Saturday, July 25, 2009

2001 ခုနှစ် ဂျပန် သတင်းမီဒီယာ များကို ရှင်းလင်းတင်ပြခဲ့သည့် တိုင်းရင်းသားအရေး

Foreign Coresspondents’s Club Japan
ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ



Program in General
Time Speakers Topics
15:00 – 15:10 Dr. Min Nyo Thanking to RENGO for providing
(President, League for office space of Burma Office(Japan),
Democracy in Burma and Request to review Japanese Foreign
Office Director, Burma Policy towards Burma and
Office – Japan) suggestion to help Thai – Burma
Border region

15:10 – 15:20 Ye Htut Situation of Political Prisoners in
(Vice President, National Burma and Update National League
League for Democracy- for Democracy Party in Burma
Japan Branch)

15:20 – 15:30 Saw David Htaw and Federalism and equality of ethnic
Kyaw Oo (National peoples in Burma
Democratic Front)

15:30 – 15:40 Dr. Thaung Htun UN agencies, latest into of UNGRC
(Rep. For UN Affairs, related Burma, NCGUB (Burma UN
National Coalition Service Office) and role of the
Government of the special rapportuer
Union of Burma)

15:40 – 15:50 Tin Win (Federation of Request to Japanese Government
Trade Unions – Burma, to review the consideration of
Japan Branch) and offering large scale ODA to
Saw Ohnmar (Former Burmese Military Regime
Deputy Planning Officer,
Ministry of Planning,
Burma)

15:50 – 16:00 Maung Maung Forced Labor practice still existing
(General Secretary in Burma after imposing sanotions
Federation of Trade of ILO
Unions – Burma)

16:00 – 17:00 Q & A time.



NDF ကိုယ်စားလှယ် မိုင်ကျော်ဦးမှ
ဂျပန် သတင်းမီဒီယာ များကို ရှင်းလင်းတင်ပြခဲ့သည့် တိုင်းရင်းသားအရေး


ကျွန်တော်သည် (p.s.l.f) ပလောင်ပြည်နည် လွတ်မြောက်ရေးတပ်ဦး၏ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ ယခု အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) ဂျပန်ကိုယ်စားလှယ်တစ်ဦးအဖြစ်လည်း တာဝန်ယူလျက်ရှိပါသည်။ NDF ကို ၁၉၇၆ ခုနှစ်၊ မေ (10)ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါသည်။ NDF ကို လူမျိုးရေးသာမက လူတန်းစားအရပါ ဖိနှိပ်ခံရသည့် လူစုငယ်များဖြစ်ကြသော ကရင်၊ ကရင်နီ၊ ရှမ်း၊ ကချင်၊ ချင်း၊ ရခိုင်၊ မွန်၊ ပအိုဝ်း၊ ပလောင်၊ ၀၊ လားဟူ စသည့်လူမျိုးဖြင့် ဖွဲ့စည်းခဲ့ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံသည် ဂျပန်နိုင်ငံကဲ့သို့ လူမျိုးစုတစ်မျိုးသည့် နေထိုင်သည့် လူ့အဖွဲ့အစည်း (HO MO GENIOUS SOCIETY) မဟုတ်ဘဲ လူမျိုးစုအများအပြားနေထိုင်သည့် (HI TRO GENIOUS SOCIETY) တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိကြုံတွေ့နေရသော အကြပ်အတည်းကို ဖြေရှင်းနိုင်ရန် ဒီမိုကရေစီနိုင်ငံထူထောင်ရေးနှင့် စစ်မှန်သော ပြည်ထောင်စု မြန်မာနိုင်ငံ (GENUINE EDERATED UNION) ဖွဲ့စည်းရေးသည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသား အရေးသည် ဒင်းဂါးပြား၏ ခေါင်းနှင့်ပန်းကဲ့သို့ ဖြစ်သည်။

NDF သည် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးနှင့် စစ်မှန်သော ပြည်ထောင်စုထူထောင်ရေးအတွက် အဓိက လုပ်ဆောင် လျက်ရှိပါသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဆုံးဖြတ် ထောက်ခံထားသည်သာမက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း သဘောတူထားသည့် (သုံးပွင့်ဆိုင်)ဆွေးနွေးပွဲကိုလည်း အပြည့်အ၀ ထောက်ခံပါသည်။ ထိုသုံးပွင့်ဆိုင်အဖွဲ့မှာ တိုင်းရင်းသားလူမျိုးစုများ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအင်အားစုများနှင့် နအဖစစ်အစိုးရတို့ဖြစ်ပါသည်။ လူမျိုးစုများ၏ အဓိကတောင်းဆိုနေသည်မှာ လူမျိုးခွဲခြားရေးနှင့် လူမျိုးမုန်းတီးရေး မဟုတ်ဘဲ လူမျိုးစုအားလုံး ပြည်ထောင်စုအတွင်း ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ရေးသာဖြစ်သည်။ 1997 ခုနှစ်၊ ဇန်နာဝါရီလ 15 ရက်နေ့ ကော်သူလေးပြည်နယ် မယ်သဝေါ၌ တိုင်းရင်းသားလူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲကြီးမှာ မူးခစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ရောင်းချမှု လုပ်ငန်းအားလုံးကို ဆန့်ကျင်တိုက်ဖျက်ရန် အပြည်ပြည်ဆိုင်ရင် မူးယစ်ဆေးဝါး အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် သွားမည့်အကြောင်း တိုင်းရင်းသားလူမျိုးစုများ အားလုံး တညီတညွှတ်တည်း သဘောတူ ဆုံးဖြတ်ချက်ချခဲ့ပါသည်။

လွန်ခဲ့သည့် အောက်တိုဘာလမှ စတင်ပြီး စစ်အစိုးရနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ လျှို့ဝှက် စကားပြောနေသည့် ကိစ္စကို ကျွန်တော်တို့က ကြိုဆိုသော်လည်း ယင်းလျှို့ဝှက်စကားပြောဆိုမှုမှ တဆင့် အမျိုးသားပြန်လည်သင့်မြတ်သို့ ဦးတည် သွားရန် လိုအပ်လှပါသည်။ သို့သော် အဆိုပါ လျှို့ဝှက် စကားပြောဆိုခြင်းသည် လအတန်ကြာသည့်တိုင်အောင် ထင်ရှား တိုးတက်သော လက္ခဏာများကို မတွေ့ရဘဲ စစ်အစိုးရတစ်ဦး တည်းသာ လိုသလို သတင်းထုတ်ပြန်နေသည်ကို တွေ့ရပါသည်။ ဒေါ်အောင်ဆန်းစုကြည်ဖက်မှ ထုတ်ဖေါ် ပြောဆိုခွင့် မရရှိနေသည်ကို စိတ်ပျက် မိပါသည်။ စစ်အစိုးရသည် စစ်မှန်သော လိုက်လျောမှုများ မပြုလုပ်လိုသဖြင့် အချိန်ဆွဲပြီး အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းများကို လိမ်လည်လှည့်ဖြားရန် ကြိုးစားနေသည်ဟု ထင်စရာအကြောင်းများ ရှိပါသည်။ ထို့ကြောင့် ဂျပန်အစိုးရ အနေဖြင့် ယခုအခြေအနေကို အကဲဖြတ်မမှားရန် အလွန်အရေးကြီးပါသည်။ စစ်အစိုးရဖက်မှ ဒီမိုကရေစီအရေး၊ တိုင်းရင်းသား အရေးများနှင့် ပတ်သက်ပြီး ထင်ရှားသည့် အလျှော့ပေးမှုများ မပြုလုပ်လာမခြင်း ဒေါ်အောင်ဆန်းစုကြည်က တစ်စုံးတစ်ရာ ထုတ်ဖေါ် ပြောဆိုမှု မရှိမခြင်း စစ်အစိုးရကို မည်သို့သော ထောက်ကူပြုမူ မှုများကို မပြုလုပ်ရန် လေးနက်စွာ တောင်းဆိုပါသည်။

မိုင်ကျော်ဦး
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု

0 comments: