဦးမောင်မောင် (NCUB) ( FTUB ) အထွေထွေအတွင်းရေးမှုး
ရ. ဦးမြင့်သိန်း ( NCUB) ( NLD-LA) အထွေထွေအတွင်းရေးမှုး
ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ
၁. ဦးသန့် ဇင်ဦး ( NLD-LA-JB) ဥက္ကဌ
၂.မျိုးမင်းထွဋ် ( LDB ) ဥက္ကဌ
၃. မိုင်ကျော်ဦး ( NDF ) ဂျပန် ကိုယ်စားလှယ်
၎. ဒေါ်ခင်ဆွေအေး ( FTUB ) ဂျပန် ကိုယ်စားလှယ်
၅. ဒေါက်တာ မင်းညို ( NCUB) ဂျပန် ကိုယ်စားလှယ်၊ မြန်မာ့ရေးရာရုံး ညွန်ကြားရေးမှုး
JTUC (Rengo) နှင့် PFB အဖွဲ့ မှ တာဝန်ရှိသူများပံ့ပိုးကူညီပေးခဲ့ပါသည်။
PNS-Japan/NDF(Burma)Rep;Jp
Posted by PNSjapan at 11:38 PM 0 comments
Labels: သတင်း
Monday, August 10, 2009
U Aung San who was founder of Burma Army.
( Part 1 )
( Part 1 )
Posted by PNSjapan at 12:05 AM 0 comments
Labels: ဗွီဒီယို