Sunday, July 26, 2009
အနှစ်(၆၀)ပြည့် ပြည်ထောင်စုနေ့ အခမ်အနား၊ တိုကျို
Posted by PNSjapan at 3:14 PM 0 comments
Labels: ဗွီဒီယို
အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲမှု ဗွီဒီယိုမှတ်တမ်း (၁၉၈၃၊ အောက်တိုဘာ ၉ ရက်)
Credit By: ဒေါက်တာလွဏ်းဆွေ
Posted by PNSjapan at 3:11 PM 0 comments
Labels: ဗွီဒီယို
PNS –Japan ဆိုတာ ဘာလဲ
PNS –Japan ဆိုတာ ဘာလဲ
PNS – Japan ဆိုတာက Palaung National Society(Japan) ပလောင်အမျိုးသားအဖွဲ့ (ဂျပန်)ဖြစ်ပါတယ်။
ပေါ်ပေါက်လာပုံ။
PNS – Japan ၏ ရည်ရွယ်ချက်။
(၁) ပလောင်အမျိုးသားများ၏ စာပေ နှင့် ယဉ်ကျေးမှု ကို ဖေါ်ဆောင်ရန်။
(၂) မြန်မာနိုင်ငံသားတိုင်း လူ့ အခွင့်အရေးပြည့်ဝစွာခံစားခွင့်ရရှိရေးနှင့် တိုင်းရင်းသား လူမျိုးများ၏ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရန်။
(၅) အမိမြန်မာနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးနှင့် စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းရေး အတွက် ဂျပန်ရောက် ဒီမိုကရေစီအင်အားစုများ တိုင်းရင်းသားအင်အားစုများ နှင့်အတူပူးပေါင်းဆောင်ရွက်ရန် တို့ ဖြစ်ပါသည်။
PNS – Japan ကို ဆက်သွယ်လိုလျှင်
2 – 24 – 8 mazonemashuukaku-bld Moom No-(303)
Higashi Ikebukuro, Toshimaku,Tokyo . Japan
170-0013
mail pnsjapan@gmail.com
maikyawoo@yahoo.com
Phone Fax, 03 5960 4440
Mobile 090 9831 7192
Posted by PNSjapan at 2:36 PM 0 comments
Labels: ကျွှန်တော်တို့အကြောင်း, မှတ်တမ်း
လက်ချင်းချိတ်ဖို့ လိုပါပြီ
ဆောင်းပါးရှင် - ဗိုလ်ထက်မင်း (ခေတ်ပြိုင်ဝက်ဘ်ဆိုဒ်မှာ ကူးယူဖော်ပြပါသည်။)
ဗိုလ်သန်းရွှေဟာ တပ်မ (၈၈) တပ်မမှူးအဖြစ် ကျိုင်းတုံမှာ ရှေ့တန်းတာဝန် ထမ်းဆောင်ခဲ့စဉ်ကGolf ရိုက်နည်း ကို ဗိုလ်မှူးဝင်းလှိုင် (ယခု အငြိမ်းစားဗိုလ်ချုပ် ၀င်းလှိုင်) ထံမှ သင်ယူခဲ့ရပြီး စစ်ရေး စစ်ရာမှာလည်း ထက်မြက်ခဲ့သူမဟုတ်ကြောင်း သိရှိရပါတယ်။ ဗိုလ်သင်တန်းကျောင်း၊ ဗိုလ်လောင်း အပတ်စဉ် (၉) မှာ B.C အမှတ် (ကြည်း - ၆၇၁၀) နဲ့ နောက်ဆုံး ဗိုလ်လောင်းအဆင့်ဖြင့် ဆင်းလာ ခဲ့သူတဦးဖြစ်ပါတယ်။ သူနဲ့ တပတ်စဉ်ဆင်းတွေက တန်းစီလိုက်ရင်သူ့နောက်မှာ မြက်ခင်းပြင်သာရှိတော့ကြောင်း နောက်ပြောင် ခဲ့ကြပါတယ်။
ဗကပတိုက်လို့ မိုင်းယောင်းမြို့  ကျခဲ့စဉ်က ချင်း သနက (၃) တပ်ရင်း လက်နက်ခဲယမ်း ဆုံးရှုံးသွား တဲ့အပြင် ရဲမေများ မုဒိမ်းကျင့်ခံရလို့ သူ့မှာ တာဝန်ရှိတာမို့ ဦးနေ၀င်းအား ဖားရပါတော့တယ်။ ဗိုလ်သန်းရွှေ ကျိုင်းတုံမှာ တာဝန်ကျတော့ မှောင်ခိုခေတ်ကောင်းတဲ့ အချိန်ဖြစ်နေလို့ လေယာဉ် လက်မှတ်တွေကို မှောင်ခိုဈေးဖြင့် ရောင်းချခြင်း၊ စစ်ယာဉ်တန်းတွေ ကျိုင်းတုံ-တောင်ကြီး၊ ကျိုင်းတုံ-တာချီလိတ် အတက်အဆင်း လမ်းကြောင်းများမှ မှောင်ခို ကယ်ရီခများ ရရှိခြင်းတို့ဖြင့် ပြည်သူလူထုကို လည်မျိုညစ်ကာ ပြည်သူလူထု ကျမျက်ရည်များမှ ရရှိသော ၀င်ငွေများစွာကို ကျိုင်းတုံသို့ စစ်ဆေးရန် ရောက်လာတဲ့ ဗိုလ်နေ၀င်းအား ဒလဟော ပံ့ပိုးပေးနိုင်ခဲ့သူဖြစ်ပါတယ်။
တပ်မတော်မှာ “တော်သုံးတော်” ရှိတဲ့ အထဲက အဖားတော်သူ စာရင်းမှာ ပါဝင်အောင် ကြိုးစား နိုင်ခဲ့ပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးမှတဆင့် သူ့ထက် စီနီယာကျတဲ့ ဗိုလ်ချုပ် ချစ်ဆွေ၊ ဗိုလ်ချုပ်စိန်အောင်တို့ကို ဖြတ်ကျော်ကာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့ပါတယ်။
န၀တ စတင်ဖွဲ့စည်းခါစက ဗိုလ်စောမောင်နဲ့ ဗိုလ်ခင်ညွန့်တို့သာ နိုင်ငံရေးကဏ္ဍမှာ လှုပ်ရှားနေကြပြီး ဗိုလ်သန်းရွှေကတော့ န၀တ အဖွဲ့ဝင်ဘ၀နဲ့ ဗိုလ်မောင်လှနဲ့ အတူ စစ်ရေးစစ်ရာကိုသာ ကွပ်ကဲနေ ခဲ့ရပါတယ်။ ဗိုလ်သန်းရွှေကို ဗိုလ်စောမောင်က “ကိုသန်းရွှေ စာဖတ်တာ သိပ်မတွေ့ရဘူး၊ လေ့လာဖို့ ကောင်းတယ်” လို့ ဝေဖန်ခဲ့ဖူးပါတယ်။ အဲဒီနောက် အတွင်းရေးမှူး (၂) ဗိုလ်တင်ဦးက အတွင်းရေးမှူး (၁) ဗိုလ်ခင်ညွန့်နဲ့ တိုင်ပင်ညှိနှိုင်းပြီး န၀တအဖွဲ့ဝင်ဖြစ်နေတဲ့ ဗိုလ်သန်းရွှေကို ဒု-ဥက္ကဋ္ဌရာထူးပေးဖို့ ဗိုလ်စောမောင်ထံ တင်ပြပေးခဲ့ရာက နေရာရလာခဲ့ပါတယ်။
ဗိုလ်သန်းရွှေဟာ ရုရှနိုင်ငံမှာ စိတ်ဓာတ်စစ်ဆင်ရေး သင်တန်းတက်ခဲ့ပြီး (ကကပြည်) မှ လာခဲ့သူပီပီ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ပြည်သူလူထု စည်းရုံးရေးကို တစိုက်မတ်မတ် လုပ်နိုင်ခဲ့ပါတယ်။ ဗိုလ်စော မောင်နဲ့ ဗိုလ်နေ၀င်းတို့ကို နမူနာယူပြီး ပြည်သူလူထုကို ကိုယ်တိုင် တိုက်ရိုက်ပြောဆိုခဲ့ခြင်း မပြုဘဲ နောက်ကွယ်က ကြိုးကိုင်ခဲ့ရာမှာ နည်းပရိယာယ် ကြွယ်ဝလှပါတယ်။
ဗိုလ်မောင်အေးကတော့ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးဘ၀နဲ့ နစ်မြုပ်နေပြီ DSA အပတ်စဉ် (၁) (ကြည်း - ၇၈၇၅) ဖြင့် ဆင်းလာခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ဇနီးဟာ စစ်သူနာပြုအရာရှိက လာသူ ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးသူရကျော်ထင်ရဲ့ ဆွေမျိုးတော်သူ စစ်သူနာပြု အရာရှိအကြီးအကဲ အမျိုးသမီးကြီးကတဆင့် ချဉ်းကပ်စည်းရုံးကာ နေရာရအောင်တိုးဝင်ခဲ့ပါတယ်။
ဗိုလ်နေ၀င်းက DSA ကို နေရာပေးဖို့ စီစဉ်ရန် လိုအပ်တယ်လို့ နှုတ်မိန့်ထွက်ခဲ့ရာက အလိုက်အထိုက် သင့်သွားပြီး တပ်မတော်ရဲ့ လူခင်ရင် မူပြင်တယ်ဆိုတဲ့ ဆိုရိုးစကားနဲ့အညီ တပ်ရဲ့အစဉ်အလာ အတိုင်း မဟုတ်ဘဲ ဗိုလ်မောင်အေးဟာ တပ်မ (၇၇) တပ်မမှူး ရာထူးကို ရရှိခဲ့ပါတယ်။ န၀တ ဖွဲ့စည်း ချိန်မှာ သူဟာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်နေပြီ ဖြစ်ပါတယ်။
ဗိုလ်မောင်အေးဟာ သူ့ထက် ရာထူးစောစွာ တက်ပြီး တပတ်စဉ်တည်း ဆင်းခဲ့သူ စစ်ရေးထူးချွန်လို့ ရှေ့က ပြေးနေတဲ့ ဗိုလ်ချုပ်ဥာဏ်လင်းနဲ့ ဗိုလ်မှူးကြီးလှမော်တို့ထက် နောက်ပိုင်းမှာတော့ ဗိုလ်မောင် အေးက ဖြတ်တက်သွားခဲ့ပါတယ်။ မြန်မာ့တပ်မတော်မှာ ရာထူးတက်ရေးအတွက် အရာရှိတွေရဲ့ ဇနီးမယားတွေ ဟာလည်း အရေးပါတယ်ဆိုတာ တွေ့ရပါတယ်။ န၀တလက်ထက်က တက်လာသူ တွေထဲမှာ သူတို့နှစ်ဦးသာ ရှိတော့လို့ မြန်မာ့နိင်ငံရေးပြုပြင်ပြောင်းလဲဖို့ တဖက်တလမ်းက ဘာတွေ လုပ်သင့်သလဲဆိုတာ တင်ပြလို ပါတယ်။
“ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားသော်၊ နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်၏” ဆိုတဲ့ စကားပုံဟာ အဟိတ်တိရစ္ဆာန်အသိဥာဏ်မရှိတဲ့ နွားသတ္တ၀ါတွေရဲ့ စရိုက်၊ သဘာဝ၊ သဘော တရားကို ဖြော်ပထားတာ ဖြစ်ပါတယ်။ ယနေ့ မြန်မာ့တပ်မတော်မှာရှိတဲ့ အရာရှိ ကြီးငယ်တွေဟာ လူသားစင်စစ်တွေ ဖြစ်ကြပါလျက် အသိဥာဏ်၊ ပညာ၊ တွေးခေါ်မြော်မြင်မှုတွေလည်း ရှိကြပါလျက် နွားတွေလိုပဲ ရှေ့ဆောင်နွားလား ညွှန်ကြားပြောဆိုရာကိုသာ လိုက်နေကြပါတယ်။
စစ်တပ်က တချို့အရာရှိတွေအနေနဲ့ မြန်မာပြည်သူလူထုဟာ ဒုက္ခဆင်းရဲ နွံထဲ ရောက်နေတာ၊ တိုင်းပြည်ဟာ အဖက်ဖက်က ပျက်စီးယိုယွင်းနေတာကို သိပေမယ့် ဘယ်သူသေသေ၊ ငတေမာ ရင်ပြီးရောဆိုတဲ့ စိတ်ဓာတ် ထားနေကြပါတယ်။ တချို့အရာရှိတွေကတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အမှန်တကယ် လိုအပ်နေပြီဆိုတာကို သိကြပါတယ်။
တပ်မတော်အတွင်း၊ အောက်ခြေမှာ ရဲဘော်တွေဟာ သောက်စရာ ရေခွက်တောင် မရှိဘဲ “ခွက် ပျောက်” နေလို့ စစ်ပြေးတွေ တနေ့တခြား များနေတာကို ကြည့်ပြီး စိတ်ပျက်နေကြပါတယ်။၂၀၀၆ ခုနှစ် စက်တင်ဘာလ (၂၇) ရက် (ကကကြည်း) ဒုတိယ စစ်ဆင်ရေး လေးလပတ်အစည်းအဝေးမှတ်တမ်းအရ တပ်မတခုစာ စစ်သည် အင်အား (၇,၀၀၀) ခန့်ဟာ ထွက်ပြေးနေကြကြောင်း ဖော်ပြထားတာတွေ့ ရပါတယ်။
ဒါကြောင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ အမှန်တကယ် လိုအပ်နေတာကို သိတဲ့ တပ်မတော်သား တွေအနေနဲ့ ပြည်သူဘက် ရပ်တည်ဖို့ ဆိုရာမှာ အခြေအနေ မပေးလို့ဆိုတာ သိရှိနားလည်ပြီး အခြေ အနေပေးလာအောင် ဖန်တီးကြဖို့ အရေးကြီးပါတယ်။ တပ်မတော်အတွင်း ရဲဘော်အဆင့်ကစပြီး ထိုးဖောက်စည်းရုံးဖို့ လိုအပ်ပါတယ်။
စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုအောက်မှာ လူထုလှုပ်ရှားမှုဆိုတာ အများကြီး ကန့်သတ်ချက် ရှိပါတယ်။ နအဖရဲ့ Heartland theory အရ ၀န်ထမ်းအများစုကို ကြပ်ပြေးသို့ သီးခြားခွဲထုတ်ထားတာမို့ သူတို့ရဲ့ အင်အားကိုလည်း မရရှိတော့တာကြောင့် လူထုလှုပ်ရှားမှုဟာ အရှိန်အဟုန် တန့်နေပါတယ်။ တပ်မတော်အတွင်း လူမှန်နေရာမှန် ဖြစ်ဖို့၊ ပြည်သူလူထုနဲ့ တပ်မတော် တစိတ်တ၀မ်းထဲဖြစ်ဖို့ ဆောင်ရွက်ရေးဟာ တိုင်းချစ် ပြည်ချစ်စိတ်ရှိတဲ့ ပုဂ္ဂိုလ်တိုင်း၊ အင်အားစုတိုင်းရဲ့ အရေးအကြီးဆုံး တာဝန်ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင် တွေရဲ့ နိုင်ငံရေး ထောင်ချောက်ထဲမှာ ရောက်ရှိနေတဲ့ အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့အစည်းများကို အခြေအနေမှန်ကို စည်းရုံးပြောပြဖို့ လိုပါတယ်။
နအဖကို အရူးမီးဝိုင်းဖြစ်အောင်၊ တုန်လှုပ်ချောက်ချားအောင် မလုပ်နိုင်သေးသမျှ ကာလပတ်လုံး ဒီမိုကရေစီ ရရှိဖို့ဆိုတာဟာ အိပ်မက်တောင် မက်လို့မရတာကြောင့် ဒီမိုကရေစီဘက်တော်သားတွေ အားလုံး စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်နဲ့ ဟန်ချက်ညီ လက်ချင်းချိတ်ကြဖို့ အရေးကြီးနေ ပါတယ်။
မျိုးဆက်သစ်တွေ၊ သားစဉ်မြေးဆက်တွေ စစ်အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်ဖို့၊ မြင့်မြတ် တဲ့သူတွေ၊ မှန်ကန်တဲ့သူတွေ၊ တရားမျှတမှုကိုချစ်မြတ်နိုးတဲ့သူတွေ နအဖရဲ့ အကျဉ်းထောင်တွေထဲ ရောက်နေတာ လွတ်မြောက်ဖို့၊ ဒီမိုကရေစီ ဘက်တော်သားတွေအားလုံးအနေနဲ့ တိုက်ပွဲပုံစံကို ပြောင်းဖို့ လိုအပ်ပါတယ်။
ဘုရားသားတွေ၊ ကျောင်းသားတွေဟာ အမြင့်မားဆုံး စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်ခဲ့ကြ၊ တာဝန်ကျေပွန်ခဲ့ကြပြီး ဖြစ်လို့ တိုက်ပွဲပုံစံပြောင်းကာ အားလုံး စည်းလုံးညီညွတ်စွာ ပြည်တွင်းပြည်ပ ဟန်ချက်ညီ လက်ချင်းချိတ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
Posted by PNSjapan at 12:36 AM 0 comments
Labels: ဆောင်းပါး
ဒေါ်လာရရင် အကုန်လုပ် နအဖရဲ့ စစ်ဗိုလ်ချုပ် - အပိုင်း(၂)
ဆရာမြင့်ရဲ့ ဆောင်းပါး အပိုင်း(၂) ကို ကျွန်တော် ကိုဖိုးတရုတ်မှ ဆက်လက်တင်ပြပေးလိုက်ပါတယ်။ အခက်အခဲတွေကြားထဲက ဆောင်းပါးပေးပို့လာတဲ့ ဆရာမြင့်ကိုလည်း ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိကြောင်း စည်းလုံးခြင်းရဲ့အင်အား ဘာလော့ဂ်မှာ မှတ်တမ်းတင်အပ်ပါတယ်။ ဂျပန်ယာကူဇာ ကွန်ယက်အတွင်းမှ Middle Class Businessman ကို အလျင် ဦးဆုံးအနေဖြင့် ကိုတေဇနဲ့ တွေ့ဆုံစေပြီးမှ Dive Money US$ 2 million ကို နအဖလေတပ် ရဟတ်ယာဉ် အပိုပစ္စည်းများ ၀ယ်ယူတင်သွင်းရေး လုပ်ငန်းတွင် ဂျပန်ယာကူဇာ ကွန်ယက်ဘက်မှ လွှဲပြောင်းပေးမဲ့ လုပ်ငန်းစဉ်ကို အသေးစိတ် ရှင်းပြဆွေးနွေးစေခဲ့တာ ဖြစ်ပါတယ်။ ထိပ်တန်းတာဝန်ရှိသူများနဲ့ အပြီးသတ် မဆွေးနွေးရသေးခင်မှာ အလယ်အလတ်အဆင့် တာဝန်ခံတစ်ဦး (သို့မဟုတ်) လုပ်ငန်းအဖွဲ့နှင့် အခြေခံအားဖြင့် နှစ်ဘက် သဘောတူညီမှု ရရှိအောင် ရှေ့ပြေးတွေ့ဆုံ ဆွေးနွေးစေခြင်းဟာ ဂျပန်ယာကူဇာတို့၏ လုပ်နည်းလုပ်ဟန် တစ်ခုဖြစ်ပါတယ်။ Mr. Tanaka ကို ရန်ကုန်လေဆိပ်မှာ ခွန်ဆာ၏ လူယုံတပ်မှူး ဗိုလ်မှူးကြီး စိုင်းလူးကိုယ်တိုင် သွားရောက် ကြိုဆိုပြီး အင်ယားလိပ် ဟော်တယ်မှာ တည်းခိုစေခဲ့ပါတယ်။ သူ၏ ရန်ကုန်သို့ လာရောက်သည့် ခရီးစဉ်အား ခွန်ဆာ၏ ညွှန်ကြားချက်အရ စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှ လှမ်း(၁) ဌာနကြီးမှူး ဗိုလ်မှူးချုပ် ကျော်သိန်းနဲ့ ဗိုလ်မှူးကြီး စန်းပွင့်တို့ကို ဗိုလ်မှူးကြီး စိုင်းလူးက ကြိုတင် အသိပေးထားခဲ့ပါတယ်။ ကိုတေဇဘက်ကလည်း လေတပ်ဦးစီးချုပ်ကို နှုတ်အားဖြင့် ကြိုတင်အသိပေးထားခဲ့ပါတယ်။ စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၏ နောက်ကွယ်မှ ကြိုတင်စီစဉ်ပေးချက်အရ အမှတ်(၂) တပ်မတော်ဧည့်ရိပ်သာမှာ ခွန်ဆာဟာ Mr.Tanaka နဲ့ ကိုတေဇ တို့ကို မိတ်ဆက်သဘော တွေ့ဆုံပေးခဲ့ပါတယ်။ လုပ်ငန်းအသေးစိတ်ကိစ္စတွေကို ရန်ကုန်ပြည်လမ်း (၆)မိုင်မှာ ရှိတဲ့ ကိုတေဇရဲ့ Htoo Trading Co,Ltd အဆောက်အဦး ဆင်ဝင်အပေါ်ထပ်မှာ ရှိတဲ့ ကိုတေဇရဲ့ ရုံးခန်းမှာ ဆက်လက်ဆွေးနွေးခြဲ့ကပါတယ်။ အဲဒီလို အသေးစိတ် ဆက်လက်ဆွေးနွေးကြရာမှာ ကိုတေဇရဲ့ အကိုဖြစ်သူ ကိုသီဟ ( Htoo Trading Co,Ltd ၏ ဘဏ္ဍာရေးနဲ့ ငွေစာရင်း ဒါရိုက်တာ) လည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။
အသေးစိတ်ဆွေးနွေးကြရာမှာ ဦးစွာ ပထမ Mr.Tanaka က ကိုတေဇရဲ့ စင်ကာပူမှာ ရှိတဲ့ OCBC Bank မှာ လုပ်ငန်း လည်ပတ်နေတဲ့ အထောက်အထားများ၊ Bank Documents များကို ကြည့်ရှုစစ်ဆေး မေးမြန်းခဲ့ပါတယ်။ Mr.Tanaka က Dive Money US$ 2 million ကို လွှဲပြောင်းပေးနိုင်ရေးအတွက် နအဖ အစိုးရ စီစဉ်ပေးမှုနဲ့ ရေနက်ကွင်း ရင်းနှီးမြှပ်နှံမှု စီမံကိန်း လုပ်ငန်းပြထားတဲ့ Loan Proposal တင်ပြရန်နဲ့ အဆိုပါ Loan Proposal တွင် Cash Flow Requirements များပါ ထည့်သွင်းရေးဆွဲပေးရန် တိုက်တွန်းပြောကြား ခဲ့ပါတယ်။ ၄င်းက ဆက်လက်ပြီး လုပ်ငန်းပြ Proposal ၏ လုပ်ငန်းလိုအပ်ချက်အရ Business Loan အနေဖြင့် ယာကူဇာပိုင် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းပြ ကုမ္ပဏီဘက်မှ Business Loan အနေဖြင့် လွှဲပြောင်းပေးမည် ဖြစ်ကြောင်းနဲ့ ငွေလွှဲပြောင်းပေးနိုင်ရေးအတွက် လိုအပ်တဲ့ Bank Guarantee ကိစ္စများကို သူတို့ ဂျပန်ဘက်မှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။ ကိုတေဇတို့ဘက်က Loan Proposal ကို မြန်နိုင်သမျှ အမြန်ဆုံး တင်ပြပါက ဂျပန်ဘက်မှ ဆက်လက်ဆောင်ရွက်ပေးမည့် ကိစ္စများကို ဆက်လက်လုပ်ဆောင် သွားမည်ဟု ကတိပေးခဲ့ပါတယ်။ ၂၀၀၀ ခုနှစ် သြဂုတ်လမှာ Dive Money US$ 2 million ကို ယာကူဇာလုပ်ငန်း ကွန်ယက်ဘက်မှ ၀ိနည်းလွတ်ဆောင်ရွက်သည့် အနေဖြင့် ဟောင်ကောင်ရှိ HSBC ဘဏ်မှ Zencard Finance Industry အမည်ဖြင့် စကာင်္ပူ OCBC ဘဏ်ရှိ ကိုတေဇဘဏ်စာရင်းများ သို့ လွှဲပြောင်းပေးခဲ့ပါတယ်။ ယခုကဲ့သို့ လေတပ်လိုအပ်ချက် ရဟတ်ယာဉ်အပိုပစ္စည်းများ ၀ယ်ယူတင်သွင်းရန် လွဲပြောင်းပေးမည့် ဒေါ်လာ (၂) သန်းသည်လုပ်ငန်းစတင်သည့် First Package Transfer ဖြစ်နေသဖြင့် အရေးကြီးကြောင်း၊ ပထမတဆင့် အလုပ်ဖြစ်အောင် လုပ်ငန်းစတင်နိုင်ပါက Second Package Transfer ,Third Package Transfer များ အဆင်ပြေလွယ်ကူနိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားရန်လည်း ဆွေးနွေးခဲ့ကြပါတယ်။ Mr.Tanaka ဟာ ရန်ကုန်အခြေစိုက် ဂျပန်ကုန်သွယ်ရေး ကော်ပိုရေးရှင်း ရုံးခွဲများဖြစ်ကြတဲ့ Nichimen Corportion မှ အထွေထွေ မန်နေဂျာများ ဖြစ်သူ Mr.Y.Kondo, Mr.K.Susa နဲ့ Marubeni Corporation ရဲ့ ရန်ကုန်ရုံးခွဲ မန်နေဂျာ Mr.KojiIjiri တို့နှင့်ပါ သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာစစ်အစိုးရရဲ့ တည်ဆောက်ရေး စီမံကိန်းများအတွက် လုပ်ငန်းသုံး အကြီးစား စက်ကိရိယာ ပစ္စည်းများ၊ ဘိလပ်မြေနဲ့ ပိုးသတ်ဆေးများအပြင် စီမံကိန်း လုပ်ငန်းသုံး ပစ္စည်းတွေကို Differed Payment System နဲ့ တင်သွင်းရေးတို့ကိုပါ ဆွေးနွေးခဲ့ကြပါတယ်။
ဟောင်ကောင်ရှိ HSBC ဘဏ် အဆောက်အဦး
အဲဒီအချိန်ကာလ (၂၀၀၀-၂၀၀၁)ခုနှစ်က ကိုတေဇရဲ့ ထူးကုမ္ပဏီဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လမ်းညွှန်ချက်နဲ့ ဧရာဝတီတိုင်းအတွင်း Myanmar Billion Group အမည်နဲ့ ရေနက်ကွင်း စိုက်ပျိုးရေးလုပ်ကွက်တွေ ဖော်ထုတ်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဦးအောင်ကိုဝင်းခေါ် ဆရာကျောင်း (ကမ္ဘောဇဘဏ်)ရယ် ဗိုလ်ချုပ်ကြီး ရွှေမန်းရဲ့ သားအကြီးဖြစ်တဲ့ အောင်သက်မန်း (ဧရာရွှေဝါ ကုမ္ပဏီ)နဲ့ ဦးဇော်မင်းခေါ် ဦးလှ (မိုးကုတ်ပတ္တမြားတွင်း ပိုင်ရှင်နဲ့ ကျောက်မျက်ကုန်သည်) တို့ဟာလည်း ပူးပေါင်းလျက် လုပ်ကိုင်နေကြပါတယ်။ Mr.Tanaka က တင်ပြရန် တောင်းဆိုလာတဲ့ Loan Proposal ကို ကိုတေဇနဲ့ ကိုသီဟ တို့ဟာ Myanmar Billion Group အမည်နဲ့ ရေနက်ကွင်း ဖော်ထုတ်ရေး ရင်းနှီးမြှပ်နှံမှုလုပ်ငန်းမှာ အကြီးစား စက်ယန္တယားများ ၀ယ်ယူရန်အတွက် ဒေါ်လာ ငွေတွေ လိုအပ်နေတဲ့အကြောင်း Cash Flow များနှင့်တကွ နိုင်ငံတကာ ဘဏ်များနှင့် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနဲ့ ဘောင်ဝင် အောင် စင်ကာပူမှာ ဘဏ်လုပ်ငန်းကျွမ်းကျင်သူ တွေကို လုပ်ငန်းဆောင်ရွက်ခ ပေးကာ Loan Proposal ကို ရေးဆွဲခဲ့ပါတယ်။
၂၀၀၀ ခုနှစ် သြဂုတ်လမှာ ကိုတေဇကိုယ်တိုင် ဂျပန်ကို သွားရောက်ပြီး Loan Proposal ကို Mr.Tanaka ထံ တင်ပြခဲ့ပြီး တိုကျိုမြို့ Okuya Hotel မှာ Mr.Tanaka အပါအ၀င် ယာကူဇာလုပ်ငန်းကွန်ယက်မှ ထိပ်ပိုင်း တာဝန်ခံများဖြစ်ကြတဲ့ Mr.Matsushima, Mr,Habara နဲ့ Mr.Chinonae စတဲ့ လုပ်ငန်းရှင်အမည်ခံ ယာကူဇာ အကြီးစားတွေနဲ့ ဆက်လက်ဆောင်ရွက်မဲ့ လုပ်ငန်းတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။ ခွန်ဆာရဲ့ ထောက်ခံတင်ပြချက်နဲ့ ကိုတေဇရဲ့ လျင်မြန်ပါးနပ်တဲ့ Business Performace တို့ကို ယာကူဇာတွေက အကဲဖြတ်လေ့လာခဲ့ပါတယ်။ ၂၀၀၀ ခုနစ် စက်တင်ဘာလအတွင်း ဂျပန်ယာကူဇာ လုပ်ငန်းကွန်ယက်ရဲ့ အမည်ခံ လုပ်ငန်းများမှ Business Loan အမည်ခံ အရေခြုံထားတဲ့ Dive Money US$ 2 million သည် ကိုတေဇရဲ့ စင်ကာပူ OCBC ဘဏ် စာရင်းသို့ ဟောင်ကောင် HSBC ဘဏ်မှ တဆင့် လွှဲပြောင်းလက်ခံရရှိပြီး နအဖလေတပ်ရဲ့ ရဟတ်ယာဉ်များ အတွက် လိုအပ်နေတဲ့ စက်အပိုပစ္စည်း ဒေါ်လာ (၂) သန်းဖိုးကို ၀ယ်ယူတင်သွင်းပေးနိုင်ခဲ့ပါတယ်။ ကိုတေဇရဲ့ လုပ်ငန်းကုမ္ပဏီခွဲဖြစ်တဲ့ Myanmar Avia Export နဲ့ နအဖတို့အကြား Differed Payment System ဖြင့် ပြန်လည်ပေးဆပ်ရန် သဘောတူ ကန်ထရိုက်စာချုပ် လက်မှတ်ထိုးခဲ့ကြပါတယ်။ နအဖရဲ့ အစိုးရ ဘတ်ဂျက်မှ အရစ်ကျ ပြန်ဆပ်ငွေတွေကို ကိုတေဇမှ တဆင့် ဂျပန်ယာကူဇာများရဲ့ အမည်ခံလုပ်ငန်းများသို့ ငွေဖြူအဖြစ် ပြန်လည်ရောက်ရှိသွားပါတယ်။ စစ်လက်နက် ပစ္စည်းများ ၀ယ်ယူခြင်းနဲ့ ငွေလွှဲပြောင်းခြင်းမှ ကော်မရှင် ပွဲခများစွာ ရရှိခဲ့ကြပါတယ်။ နအဖရဲ့ စစ်လက်နက် ပစ္စည်း ၀ယ်ယူရေးအစီအစဉ်နဲ့ ဂျပန်ယာကူဇာ အုပ်စုရဲ့ Dive Money များ အကျိုးတူ ဆက်သွယ် ချိတ်ဆက်မိကြ တဲ့အကြောင်း စာဖတ်သူများကို ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီးပေးပို့ လိုက်ရပါတယ်။
ဦးတေဇနဲ့ Mr.Tanaka တို့ ဂျပန်တွင် တွေ့ဆုံခဲ့သော Okuya Hotel မြင်ကွင်း
Credit By: http://photayokeking.blogspot.com
Posted by PNSjapan at 12:32 AM 0 comments
Labels: ဆောင်းပါး
ဒေါ်လာရရင် အကုန်လုပ် နအဖရဲ့ စစ်ဗိုလ်ချုပ် - အပိုင်း(၁)
စာဖတ်သူများခင်ဗျား -
နအဖရဲ့ တရားမ၀င် ငွေမဲများဖြင့် လက်နက်ခဲယမ်း ၀ယ်ယူနေကြပုံတွေ ကို စစ်ဖက်နီးစပ်သူများနှင့် အကျွမ်းတ၀င်ရှိတဲ့ ကျူရှင်ဆရာတစ်ဦးက ဆရာမြင့် ကလောင်နံမည်နဲ့ ဆောင်းပါးပေးပို့လာတာကို ကျွန်တော် ကိုဖိုးတရုတ်က စီစဉ် တင်ဆက်ပေးလိုက်ပါတယ်။
နအဖဟာ စစ်တပ်၏ စစ်လက်နက်နှင့် အပိုပစ္စည်းများ ၀ယ်ယူဖြည့်တင်းခြင်းနှင့် အစိုးရစီမံကိန်းများတွင် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများအား ပြည်ပမှ ၀ယ်ယူရန်အတွက် လိုအပ်နေသည့် ဒေါ်လာငွေကို Dive Money ခေါ် နိုင်ငံတကာ မူးယစ်ဆေးဝါးလုပ်ငန်း ကွန်ယက်မှ သိုဝှက်ထားသည့် တရားမ၀င်ငွေမဲများကို အသုံးပြုပါတယ်။ သက်တမ်း (၂) နှစ်မှ (၃) နှစ်အထိ ဆိုင်းငံ့ကာလငွေပေးချေစနစ် Differed Payment System ဖြင့် စိုက်ထုတ်ဝယ်ယူစေပါတယ်။ စစ်လက်နက်ပစ္စည်းများကို အစိုးရပိုင်ငွေဖြင့် လက်ငင်းပေးချေရန် မလိုဘဲ Differed Payment System ဆိုင်းငံ့ကာလဖြင့် ငွေပေးချေစနစ်အရ (၆)လ တစ်ကြိမ်အရစ်ကျ ပြန်လည်ငွေပေးချေခြင်းဖြင့် ငွေပေးချေကာလ (၂) နှစ်မှ (၃) နှစ်အတွင်း ပြန်လည်ပေးချေခြင်းဖြစ်ပါတယ်။ ခွန်ဆာနှင့် ယာကူဇာဂိုဏ်းက ဆိုင်းငံ့ကာလ ငွေပေးချေစနစ်ဖြင့် စိုက်ထုတ်ပေးချေထားသည့် ငွေမဲတန်ဖိုးများကို နိုင်ငံတော် အစိုးရငွေများဖြင့် ပြန်လည်ပေးဆပ်လိုက်သည့်အခါ တရားဝင်ငွေဖြူများအဖြစ် ပြောင်းလဲလက်ခံ ရရှိပြီးသား ဖြစ်သွားပါတယ်။ စစ်တပ်အတွက် လိုအပ်နေသည့် ထိုလုပ်ငန်းကွန်ယက်တွင် စစ်လက်နက်ပစ္စည်း များ ၀ယ်ယူခြင်းမှ တရားမ၀င်ရသည့် ပွဲခကော်မရှင်ငွေ၊ ငွေမဲများ လွှဲပြောင်းစိုက်ထုတ်ပေး ချေခြင်း နှင့် အစိုးရပိုင်ဘတ်ဂျက်ငွေဖြင့် ပြန်လည်ပေးချေရာမှ အတိုးနှုန်းပေါ်တွင်ရသည့် ကော်မရှင် ပွဲခငွေတို့ ကို နအဖ ထိပ်သီး ဗိုလ်ချုပ်မှူးကြီး၊ ဒု-ဗိုလ်ချုပ်မှူးကြီး နှင့် စစ်လက်နက်ပစ္စည်းတင်သွင်းသူ ကန်ထရိုက်ပွဲစား ကိုတေဇတို့ အကျိုးအမြတ်ရပါတယ်။
၂၀၀၀ ခုနှစ် ဇွန်လကတည်းက နအဖ ဗိုလ်ချုပ်ကြီးများနှင့် Dive Money Inflow Network တို့ကို ဦးစွာ လမ်းပြမိတ်ဆက်ပေးခဲ့သူမှာ နိုင်ငံတကာတွင် ဘိန်းဘုရင်ဟု နံမည်ဆိုးဖြင့် ကျော်ကြားသည့် ဦးခွန်ဆာကိုယ်တိုင် ဖြစ်ပါတယ်။ နအဖစစ်တပ်အတွက် ရုရှားလုပ် ရဟတ်ယာဉ်များနှင့် စစ်လက်နက်ပစ္စည်းများ ရောင်းချသည့် ရုရှား MAPO and Rostvertol ၏ ကိုယ်စားလှယ် ကိုတေဇ Htoo Trading ကို Dive Money Inflow Network အတွင်း အကျိုးတူ ကြားခံ ပါဝင်ဆောင်ရွက်စေရန် ဦးခွန်ဆာ၏ နောက်ကွယ်မှ စီစဉ် အကွက်ချပေးသည်ကို နအဖ ဗိုလ်ချုပ်ကြီးများက သဘောတူ လက်ခံပါတယ်။ Dive Money ဆိုတာဟာ ဂျပန်မူးယစ်ဆေးဝါး ကုန်သည် ယာကူဇာများနှင့် လက်တင်အမေရိက မူးယစ်ဆေးဝါးလုပ်ငန်းကွန်ယက်တို့မှ အသုံးပြုသော ဝေါဟာရတခုဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနှင့် လက်နက် မှောင်ခိုရောင်းချခြင်း လုပ်ငန်းများမှ ရထားသည့် ပမာဏကြီးမားသည့် ငွေမဲများကို ငွေဖြူအဖြစ် ပြောင်းလဲရန် ခေတ္တသိုဝှက် သိမ်းဆည်းထားခြင်း ဖြစ်ပါတယ်။
ဦးခွန်ဆာနှင့် သူ၏ မွန်ထိုင်း တပ်ဖွဲ့တို့ နအဖထံ ချွင်းချက်မရှိ လက်နက်ချပြီး အလင်းဝင်လာစဉ်က ဦးခွန်ဆာမှာ ငွေကြေးအမြောက်အမြား ပါမလာခဲ့ကြောင်း နအဖ မူးယစ်ရဲမှူးကြီး ခမ်းအောင် အပါအ၀င် ထိပ်တန်း အရာရှိကြီးများက ပြောကြပါတယ်။ နအဖအရာရှိကြီးများ ပြောစကား မှန်ပါတယ်။ ဦးခွန်ဆာက သူရဲ့ တပ်ဖွဲ့များ နှင့်အတူ Sam7 ကဲ့သို့ ခေတ်မှီလေယာဉ်ပစ် ဒုံးကျည်လက်နက်များ ပါလာခဲ့သော်လည်း ငွေကြေး အမြောက်အမြား ယူဆောင်မလာခဲ့ပါ။ သူရဲ့ ငွေကြေး ပိုင်ဆိုင်မှုအတွင်းရေးကို သိနေတဲ့ မွန်ထိုင်းတပ်မှူးကြီး စိုင်းလူးကို "ငါတို့အခု အချိန်မှာ မိကျောင်းလို နေရမယ်" လို့ ပြောခဲ့ဖူးပါတယ်။ ဗိုလ်မှူးကြီး စိုင်းလူး ကိုယ်တိုင်မှာ လည်း အမေရိကန်တရားရုံးတော်က မူးယစ်ဆေးဝါး တရားခံပြေး အဖြစ် ကြေညာခြင်း ခံထားရသူ ဖြစ်ပါတယ်။ ဦးခွန်ဆာပိုင် မူးယစ်ဆေးဝါးလုပ်ငန်းမှ ရထားတဲ့ ဒေါ်လာငွေအများစုကို သူရဲ့ စီးပွားဖက် ဂျပန်ယာကူဇာများရဲ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းများနှင့် Tanaka Foods Enterprise ကဲ့သို့သော ယာကူဇာပိုင် လုပ်ငန်းများမှာ အပ်နှံမြုပ်နှံထားခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်၊ သြဂုတ်လမှာ ဦးခွန်ဆာရဲ့ နောက်ကွယ်မှ စီစဉ်ပေးချက်အရ Dive Money US$ 2 millionကို စကာင်္ပူ OCBC ဘဏ်မှ ကိုတေဇရဲ့ ဘဏ်စာရင်းသို့ လုပ်ငန်းပြ လွှဲပြောင်းပေးခဲ့ပြီး၊ မြန်မာလေတပ်ရှိ Bell 205A1 နှင့် Mi 17 ရဟတ်ယာဉ်Propeller Blade, Gear Box and Spare Parts များ ၀ယ်ယူ တင်သွင်းပေးလာတော့မှ နအဖထိပ်သီး ဗိုလ်ချုပ်မှူးကြီးနှင့် ဗိုလ်ချုပ်ကြီးများ အနေဖြင့် Dive Money Inflow နှင့် သူတို့အတွက် နောက်ကွယ်မှ တိတ်တဆိတ်ရလာတဲ့ ကော်မရှင်အကျိုးအမြတ်ကို လက်တွေ့သဘောပေါက်လာကြပါတယ်။
MI - 17
အဲဒီကာလက လေတပ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်သန်းကိုယ်တိုင်မှာလည်း လေတပ်မှာ အသုံးပြုနေတဲ့ Bell 205 နှင့် Mi 17 ရဟတ်ယာဉ်များ အတွက် မဖြစ်မနေ လိုအပ်တဲ့ အပိုပစ္စည်းများ ၀ယ်ယူဖြည့်တင်းရန် ဒေါ်လာငွေဘတ်ဂျက် အခက်အခဲ ဖြစ်ပေါ်နေခဲ့ပါတယ်။ ဒါ့အပြင် Mi 17 ရဟတ်ယာဉ်နှင့် အပိုပစ္စည်းများတင်သွင်းပေးသည့် ကိုယ်စားလှယ် ကိုတေဇရဲ့ OCBC ဘဏ်စာရင်းမှာ မလေးရှားသို့ ကျွန်းသစ်များကို စက်လှေဖြင့် မှောင်ခိုရောင်းထားသည့် ဒေါ်လာငွေတစ်သန်းကျော်ကိုသာ လုပ်ငန်းအားလုံး လည်ပတ်နေရပါတယ်။ လေတပ်ရဟတ်ယာဉ် အပိုပစ္စည်းများအတွက် ဒေါ်လာနှစ်သန်းဖိုး စိုက်ထုတ် ၀ယ်ယူတင်သွင်းပေးရန် အခက်အခဲ ဖြစ်နေခဲ့ပါတယ်။ ဦးခွန်ဆာကိုယ်တိုင်ကလည်း သူရဲ့ စီးပွားဖက် ဂျပန်ယာကူဇာ လုပ်ငန်းကွန်ယက်မှ Dive Money များဖြင့် နအဖစစ်အစိုးရရဲ့ စစ်လက်နက်ပစ္စည်းများ ၀ယ်ယူဖြည့်တင်းရေးတွင် ကိုတေဇရဲ့ လုပ်ငန်းကို ကြားခံ အသုံးပြုလျက် ငွေကြေး စိုက်ထုတ် Finance လုပ်ပေးပြီး၊ အစိုးရက ဆိုင်းငံ့ကာလ ငွေပေးချေစနစ် သဘောတူ စာချုပ်ဖြင့် ပြန်လည်ပေးဆပ်ငွေကို တရားဝင်အဖြစ် ပြန်လည်ရရှိစေ၇န်စီစဉ်နေချိန်ဖြစ်ပါတယ်။ နအဖရဲ့ ကာကွယ်စောင့်ရှောက်မှု ထီးရိပ်မှာ ချွင်းချက်မရှိ လက်နက်ချခြင်းဖြင့် ငြိမ်းချမ်းရေးရယူကာ ၀င်ရောက်ခိုလှုံလာတဲ့ နိုင်ငံတကာမူးယစ်ဆေးဝါး တရားခံပြေး မာဖီးယားသန်းကြွယ် သူဌေးကြီး ခွန်ဆာနှင့် သူရဲ့ စီးပွားဖက် ဂျပန်ယာကူဇာထိပ်ပိုင်းရဲ့ လျှို့ဝှက်အစီအစဉ်ဖြင့် ၂၀၀၀ခုနှစ် ဇွန်လမှာ ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် Tanaka Foods Enterprise ရဲ့ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Mr.Tanaka ဟာ ရန်ကုန်သို့ ရောက်လာခဲ့ပါတယ်။ နအဖ ဗိုလ်ချုပ်ကြီးများနဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါးလုပ်ငန်းကွန်ယက်မှ ၀င်လာတဲ့ Dive Money တို့ဟာ အချိန်အခါနှင့် အခြေအနေ လိုအပ်ချက်အရ မသူတော်ချင်း အကျိုးတူ ဆက်စပ်ပေါင်းဖက်မိကြခြင်း ဖြစ်ပြီး၊ နအဖဗိုလ်ချုပ်မှူးကြီးတို့ အုပ်စုဟာ သူတို့ အတွက် အကျိုးရှိရင် နိုင်ငံတကာရာဇ၀တ်မှုကိုပါ လက်ရဲဇက်ရဲ ကျူးလွန်ရဲကြသူများ ဖြစ်ပါတယ်။
စကာင်္ပူ နိုင်ငံရှိ OCBC ဘဏ် အဆောက်အဦး
တင်ပြသူ ကိုဖိုးတရုတ် at 12:24 PM
Credit By: http://photayokeking.blogspot.com
Posted by PNSjapan at 12:29 AM 0 comments
Labels: ဆောင်းပါး
ပင်လုံသက်သေ မွေခံထိုက်စေ
ဆောင်းပါးရှင် - ဗိုလ်ထက်မင်း (ခေတ်ပြိုင် ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်)
နအဖဟာ အပစ်ရပ် ငြိမ်းအဖွဲ့တပ်တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ စီစဉ်ရာမှာ အသွင်ကူးပြောင်းရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး “အသွင်ကူးပြောင်းရေး မူဝါဒကော်မတီကို” တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များအဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အတွင်းရေးမှူး (၁)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် အဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ကြမည့်အပြင် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်၊ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး၊ တွဲဖက်အတွင်းရေးမှူးများဖြင့် ပါဝင်ဖွဲ့စည်းထားပါတယ်။ အဲဒီလို ဖွဲ့စည်းထားတာကိုကြည့်ရင် နအဖအနေနဲ့ အပစ်ရပ် တိုင်းရင်းသားတွေအပေါ်မှာ သတိထားကိုင်တွယ် နှိပ်ကွပ်မယ့်သဘော တွေ့ရပါတယ်။
ဆက်လက်ပြီး တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်က ဥက္ကဋ္ဌ၊ တိုင်းမှူးများက အဖွဲ့ဝင်၊ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်၊ တွဲဖက်စစ်ရေးချုပ်၊ တွဲဖက်စစ်ထောက်ချုပ်၊ ညွှန်ကြားရေးမှူး (ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ကာကွယ်ရေးဝန်ကြီးဌာန၊ ငွေစာရင်း)၊ စစ်ဦးစီးမှူး (ပထမတန်း)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) တာဝန်ဌာနခွဲ အဖွဲ့ဝင်နဲ့ ညွှန်ကြားရေးမှူး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ် များ ညွှန်ကြားရေးမှူးရုံး အတွင်းရေးမှူးနဲ့ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိ ချုပ်ရုံးမှ စစ်ဦးစီးမှူး (ပထမတန်း)၊ တွဲဖက်အတွင်းရေးမှူးများပါဝင်တဲ့ “အသွင်ကူးပြောင်းရေး လုပ်ငန်း ကော်မတီ” ကိုလည်း ဖွဲ့စည်း ထားပါတယ်။
ဒါ့အပြင် တိုင်းမှူး ဥက္ကဋ္ဌ၊ ဒုတိယတိုင်းမှူး အပါအ၀င် ဦးစီးအရာရှိကြီးများ ပါဝင်တဲ့ အသွင်ကူးပြောင်းရေး “တိုင်းအဆင့် လုပ်ငန်းကော်မတီ” ဆိုပြီးတော့လည်း ဖွဲ့စည်းထားပါသေးတယ်။
ဒါပေမယ့် အဲဒီ ကော်မတီ အဆင့်ဆင့်မှာ အပစ်ရပ် တိုင်းရင်းသား ခေါင်းဆောင်တွေ လုံးဝ ပါဝင်ခွင့်မရှိတာကိုကြည့်ရင် တိုင်းရင်းသားအခွင့်အရေးနဲ့ တန်းတူညီမျှမှုဆိုတာ အိပ်မက်ပမာသာ ရှိနေပါဦးမယ်။
ဖြစ်သင့်တာက နအဖဖွဲ့စည်းထားတဲ့ မူဝါဒကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ တိုင်းအဆင့် လုပ်ငန်းကော်မတီတွေအနက် အနိမ့်ဆုံး တိုင်းအဆင့်လုပ်ငန်းကော်မတီမှာ အပစ်ရပ်အဖွဲ့မှ အရာရှိကြီးတချို့ ပါဝင် သင့်ပါတယ်။
ဒါမှသာ ဖြစ်ပေါ်လာမယ့် ဖွဲ့စည်းပုံအရ ပေါင်းစပ်ပြီးရင် လေ့ကျင့်ရေး၊ စီမံခန့်ခွဲရေး၊ အုပ်ချုပ်မှု၊ ဘာသာစကား နားမလည်မှု၊ လူမျိုး၊ ဓလေ့ထုံးစံ ကွဲလွဲမှု၊ စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေများဆိုင်ရာ အခက်အခဲ စတာတွေကို ပေါင်းစပ်ညှိနှိုင်းကာ ဖြေရှင်းဖို့ လွယ်ကူနိုင်မှာ ဖြစ်ပါတယ်။
အပစ်ရပ်တွေ ဖွဲ့စည်းရမယ့် နယ်ခြားစောင့်တပ်ရင်းရဲ့ ဖွဲ့စည်းပုံနဲ့ လက်ရှိနအဖတပ်ရင်းရဲ့ ဖွဲ့စည်းပုံကို လေ့လာနိုင်ဖို့ အောက်ပါအတိုင်း နှိုင်းယှဉ်တင်ပြအပ်ပါတယ်။
နယ်ခြားစောင့်တပ်တတပ်တွင် ရှိရမယ့် ဗိုလ်မှူး (၃) ယောက်အနက် တပ်မှူးနှင့် ဒု-တပ်မှူးများမှာ ငြိမ်းချမ်းရေးအဖွဲ့မှ ဖြစ်ပြီး ကျန် (၁) ဦးမှာ နအဖတပ်မှ ဌာနချုပ်တပ်ခွဲမှူး Admin အရာရှိဖြစ်ရမယ်လို့ သိရပါတယ်။
ဒါ့အပြင် တပ်ရေးဗိုလ်ကြီး (၁) ဦးနှင့် တပ်ထောက်ဗိုလ်ကြီး (၁) ဦးတို့မှာလည်း နအဖတပ်မှသာ ဖြစ်ပါတယ်။ တပ်ခွဲမှူးများမှာမူ ငြိမ်းချမ်းရေးအဖွဲ့မှ ဖြစ်ပါတယ်။
နအဖတပ်က အခြားအဆင့် (၂၇) ယောက်အနေနဲ့ တွဲဖက်ပါဝင်ထမ်းဆောင်ရာမှာ ဒု-အရာခံဗိုလ် (ရုံးအုပ်) (၁) ယောက်၊ ဒု-အရာခံဗိုလ် (တပ်ထောက်) (၁) ယောက်၊ တပ်ကြပ်ကြီး (စာရေး) (၈) ယောက်၊ တပ်ကြပ်ကြီး (၆) ယောက်၊ တပ်ကြပ် (၉) ယောက်၊ သူနာပြုကျွမ်းကျင် (၁) ယောက်တို့ ဖြစ်ကြပြီး သူတို့ဟာ နယ်ခြားစောင့်တပ်ရဲ့ အရေးပါတဲ့ နေရာများမှာ တာဝန်ယူပြီး ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
နယ်ခြားစောင့်တပ်နဲ့ ပတ်သက်ပြီး နအဖက အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်။
တပ်နေရာချထားရေးနှင့် ပတ်သက်ပြီး နောက်ပိုင်းတွင် ညှိနှိုင်းရန်။
လစာနှုန်းနှင့် ခံစားခွင့်များမှာ တပ်မတော်သားအတိုင်း ဖြစ်မည်။
အဆင့်သတ်မှတ်ရန်ကိစ္စနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးအဖွဲ့မှ သတ်မှတ်ပေးရန်။
နယ်ခြားစောင့်တပ် (Border Guard Force) အား အစပိုင်း (သင်တန်းကာလ) အတွင်း ပူးပေါင်းကွပ်ကဲသွားမည်။
(Border Guard Force) အား အခြားဒေသသို့ စေလွှတ်ခြင်းမရှိဘဲ ကိုယ့်နယ်အတွင်း၌သာ နယ်ခြားစောင့်တာဝန် ထမ်းဆောင်ရမည်။
စစ်သင်တန်းစလျှင်စချင်း တပ်မတော်သားများ ခံစားခွင့်ရရှိသော (နေထိုင်၊ စားသောက်ရေး၊ မိသားစုလိုင်း) များ ခံစားခွင့်ရမည်။
ယခုအခါ UWSA ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်အနေနဲ့ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းကို လုံးဝသဘောမတူကြောင်း ပြတ်ပြတ်သားသား နအဖအား ပြန်ကြားခဲ့ပြီးဖြစ်ပါတယ်။
အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကမ္ဘာသိ မြန်မာ့ခေါင်းဆောင်တဦးအား ယခုလို မတရားသဖြင့် ပြစ်မှုဖန်တီးတဲ့ နအဖကို လုံးဝအယုံအကြည်မရှိပါဟု ၀ ခေါင်းဆောင်တဦးမှ တရားဝင် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒီဖြစ်ရပ်ဟာ တိုင်းရင်းသားတွေအတွက် လုံးဝလက်ခံနိုင်စရာမရှိတဲ့အပြင် နအဖကို ပြန်တိုက်ဖို့သာ ရှိတော့ကြောင်းလည်း ပြောကြားလာပါတယ်။
အမိမြန်မာနိုင်ငံတော် လွတ်လပ်ရေးရရှိဖို့ တိုင်းရင်းသားတွေအားလုံးဟာ ဗိုလ်ချုပ်အောာင်ဆန်း ဦးဆောင်တဲ့ ပင်လုံစာချုပ် သက်သေတည်ပြီး စည်းလုံးညီညွတ်စွာနဲ့ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြပါတယ်။ လွတ်လပ်ရေး ရရှိခဲ့ပြီး ပေမယ့် တိုင်းရင်းသားတွေအနေနဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုတို့ကို အမှန်တကယ် မရရှိသေးပါ။
ဒါ့ကြောင့် ဖခင်ရဲ့ ကောင်းမွေကို ဆက်ခံပြီး အများပြည်သူလိုလားတဲ့ လွတ်လပ်မှု၊ တန်းတူရည်တူ သာတူညီမျှမှု၊ တရားမျှတမှုတို့အတွက် တိုက်ပွဲဝင်ရင်း အာဏာရူးတွေရဲ့  မတရားဖမ်းဆီး အရေးယူခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်စောင့်ရှောက်ကြပါရန် တိုင်းရင်းသားများအားလုံးသို့ အထူးမေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။
Posted by PNSjapan at 12:14 AM 0 comments
Labels: ဆောင်းပါး
မစ္စတာခရီယေတာ - “စစ်အစိုးရသို့ ကုလသမဂ္ဂ၏ ရှုတ်ချခန်း”
Posted by PNSjapan at 12:05 AM 0 comments
Labels: ကာတွန်း
Saturday, July 25, 2009
(NDF) ၃၃နှစ်ပြည့်အခမ်းအနား ဂျပန်တွင်ပြုလုပ်

Posted by PNSjapan at 11:55 PM 0 comments
2001 ခုနှစ် ဂျပန် သတင်းမီဒီယာ များကို ရှင်းလင်းတင်ပြခဲ့သည့် တိုင်းရင်းသားအရေး
Foreign Coresspondents’s Club Japan
ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ
Program in General
Time Speakers Topics
15:00 – 15:10 Dr. Min Nyo Thanking to RENGO for providing
(President, League for office space of Burma Office(Japan),
Democracy in Burma and Request to review Japanese Foreign
Office Director, Burma Policy towards Burma and
Office – Japan) suggestion to help Thai – Burma
Border region
15:10 – 15:20 Ye Htut Situation of Political Prisoners in
(Vice President, National Burma and Update National League
League for Democracy- for Democracy Party in Burma
Japan Branch)
15:20 – 15:30 Saw David Htaw and Federalism and equality of ethnic
Kyaw Oo (National peoples in Burma
Democratic Front)
15:30 – 15:40 Dr. Thaung Htun UN agencies, latest into of UNGRC
(Rep. For UN Affairs, related Burma, NCGUB (Burma UN
National Coalition Service Office) and role of the
Government of the special rapportuer
Union of Burma)
15:40 – 15:50 Tin Win (Federation of Request to Japanese Government
Trade Unions – Burma, to review the consideration of
Japan Branch) and offering large scale ODA to
Saw Ohnmar (Former Burmese Military Regime
Deputy Planning Officer,
Ministry of Planning,
Burma)
15:50 – 16:00 Maung Maung Forced Labor practice still existing
(General Secretary in Burma after imposing sanotions
Federation of Trade of ILO
Unions – Burma)
16:00 – 17:00 Q & A time.
NDF ကိုယ်စားလှယ် မိုင်ကျော်ဦးမှ
ဂျပန် သတင်းမီဒီယာ များကို ရှင်းလင်းတင်ပြခဲ့သည့် တိုင်းရင်းသားအရေး
မိုင်ကျော်ဦး
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု
Posted by PNSjapan at 10:54 PM 0 comments