၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်။
PNS-Japan
Thursday, December 31, 2009
မေ ၃၀ ဒီပဲယင်းလုပ်ကြံမှုကြီး(၇၉)လပြည့် ၀မ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနား(တိုကျို)
Posted by PNSjapan at 12:29 AM 0 comments
Labels: သတင်း
Sunday, December 27, 2009
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)(၆)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား(တိုကျို)
၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက်။
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)AUN-Japan၏ (၆)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို တိုကျိုမြို့  တာကါဒါနိုဘာဘာ ရှိ Seikatsu Center ၌ ညနေ ၁၈း၃၀ နာရီ မှ ၂၁း၀၀နာရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ညီလာခံ အခမ်းအနား၏ သဘာပတိများအဖြစ် AUN-Japan ဥက္ကဋ္ဌ ဦးဇော်မင်းခိုင် မှတာဝန်ယူပြီး အခမ်းအနားမှုး အဖြစ် မိုင်းကျော်ဦးမှ တာဝန်ယူဆောင်ရွက်ခဲ့ကြပါသည်။ သဘာပတိမှ အဖွင့် အမှာစကားပြောကြားပြီးသည့်နောက် တက်ရောက်လာကြသည့် တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်နှင့် ကိုယ်စားလှယ် အသီးသီးတို့ မှ နှုတ်ခွန်းဆက် အမှာစကား အသီးသီးပြောကြားခဲ့ကြပါသည်။ဖိတ်ကြားထားသည့် မဟာမိတ် အဖွဲ့ အစည်းဖြစ်သော KNU-Japan ကိုယ်စားလှယ် စောမျိုးခိုင်ရှင်း ၊ OKOJ ဥက္ကဋ္ဌ စောလှကြီး တို့ မှ တက်ရောက် အမှာစကားပြောကြားခဲ့ကြပါသည်။
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)၏ (၂၀၀၈.၂၀၀၉)ခုနှစ် အလုပ်အမှုဆောင်ကော်မတီ ၏ တစ်နှစ်တာ လုပ်ငန်း အစီရင်ခံစာကို အထွထွေအတွင်းရေးမှုး မိုင်းကျော်ဦးမှ ဖတ်ကြားတင်သွင်းပြီးနောက် ရေးရာကော်မတီဝင်များမှ တစ်တာ လုပ်ငန်းဆောင်ရွက်ချက်များ အားသာချက် အားနည်းချက်များကို တင်ပြအစီရင်ခံခဲ့ကြပါသည်။
၂၀၀၉ / ၂၀၁၀ ခုနှစ် အလုပ်အမှုဆောင် ကော်မတီဝင်အမည်စာရင်းများကို AUN-Japan ၏ ၂၀၀၉/ ၂၀၁၀ အလှည့်ကျ ဥက္ကဋ္ဌ စိုင်းစီဝမ်း အား လွှဲပြောင်းပေးအပ်ပြီး အထွေထွေအတွင်းရေးမှုး မိုင်းကျော်ဦးမှ လည်း ၂၀၀၉/၂၀၁၀ ခုနှစ် ရွေးချယ်ခံရသည့် အထွေထွေအတွင်းရေးမှုး မင်းဝင်းတေဇ အား လုပ်ငန်းတာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ၂၀၀၉/၂၀၁၀ ခုနှစ် ဥက္ကဋ္ဌ အသစ် စိုင်းစီဝမ်း မှ အမှာစကား ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
PNS-Japan
Photo by / Lian Khan Sum(CNC-Japan)
Rest of your post
Posted by PNSjapan at 11:02 PM 0 comments
Labels: သတင်း
Friday, December 25, 2009
Myanmar: Beneath the surface
Two years ago the world watched in dismay as Myanmar's military junta brutally crushed the so-called Saffron Revolution. It was the only show of mass opposition to have occurred inside the country in almost 20 years.
Now, that same junta is moving towards elections some time in 2010, but no one expects them to be either free or fair, based as they are on a constitution seemingly designed to ensure the survival of those in power.
Filmmaker Hazel Chandler entered the country undercover for People & Power, to find out how Myanmar's people are fairing, and to investigate disturbing claims that the regime may be trying to develop nuclear weapons.
Copy from http://english.aljazeera.net/programmes/peopleandpower/2009/12/20091221105558464153.html
Posted by PNSjapan at 1:13 AM 0 comments
Wednesday, December 23, 2009
(၂၈)လမြောက် ကျောင်းသားခေါင်းဆောင်များ လွတ်မြောက်ရေးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)
၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ(၂၁)ရက်
ဂျပန်နိုင်ငံ တိုကျိုမြို့ရှီနာဂါဝါမြို့နယ် နအဖ အခွန်ရုံးရှေ့ တွင် (၇၁)နှစ်မြောက် ဗိုလ်အောင်ကျော်နေ့ အထိမ်းအမှတ်နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဖမ်းဆီး ထိမ်းသိမ်း ထားခြင်း(၂၈)လမြောက် လွတ် မြောက် ရေး တောင်းဆိုဆန္ဒပြပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီမှ ၄ နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
PNS-Japan
Photo by / Soeaung1961sep
Rest of your post
Posted by PNSjapan at 12:57 AM 0 comments
Labels: သတင်း
Tuesday, December 22, 2009
သျှမ်းပြည်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်)၏ ၂၀၁၀ ခုနှစ်အတွက် အလုပ်မှုဆောင်ကော်မတီများ
သျှမ်းပြည်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) သည် ပြီးခဲ့သည့် ၂၀ ရက်နေ့ဒီဇင်ဘာလ ၂၀၀၉ တွင် ဂျပန်နိုင်ငံရောက် ရှမ်းပြည်နယ်တိုင်းရင်းသားများမှ စုပေါင်းပြီး ၂၀၁၀ ခုနှစ်အတွက် အလုပ်မှုဆောင်ကော်မတီများ ရွေးချယ်တင်မြောက်ပြီးစီးခဲ့ပါသည်။
ဓာတ်ပုံ မှတ်တမ်းများနှင့်အတူ
Posted by PNSjapan at 1:10 AM 0 comments
Labels: သတင်း
Sunday, December 20, 2009
Pang Deng Nork New village
Opening ceremony of New village
Pang Deng Nork village
Chiang Mai
Pang Deng Nork villagers were celebrated their new village which held on Dec 10-12, 2009. At the ceremony, many Palaung villagers from Fang and Mae Ai districts as well as guests from Chiang Mai and local Thai authorities such as police offers, Thai Army officers, forestry department and school teachers were also attended the opening ceremony. The ceremony were organized by Makhampom Foundation and UHDP and Pang Deng Nork villagers wer host food and accomodation to the guests.
PNS-Japan
Posted by PNSjapan at 12:46 AM 0 comments
Labels: သတင်း
၂၀၀၉ ခုနှစ် နှစ်ကုန် နှုတ်ဆက်ပွဲ အခမ်းအနား(တိုကျို)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၇)က်နေ့ 
တိုကျိုမြို့  AKASAKA တွင် ကျင်းပပြုလုပ်သည့် ဂျပန်အောက်လွတ်တော် ဥက္ကဋ္ဌ Mr.TAKAHIRO YOKOMICHI ၏ ၂၀၀၉ ခုနှစ် နှစ်ကုန်နှုတ်ဆက်ပွဲ ပါတီ အခမ်းကို NDF ဂျပန်တာဝန်ခံ Mr.SHIMISU နှင့်အတူ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံ တိုင်းရင်းသားဒေသမှ လူ့ အခွင့်အရေးချိုးဖေါက်ခံနေရသည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီးသည့်နောက် တိုင်းရင်းသား ဒေသမှ လူ့ အခွင့် နှင့်ပတ်သက်သည့် အစီရင်ခံစာမှတ်တမ်းကို လွတ်တော်ဥက္ကဋ္ဌ ထံပေးအပ်ခဲ့ပါသည်။
PNS-Japan
Posted by PNSjapan at 12:24 AM 0 comments
Labels: သတင်း
Tuesday, December 15, 2009
No united army for us, rebels vow
(http://www.bangkokpost.com/news/investigation/29198/no-united-army-for-us-rebels-vow) မှ ကူးယူထားခြင်းဖြစ်ပါသည်။
Posted by PNSjapan at 12:27 AM 0 comments
Labels: သတင်း
Friday, December 11, 2009
(၆၁)နှစ်ပြည့်မြောက် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့ အခမ်းအနား(တိုကျို)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်
ဂျပန်နိုင်ငံ Shibuya မြို့ နယ် ကုလသမဂ္ဂ အဆောက်အဦးရှေ့ မှာ (၆၁)နှစ်ပြည့်မြောက် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့  အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (JAC) မှ ဦးဆောင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းနားမှာ ဂျပန်နိုင်ငံရောက် အီရတ်နိုင်ငံသားများ၊ ကွန်ဂိုနိုင်ငံသားများ၊ အီသီယိုပီးယား နိုင်ငံသားများ၊ တီဘက်နိုင်ငံသားများ နှင့် မြန်မာ့ဒီမိုကရေစီ အင်အားစုများတက်ရောက်ပြီး မိမိတို့ နိုင်ငံ ဒေသအသီးသီးမှ ဖြစ်ပေါ်နေသော လူအခွင့်အရေးချိုးဖေါက်ခံနေရသည့် အကြောင်းကို ဟောပြောခဲ့ကြပါသည်။ ထိုအပြင် ဂျပန်နိုင်ငံ လူ့ အခွင့်အရေးအဖွဲ့ များ၊ NGO အဖွဲ့ များ နှင့် မြန်မာ့အရေးကို အားပေးကူညီ ခဲ့ကြသော အဖွဲ့ အစည်းများပါ ပူးပေါင်းပါဝင်ခဲ့ကြပါသည်။
PNS-Japan
Posted by PNSjapan at 3:19 PM 0 comments
Labels: သတင်း
Thursday, December 10, 2009
တိုင်းရင်သားခေါင်းဆောင်များ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ(တိုကျို)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၉)ရက်။
ဦးခွန်ထွန်းဦး၊ဒေါ်အောင်ဆန်းစုကြည် ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ အခမ်းအနားကို AUN-Japan မှ ဦးဆောင်ပြီး ၂၀၀၇ ခုနှစ် မှ စတင်၍ လစဉ် (၉) ရက်နေ့  ကျရောက်တိုင်း ကျင်းပ လာခဲ့သလို ယခုအချိန်ထိ AUN-Japan ၊ SND နှင့် SSND တို့ ပူးပေါင်း၍ ဦးခွန်ထွန်းဦး အပါအ၀င်တိုင်းရင်းသား ခေါင်းဆောင်များ ၊နိုင်ငံရေး အကျဉ်းသားများအားလုံး ကျမ္မာစေဖို နှင့် အမြန်ဆုံး လွတ်မြောက်ရန် အတွက် လစဉ် (၉)ရက်နေ့  ကျရောက်တိုင်း ဆက်လက်၍ တောင်းဆို ဆန္ဒပြပွဲ များ ပြုလုပ်လျှက်ရှိပါသည်။
အဆိုပါဆန္ဒပြပွဲ အခမ်းအနားကို Shibuya မြို့ နယ် UN အဆောက်အဦးရှေ့ တွင်ကျင်းပပြုလုပ်ခဲ့ကြပါသည်။
PNS-Japan
Posted by PNSjapan at 12:45 AM 0 comments
Labels: သတင်း
Tuesday, December 8, 2009
(တအာင်း)ပလောင် တောင်ပိုင်နယ်ကို အစဉ်အဆက်အုပ်ချုပ်လာသော စော်ဘွားများ
တအာင်း (ပလောင်)တောင်ပိုင်နယ်ကို အစဉ်အဆက် ရိုးရာမပျက် အုပ်ချုပ်လာသော စော်ဘွားများအနက်၊ ပုဂံခေတ်က အုပ်ချုပ်လာသော စော်ဘွားများကို မသိရသော်လည်း မုဆိုးဆျက် အလောင်း မင်းတရား လက်ထက်တော်မှ၍ အချုပ်အခြာ အာဏာပိုင်နှင့် လွတ်လပ်သော ပြည်ထောင်စု သမတ မြန်မာနိုင်ငံတော်အထိ အစဉ်အဆက် ရိုးရာမပျက် အုပ်ချုပ်လာသော စော်ဘွားများမှာ-
၁။ ဒဒွေးဖ။
၂။ ဖခွန်မြ။
၃။ ဖခွန်ဆိုင်။
၎။ ဖဒွေးတော်။
၅။ ဖလွယ်လျို။
၆။ ဖခွန်ကျိန်မိန်း။
၇။ ဖခွန်ဆေ။
၈။ ခွန်တန်မိန်း။
၉။ ဖကန်ခွန်ဆိင်ရဲ (ခေါ်)ခွန်ဆာ။
၁၀။ ခွန်ကျန်။
၁၁။ အောင်ဆာ။
၁၂။ ခွန်ကွန်း။
၁၃။ ခွန်ခမ်းမိန်း။
၁၄။ ခွန်ခမ်းတန်မိန်း။
၁၅။ ခွန်ဆင်အွမ် (ကြက်သရေဆောင် ရွှေစလွယ်ရမင်း)။
၁၆။ ခွန်ပန်းစိန် (မဟာသရေစည်သူ)
မင်းတုံးမင်းတရားလက်ထက် “ခွန်ကျန်” ပုန်ကန်ထကြွသောကြောင့် ရာထူးမှ ချပြီး၊ “အောင်ဆာ” ကို စော်ဘွားခန့်ထားလေသည်။ စော်ဘွားရာထူးကျ “ခွန်ကျန်” သည် မန္တလေး၌ အချုပ်ခံနေရစဉ်၊ ကွယ်လွန်အနိစ္စ ရောက်လေသည်။
သက္ကရာဇ် ၁၂၃၀ ပြည့်နှစ်၊ အောင်ဆာကို “ခွန်ကွန်း”က လုပ်ကြံ၍ စော်ဘွားရာထူးကို လုယူပြီး၊ မြန်မာဘုရင်ကို နှစ်စဉ်ပဏ္ဍာတော်များ ဆက်သွင်း၍ ၊ သင့်တင့်စွာ အုပ်ချုပ်နေလေသည်။
၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့ မြန်မာဘုရင်နှင့် နိုင်ငံတော်အလုံးကို ဗြိတိသျှတို့ သိမ်းယူပြီးနောက် ၁၂၄၉ ခုနှစ်၊ တပေါင်းလ၌ (Colonel Sladen) ကာနယ်စလေဒင်၊ (Ser Arther White) ဆာအာသာဝှိုက်၊ (Mr. Berzet) မစ္စတာ ဘားဇက်အစရှိသော ဗြိတိသျှစစ်ဗိုလ်ကြီးများ ကွပ်ကဲ၍ အင်္ဂလိပ်စစ်တပ်များချီတက်စေပြီး၊ တောင်ပိုင်းရှမ်းပြည်၊ ညောင်ရွှေနယ် “မိုင်းသောက်” မြို့တွင် စစ်စခန်းချ၍ စော်ဘွား၊ မြို့စား၊ ငွေခွန်တော်မှူးတို့အား ဗြိတိသျှ အလံတော်အောက်၊ ၀င်ရောက်ရန် သစ္စာတော်ရည်တိုက်သောအခါ၊ “ခွန်ခမ်းမိန်း”သည် မိုင်းသောက်မြို့သို့ လာရောက် သစ္စာတော်ရည်သောက် ခြင်းမပြုသည်သာမက၊ ငါတို့အရှင် မြန်မာဘုရင်နှင့် ထီးနန်းကို ပြန်လည် တိုက်ခိုက်ယူမည်ဟူသော စိတ်ဓါတ်နှင့် တောင်ပိုင်နယ်သို့ ချီတက်လာသော ဗြိတိသျှစစ်တပ်ကို ဆီးကြိုခုခံတိုက်လေသည်၊ သို့ရာတွင် အရေးမသာ၍ တိမ်းရှောင်ရလေသည်။သားတော် “ခွန်ခမ်းတန်မိန်း”က အရေးပြီးပြောအောင် ဆောင်ရွက်သောကြောင့်၊ ဗြိတိသျှတို့ကလည်း လိုက်ရော၍ တိုက်ပွဲကို ရပ်စဲပြီး၊ “ခွန်ခမ်းတန်မိန်း” ကို ပင် စော်ဘွားရာထူး ခန့်အပ်လေသည်။ အာဇာနည် စော်ဘွားကြီး “ခွန်ခမ်းမိန်း” ကား၊ သာသနာ့ဘောင်အတွင်းသို့ ၀င်ရောက်ထမ်းဆောင်ကာ အသက်ထက်ဆုံး နေထိုင်သွားတော့၏။
၁၂၅၈ ခုနှစ်၊ “ခွန်ခမ်းတန်မိန်း” ကွယ်လွန်၍ သားတော် “ခွန်ဆင်အွမ်” စော်ဘွားရာထူးဆက်ခံလေသည်။ ၄င်းစော်ဘွားကြီး လက်ထက်၊ ရှေးအခါက လားဝန်တင်၊ နွားဝန်တင်များနှင့် ကူးလူးဆက်ဆံ သွားလာ ရောင်းဝယ်နေရသော သီပေါနယ်၊ ကျောက်မဲမြို့နှင့် နမ့်ဆန်မြို့ကို မော်တော်ကားလမ်း စတင်ဖေါက်လုပ် စေလေသည်။
၁၉၁၂ ခုနှစ်၊ နှစ်ဦး အစလောက်ကစတင် ဖေါက်လုပ်စေရာ ၁၉၂၄ ခုနှစ်၊ အောင်မြင်ပြီးစီး၍ ဖို့မော်တော်ကားများ စတင်သွားလာကြသည်။ ပညာရေးကို အထူး အားပေးတော်မူသည့် အလျောက် မြန်မာဘာသာ အလယ်တန်းကျောင်း ဖွင့်လှစ်ရန် ကြိုးစားရာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပေသည်။ ဗြိတိသျှအစိုးရက စော်ဘွားကြီးအား ကြက်သရေဆောင် ရွှေစလွယ်ရမင်း ဘွဲ့တံဆိပ်ကို ချီးမြှင့်လေသည်။
စော်ဘွားကြီး “ခွန်ဆင်အွမ်” သည် ပလောင်အမျိုးသမီး မဟာဒေ၀ီ အပြင်၊ မန္တလေးမြို့သူ မြန်မာအမျိုးသမီး ဒေါ်ညွှန့်နှင့် ဒေါ်ခင်သက် (ခေါ်) ဒေါ်ခင်ခင်တို့ ညီအစ်မကို မင်္ဂလာဒေ၀ီ၊ ရတနာဒေ၀ီ တင်မြှောက်ရာ၊ ၄င်းတို့မှ ပွါးစီးလာသော သား၊ သမီး၊ မြေး မြစ်များ တောင်ပိုင်နယ်တွင် များစွာရှိလေသည်။ ၁၂၈၉ ခုနှစ်၊ “ခွန်ဆင်အွမ်” ကွယ်လွန်၍ ပလောင် မဟာဒေ၀ီမှ ဖွားမြင်သော သားတော် “ခွန်ပန်းစိန်” စော်ဘွားရာထူးကို ဆက်ခံလေသည်။
၎င်းလက်ထက် စော်ဘွားကြီး “ခွန်ဆင်အွမ်”ကြိုးစား ဆောင်ရွက်ခဲ့သော မြန်မာဘာသာသင် အလယ်တန်းကျောင်းကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် အလယ်တန်း ကျောင်းအဖြစ်သို့ ရောက်ရှိအောင် ကြိုးစားဆောင်ရွက်ရာ အောင်မြင်ခဲပပြီး၊ ၁၉၅၉ ခုနှစ်တွင် အလယ်တန်းကျောင်းမျ အထက်တန်းကျောင်း အဖြစ်သို့ ရောက်ရှိခဲ့ပေသည်။ ဆရာ ၆ ယောက်၊ ဆရာမ ၆ ယောက်ဖြင့် သင်ကြားပို့ချလျက်ရှိရာ၊ ယခုအခါ ကျောင်းသား ဦးရေမှာ ၈၀၀ ကျော်မျှ ရှိပေသည်။ တက္ကသိုလ်ဝင် ကျာင်းသား ဦးရေ ခန့်မှန်းခြေ ၁၆ ယောက်ရှိသည်ဟု သိရှိရသည်။
စော်ဘွားကြီး ခွန်ပန်းစိန် လက်ထက် ပညာရေးနှင့် ပတ်သက်၍ တောင်ပိုင်နယ်တွင် မူလတန်း ကျောင်းပေါင်း ၂၇ ကျောင်း ဖွင့်လှစ်စေ၍ ပညာ သင်ကြားပေးနေသည့်အပြင် အချို့ရပ်ရွာများ၌ အစိုးရ အထောက်အပံ့ ချက်ခြင်းမရသေးမီ ရပ်ရွာက တည်ထောင်သော ကျောင်းနှင့် ဆရာ၊ ဆရာမ လခကို ရပ်ရွာက ပညာ ပါရမီအဖြစ် ပေးနေသော ကျောင်းပေါင်း ၁၀ ကျောင်းမျှ ရှိပေသည်။
အစိုးရ အသိအမှတ်ပြုသော ကျောင်းများပင် ဖြစ်သော်လည်း ကျောင်းသား ဦးရေများ၍ ဆရာ မလုံလောက်သောကြောင့် သက်ဆိုင်ရာ ရပ်ရွာ ကော်မီတီများက ဆရာကို ရှာဖွေငှါးရမ်းကာ ရပ်ရွာပညာရေး ရံပုံငွေဖြင့် လစာထောက်ပံ့ ခန့်ထားသော ဆရာ၊ ဆရာမပေါင်း ၂၀ ကျော်မျှရှိသည်။ ၄င်းစော်ဘွားကြီး လက်ထက် နမ့်ဆန်မြို့မှ ၃၁ မိုင် ဝေးသော သီပေါး-နမ္မတူ မော်တော်ကားလမ်းရှိ “ပန်လုံ” မြို့ကို မော်တော်ကားလ်း ဖေါက်လုပ်စေ၍ ကုန်သည်များ ကူးလူးဆက်ဆံ ဖေါက်ကားရောင်းဝယ်နိုင်ရန် လမ်းဖွင့်ပေးလေသည်။ ပန်လုံမှ သျီပေါသို့ ၁၈ မိုင် ဝေးရာ၊ သီပေါနှင့် နမ့်ဆန် ၄၉ မိုင်ဝေးသည်။
PNS-Japan
Posted by PNSjapan at 12:34 AM 0 comments
Labels: ကျွှန်တော်တို့အကြောင်း, ပလောင်ယဉ်ကျေးမှု, မှတ်တမ်း
Friday, December 4, 2009
SSA-S နှင့် PNLO အကြားပြစ်ခတ်မှုနှင့်ပတ်သတ်၍ AUN-Japan ၏ သဘောထားထုတ်ပြန်ကျေညာချက်။
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ(၃)ရက်
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်)၊ Association of United Nationalites in Japan (AUN- Japan) သည် ဂျပန်နိုင်ငံတွင် ပအို့တိုင်းရင်းသားများ၊ ရှမ်းတိုင်းရင်းသားများအပါအ၀င် တိုင်းရင်းသားလူမျိုးပေါင်း စုံဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်ပါသည်။
၂၀၀၉ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့ ရှမ်းပြည်နယ်တောတွင်တနေရာတွင် ပအို့အမျိုးသားလွတ်မြောက်ရေးအ ဖွဲ့ (PNLO) နှင့် ရှမ်းပြည်နယ်တပ်မတော်-တောင်ပိုင်း(SSA-S) တို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ သည်အပေါ် AUN-Japan အနေဖြင့် များစွာ စိုးရိမ်သောကဖြစ်မိပါသည်။
ထိုပစ်ခတ်မှုတွင် ပအို့အမျိုးသားများလွတ်မြောက်ရေးအဖွဲ့၏ဆေးမှူးဖြစ်သူ ခွန်ဇော်ဦး ကျဆုံးသွားည့်အတွက် လည်း ပအို့အမျိုးသားများ နှင့် အတူထပ်တူထပ်မျှ ၀မ်းနည်းရပါကြောင်းဖေါ်ပြလိုပါသည်။
သို့သော်လည်းနှစ်ဘက်ခေါင်းဆောင်များက ယခုလိုအောက်ခြေအဖွဲ့ဝင်များအကြား မတော်တဆဖြစ်မှုကိုဆွေး နွေး ဖြေရှင်းခြင်းဖြင့် အဖြေရှာမည် ဟုကြားသိရသည့်အတွက် AUN-Japan အနေဖြင့် လှိုက်လှဲစွာကြိုဆိုပါကြောင်း နှင့် အမြန်ဆုံး ဖြေရှင်းနိုင်ပါစေကြောင်း တိုက်တွန်းအပ်ပါသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့်စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဘုံရန်သူဖြစ်သော စစ်အာဏာရှင်စနစ်ဆိုးအား ဆန့်ကျင် တော်လှန်တိုက်ပွဲဝင်နေသော ယခုလိုအချိန်မျိုးတွင် ရည်ရွယ်ချက်ချင်းတူညီသော တိုင်းရင်းသားအဖွဲ့ အချင်းချင်း တို့အကြား ယခုလိုဖြစ်ပွါးမှုသည် ရန်သူအကြိုက် ကိုဖြစ်စေသည်မှအပ မည်သူမျှအကျိုးရှိမည်မဟုတ်ပေ။
နအဖသည် မိမိတို့တိုင်းရင်းသားများအကြား စည်းလုံးညီညွတ်မှုပျက်ပြားအောင် အမျိုးမျိုးသပ်လျှို၊ သွေးခွဲ၊ အ ကောက်ကြံမှုများကို ပေါ်ပေါ်ထင်ထင်တမျိုး၊ သွယ်ဝိုက်၍တဖုံ အမျိုးမျိုးကြံဆောင်လျှက်ရှိနေသည်ကို သတိကြီး စွာ ထားကြရမည်ဖြစ်ပါကြောင်း ထပ်လောင်းဖေါ်ပြအပ်ပါသည်။
အလုပ်အမှုဆောင်အဖွဲ့
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်)
၂၀၀၉ခုနှစ် ဒီဇင်ဘာလ (၃) ရက်
ဆက်သွယ်ရန်- ဥက္ကဌ ၀၈၁-၉၀-၆၀၂၅-၄၆၂၉
အထွေထွေအတွင်းရေးမှူး ၀၈၁-၉၀-၉၈၃၁-၇၁၉၂
Posted by PNSjapan at 3:18 PM 0 comments
Labels: သတင်း
Monday, November 30, 2009
Baby Billie Jean - Michael Jackson babies dancing
PNS-Japan
Posted by PNSjapan at 6:28 PM 0 comments
Labels: ဗွီဒီယို
AUN-Japan ၏ ( ၂၀၀၉ -၂၀၁၀ ) ခုနှစ် အတွက် အလုပ်အမှုဆောင် ရွေးကောက်ပွဲ အခမ်းအနား(တိုကျို)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၂၉)ရက်
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)၏ ၂၀၀၉ - ၂၀၁၀ ခုနှစ် အတွက် အလုပ်အမှုဆောင် ကော်မတီ ရွေးကောက်ပွဲ အခမ်းအနားကို Toshimaku မြို့ နယ် E ,cotoshima Plaza , 8F . မှာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်မှာ အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အဖြစ် (ရခိုင်)မှ ဦးဘအေး အားလည်းကောင်း၊ တွဲဘက် ရွေးကော်ပွဲ ကော်မရှင် ဥက္ကဌ အဖြစ် (ကရင်) ဦးဂုံအောင်(ခ) ဦးသောမတ်(စ်) နှင့် ဦးစိုင်းဆမ်မုဒ် (ရှမ်း) တို့ မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှုး အဖြစ် (SSND) စိုင်းရွေလှု မှ ဆောင်ရွက် ခဲ့ကြပါသည်။ရွေးကောက်ပွဲ အခမ်းအနားအတွက် (SSND) အဖွဲ့  နှင့် (OKOJ) အဖွဲ့ မှ ပါဝင်ကူညီ ပေးခဲ့ပါသည်။
၂၀၀၉ - ၂၀၁၀ ခုနှစ် အလုပ်အမှုဆောင် အတွက် AUN-Japan ၏ အဖွဲ့ ဝင် အဖွဲ့ အစည်းအသီးသီး ကိုယ်စား (၃၂) ဦးကို အချိုးကျ ရွေးချယ်ခဲ့ပြီး ၂၀၀၉ - ၂၀၁၀ ခုနှစ် အတွက် လုပ်ငန်းစဉ်များကို ဦးဆောင် အကောင်အထည်ဖေါ်ဆောင်သွားရန်အတွက် AUN-Japn ဥက္ကဌ အဖြစ် စိုင်းစီဝမ် (SND-Japan) အား လည်းကောင်း၊ တွဲဘက် ဥက္ကဌ (၁) အဖြစ် လဖိုင်ဇော်လှ (KNO-Japan) ၊ တွဲဘက် ဥက္ကဌ (၂) အဖြစ် ဦးခုတ်စွမ်းဂင် (CNC-Japan) အား လည်းကောင်း ရွေးချယ်ခဲ့ကြပါသည်။ အထွေထွေ အတွင်းရေးမှုး အဖြစ် ဦးမင်းဝင်းတေဇ ( PMNS-Japan )၊ တွဲဘက် အထွေထွေအတွင်းရေးမှုး(၁) အဖြစ် ကျော်သန်းလှိုင် ALD(Exile)Japan ၊ တွဲဘက် အထွေထွေအတွင်းရေးမှုး(၂)အဖြစ် ဦးသိန်းရယ် (KNS-Japan) တို့ အား ရွေးချယ်ခဲ့ကြပါသည်။ ရေးရာမှုး နှင့် တွဲဘက်ရေးရာမှုး (၂၂)ဦး တို့ ကို ရွေးချယ် တာဝန်ပေးခဲ့ပါသည်။
PNS-Japan
Photo by- Lian Khan Sum
Rest of your post
Posted by PNSjapan at 12:25 AM 0 comments
Labels: သတင်း
Thursday, November 26, 2009
ရွှေဂုံတိုင် ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲ ( တိုကျို - ဂျပန် ) “ဗီဒီယို မှတ်တမ်း အစအဆုံးကြည့်ရန်”
ဗီဒီယိုမှတ်တမ်း - ကိုပွား
ဗီဒီယိုများကို ဆက်ကြည့်ရန် ( ၂၊၃၊၄၊၅၊၆၊၇၊၈၊၉၊၁၀၊၁၁၊၁၂၊၁၃၊၁၄၊၁၅)
Credit By: http://nldlajb.blogspot.com
Photo by / Lian Khan Sum(CNC-Japan)
Posted by PNSjapan at 12:40 AM 0 comments
Labels: သတင်း
Monday, November 23, 2009
ရွှေဂုံတိုင် ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲ ( တိုကျို - ဂျပန် )
၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၂၃)ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ၂၀၀၉ ခုနှစ် ဧပြီလ (၂၉)ရက်နေ့ မှာ ပြည်သူလူထုတရပ်လုံး ကိုယ်စား ထုတ်ပြန် ကြေငြာ တောင်းဆိုခဲ့သည့် ရွှေဂုံတိုင် ကြေငြာစာတမ်းအား အကောင်အထည် ပေါ်ပေါက်လာနိုင်ရေးအတွက် ဂျပန်နိုင်ငံမှာ ရွှေဂုံတိုင်ကြေညာစာတမ်း (သို့) လက်ရှိမြန်မာနိုင်ငံ အကျပ်အတည်းမှ ထွက်ရပ်လမ်း ခေါင်းစဉ်ဖြင့် ယနေ့  နိုဝင်ဘာလ (၂၃)ရက် JTUC(Rengo)အဆောက်အဦးခမ်းမ၌ နှီးနှောဖလှယ်ပွဲ အခမ်းအနားတရပ် ကျင်းပပြုလုပ်ခဲ့ကြပါသည်။
သတင်းများကို နောက်ပိုင်းတွင် ဆက်လက်ဖေါ်ပြသွားမည်ဖြစ်ပါသည်။
PNS-Japan
Photo by - Lian Khan Sum(CNC-Japan)
Rest of your post
Posted by PNSjapan at 11:35 PM 0 comments
Labels: သတင်း
Sunday, November 22, 2009
NCGUB အလုပ်သမားဝန်ကြီး နှင့် AUN-Japan တွေ့ ဆုံပွဲအခမ်းအနား(တိုကျို)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၂၁)ရက်
ဂျပန်နိုင်ငံသို့  ခေတ္တရောက်ရှိလာသော သထုံမြို့ နယ် အမှတ်(၁) ပြည်သူလွတ်တော်ကိုယ်စားလှယ် ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့် ပေါင်းအစိုးရ (NCGUB) အလုပ်သမား ၀န်ကြီး ဦးခွန်မြင့်ထွန်း နှင့် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း (ဂျပန်) AUN-Japan နှင့် တွေ့ ဆုံဆွေးနွေးပွဲ အခမ်းအနားကို Takadanobaba မြို့ AUN-Japan ရုံးခန်းမှာ ညနေ ၁၈း၃၀ နာရီ မှ ၂၁း၃၀ နာရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
PNS-Japan
Rest of your post
Posted by PNSjapan at 1:08 AM 0 comments
Labels: သတင်း
Saturday, November 21, 2009
ဂျပန် အမတ်များသမဂ္ဂ ပြန်လည်ဖွဲ့ စည်းခြင်း။
၂၀၀၉ ခုနှစ် နိုဝင်ဘာ လ (၂၀)ရက်
မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသော ဂျပန်လွတ်တော် အမတ်များ သမဂ္ဂအဖွဲ့ ကို ယနေ့  ၂၀၀၉ခုနှစ် နိုဝင်ဘာလ (၂၀)ရက် နေ့ မှာ ပြန်လည်ပြင်ဆင်ဖွဲ့ စည်းလိုက်ပါသည်။ ထိုအခမ်းအနားကို ဂျပန်လွတ်တော် ( Dai 3 ) အဆောက်အဦးရှိ ခန်းမတွင် ကျင်းပပြုလုပ်ပြီး ဂျပနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများ၊ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများပါ တက်ရောက်ခဲ့ကြပါသည်။
လက်ရှိအာဏာရပါတီမှ အမတ်ဦးရေ အများစု နှင့် အခြားပါတီမှ အမတ်များပါဝင်သော အမတ်ဦးရေ (၆၀)ဦးဖြစ် ပြင်ဆင်ဖွဲ့ စည်းလိုက်ပါသည်။ အမတ်များသမဂ္ဂ ဥက္ကဌ ကို Mr.Suematsu Yoshinori နှင့် အထွေအထွေအတွင်းရေးမှုး အဖြစ် Mr.Azuma Kono တို့ ကို ရွှေးချယ်တာဝန်ပေးအပ်ခဲ့ပါသည်။
PNS-Japan
Posted by PNSjapan at 12:48 AM 0 comments
Labels: သတင်း
Sunday, November 15, 2009
သျှမ်း နှစ်သစ်ကူး အထိမ်းအမှတ် အခမ်းအနား (တိုကျို)
သျှမ်း နှစ်သစ်ကူး အထိမ်းအမှတ် အခမ်းအနားကို Tokyo Ooyama Bunka Center မှာ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၁၅)ရက် ညနေ ၁၇း၀၀ နာရီ မှ ၂၁း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားမှာ သျှမ်း နှစ်သစ်ကူး ကျင်းပပြုလုပ်ရသည့်အကြောင်းကို နာယက ကြီး စိုင်းဆမ်မုဒ် မှ ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များအား သျှမ်းရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါသည်။
PNS-Japan
Photo by- Lian Khan Sum (CNC-Japan)
Posted by PNSjapan at 11:17 PM 0 comments
Labels: သတင်း
(၃)ကြိမ်မြောက် JAR - AUN-Japan အလုပ်ရုံးဆွေးနွေးပွဲ (တိုကျို)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၁၅)ရက် နေ့ 
(၃)ကြိမ်မြောက် Japan Association for Refugees နှင့် AUN-Japan အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို Toshimaku မြို့ နယ် Ootsuka Dai I chi Hall တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် JAR အဖွဲ့  မှ Social Worker တာဝန်ခံ Mr.KOTO က ပို့ ချပေးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲတွင် သက်ကြီးပင်စင်ကိစ္စများ၊ ကျမ္မာရေးအာမခံချက်ကိစ္စရပ်များ၊ အခွန်ကိစ္စရပ်များနှင့် ဖျားနာ အလုပ်မလုပ်နိုင်တော့သည့်အချိန် ဂျပန်အစိုးရထံမှ ရယူနိုင်မည့် အကူအညီ ထောက်ပံ့ကြေးငွေ ရယူရေးကိစ္စများ ကို အသေးစိတ်ရှင်းလင်း ပို့ ချသွားခဲ့ပါသည်။
တက်ရောက်လာကြသည့် သူများထဲမှ မရှင်းလင်းသည်များကို အပြန်အလှန် ဆွေးနွေးမေးမြန်းမှုများကို ပြုလုပ်ပြီးသည့်နောက် AUN-Japan ၏ ဥက္ကဌ ဦးဇော်မင်းခိုင်မှ ကျေးဇူးတင်စကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ည (၂၁း၀၀)နာရီတွင် ရုတ်သိမ်းလိုက်ပါသည်။
PNS-Japan
Photo by - Lian Kin Sum(CNC-Japan)
အပြည့်အစုံသို့ ...
Rest of your post
Posted by PNSjapan at 10:39 PM 0 comments
Labels: သတင်း
Saturday, November 14, 2009
(RHQ)Refgees Head Quarter အကြိမ်(၃၀)မြောက် ချစ်ကြည်ရေးပွဲတော်
(RHQ)Refgees Head Quarter မှ ဦးစီးကျင်းပပြုလုပ်သည့် အကြိမ်(၃၀)မြောက် ဂျပန်တွင်အခြေချ နေထိုင်ကြသည့် ဒုက္ခသည်များ၏ ယဉ်ကျေးမှုပဒေသာကပွဲအခမ်းအနားကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့  Shinjuku မြို့ နယ် Bunka Center Hall ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားအစီအစဉ်ကို နှစ်ပိုင်းခွဲ ကျင်းပပြုလုပ်ပြီး ပထမပိုင်းတွင် အာရှလူမှုရေးနှင့်ပညာရေးဖေါင်ဒေးရှင်း ဥက္ကဌ Mr.Tamisuke Watanuki မှ နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပြီးနောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ၊ တရားရေးဝန်ကြီးဌာနမှ လူဝင်မှုကြီးကြပ်ရေးညွန်ချုပ်၊ UNHCR ဂျပန်တာဝန်ခံတို့ မှ အမှာစကား ပြောကြားခဲ့ကြပါသည်။
ဂျပန်နိုင်ငံတွင် အခြေချနေထိုင်ကြသည့် ဒုက္ခသည်များအတွက် အလုပ်အကိုင်ဖန်တီးအကူအညီပေးသည့် ဌာနများနှင့် ဒုက္ခသည် ကူညီထောက်ပံ့သူများတို့ ကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြင့်ခဲ့ပါသည်။ ဂျပန်တွင် အခြေချနေထိုင်သူများထဲမှ စံပြ အခြေချနေထိုင်သူ ဒုက္ခသည် (၁၁)ဦးကိုလည်း ဂုဏ်ပြုလက်မှတ် ချီးမြင့်ခဲ့ပါသည်။
ဒုတ်ယပိုင်း အခမ်းအနားကို Musashino အလယ်တန်းနှင့်အထက်တန်း ကျောင်းသူများမှ ဘင်ခရာတီးဝိုင်းဖြင့် တင်ဆက်ပြီး ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း AUN-Japan မှ တိုင်းရင်းသားလူမျိုးစုအသီးသီးတို့ မှ ရိုးရာယဉ်ကျေးမှုအကများကို ကပြဖျော်ဖြေခဲ့ပါသည်။ ထိုနောက် ကမ္ဘောဒီယား ၊ လာအို ၊ဗီယက်နမ် နိုင်ငံအသီးသီးတို့ မှ ရိုးရာယဉ်ကျေးမှု အကပဒေသာများဖြစ် တင်ဆက်ဖျော်ဖြေသွားပါသည်။ အာရှလူမှုရေးနှင့် ပညာရေးဖေါင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး Mr.Shigeo Ishisaki မှ ကျေးဇူးတင်စကားပြောကြားပြီး “မွေးရပ်မြေကို သတိရတယ် ” FURUSATO ဂျပန်ရိုးရာသီချင်းဖြင့် စုပေါင်းသီဆိုကြပြီး အခမ်းအနားအစီအစဉ်ကို ညနေ ၁၇း၃၀ တွင် ပြီးဆုံးခဲ့ပါသည်။
PNS-Japan
Photo by - Lian Khan Sum( CNC-Japan)
Posted by PNSjapan at 10:46 PM 0 comments
Labels: သတင်း
Monday, November 9, 2009
AUN-Japan လှုပ်ရှားမှုမှတ်တမ်း
အကြိမ်(၃၀)မြောက်ချစ်ကြည်ရေးပွဲတော်
၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်
၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၈)ရက်
၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၁)ရက်။ အောက်တိုဘာလ ( ၂၅ . ၁၈ ) ရက်။
“RHQ”ဒုက္ခသည်ကူညီဆောက်ရှောက်ရေးဌာနချုပ် မှ ကြီးမှုးကျင်းပသည့် ဂျပန်နိုင်ငံတွင်
အခြေချ နေထိုင်သည့် နိုင်အသီးသီးမှ ဒုက္ခသည်များ၏ ယဉ်ကျေးမှု ပဒေသာ ကပွဲကို လာမည့်နိုဝင်ဘာလ (၁၄)ရက်နေ့ တွင် ကျင်းရန် စီစဉ်ထားပါသည်။
ဒုက္ခသည်များ ယဉ်ကျေးမှု ပဒေသာ ကပွဲ၌ ညွီတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း
(ဂျပန်)မှ ပါဝင်ကြသော တိုင်းရင်းသား အသီးသီးတို့ မှ မိမိတို့ ၏ ရိုးရာအကများကို
တင်ဆက်ကပြရန်အတွက် စုပေါင်းလေ့ကျင့်နေကြသည့် မှတ်တမ်းများဖြစ်ပါသည်။
PNS-Japan
Photo by- Lian Khan Sum (CNC-Japan)
Rest of your post
Posted by PNSjapan at 6:29 PM 0 comments
Labels: သတင်း
စစ်အုပ်စု ကိုယ်စားလှယ် သိန်းစိန် ဆန္ဒပြပွဲ(စစ်အခွန်ရုံးရှေ့ တိုကျို)
ဖိနပ်ဖြင့်အပေါက်ခံရမည်စိုးသောကြောင့် မြန်မာသံရုံးသို့လာရောက်မည့်အစီအစဉ်ကို ဗိုလ်သိန်းစိန်ဖျက်သိမ်း
မဲခေါင်မြစ်ဝှမ်းအစည်းအဝေးအတွက် ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် နအဖစစ်အုပ်စု၏ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်ကြီးသိန်းစိန်သည် တိုကျိုမြို့၊ ရှင်နာဂါဝါရပ်ကွက်ရှိ မြန်မာသံရုံးသို့ လာရောက်မည့်အစီအစဉ်ကို ရုတ်တရက်ဖျက်သိမ်းလိုက်ကြောင်းသိရသည်။
မူလအစီအစဉ်အရ အခွန်ရုံးရှေ့ဆန္ဒပြပွဲကို နေ့လယ် ၃ နာရီမှ ညနေ ၅နာရီအထိသာ
စီစဉ်ထားခဲ့ကြသော်လည်း၊ ၅း၃၀ ခွဲတွင် ဗိုလ်သိန်းစိန်ဦးဆောင်သည့် ဂျပန်ရောက် န.အ.ဖကိုယ်စားလှယ်များ ဂါရ၀ပြုခံဖို့လာရောက်မည်ဟု မြန်မာ့ဒီမိုသမားများ သိရှိသွားသဖြင့် မပြန်ကြတော့ပဲ အင်အားတိုးကာ ကန့်ကွက်ဆန္ဒပြဖို့ဆက်လက်လုပ်ဆောင်ကြသည်။
ဂျပန်ရဲများမှလည်း လုံခြုံရေးအင်အားတိုးကာ၊ ဆန္ဒပြမည့်သူများထက် ၃ ဆနီးပါးချထားခဲ့ပြီး၊ အဓိကရုဏ်းဖြိုခွဲရေးရဲများ၊ ရဲမှတ်တမ်းသတင်းထောက်များနှင့်တကွ ရှင်နာဂါဝါရဲမှူးကြီးကိုယ်တိုင်လာရောက်၍ မြန်မာသံရုံးလုံခြုံရေးအတွက် ကွပ်ကဲဆောင်ရွက်ခဲ့သည်။
ဆန္ဒပြမည့်သူများကိုလည်း မြန်မာသံရုံးနှင့် ကိုက် ၁၀၀ အကွာတွင်သာဆန္ဒပြဖို့ပြောဆိုခဲ့ပြီး၊ လိုက်နာမှုမရှိပါက ယခင်ပုံစံများအတိုင်း အင်အားသုံးဖြေရှင်းမည်ဖြစ်ကြောင်း အသိပေးပြောဆိုသည်။ ထို့အပြင် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ဗိုလ်ခင်ညွှန့်လာခဲ့စဉ်အချိန်က လက်စလက်နရှိခဲ့သည့်သူများ၊ ဗိုလ်ဋ္ဌေးဦးလာခဲ့စဉ်က ခွပ်ဒေါင်းအလံလွှင်ထူခဲ့သူများနှင့် ဂျပန်လုံခြုံရေးတာဝန်ခံများ၏ အထူးသတိထားစောင့်ကြည့်စာရင်းထဲတွင်ပါဝင်သည့် မြန်မာ့ဒီမိုသမားများကို လူတစ်ဦးလျင် လုံခြုံရေးရဲ ၄ ဦးခြံရံ၍ သွားလေရာနောက်သို့ တစ်ကောက်ကောက်လိုက်ပါစောင့်ကြည့်ခဲ့ကြသည်။ ဆိုင်းပုဒ်ကိုင်ပြီး ဆန္ဒပြမည့်သူများကိုလည်း ခရမ်းချဉ်သီး၊ ဖိနပ်၊ ရေးဗူးအစရှိသည့် ပစ္စည်းကိရိယာများပစ်ပေါက်ခြင်းမပြုလုပ်ကြရန် ရဲမှူးကြီးကိုယ်တိုင်က လာရောက်ပြောဆိုသည်။
ည ၉း၃၀ အထိ မြန်မာ့ဒီမိုသမားများမှ ကန့်ကွက်ဆန္ဒပြဖို့ စောင့်ဆိုင်းခဲ့ကြသော်လည်း ဗိုလ်သိန်းစိန်အဖွဲ့သည် မြန်မာသံရုံးသို့ လာရောက်ကြည့်ရှု၍ ဂါရ၀ပြုခံမည့်အစီအစဉ်ကို ဖျက်သိမ်းသွားကြောင်း ဂျပန်နိုင်ငံခြားရေးရုံးမှတာဝန်ခံများ၏အကြောင်းကြားချက်အရ လုံခြုံရေးယူထားသည့်ရဲများနှင့်တကွ၊ ကန့်ကွက်ဆန္ဒပြမည့်သူများပါ ည ၁၀ နာရီကျော်ကျော်တွင် ရုပ်သိမ်းသွားခဲ့ကြသည်။
သတင်း။ moethaukkye
မှတ်တမ်းဓါတ်ပုံ။ moethaukkye
။ ko pour
Rest of your post
Posted by PNSjapan at 12:15 AM 0 comments
Labels: သတင်း
Saturday, November 7, 2009
စစ်အုပ်စု ကိုယ်စားလှယ် သိန်းစိန် ဆန္ဒပြပွဲ(တိုကျို)
ဂျပန်လွတ်တော်ရှေ့ 
စစ်အုပ်စု ကိုယ်စားလှယ် သိန်းစိန် မှ ဂျပန်-မဲခေါင်ဒေသ နိုင်ငံများ ထိပ်သည်းအစည်းဝေး
ကျင်းပပြီးသည့်နောက်ပိုင်း ဂျပန်ဝန်ကြီးချုပ်ကို လာရောက်တွေ့ ဆုံကာ ထောက်ခံမှု အသိ
အမှတ်ပြုမှုများ ရယူရန်နှင့် ဂျပန်မြန်မာ ချစ်ကြည်ရေး တိုးမြင့်လုပ်ဆောင်ရန်အတွက် ဂျပန်
ဝန်ကြီးချုပ်ကို လာရောက်တွေ့ ဆုံစဉ် ဂျပန်ရောက် ဒီမိုကရေစီအင်အားစုတို့ မှ ကန့် ကွက်
ဆန္ဒပြခဲ့ကြပါသည်။
မြန်မာပြည်သူများ၏ သဘောထားကို ထင်ဟပ်ပေါ်လွင်စေမည့် အကြံပြုစာကို ဂျပန်ဝန်ကြီးချုပ်ထံသို့ ပေးပို့ ခဲ့ပါသည်။
PNS-Japan
Posted by PNSjapan at 11:02 PM 0 comments
Labels: သတင်း
စစ်အုပ်စု ကိုယ်စားလှယ် သိန်းစိန် ဆန္ဒပြပွဲ(တိုကျို)
တည်းခိုသည့် “New Otani” ဟိုတည်ရှေ့ 
ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော စစ်အုပ်စု၏ ကိုယ်စားလှယ် သိန်းစိန်တည်းခိုရာနေရာဖြစ်သော -NEW OTANI HOTEL ရှေ့ တွင် ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှကြီးမှူး၍ဂျပန်ရောက်
ဒီမိုကရေစီအရေး လှုပ်ရှားသူများမှ နိုဝင်ဘာလ ( ၆ ရက် ၊ ၇ ရက် ) နံနက် ၉ နာရီ မှ ၁၁ နာရီ
အထိ ဆန္ဒပြပွဲသွားရောက်ပြုလုပ်ခဲ့ကြပါသည်။
“လူသတ်စစ်အုပ်စုကိုယ်စားလှယ်သိန်းစိန်(အလိုမရှိ-အလိုမရှိ) ”
“လူသတ်စစ်အုပ်စုနဲ့  ဆက်ဆံမှု(ချက်ချင်းရပ်-ချက်ချင်းရပ်”
ထို့ အပြင် JAC မှ ဂျပန်နိုင်ငံခြားရေးဝန်ကြီးထံသို့ (၆-၇)နေ့ ရက်များတွင်ပြုလုပ်မည့်
ဂျပန်- မဲခေါင် ထိပ်သီးအစည်းအဝေး နှင့်ပတ်သက်သည့် သဝဏ်လွှာကို ပေးပို့ ခဲ့ပါသည်။
PNS-Japan
Posted by PNSjapan at 1:53 PM 0 comments
Labels: သတင်း
Friday, November 6, 2009
မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းသူများ သို့
Joint Action Committee of Burmese Community in Japan
在日ビルマー人共同行動実行委員会 (JAC) 参加団体
ဒီမိုကရေစီ ဂျပန်နိုင်ငံသို့ နအဖ လူသတ် စစ်အုပ်စု ဝန်ကြီးချုပ် ရောက်ရှိလာခြင်းကို ကန့်ကွက်ပွဲရှိသည်ဖြစ်၍အောက်ပါအစီအစဉ်အတိုင်းတက်တက်ကြွကြွပူးပေါင်းလှုပ်ရှားကြပါရန် နှိုးဆော်အပ်ပါသည်။
နေ့ရက် - ( ၆-၁၁-၂ဝဝ၉ ) / ( ၇-၁၁-၂ဝဝ၉ ) ။
နေရာ - NEW OTANI HOTEL , YOTSUYA ဘူတာ , SOPHIA UNIVERSITY ထွက်ပေါက်။
အချိန် - မနက် ( ၉ နာရီ မှ ၁၁နာရီ ) အထိ
ရည်ရွယ်ချက် - နအဖ လူသတ် စစ်အုပ်စု ဝန်ကြီးချုပ် ရောက်ရှိလာခြင်းကို ကန့်ကွက်ပွဲ
JAC- Information
၅-၁၁-၂ဝဝ၉
Posted by PNSjapan at 12:31 AM 0 comments
Labels: သတင်း
Thursday, November 5, 2009
ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့  ဆန္ဒပြပွဲ(တိုကျို)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ( ၄ . ၅ ) ရက်
ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် မဲခေါင်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ၀န်ကြီးချုပ်အဆင့်
အစည်းအဝေး ကို တက်ရောက်နိုင်ရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ စစ်အုပ်စုခေါင်းဆောင်
သိန်းစိန်ကို ဖိတ်ကြားသည့်အတွက် ဂျပန်ရောက် ဒီမိုကရေစီအင်အားစုများမှ ရှုတ်ချကန့် ကွက်သည့် ဆန္ဒပြပွဲကျင်းပခဲ့ကြပါသည်။
ှဆန္ဒပြပွဲ အခမ်းအနားကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့ တွင်ကျင်းပပြုလုပ်ပြီး “စစ်အာဏာရှင်လူသတ်သမား သိန်းစိန် ကို ဖိတ်ကြားသည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အား ရှုတ်ချကန့် ကွက်သည်” ဟု ဂျပန်ဘာသာဖြစ်ကြွေးကြော်ခဲ့ကြပါသည်။
စစ်အုပ်စုခေါင်းဆောင် သိန်းစိန် အစည်းဝေး ကျင်းပသည့်နေရာနှင့် တည်ခိုမည့်နေရာများကို စုံစမ်းပြီးဆန္ဒပြဖို စီစဉ်ထားကြောင်းသိရပါသည်။
PNS-Japan
Rest of your post
Posted by PNSjapan at 12:16 AM 0 comments
Labels: သတင်း
Thursday, October 29, 2009
တရုတ်သံရုံးရှေ့  ဆန္ဒပြပွဲ (တိုကျို)
၂၀၀၉ ခုနှစ် အောက်တိုဘာလ (၂၈)ရက်
ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် ( ပြည်ပ ဂျပန် ) ဦးဆောင်၍ ဂျပန်ရောက် မြန်မာ့ီးမိုကရေစီအင်အားစုများ တို့ မှ တရုတ်သံရုံးရှေ့  ကန့် ကွက် ဆန္ဒပြပွဲ။
ရခိုင်ကမ်းလွန် သဘာဝဓါတ်ငွေ့ တွင်းများသည် နအဖ စစ်အုပ်စု၏ တခုတည်းသော
နိုင်ငံခြားငွေကြေးကို တစုတစည်းတည်း ရရှိမည့် ၀င်ငွေတွင်းကြီး ဖြစ်သဖြင့် ထိုဝင်ငွေ
များနှင့် စစ်အင်အားတိုးချဲ စစ်လက်နက်မျိုးစုံ ၀ယ်ယူကာ စစ်အာဏာရှင်စနစ်ကို ပိုမိုအမြစ်
တွယ် သက်စိုးရှည်လာမည် ဖြစ်သည့်အတွက် လာရောက်ဆန္ဒပြရခြင်းဖြစ်ပါသည်။
ရခိုင်ကမ်းလွန်ဒေသမှ တရုတ်ပြည်ထိ ဓါတ်ငွေ့ ပိုက်လိုင်းသွယ်တန်းဖေါက်လုပ်မည့်
နေရာမှာလည်း သဘာ၀၀န်းကျင်နှင့် ယဉ်ကျေးမူအမွေအနှစ်များ ဆုံးရှုံးထိခိုက်ပျက်စီး
ခြင်း၊စစ်တပ်များ ပိုမိုတိုးချဲ့ တပ်စွဲလာခြင်းတို့ ကြောင့် လူ့ အခွင့်အရေး ကျယ်ကျယ်ပြန့် ပြန့် 
ပိုမိုချိုးဖောက်ခံလာကြရမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရတရပ် မပေါ်
မခြင်း ရပ်ဆိုင်းပေးဖို ဂျပန်နိုင်ငံရှိ တရုတ်သံရုံးကနေတဆင့် တရုတ်သမ္မတကြီးထံသို့ 
ကန့် ကွက်စာကို ပေးပို့ ခဲ့ကြပါသည်။
PNS-Japan
Photo by- Lian Khan Sum (CNC-Japan)
အပြည့်အစုံသို့ ...
Posted by PNSjapan at 1:25 AM 0 comments
Labels: သတင်း
Thursday, October 22, 2009
ကမ္ဘာ့ ဘာသာ စကား ရွာ ( NPO - အဖွဲ့ )မှ ကြီးမှူးကျင်းပသည့် ဟောပြောပွဲ(တိုကျို)။
တိုကျိုနိုင်ငံခြားဘာသာစကားတက္ကသိုလ်မှာ ပလောင်ဘာသာစကားနဲ့ ပါရဂူဘွဲယူမဲ့ မဒီဒီအီအူး နှင့် တွေ့  ဆုံမေးမြန်းထားသည့်( NHK – WORLD ) ဂျပန်ပြည်က မြကျွန်းသာ ထုတ်လွင့်မှု အစီအစဉ် ။
ကမ္ဘာ့ ဘာသာ စကား ရွာ ( NPO - အဖွဲ့ )မှ ကြီးမှူးကျင်းပသည့် ဟောပြောပွဲ
ကမ္ဘာ့ ဘာသာ စကား ရွာ ( NPO - အဖွဲ့ )နာယက Mr.Abetoshiharu ၏ အင်တာဗျုး
ကမ္ဘာပေါ်မှာ ဘာသာစကားတွေအများကြီးတွေထဲ မှ လူနည်းစု စကားဟာ တဖြေးဖြေး ပျောက်ကွယ် လာနေတယ်၊ အဲဒီဘာသာ စကားကိုပြောနေသူတွေလဲ သူတို့ ဘာသာ စကား ကို မပျောက်ပျက်အောင် ထိန်းသိမ်းဖိုအပေါ်မှာ အခက်အခဲတွေ ရှိနေတယ်လို တွေ့ ရတယ်၊ ကမ္ဘာပေါ်က ဘာသာ စကားတွေ ပျောက်ကွယ်သွားတာဟာ တန်ဘိုးမဖြတ်နိုင်တဲ အရာတွေ
ဆုံးရုံးသွားတယ်လို့ခံစားရတဲအတွက် တက္ကသိုလ်တွေမှာ သုတေသန လုပ်နေတဲ ပညာရှင်
တွေ ကျောင်းသူကျောင်းသားတွေ ပညာရှင်တွေကို ဖိတ်ပြီး အခုလိုပွဲ တွေ လုပ်ရတယ်လို့ 
ပြောသွားပါတယ်၊
မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုများ မိမိတိုရဲ့ ဘာသာ စကားတွေကို
မပျောက်ကွယ်အောင် ထိန်းသိန်းကာကွယ်စောင့်ရှောက်နိုင်ကြပါစေလို့  တိုက်တွန်းနှိုးဆော်
လိုက်ပါတယ်။
PNS-Japan
( NHK – WORLD ) ရေဒီယို ထုတ်လွှင့်မှု အစီအစဉ် မှ ကူးယူတင်ဆက်သည်။
နားထောင်ရန်
NHK Radio.mp3 -

NHK Music Upload
Posted by PNSjapan at 12:45 AM 0 comments
Labels: သတင်း
Monday, October 19, 2009
What's Burma Army?
ဗမာစစ်တပ်ဆိုတာ
Tuesday, October 13, 2009
တိုင်းရင်းသားအသံ
ဗမာစစ်တပ်ဆိုတာ
အိုတိုင်းရင်းသားညီအစ်ကိုမောင်နှမအပေါင်းတို.ဗမာစစ်တပ်ဆိုတာ
၁။သင်တို.စစ်တပ်မဟုတ်ဘူး၊
၂။သင်တို.လူမျိုးကိုသတ်ဖြတ်နေတယ်၊
၃။သင်တို.လူမျိုးကိုအကာအကွယ်ပေးဖို.ဖွဲ.တည်ထောင်ထားတဲ့စစ်တပ်မဟုတ်ဘူး
၎။သင်တို.သမီးတွေကိုမုဒိန်ကျင့်နေတယ်၊ဖျက်ဆီးနေတယ်၊
၅။သင်တို.စာပေးယဉ်ကျေးမှုတွေကိုပပျောက်အောင်စနစ်တကျလုပ်ဆောင်နေတယ်၊
၆။သင်တို.ဘို.ဘွားစဉ်ဆက်တွေပိုင်တဲ့ခြံမြေအမွေအနှစ်တွေကိုသိမ်းဆည်းနေတယ်၊
၇။သင်တို.ကို အမြဲဒုက္ခပေးနိုင်ဖို.နေ.မအားညမအားဗျူဟာတွေချပြီးတော့အကောင်အထည်
ဖော်နေတယ်၊
၈။သင်တို.၏ဘက်စုံလွတ်လပ်ခွင့်တွေကိုပိတ်ပင်ထားတယ်၊
၉။သင်တို.လူမျိုးကိုဘယ်တုန်ကအကျိုးပြုခဲ့ဘူးလဲ?
၁၀။သင်တို.နေတဲ့တိုင်းပြည်ကိုဖွံ.ဖြိုးတိုးတက်အောင်ဘယ်တုန်ကလုပ်ဆောင်ခဲ့သလဲ?
၁၁။သင်တို.လူမျိုးအချင်းချင်းသတ်ဖြတ်ကြအောင်အမြဲရန်တိုက်ပေးနေတယ်၊
၁၂။သင်တို.၏ဖြူစင်ရိုသား တဲ့စိတ်ဓါတ်ကိုအခွင့်ကောင်းယူပြီးအသုံးချနေတယ်၊
၁၃။သင်တို.လူမျိုးတွေကိုတိုင်းပြည်မှာကောင်းကောင်းနေထိုင်လို.မရအောင်အမြဲဒုက္ခပေးနေတယ်၊
၁၄။သင်တို.ကိုသမြ၊သူပုန်၊အကြမ်းဖက်သမားစသည့်မကောင်းတဲ့နာမည်တွေကိုတပ်
ပေးနေတယ်၊
၁၅။အာဏာရှင်တွေကြိုးကိုင်အုပ်ချုပ်နေတယ်၊
၁၆။လူမျိုးမရွေ၊ဘာသာမရွေနှိပ်ကွပ်နေတယ်၊
၁၇။စိတ်ဓါတ်အောက်တန်ကျပြီးယုတ်မာရက်စက်တယ်၊
၁၈။စစ်တပ်ဝိနည်း၊စစ်တပ်စည်းကမ်းတွေမရှိဘူး၊
၁၉။တိုင်းပြည်ကိုသစ္စာဖောက်နေတယ်၊
၂၀။သစ္စာမခိုင်ကြည်၊ကတိမတည်ဘူး၊
၂၁။တပ်အတွင်းအနိုင်ကျင့်မှုရှိနေတယ်၊
၂၂။လိင်ဖောက်ပြန်မှုစစ်ဗိုလ်တွေရှိပြီးလိင်တူဆက်ဆံမှုရှိနေတယ်၊
၂၃။လစားမလုံလောက်ဘူး၊
၂၄။အောက်ငယ်သားများငတ်ပြတ်နေတယ်၊
၂၅။အောက်တပ်သားများ၏သားသမီးမယာများက ဖာဖြစ်သူဖြစ်၊နိုင်ငံခြားမှာ
အလုပ်သွားလုပ်စားနေရသူရှိတယ်၊
၂၆။စစ်ဗိုလ်ကြီးများ၏သားသမီးမယားများကစစ်တပ်ကိုအသုံးချပြီးကြီးပွားနေကြတယ်၊
၂၇။တိုင်းပြည်ချစ်၊မျိုးချစ်စစ်သားတွေသိပ်မရှိဘူး၊
၂၈။အသက်မပြည့်တဲ့ကလေးစစ်သားတွေရှိနေတယ်၊
၂၉။အတင်းအဓမ္မစုဆောင်းထားတဲ့စစ်သားတွေများတယ်၊
၃၀။စစ်သား၏ဝိဥာဏ်ကင်းမဲ့ပြီးသတ္တိမရှိဘူး၊
၃၁။အထက်အမိန်.ကိုကြော က်ရလို.တိုက်ခိုက်နေရတယ်၊
၃၂။အချင်းချင်းဗိုလ်လုလုပ်ကြံမှုတွေရှိနေတယ်၊
၃၃။လာဘ်ပေးလာဘ်ယူအကျင့်ပျက်တွေများတယ်၊
၃၄။ဘုရင်နောင်၊အောင်ဇေယျ၊အနော်ရထားမင်းများကိုခုတုံလုပ်ပြီးဗမာလူမျိုးတွေကို
မျက်ကန်းမျိုးချစ်စိတ်ဇွတ်သွင်းနေတယ်၊
၃၅။ကမ္ဘာ.အလယ်မှာသိက္ခာမရှိဘူး၊နာမည်ဆိုးဖြင့်ကျော်ကြားနေတယ်၊
၃၆။အထက်ဗမာပြည်သားတွေကိုသာစစ်တပ်ဦးစီးရာထူးပေးတယ်၊
၃၇။သွေးခွဲအုပ်ချုပ်နေတယ်၊
၃၈။စစ်တပ်ဦးစီးချုပ်တွေကပဒေသရာဇ်စနစ်ကဲ့သို.အုပ်ချုပ်နေတယ်၊
၃၉။လက်ရှိဗိုလ်သန်းရွှေကဘုရင်ရူးနေတယ်၊
၄၀။စစ်ဗိုလ်တွေရဲ.သားသမီးများကသာအဆင့်မြင့်ပညာသင်ကြားနိုင်တယ်၊
၄၁။တိုင်းသူပြည်သားတွေဆီကငွေကြေးတွေကိုမတရားကောက်ခံနေပြီး
သမြလိုရမ်းကားနေတယ်၊့
၄၂။တိုင်းပြည်ကောင်းစားရေးအတွက်လုပ်ဆောင်မည့်ဆန္ဒမရှိပါ၊
၄၃။တိုင်းသူပြည်သားအပေါ်ရိုသားမှုစိတ်ဓါတ်မထားရှိဘူး၊
၄၄။စိတ်ဓါတ်စစ်ဆင်ရေးဗျူဟာဖြင့် အင်းအားကြီးသလိုဟန်ဆောင်ထားတယ်၊
၄၅။စစ်တပ်အင်းအားဖော်ပြထားသလောက်မရှိပါ၊
၄၆။ငြိမ်ချမ်းရေးမလိုလာဘူး၊
၄၇။ပြည်သူလူထုတွေနဲ.စစ်မျက်နှာဖွင့်ထားတယ်၊
စသဖြင့် အကောင်းမရှိတဲ့စစ်တပ်ကိုတပ်မတော်လို.နာမည်ခံပြီးတိုင်းပြည်တစ်ပြည်မှာစစ်တပ်
တစ်ခုသာရှိရမည်ဆိုပြီးသင်တို. ကိုငရဲကြီးအဝိစီဆီသို.ခေါ်သွားဖို.ကြံစည်းနေတယ်၊
ဒီလိုစစ်တပ်မျိုးကိုတိုက်ဖျက်ဖို.ကသင်တို.မှာတာဝန်ရှိတယ်၊ဗမာစစ်တပ်လက်အောက်မှာသင်တို.နေထိုင်ဖို.မလိုဘူး၊နယ်ခြား စောင့်တပ်လုပ်ဖို.မလိုဘူး၊သူတို.ကိုတိုက်လို.သေဆုံးသွားရင်ကောင်းရာလမ်းကြောင်းကိုဘဲသင်တို.ရောက်ရှိသွားမှာသေချာ တယ်၊ဒီစစ်တပ်ကိုသင်တို.အခုပစ္စုပန်မတိုက်ဖျက်ရင် သင်တို.၏နောက်လာနောက်သားများအဆက်ဆက်ဒီနေ.အလာတူ သို. မဟုတ် ဒီနေ.ထက်ပိုပြီး အထက်ပါအချက်များ၏ဆိုးကျိုးများကိုခံစားနေရအုံမယ်၊ရန်သူနဲ.ပူးပေါင်းမည့်အစားသင်တို.၏လူထု နဲ.ပူးပေါင်းပြီး ထိုးစစ်ဆင်ရမည်၊သူတို.ကိုဖက်ဆစ်စစ်တပ်၊ဖက်ဆစ်အစိုးရအဖြစ်သတ်မှတ်ပြီးဝိုင်းတိုက်ရမယ်၊တစ်သက်လုံးမ ယုံနဲ.၊ရန်သူအဖြစ်အမြဲသတ်မှတ်ပါ၊သင်တို.၏လူမျိုးလွတ်မြောက်ရေးနှင့်တိုင်းသူပြည်သားများအတွက်လွတ်လပ်သောလူ
အခွင့်အရေး၊ဒီမိုကရေစီအခွင့်အရေးတွေကိုဦးစားပေးပြီးကမ္ဘာတိုင်းပြည်များနဲ.ဆက်ဆံရေးလုပ်ပါ၊သံတမန်နည်းများမြှင့်
တင်ရမယ်၊တိတ်တဆိတ်လူမျိုးသတ်ဖြတ်ဖြုံးတီးမှုတွေကိုဖော်ထုတ်ပါ၊စစ်ရေးအကူအညီတွေကိုရယူပါ၊စစ်တပ်ရေးဆွဲထားတဲ့ အခြေခံဥပဒေကိုသင်တို.အခြေခံဥပဒေမဟုတ်ဘူး၊သူတို.ဥပဒေသူတို.လေစားခိုင်းပါ၊သူတို.ပြုလုပ်မည့်ရွေကောက်ပွဲကသင်တို. ရွေကောက်ပွဲမဟုတ်ဘူး၊တက်လာမည့်အစိုးရအသစ်ကလည်းသင်တို.အစိုးရမဟုတ်ဘူး၊သင်တို.အစိုးရသင်တို.ဘာသာဖန်းတီး ရမယ်၊သင်တို.မြေမှာသူတို.နေတယ်၊ကျူးကျော်သိမ်းပိုက်ထားတယ်၊သင်တို.ဘာသာစကားယဉ်ကျေးမှုနဲ.သူတို.ဘာသာစကား ယဉ်ကျေးမှုမတူကြဘူး၊ဒါကြောင့်၊ သင်တို.ကိုကျွန်းပြုထားတယ်၊အသိအမှတ်ဘယ်တော့မှမပြုဘူး၊
ထို.ကြောင့်၊ သင်တို.အတွက်နယ်ခြားစောင့်တပ်စကားနာမယောင်နဲ.၊ရွေကောက်ပွဲအကြောင်းဘက်မစောင်းနဲ.၊ငြိမ်ချမ်းရေးစ ကားဘေးဖယ်ထားပါ၊ဆွေးနွေးပွဲစကားဝိုင်ထိုင်မစောင့်နဲ.၊ဖက်ဆစ်အစိုးရကိုဝိုင်းချကြပါ၊ငြိမ်ချမ်းရေးဆိုတာအင်းအားမျှမှတည် ဆောက်လို.ရတယ်၊အပြောင်းအလဲဆိုတာအင်းအားသုံးမှဖြစ်မယ်၊စစ်မီးလောင်ကျွမ်းခြင်းကိုဘယ်သူမှမလိုလာအားမပေးကြဘူး၊
သို.သော်၊ကိုယ့်လူမျိုးဘာသာ၊သာသနာကိုကာကွယ်ဖို.က လူတိုင်းမှာတာဝန်ရှိတယ်၊မလွဲမရှောင်နိုင်လို.သာဆင်နွဲရမည့်စစ်ပွဲ
ဆိုရင်တရားတဲ့စစ်ပွဲလို.စစ်ရေးပညာရှင်တို.ဆိုကြပေသည်၊
မင်းကာန်စီ တင်ပြသည်၊
စင်းခံမလား တွန်းလှန်မလား (သတင်းသုံးသပ်ချက်)
မျိုးဇာနည်
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)
နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် လက်ခံသဘောတူထားသည့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ (ဒီကေဘီအေ) အနေနှင့် တပ်ရင်းနှင့် တပ်သားဦးရေစာရင်းကို နအဖ စစ်ဘက်လုံခြုံရေးရာ အကြီးအကဲ ဒု- ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ အောက်တိုဘာလ (၁၅) ရက်နေ့ နောက်ဆုံးထားပြီးတင်ရမည်ဟု ဒီမိုကရက်တစ်မြန်မာ့ အသံ၏ သတင်းတပုဒ်တွင် ဖော်ပြသည်။
တပ်ရင်းတရင်းစီကို တပ်သားဦးရေ (၃၆၀) နှင့် ဖွဲ့စည်းပြီး နအဖစစ်တပ်မှ ဦးရေ (၃၀) ပါဝင်မည်ဟုသိရသည်။ နအဖစစ်တပ်မှပေးပို့မည့် (၃၀) ထဲတွင် တပ်ရင်းမှူးမှ တပွင့်အထိ (၁၅) ဦးနှင့် တပွင့်မှ တပ်သားအထိ (၁၅) ဦး တာဝန်ယူမည်ဖြစ်ပြီး ဒု-ဗိုလ်မှူးကြီးအဆင့်ကို အကြီးဆုံး တပ်ရင်းမှူးရာထူး၌ ခန့်ထားမည်ဟုဆိုသည်။
ဒီကေဘီအေဘက်မှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်မည့်သူများကို အသက် (၁၈) နှစ်နှင့် (၅၀) ကြား အရွယ်ရှိသူများကိုသာ ခွင့်ပြုမည်ဖြစ်ပြီး (၅၀) ကျော်များကို ပင်စင်ပေးမည်ဟုဆိုသည်။ အမြင့်ဆုံး ရာထူးအနေနှင့်လည်း ဗိုလ်မှူးအဆင့်၌သာ တာဝန်ထမ်းဆောင်ရမည်ဟုသိရသည်။
ဒီကေဘီအေနည်းတူ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် သဘောတူလက်ခံထားသည့် ကချင်ပြည်ဒီမိုက ရေစီသစ်တပ်မတော်(အန်ဒီအေကေ) မှ အသက် (၅၀) ကျော် ပင်စင်အပေးခံရမည့် တပ်ဖွဲ့ဝင်များ နေထိုင်ရန် အတွက် ဒေသခံ စီးပွားရေးလုပ်ငန်ရှင်များထံ အလှူငွေကောက်ခံပြီး နေအိမ်များ ဆောက်လုပ်ပေးရန် နအဖမှ စီစဉ်နေကြောင်းလည်း ခေတ်ပြိုင်သတင်းတပုဒ်တွင် ဖော်ပြသည်။
ထိုသတင်းအချက်အလက်များအရဆိုလျှင် နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် လက်ခံသဘောတူခဲ့သည့် အန်ဒီအေကေနှင့် ဒီကေဘီအေအဖွဲ့တို့သည် နအဖခြယ်လှယ်သမျှကို လည်စင်းခံကြရတော့မည်ဖြစ်ပြီး ပင်စင် အပေးခံကြရမည့် တပ်ဖွဲ့ဝင်များ၏ အနာဂတ်အရေးမှာလည်း အာမခံချက် ရေရေရာရာမရှိဘဲ နအဖစစ်အုပ်စု ၏ ပစ်စလက်ခတ် စီစဉ်နေရာချထားပေးမှုကြောင့် ရင်လေးဖွယ်အနေအထားနှင့် ကြုံတွေ့ကြရမည်ဖြစ်ကြောင်း ခန့်မှန်းသိရှိနိုင်ပေသည်။
နအဖစစ်ဗိုလ်ချုပ်များ၏ တဘက်သတ် စည်းမျဉ်းစည်းကမ်းများနှင့် စိတ်ကြိုက်ရွေးချယ်ခန့်အပ်မည့် အစီအစဉ် အပေါ်တွင် အပစ်ရပ်တို့၏ မူလတပ်ဖွဲ့ဝင်အင်အား များစွာလျော့ပါသွားမည်ဖြစ်သလို ကြာလေလေ လုံးပါးပါး လေလေဖြစ်ပြီး နအဖစစ်တပ်မှသာ လုံးဝဥဿုံစစ်ကျွန်ပြုသွားမည့် အနေအထားကို အထင်အရှား တွေ့မြင်နေ ရပေသည်။
၂၀၀၉ ခုနှစ် အောက်တိုဘာလကုန်တွင် အပစ်ရပ်တပ်ဖွဲ့များအားလုံး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ရန် နအဖ၏ သတ်မှတ်ချိန် ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် လက် မခံသေးသည့် အပစ်ရပ်အဖွဲ့များအနေနှင့် ဒီကေဘီအေနှင့် အန်ဒီအေကေတို့ကဲ့သို့ လည်စင်းခံကြမည်လား၊ မိမိတို့တွင်ရှိသည့် တပ်ဖွဲ့အင်အား၊ လက်နက်အင်အားနှင့် နအဖစစ်တပ်ကို တွန်းလှန်တိုက်ခိုက်မည်လား၊ တွန်းလှန်တိုက်ခိုက်မည်ဆိုလျှင်လည်း မည်သို့မည်ပုံ ခုခံတွန်းလှန်ကြမည်ဆိုသည်ကို ပြတ်ပြတ်သားသား ဆုံး ဖြတ်ပြင်ဆင်ထားရတော့မည့်အချိန် ရောက်ရှိနေပြီဖြစ်ပေသည်။
ထိုသို့ဆုံးဖြတ်ပြင်ဆင်ရာတွင် နအဖစစ်တပ်၏ လက်ရှိအနေအထားကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုလာ သည်။ နအဖစစ်အုပ်စုက စစ်သည်အင်အား (၅) သိန်နီးပါးရှိသည်ဟု ပြောဆိုနေသော်လည်း သျှမ်းသံတော် ဆင့်၏ ရေးသားချက်အရ ၂၀၀၅ ခုနှစ် တတိယ - လေးလပတ်အစည်းအဝေးတွင် စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး သိန်းစိန် (ယခုနအဖ၀န်ကြီးချုပ်) က မြန်မာ့တပ်မတော်တွင် တပ်ရင်းပေါင်း (၅၅၀) ရှိသည့် အနက် (၂၈၄) ရင်းမှာ တရင်းလျှင် လူအင်အား (၂၀၀) ပင်မပြည့်ကြောင်း၊ ကျန်သည့်တပ်ရင်း (၂၂၀) တွင်လည်း (၂၀၀) နှင့် (၃၀၀) ကြားသာရှိကြောင်း တင်ပြခဲ့ဖူးသည်ဟု သိရ၏။ သို့သော် တပ်ရင်းတိုင်း၌ အမှန်တကယ် အင်အား (၁၅၆) ယောက် ထက်မပိုကြောင်း၊ ထိုအထဲမှ တပ်ရင်းတရင်း၏ တိုက်ခိုက်ရေးအင်အားမှာ (၁၂၀ - ၁၅၀) ခန့် ရှိပြီး ရှေ့တန်းသွားနိုင်သည့်အင်အားမှာ (၆၀-၈၀) ခန့်သာရှိကြောင်း အခြေအနေမှန်အတိုင်း တင်ပြခဲ့ဖူးသည် ဆို၏။
ထိုတင်ပြချက်အရဆိုလျှင် စစ်သည်အင်အား (၅) သိန်းနီးပါးရှိသည်ဆိုသည့် နအဖတပ်ရင်းများမှ စုစုပေါင်း ရှေ့တန်းထွက်နိုင်သည့် အင်အားမှာ (၅၀၀၀၀) ၀န်းကျင်ခန့်သာ ရှိသည်ကို တွေ့ရပေသည်။ ထို့အပြင် နအဖ စစ်တပ်ထဲသို့ ၀င်ရောက်သည့် တပ်သားအများစုမှာလည်း ယုံကြည်ချက်စိတ်ဓာတ်အရင်းခံနှင့် ၀င်ရောက်ကြ ခြင်းမဟုတ်ဘဲ အတင်းအကျပ် တပ်သားစုဆောင်းခံရမှုနှင့် ၀မ်းရေးအဆင်မပြေဖြစ်၍ ၀င်ကြရသော တပ်သား များနှင့် ကလေးစစ်သားများက အများစုဖြစ်နေသည့်အတွက် စိတ်ဓာတ်ရေးရာ ပျက်ပြားနေသည့် စစ်တပ်အ နေအထားဖြစ်နေသည်ကို တွေ့ရပေသည်။ သို့သော် လက်နက်အင်အားတွင်မူ နအဖစစ်တပ်က တိုင်းရင်းသား အပစ်ရပ်တပ်ဖွဲ့များ အားလုံးထက် သာလွန်သည့်အတွက် လက်နက်အင်အားကို အသုံးပြု၍ တိုက်ခိုက်မည်ကို တော့ သံသယရှိစရာလိုမည်မဟုတ်ပေ။
အပစ်ရပ်တပ်ဖွဲ့ တဖွဲ့ချင်းအနေနှင့် အမှန်တကယ် ရှေ့တန်းထွက်နိုင်သည့် စစ်သည်အင်အားတွင် နအဖစစ် တပ်မှ ရှေ့တန်းထွက်နိုင်သည့် စုစုပေါင်းအင်အား (၅၀၀၀၀) ၀န်းကျင်ထက်မပိုနိုင်သော်လည်း နယ်ခြားစောင့် တပ်ဖွဲ့အသွင်ပြောင်းရန် လက်မခံသေးသည့် ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSA-N)၊ ဝပြည် သွေးစည်းညီ ညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA – ESS) မိုင်းလား အဖွဲ့၊ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP) အပစ်ရပ်အဖွဲ့များအားလုံးစု ပေါင်းလျှင်မူ တိုက်ခိုက်ရေးအင်အားမှာ နအဖနှင့် သူမသာကိုယ်မသာ အနေအထားတွင် ရှိနိုင်သည်ကို ကိန်းဂ ဏန်းများအရ သိရပေသည်။ ထိုအခြေအနေတွင် အပစ်ရပ်တပ်ဖွဲ့များ၏ စိတ်ဓာတ်ရေးရာ ခိုင်ကြည်မှုအနေအ ထားက နအဖတပ်သားများထက် များစွာသာလွန်လိမ့်မည်ဟု ယူဆရပေသည်။
ထို့ကြောင့် စိတ်ဓာတ်ရေးရာပျက်ပြားပြီး လက်နက်အင်အားသာလွန်သည့် နအဖစစ်တပ်၏ ဗိုလ်ကျတိုက်ခိုက် မှုကို စိတ်ဓာတ်ရေးရာ သာလွန်သည့် အပစ်ရပ်တပ်ဖွဲ့များက အစွမ်းကုန် စုပေါင်းတွန်းလှန်ခြင်းဖြင့် အောင်ပွဲရ ယူနိုင်သည့် အနေအထားရှိသည်ကိုတွေ့ရပေသည်။ ခုခံတွန်းလှန်မည့် နည်းဗျူဟာကောင်းမွန်ရန်နှင့် ညီညွတ် မှုအင်အားက များစွာအရေးပါနေပေသည်။ ထို့အပြင် အပစ်မရပ်သေးသည့် ကေအန်ယူနှင့် SSA-S ကဲ့သို့ သော တပ်ဖွဲ့များနှင့်လည်း မဟာမိတ်ဖွဲ့ ချိတ်ဆက်တိုက်ပွဲဝင်ရန် လိုအပ်မည်ဖြစ်ပေသည်။
ထိုသို့မဟုတ်ဘဲ အန်ဒီအေကေ၊ ဒီကေဘီအေတို့ကဲ့သို့ လည်စင်းခံလျှင် ရာသက်ပန် နအဖစစ်ကျွန်အဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သလို စုပေါင်းတွန်းလှန်ခြင်းမရှိဘဲ တဖွဲ့ချင်းခုခံတိုက်ခိုက်နေပါက ကိုးကန့်တပ်ဖွဲ့ကဲ့သို့ နအဖစစ်တပ်၏ အလွယ်တကူ ၀ါမျိုးခြင်းကို ခံရပြီး တဖွဲ့ပြီးတဖွဲ့ အလွယ်တကူ ခြေမှုန်းခံရသွားရနိုင်သည်ကို သတိချပ်ရမည်ဖြစ်ပေသည်။ ထိုသို့ ရှေ့တိုးတံပိုး နောက်ဆုတ်လှည်းတုတ် ဖြစ်နေသည့်အနေအထားတွင် လည်စင်းခံခြင်းထက် စုပေါင်းတွန်းလှန်ခြင်းကသာ ရာသက်ပန်စစ်ကျွန်အပြုခံရမည့် အန္တရာယ်မှလွတ်မြောက် နိုင်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မည့် အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအ တွက်လည်း တဘက်တလမ်းမှ အထောက်အကူဖြစ်စေလိမ့်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပေသည်။
မျိုးဇာနည်
Nothing Can Run Quicker than Your Mind.
Banya Htaw Weang
အပြည့်အစုံသို့ ...
Rest of your post
Posted by PNSjapan at 3:02 PM 0 comments
Labels: ဆောင်းပါး
မင်းကိုနိုင်(သို့ မဟုတ်)ကိုပေါ်ဦးထွန်း (၄၇)နှစ်မြောက် မွေးနေ့ အခမ်းအနား (တိုကျို)
၂၀၀၉ ခုနှစ် အောက်တိုဘာလ (၁၈)ရက်
"မေ့လို့ မဖြစ်တဲ့မင်းကိုနိုင်"
ကျမ္မာပြီး သက်တော်ရာကျော်ရှည်စေကြောင်းနှင့် အမြန်ဆုံးလွတ်မြောက်စေကြောင်း ရည်ရွယ်ချက်ဖြင့် မင်းကိုနိုင်၏ မွေးနေ့ ပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။
မွေးနေ့ ပွဲ အခမ်းအနားမှာ မင်းကိုနိုင်၏ မိသားစုဝင် ဆွေမျိုးတော်စပ်သူ တစ်ဦးမှ ပွဲစီစဉ်ကျင်းပသူများနှင့် တက်ရောက်လာကြသည့် မြန်မာ့ဒီမိုကရေစီအင်အားစုများကို ကျေးဇူးတင်စကားပြောကြားပြီး မင်းကိုနိုင်၏ ငယ်စဉ်ဘ၀မှ ယနေ့ ချိန်အထိ ဖြတ်သန်းလာခဲ့သည့် နိုင်ငံရေးလှုပ်ရှားမှုများကို တင်ပြခဲ့ပါသည်။တက်ရောက်လာကြသည့် အဖွဲ့ အစည်းအသီးသီးမှ နှုတ်ခွန်းဆက် အမှာစကားများပြောကြားပြီး ကဗျာရွတ်ဖတ်ခြင်းအစီအစဉ်များ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ မင်းကိုနိုင်၏ အတ္ထုပတ္တိ နှင့်
နိုင်ငံရေးလှုပ်ရှားမှုအကျဉ်းချုပ် စာအုပ်ကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂများအဖွဲ့ ချုပ်(နိုင်ငံခြားရေးကော်မတီ)မှ အခမဲ့ဖြန့် ဝေပေးခဲ့ပါသည်။
သတင်းမှတ်တမ်း။ PNS-Japan
Photo by - Lian Khan Sum(CNC-Japan)
Posted by PNSjapan at 1:11 AM 0 comments
Labels: သတင်း
Sunday, October 18, 2009
NCUB အထွေထွေအတွင်းရေးမှုး ဦးမောင်မောင် နှင့် မြန်မာ့ဒီမိုကရေစီအင်အားစုများ တွေ့ ဆုံပွဲအခမ်းအနား
၂၀၀၉ ခုနှစ် အောက်တိုဘာလ (၁၈)ရက်
NCUB အထွေထွေအတွင်းရေးမှုးး ဦးမောင်မောင် သည် (၁၄ . ၁၀ . ၂၀၀၉ )ရက်နေ့ ဂျပန်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး နှင့် တွေ့ ဆုံပြီးသည့်နောက် ဂျပန်နိုင်ငံတွင် ဒီမိုကရေစီအရေးလှုပ်ရှားနေကြသော အဖွဲ့ အစည်းအသီးသီးမှ တာဝန်ခံများနှင့် ထပ်မှန် တွေ့ ဆုံဆွေးနွေးပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ ချုပ် Rengo ၏ ရုံးခန်း တွင် ထပ်မှန်ကျင်းပပြုလုပ်ခဲ့ပါသည်။
ဒုတိယ နိုင်ငံခြားရေးဝန်ကြီး သွားရောက်တွေ့ ဆုံရာတွင် ဂျပန်နိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ ချုပ် Rengo ၏ မိတ်ဆက် အကူအညီပေး ဆောင်ရွက်မှုဖြစ်သွားရောက်တွေ့ ဆုံခဲ့ပြီး တပ်ပေါင်းစု(ရ)ဖွဲ့ ကိုယ်စား တပ်ပေါင်းစု(ရ)ဖွဲ့ ၏တင်ပြချက်များကို ဂျပန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးအား တင်ပြနိုင်ခဲ့ပါသည်။
ဂျပန်နိုင်ငံတွင် မြန်မာ့ဒီမိုကရေစီရေးအတွက် ဆက်လက်လှုပ်ရှားဆောင်ရွက်သွားကြမည့်
အဖွဲ့ အစည်းအသီးသီးမှ တာဝန်ခံများနှင့်ရှေ့ လုပ်ဆောင်သွားကြရမည့် လုပ်ငန်းစဉ်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီးအခမ်းအနားကို ညနေ ၁၅း၀၀ နာရီ တွင်
စတင်ကျင်းပပြီး ညနေ ၁ရး၀၀ နာရီတွင် ပြီးဆုံးခဲ့ပါသည်။
သတင်းမှတ်တမ်း
PNS-Japan/NDF(Burma)Rep;Jp
Photo by - Lian Khan Sum(CNC-Japan)
Posted by PNSjapan at 11:49 PM 0 comments
Labels: သတင်း
Monday, October 12, 2009
NCUB အထွေထွေအတွင်းရေးမှုး ဦးမောင်မောင် နှင့် AUN-Japan တွေ့ ဆုံဆွေးနွေးပွဲ အခမ်းအနား(တိုကျို)
၂၀၀၉ ခုနှစ် အောက်တိုဘာလ (၁၁)ရက်
ဂျပန်နိုင်ငံသို့  ခေတ္တရောက်ရှိလာသော ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ၊ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ်( FTUB ) အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် နှင့် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်) တွေ့ ဆုံပြီး နိုင်ငံရေး ဆွေးနွေးပွဲ အခမ်းအနားကို ညနေ ၁၈း၀၀ နာရီ မှ ၂၁း၀၀နာရီအထိ Takadanobaba မြို့ နယ် AUN-Japan ၏ ရုံးခန်းတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲ အခမ်းအနားကို AUN-Japan ၏ အဖွဲ့ ဝင်အသီးသီးမှ မူဝါဒရေးရာကော်မတီဝင်များ၊ AUN-Japan ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ၀င်များ နှင့် တွေ့ ဆုံပြီး လက်ရှိ ဖြစ်ပေါ်နေသော ပြည်တွင်းပြည်ပ နိုင်ငံရေးသုံးသပ်ဆွေးနွေးပွဲ အခမ်းအနား တရပ် ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။
PNS-Japan/NDF(Burma)Rrp;jp
Rest of your post
Posted by PNSjapan at 1:24 AM 0 comments
Labels: သတင်း
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ
မတရားဖမ်းဆီး အကျဉ်းချထားသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုချီတက် ဆန္ဒပြပွဲ အခမ်းအနားဓာတ်ပုံမှတ်တမ်း(တိုကျို)
မှတ်တမ်းဓါတ်ပုံ( Ko Pwar)
Rest of your post
Posted by PNSjapan at 1:15 AM 0 comments
Labels: ဓါတ်ပုံ
Wednesday, October 7, 2009
၂၀၀၉ ခုနှစ် သီတင်းကျွတ်ပွဲတော် (တိုကျို)
၂၀၀၉ ခုနှစ် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော် ( ဂျပန်နိုင်ငံ တိုကျိုမြို့ )
သတင်းဓါတ်ပုံ( ဒီမိုဝေယံ )...
Rest of your post
Posted by PNSjapan at 1:00 AM 0 comments
Labels: ဓါတ်ပုံ
Tuesday, October 6, 2009
ပလောင်တို့၏ ဆင်းသက်လာပုံ သမိုင်းကြောင်း
(မောင်းဂုတ်) မွန်ဂိုလွိုလ် လူမျိုးနွယ်ကြီး၏ မူရင်းဒေသမှ အာရှတိုက်တွင် အများဆုံး နေထိုင်ကြပြီး အထူးသဖြင့် အရှတိုင်မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့ တောင်ပိုင်းတို့၌ ပြန်နှံ့နေထိုင်ကြသည်။ ထိုကြောင့် ဗီယက်နမ်၊ ခမာ၊ မွန်၊ ၀၊ ပလောင်(ရိအာန်) မုဏ္ဍ၊ ဆန်သာလ်၊ ခါဆီစသော လူမျိုးတို့သည် မွန်ခမာအနွယ်မှ ပေါက်ဖွားလာသော အလွန်သွေးနီးစပ်ကြသည် ညီရင်းအစ်ကို မောင်နှမရင်း သားချင်းဟုဆိုရပေမည်။
ထိုနည်းတူ မောင်းဂုတ် (မွန်ရိုလွိုက်လူမျိုးနွယ်ကြီး) မှ တီဗက်တိုဘားမင်း အုပ်စုတွင် ပျု၊ ကမ်းယံ၊ သက်၊ ချင်း၊ ကချင်း၊ ဗမာ၊ ကရင်လူမျိုးဖြစ်သို့လည်းကောင်း ထိုင်းတရုတ်အုပ်စုမှ ရှမ်း၊ ရှမ်းတရုတ်၊ တရုတ် လူမျိုး အဖြစ်သို့လည်းကောင်း ဆင်းသက် လာကြသည်ဟုဆို၏။
သြစတြိုအေရှတစ် အရှတောင်ပိုင်းသို့ မဆင်းသက်မီ တရုတ်ပြည်ယန်စီ ကန်မြစ်ဝှမ်း ဒေသတွင် မွန်ခမာ လူမျိုးနွယ်အဖြစ် တခုတရုံးတည်း အခြေချ နေထိုင်လာကြ သည်ဟု ဆိုသည်။ ထိုကြောင့် ယန်စီကျန်မြစ်ဝှမ်းဒေသသည် မွန်ခမာတို့၏ ဒေသဟောင်း ဖြစ်သည်ဟု ဆိုရပေမည်။ ၄င်းမြစ်ဝှမ်း ဒေသသည် ရာသီဥတု သင့်တင့် မျှတမှုရှိပြီး မြေဆီသြဇာ ကောင်းမွန်ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို စနစ်တကျ လုပ်ကိုင်နိုင်သော လူမျိုးဟု ယူဆရသည်။ နှစ်ပေါင်း ရှည်ကြာစွာ တစုတရုံးတည်း စနစ်တကျ အခြေချနေထိုင်ကြရာတွင် စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းကြီးဖြင့် စနစ်ကျသော လူအဖွဲ့အစည်း ဖွဲ့စည်းကြကာ ကျေးပြည်၊ ကျေးနယ် ထူထောင်ကြသည်။ ၄င်း၌ မိမိတို့လူမျိုးများ၏ လူဦးရေများပြား လာခြင်းကြောင့် လည်းကောင်း အာရှမြောက်ပိုင်းဒေသ၌ ရာသီဥတုဆိုးဝါးမှု ကြောင့်လည်းကောင်း မြောက်ပိုင်း လူမျိုးနွယ်စုများ အစုအပြုံ တိုးဝင်ဆင်းသက် လာခြင်း ကြောင့်လည်းကောင်း အကျပ် အတည်းနှင့် တွေ့ရသောကြောင့် တောင်ဖက်ပိုင်းသို့ ပြောင်းရွှေ့လာကြရသည်ဟုဆိုသည်။ ထိုသို့ပြောင်းရွှေ့ကြရာတွင် အင်ဒိုချိုင်းနားဘက်သို့ ဗက်ယက်နမ်ဒေသတွင် ဗီယက်နမ်လူမျိုး၊ ကမ္ဘောဒီးယား ဒေသတွင် ခမာလူမျိုး၊ ယိုးဒယားနှင့် မြန်မာပြည် တောင်ပိုင်းဒေသတွင် မွန်၊ ၀၊ ပလောင်အုပ်စုတို့သည်လည်းကောင်း၊ ဗြဟ္မပုတ္တရ မြစ်ကြောင်းအတိုင်း အိန္ဒိယြ့ပည် ဒက္ခီဏ ကုန်းဒေသတွင် မုဏ္ဍလူမျိုး၊ ဘင်္ဂလားနယ်တွင် ဆန်သာလ်လူမျိုးနှင့် အာသံနယ်တွင် ခါဆီလူမျိုးတို့ကိုလည်းကောင်း အခြေချနေထိုင်သည်ကို တွေ့ရသည်။
မွန်ခမာအနွယ်ဘွား လူမျိုးတို့သည် ဘာသာစကားတမျိုးတည်ဖြစ်သော်လည်း အခြား ဒေသများသို့ ပြောင်းရွှေ့နေထိုင်အခြေချပြီး ကာလကြာမြင့်စွာခွဲခွါကြခြင်း၊ မူရင်းဘာသာ စကားအပြင် ဝေါဟာရအသစ်များ တိုးတက်များပြားသုံးစွဲ၍ မိမိတို့အနွယ်နှင့် မတူသော ဝေါဟာရများ ထည့်သွင်းပြောဆိုခြင်းရှိသော်လည်း မူလ မွန်ခမာဝေါဟာရကို သုံးစွဲလျက် ရှိသည်ကို တွေ့ရှိရသည်။ ဤအခြေအနေပေါ် မူတည်၍ ဘာသာဗေဒ ပညာရှင်တို့က လူမျိုးများ ဆင်းသက်လာပုံကို ဖော်ထုတ်နိုင်ခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀)ခန့်ကပင် မွန်ခမာအနွယ်ဝင် မွန်၊ ၀၊ ပလောင် (ရိအာန်)လူမျိုးတို့သည် တရုတ်ပြည်တောင်ပိုင်း ‘ ယန်စီကျန်မြစ်ဝှမ်းဒေသ‘ ဆီမှာ တောင်ဖက် သို့ ဆင်းသက်လာကြပြီးလျှင် သံလွင်မြစ်ကြောင်းနှင့် မဲခေါင်မြစ်ဝှမ်းဆီသို့ ဆင်းသက်ကြပြီး တိုင်းပြည်တောင်ပိုင်းမဲနမ်မြစ်ဝှမ်း၌ မွန်လူမျိုးစုဦးဆောင်၍ ဒွါရာဝတီပြည်ကို ထူထောင်ကြ သည်။ မွန်၊ ၀၊ ပလောင်အနွယ်ဘွား လူမျိုးတို့ကို ယောနက (ယူနန်) ယောန၊ ယောန်း(ယွန်း)၊ ကြောမ်း (ကြွမ်း) ဟု ဖြစ်ကြောင်းဆိုပါသည်။ ‘ပလောင‘် တောတိုး ‘ယောလူမျိုး‘ ဟု အဆိုစာရှိလေရာ ယောနတိုင်း (ယူနန်ဒေသ)က ဆင်းသက်စီးပွားလာသော လူမျိုးဟုဆိုသည်။ ပလောင်တို့သည် မွန်တို့နှင့်အတူ မြန်မာပြည်အောက်ပိုင်းဒေသ၊ သထုံဒေသ၊ ပဲခူး-တော်ငူဒေသတို့တွင် အခြေချနေထိုင်ခဲ့ကြောင်း ပလောင်လူမျိုးနွယ်စုတခုဖြစ်သည့် (ရူမိုင်း)တို့ အခြေချကြောင်း ရမ္မ၀တီဟုအည်တွင်ကြောင်း သရေခေတ္တရာ (ပြည်)ပန်းတောင်းအရပ် ဒေသသို့ ပြောင်းရွှေ့လာကြကြောင်း၊ ရူမိုင်း (ရူမာည်း) ရှေ့ဟောင်းရာဇ၀င်တွင်ရှိပါသည်။ ကျန်အစုမှာ တောင်ငူ-ရမည်သင်းဒေသမှ ရှမ်းပြည်တောင်းပိုင်းသို့ ရွှေ့ပြောင်းကြောင်း ဖော်ပြသည်။ ၀၊ ပလောင်အုပ်စုတစုသည် တရုတ်ပြည်တောင်ပိုင်းဆီမှ မြန်မာပြည်သို့ ရွှေလီမြစ်ကြောင်းနှင့် တပိန်မြစ်ကြောင်းအတိုင်း မြန်မာပြည်အထက်ပိုင်းတကာင်းဒေသ၊ မြန်မာပြည်အလယ်ပိုင်းဒေသဖြစ်သည့် ရှေ့ပုဂံ(ပေါက္ကံ) ဒေသ။ မင်းဘူး (၆)ခရိုင်ဒေသ၊ ပခုက္ကူ (ယောနယ်)ဒေသ ဗိသာနိုးဒေသတို့၌ ၀၊ ပလောင်လူမျိုးအနွယ်တစုတို့သည် ဧရာဝတီမြစ် ကြောင်းအတိုင်း ဆင်းသက်လာပြီး အခြေချခဲ့ကြသည်ဟု ဆိုပါသည်။ နောက်တွင်ကား မရှေးမနှောင်းပင် ရောက်ရှိလာကြသော ရှေးပျူနှင့်အနွယ်တူလူမျိုးများတို့ ရောနှောအခြေချ ကြကြောင်း သိရှိရ၏။ နောက်တွင် ပုဂံပြည်ကြီးကိုထူထောင်ကြရာတွင် မွန်၊ ၀၊ ပလောင် အနွယ်လူမျိုးမှာ ပါဝင်ကြောင်း ပုဂံကျောက်စာအရ သိရကြောင်း သိရပါ၏။
ပလောင်လူမျိုးတို့သည် ရှေးဦးပျူလူမျိုးတို့နှင့် နီးကပ်စွာအတူ ယှဉ်တွဲနေထိုင်ပြီး ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာ၊ ရှေးဟောင်းယုံကြည်မှု၊ ရိုးရာပုံပြင်များ။ မျိုးရိုးစဉ်လာခံယူမှု၊ အုပ်ချုပ်မှုစနစ်ကို တူညီစွာ ခံယူကျင့် သုံးလာခဲ့၍လည်း ပျူလူမျိုးမှ “ပြူ” “ ပလူ” ၎င်းမှ ပလောင် လူမျိုးဟု အဆိုရှိလေသည်။ ပလောင်၊ ၀ နွယ်တူလူမျိုးတစ်စုတို့သည် တကောင်း ဒေသဆီမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆင်းသက်လာကြပြီး မြေပြန့်ဒေသဖြစ်သည့် မတ္တရာ၊ အောင်ပင်လယ် (မန္တလေး) အင်းဝ၊ တောင်ပြုန်း၊ ကျောက်ဆည်ဒေသသို့ ပြန့်နှံ့အခြေချလာပြီး မွန်ခမာအနွယ် မွန်၊ ၀၊ ပလောင်တို့နှင့် ပြန်ဆုံစည်းကြ၍ ကျောက်ဆည် (၁၁)ခရိုင်ဒေသတွင် အင်အားကြီးထွားပြန့်နှံ့နေထိုင်ခဲ့ကြသည်။ ပန်းလောင်မြစ်၊ ဇော်ဂျီမြစ်ဒေ သတို့တွင် ပြန့်နှံ့စွာ အခြေချနေထိုင်သည်ကို သိရှိရ၏။ ထို့ကြောင့် ၀၊ ပလောင်လူမျိုးများ (ရှေးဦး ၀၊ ပလောင်) တို့သည် မြေပြန့်ဒေသများတွင် အခြေချနေထိုင်ခဲ့ကြကြောင်း မွန်ဂိုတာတာ လူမျိုးအုပ်စုတို့နှင့် မကြာခဏ တိုက်ခိုက် ကြရကြောင်း ရန်သူတို၏ နှောက်ယှက် တိုက်ခိုက်ခြင်းကို ရင်ဆိုင်ကြရကြောင်း၊ မြန်မာအုပ်စုဝင်တို့ အလုံးအရင်း အင်အားကြီးစွာ ၀င်ရောက်လာကြကြောင်း၊ မွန်ဂိုတာတာနှင့်အတူ မြန်မာအုပ်စုဝင် အနွယ်တို့၏ တိုက်ခိုက်ခြင်း ကြောင်း မွန်ခမာအနွယ်ဝင် မွန်၊ ၀၊ ပလောင် လူ့အဖွဲ့အစည်းဖြိုကွဲ၍ မွန်အုပ်စုတို့ မြန်မာပြည် အောက်ပိုင်း ဒေသတို့၌ အခြေ တည်ကြကြောင်း၊ ၀၊ ပလောင်အုပ်စုအနွယ်တို့ ရှမ်းကုန်းပြင် မြင့်(တောင်ပေါ်ဒေသ) ရှမ်းပြည် တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့ ၀င်ရောက် အခြေချကြကြောင်း သိရှိရ၏။
မွန်ခမာအနွယ်ဝင် ၀၊ ပလောင်လူမျိုးတို့သည် တရုတ်ပြည်တောင်ပိုင်း ယန်ဆီကျန် မြစ်ဝှမ်းဒေသမှ တစ်စုအဖြစ် ထွက်လာကြပြီး တရုတ်ပြည်တောင်ပိုင်း (တာလီဒေသ) ထန်ချုန်းဒေသနှင့် ယုန်ချန်ဒေသတို့တွင် အခြေချ၍ မြို့ပြပြည်နယ်ငယ်များ ထူထောင်ကြ သည်။ မွန်ဂိုတရုတ်အနွယ်တို့၏ အဆက်မပြတ် နှောက်ယှက်တိုက်ခိုက်မှု ဒဏ်ကြောင့် “ တာလီဖူးနိုင်ငံတော်(ကောသမ္ဘီပြည်) “ ပျက်ဆီးခဲ့ရသဖြင့် “ ၀ ” အနွယ်ဝင်သည် သံလွင်မြစ် ကြောင်းအတိုင်း ဆင်းသက်ကြပြီး မြန်မာပြည်သံလွင်အရှေ့ခြမ်းဒေသနှင့် အနောက်ခြမ်းဒေ တွင်အခြေချ နေထိုင်ကြကြောင်း တွေ့ရ၏။
တာလီဖူးမြို့ပြနိုင်ငံတော် (ကောသမ္ဘီပြည်) ပြိုကွဲခဲ့ရခြင်းကြောင့် ၀ နှင့် ပလောင်အနွယ်စု ကွဲထွက်ခဲ့ရပြီး ပလောင်အနွယ်စုမှာ ရွှေလီမြစ်ဝှမ်းနှင့် သံလွင်မြစ်အကြား တောင်တန်းကြီး များကို ဖြတ်ကျော်၍ မုံးကိုး - ကြူကုတ်လမ်းကြောင်းမှ ကွက်ခိုင်၊ သိန္နီ၊ လားရှိုး - မိုင်းရယ်သို့ ၀င်ရောက်လာကြသည်။ AD ၁၀ရာစုတွင် ပလောင်အနွယ်စုတစ်ခုမှာ ရွှေလီမြစ်ကြောင်းအနီး ကျယ်လန့် (နမ့်ခမ်း - မူဆယ်) တွင် ပြန်လည်စုစည်းကြပြီး မြို့ပြကျေးပြည် (ဒုတိယ ကောသမ္ဘီပြည်) အဖြစ် ထူထောင်ကြပြန်သည်။ ထို့နောက်တွင် “ ကျယ်လန့်ကျေးပြည်ထွန်း ကားစဉ်တွင် ပဲခူး - တောင်ငူ - ကျောက်ဆည် ဒေသတို့မှ အင်အားပြိုကွဲလာသည့် မွန်၊ ၀၊ ပလောင်အနွယ်စုအနက်မှ ပလောင်အနွယ်စုသည် မြန်မာပြည်မြောက်ပိုင်းသို့ ဆန်တက်လာ ကြပြီး ရွှေလီချိုင့်ဝှမ်းဒေသရှိ အနွယ်စုတို့နှင့် ပူးပေါင်း၍ တောင်ပေါ်ဒေသ၌ မြို့ ပြကျေးပြည်စုစည်း တည်ထောင်ကြပြန်သည်။ ရာမ၀တီဟုပင် အမည်တွင်၍ မြို့တော်ကို “ကျကောင်း” (မိန်းကောင်း)ဖြစ်သည်။ ခရိုင် (၂၉)ခုဖွဲ့စည်း ထားကြောင်းနှင့် ပလောင် မျိုးနွယ်စုများဖြစ်ကြသည်။ (ရူမည်း၊ ရူလျဲန်း၊ ရူကော) တို့၏ မြို့ပြကျေးပြည်ဖြစ်ပြီး စည်ပင် ထွန်းကားခဲ့၏။ တောင်ပေါ်ကုန်းမြင့်၌ တည်ထားခြင်းကြောင့် ရန်အန္တရာယ်များကို ခုခံနိုင် ကာကွယ်နိုင်ရန်နှင့် ရန်သူ၏ တိုက်ခိုက်မှု မလွယ်ကူစေရန်ဖြစ်ဟန် ရှိသည်ဟုရှိသည်။
PNS-Japan
Posted by PNSjapan at 5:28 PM 0 comments
Labels: ကျွှန်တော်တို့အကြောင်း, မှတ်တမ်း
ပလောင်အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုနှင့် အမျိုးသားတော်လှန်ရေး ပေါ်ပေါက်လာပုံ နောက်ခံသမိုင်းအကျဉ်း
သို့သော် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်တို့ ကျဆုံးပြီး နောက်ပိုင်း လွတ်လပ်ရေး ရရှိပြီးကာလတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု သည်လည်း ပြိုကွဲသွားရလေသည်။ ၁၉၆၂ခုနှစ် မတ်လ ၂ရက်နေ့တွင် ပြည်ထောင်စုပြိုကွဲမည့် အန္တရယ်မှ ကင်တင်ရန်ဟူသော အကြောင်းပြချက်ဖြင့် ဗိုလ်နေ၀င်းစစ်အုပ်က နိုင်ငံတော် အာဏာကို သိမ်းယူလိုက်လေသည်။ ထို့ကြောင့် ပြည်နယ်များ၊ လူမျိုးစု အမျိုးသားများ တောင်းဆိုသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး၊ တန်းတူညီမျှသော အခြေခံလူအခွင့် အရေး ရရှိရေးနှင့် အာမခံချက်ရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတို့ကို လက်လွှတ် ဆုံးရှုံးကြရလေသည်။
ဤသို့သော မြန်မာနိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်လာခြင်းတို့ကြောင့် မိမိတို့၏ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေး၊ မိမိတို့၏ အမျိုးသား အသုံးချခံဘ၀သို့ မကျရောက်ရေး၊ တန်းတူညီမျှသော အခြေခံ လူအခွင့်အရေးရရှိရေး၊ မိမိတို့၏ အမျိုးသားတစ်ရပ်လုံးကို ဦးဆောင်နိုင်မည့် အဖွဲ့အစည်းတရပ် ခိုင်မာစွာ ရပ်တည်ရေး ဟူသော ဦးတည်ချက်ဖြင့် ရှမ်းပြည်တော်လှန်းရေး ခေါင်းဆောင် တို့က ပလောင် အမျိုးသားတပ်ဖွဲ့ Palaung National Force/ PNF ၁၉၆၃ခုနှစ် ဇန်န၀ါရီလ ၁၂ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။
ပလောင် အမျိုးသားတပ်ဖွဲ့ကို တောင်ပိုင်စော်ဘွားကြီး၏ မျိုးနွယ်ဖြစ်သော စ၀်ခွန် အေးနှင့် စ၀်ခွန်လီတို့ကဦးဆောင်၍ နမ့်ဆန်မြို့နယ် မြို့သစ်၌ တပ်ရင်း ဌာနချုပ် ကို ဖွင့်လှစ်ထားရှိခဲ့သည်။ စစ်ဒေသအဖြစ် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ မဘိမ်းမြိ့တို့ကို အခြေခံထားရှိကာ စစ်ရေး၊ စည်းရုံးရေးကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့သည်။ ထိုအတူ ပလောင်အမျိုးသားတပ်ဖွဲ့သေနတ်ကိုင် တပ်ရင်းကို နမ့်ခမ်းမြို့နယ်ဖွား ပလောင်မျိုးနွယ်ဝင် စ၀်ခွန်သောင် ဦးဆောင် ကွက်ကဲပြီး မန်ဘွန်ရွာ (ယခင် နမ္မတူ) ဟိုမိန် (နမ့်ဆန်) တွင် တပ်ရင်းဌာနချုပ် ဖွင့်လှစ်ထားရှိသည်။ နမ္မတူ၊ မန်တုန်၊ နမ့်ခမ်းနှင့်ကွတ်ခိုင် အနောက်ခြမ်း ဒေသတို့ကို အခြေခံ စစ်ဒေသအဖြစ် သတ်မှတ်ထားရှိသည်။
၁၉၇၆ခုနှစ်တွင် ပလောင်အမျိုးသားတပ်ဖွဲ့သေနတ်ကိုင်တပ်ရင်းကို ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော်အဖြစ်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး တာခွန်သောင် ဥက္ကဌအဖြစ် ဦးဆောင်မှု အောက်တွင် ပလောင်အမျိုးသား များအတွက် တော်လှန်သော စိတ်ဓါတ်ကို များစွာစည်းရုံး လှုံ့ဆော်နိုင်ခဲ့ပြီး ပလောင် အမျိုးသားများ၏ ခိုင်မာသော စစ်ရေး၊ နိုင်ငံရေး၊ လမ်းစဉ်များကို မှန်ကန်စွာ ချမှတ် ကျင့်ဆောင်နိုင်ခဲ့သည်။ ၁၉၈၄ ခုနှစ် တွင် တာခွန်သောင် မမျှော်လင့်ဘဲ ရုတ်တရက် ကွယ်လွန် ကျဆုံးသွားပြီးနောက် မိုင်းသံလွင်မှ ဥက္ကဌ အဖြစ်လည်းကောင်း တာကျော်လှမှ ဥက္ကဌအဖ်ြစလည်းကောင်း ယခုလက်ရှိ တာအိုက်မုန်းမှ ဥက္ကဌ အဖြစ်လည်းကောင်း ဆက်လက်ဦးဆောင် တိုက်ပွဲဝင်ခဲ့ ကြပါသည်။
ပလောင်လူမျိုးတို့သည် ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ မန်တုန်မြို့နယ်၊ ကျောက်မဲမြို့နယ် အနောက်ဖက်ခြမ်း၊ သီပေါမြို့နယ် အနောက်ဖက်ခြမ်း၊ မိုးကုတ်မြို့နယ် မိုးမိတ်မြို့နယ်၊ နမ္မတူမြို့နယ်၊ မိုးမိတ်မြို့နယ်၊ လားရှိုးနယ် အနောက်ခြမ်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့် မူဆယ်မြို့နယ်အနောက် ခြမ်းတွင် နေထိုင်ကြပါသည်၊ ၁၉၉၁ခုနှစ် ဧပြီလတွင် ပလောင်လက်နက် ကိုင်အဖွဲ့နှင့် နအဖစစ်အုပ်စုတို့အပစ်ခတ်ရပ်စဲပြီးနောက် ယင်းပလောင် လူမျိုးများ နေထိုင်သောဒေသများကို ပလောင်ဒေသအထူး (၇)အဖြစ်သတ်မှတ် ကာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်က အုပ်ချုပ်ခဲ့ပါသည်။
ယင်းသို့ အုပ်ချုပ်ခဲ့ပြီး (၁၄)နှစ်အကြာ ၂၀၀၅ခုနှစ် ဧပြီ ၂၉ရက်နေ့တွင် နအဖစစ်အုပ်မှ အင်အားသုံးကာ ရုတ်တရက် ၀ိုင်းရံ ပိတ်ဆို့ခံမှုကြောင်းက ပလောင်ပြည်နယ်လွတ်ရေးတပ်မတော်က လက်နက် အပ်ပွဲပြုလုပ်ခဲ့ရပါသည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်မှ နအဖစစ်အုပ်စုထံ လက်နက် အပ်ပြီးနောက်ပိုင်းတွင် ပလောင်ဒေသ အုပ်ချုပ်မှုများကိုပါ အားလုံးဖျက်သိမ်း လိုက်ရသဖြင့် ယခုအချိန်တွင် ပလောင်ဒေသအတွင်းသို့ နအဖ၏ စစ်တပ်များ၊ ရဲတပ်ဖွဲ့များ၊ နအဖ ဖွဲ့စည်းထားသော ပြည့်သူစစ်များ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲများ၊ အမျိုးသမီးရေးရာ အဖွဲ့များဝင်ရောက်လာကာ ဒေသခံပြည်သူများအပေါ် နည်းအမျိုးမျိုးဖြင့် ဖိနှိပ်ကာ စစ်အာဏာရှင်စိုးမိုးရေးကို ဖော်ဆောင်လာကြသည်။ ပလောင်ဒေသတွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော် အမည် လုံးဝမသုံးတော့ဘဲ ပလောင်တိုင်းရင်းသားအဖွဲ့ဟူ၍သာ ရပ်တည်နေရသည်။ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော်သည် လက်နက်အပ်ပြီး နောက်ပိုင်း ပလောင်ဒေသ ဖွံ့ဖြိုးရေးကော်မတီနှင့် မဟာမိတ်ဆက်ဆံရေး ကော်မတီအဖြစ်သာ ဆက်လက် လှုပ်ရှားရန် နအဖမှ ခွင့်ပြုထားပါသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်မတော်သည် လက်နက်အပ်ပြီးနောက် ပိုင်းဖွဲ့စည်းခဲ့သော ပလောင်ဒေသ ဖွံ့ဖြိုးရေးကော်မတီသည်လည်း ယခုအချိန်ထိ လူထုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ tစတင်မ လုပ်ဆောင်နိုင်သေးသည့်အပြင် ယခင် လက်နက်မအပ်စဉ်က ဖွံ့ဖြိုးရေးလုပ်ငန်းများပင် များစွာ ပျက်စီးဆုံးရှုံး လျက်ရှိသည်။ နအဖ ပေးအပ်သော လယ်ထွန်းစက်များ၊ လမ်းဖောက်စက်များ အစရှိသည်တို့မှာလည်း ယင်းတို့သုံးပြီးသော စက်အဟောင်းများကို ဆေးပြန် သုတ်ထားခြင်းဖြစ်၍ မည်သည့် လုပ်ငန်းမျှ စတင်အလုပ်မလုပ်နိုင်သေးချေ။
နအဖစစ်အုပ်စုတို့သည် ပလောင်ဒေသအတွင်းရှိ အဏာမက်မောကာ မျိုးချစ်စိတ်ပျောက်နေသူများကို ပလောင်နိုင်ငံရေးအဖွဲ့အစည်းများနှင့် စိတ်ဝမ်း ကွဲစေရန် ရာထူးစည်းစိမ်း လုပ်ပိုင်ခွင့်များ အမျိုးမျိုးပေးကာ စည်းရုံးလျက် ရှိသည်။ ကြံ့ခိုင်ရေးအဖွဲ့ဝင် ဦးခွန်ပွင့်နှင့်ဆွေမျိုးများကို ပလောင်မြို့နယ် အာဏာပိုင် လုပ်ပိုင်ခွင့်ရာထူးများခန့်အပ်ကာ ပလောင်ပြည်သူလူထုများကို ကြံ့ခိုင်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင် ပြည်သူစစ်တပ်ဖွဲ့ဝင်များဖြစ်လာစေရန်နှင့် နအဖ တပ်တွင် အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခြင်းများ စနစ်တကျ ကျူးလွန်ပြု လုပ်လျက်ရှိသည်။
PNS-Japan
Posted by PNSjapan at 4:14 PM 0 comments
Labels: ကျွှန်တော်တို့အကြောင်း, မှတ်တမ်း
Wednesday, September 30, 2009
Protesters Throw Shoes at Military Regime's Foreign Minister (VOA Burmese)
စစ်အဏာရှင် ၀န်ကြီး ဖိနှပ်ပြစ်ပေါက်ခံရ။
နယူးယောက်မြို့  မြန်မာ့ဒီမိုကရေစီအင်အားစုများရဲ ထိရောက်စွာ ဆန္ဒပြလှုပ်ရှားနိုင်လိုက်သည့်အတွက် အထူးလေးစားပါတယ်။
မှတ်တမ်း ဗီဒီယို (ဗီအိုအေ . မြန်မာ)
PNS-Japan
Rest of your post
Posted by PNSjapan at 1:09 AM 0 comments
Labels: သတင်း
Monday, September 28, 2009
၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက် ဂျပန် တိုကျိုလှုပ်ရှား။
(၇၀)ကြိမ်မြောက် ဆရာတော် ဦးဥတ္တမ အထိမ်းအမှတ် အခမ်းအနားကို ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်( ပြည်ပ ဂျပန် )က ဦးဆောင်ကျင်းပခဲ့ပါသည်။
CRPP ဖွဲ့ စည်းတည်ထောင်ခြင်း(၁၁)နှစ်ပြည့် နှင့် (၂၁)နှစ်ပြည့် NLD တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနား ကို NLD-LA(JB) မှ ဦးဆောင် ကျင်းပခဲ့ပါသည်။
ရွှေဝါရောင်တော်လှန်ရေး(၂)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား နှင် ဂျပန်သတင်းထောက် Nagai Kenji san အောက်မေ့ဘွယ် ဆုတောင်းပွဲ အခမ်းအနားကို ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (JAC) ဦးဆောင်ကျင်းပပြီး ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ နှင့် ဂျပန်အဖွဲ့ အစည်းများ ပူးပေါင်းပါဝင်ကြပါသည်။
PNS-Japan
ဓါတ်ပုံ, Ko pour
Rest of your post
Posted by PNSjapan at 1:40 AM 0 comments
Labels: သတင်း
ဂျပန်သတင်းထောက် Nagai kenji san (၂)နှစ်ပြည့် ဆုတောင်းပွဲ
၂၀၀၉ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့ ရွှေဝါရောင်တော်လှန်ရေးတွင် ကျဆုံးသွားသော ဂျပန်သတင်းထောက် Nagai kenji san (၂)နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနားကို Tokyo Yotsuya မြို့ နယ်ရှိ ဂျပန်ဘုန်းကြီးကျောင်းတွင် ဂျပန်ရိုးရာ ဗုဓ္ဒဘာသာ ထုံတမ်းစဉ်လာ အတိုင်းကျင်းပပြုလုပ်ခဲ့ပါသည်။
တိုအခမ်းအနားတွင် Nagai kenji san ၏ မိသားစု နှင့် ဆွေမျိုးများ လုပ်ဖေါ်ကိုင်ဖက်သတင်းထောက်များ မြန်မာ့ရေးရာရုံး မှတာဝန် ရှိသူများ တက်ရောက် ခဲ့ကြပါသည်။ထိုဆုတောင်းပွဲအခမ်းအနားတွင် Nagai kenji san ၏ သေဆုံးမှုနှင့်ပတ်သက်၍ (၂)နှစ် ပြည့်မြောက်သော်လည်း ယနေ့ အချိန်ထိ တရားခံ ဖေါ်ထုတ်နိုင်ခြင်းမရှိသေးသည့် အပြင် Nagai kenji san ၏ ဗီဒီယို ကင်မရာနှင့်တိတ်ခွေ ပြန်လည်မရရှိသေးသည့်အတွက် ဆက်လက်၍ ဖိအားပေးတောင်းဆိုသွားရန် လိုအပ်ကြောင်း ပြောဆိုသွားပါသည်။
ယနေ့ ချိန်ထိ Nagai kenji san ၏ ဗီဒီယိုကင်မရာနှင့်တိတ်ခွေ ပြန်လည်ရရှိရန်အတွက် ဂျပန်ပြည်သူထောက်ခံတောင်းဆိုသည့် လက်မှတ်ပေါင်း တစ်သိန်းသုံးသောင်းကျော် ရရှိထားပြီး ဆက်လက်၍ ကောက်ခံတောင်းဆိုသွားရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောဆိုသွားပါသည်။
DVB,TV အစီအစဉ်မှ
PNS-Japan/NDF(Burma)Rep;Jp
27.10.2009
Posted by PNSjapan at 12:21 AM 0 comments
Labels: သတင်း
Wednesday, September 23, 2009
ရှစ်လေးလုံး အထိမ်းအမှတ် နှစ်ပတ်လည် ချီတက်ဆန္ဒပြပွဲ (တိုကျို)
၂၀၀၉ ခုနှစ် သြဂုတ်လ (၈)ရက် အနှစ် (၂၁)ပြည့် ရှစ်လေးလုံး အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ (တိုကျို)။
၂၀၀၈ ခုနှစ် သြဂုတ်လ (၈)ရက် အနှစ် (၂၀)ပြည့် ရှစ်လေးလုံး အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ (တိုကျို)။
၂၀၀၇ ခုနှစ် သြဂုတ်လ (၈)ရက် အနှစ် (၁၉)ပြည့် ရှစ်လေးလုံး အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ (တိုကျို)။
PNS-Japan/NDF(Burma)Rep;Jp
Rest of your post
Posted by PNSjapan at 11:52 AM 0 comments
Labels: ဓါတ်ပုံ
(၃၆)ကြိမ်မြောက် စာပေနှင့်ယဉ်ကျေးမှုနေ့ အခမ်းအနား
(၃၆)ကြိမ်မြောက် စာပေနှင့်ယဉ်ကျေးမှုနေ့ အခမ်းအနားကို ပြည်တွင်းပြည်ပတွင် ကျင်းပပြုလုပ်ခဲ့သည့် မှတ်တမ်းဓါတ်ပုံ
PNS-Japan
မှတ်တမ်းဓါတ်ပုံ - TSYO
Rest of your post
Posted by PNSjapan at 12:26 AM 0 comments
Labels: သတင်း
Tuesday, September 22, 2009
Palaung National Society( Japan) နှင့် National Democratic Front (Burma) (NDF) Representative for Japan လှုပ်ရှာမူမှတ်တမ်း
အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု(မဒတ) ဂျပန် ကိုယ်စားလှယ် တာဝန်နှင့် ပလောင်အမျိုးသားများအဖွဲ့ (ဂျပန်) မိမိတို့၏ အမျိုးသားများ ကိုယ်စား မြန်မာ့ဒီမိုကရေစီရေးမှာ ပူးပေါင်း ပါဝင်ခဲ့ပါသည်။ မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ အားပေး ထောက်ခံမူများ ရရှိလာစေရန်အတွက် ဂျပန်အစိုးရ တာဝန် ရှိသူများ နှင့် လွတ်တော်အမတ်များ နိုင်ငံခြား သံတမန်များတို့ ကို သွားရောက်တွေ့ဆုံခဲ့ပါသည်။
ဂျပန် လွတ်တော်အမတ်များ နှင့် နိုင်ငံခြားရေးဌာနများ နိုင်ငံခြားသံတမန်များ သွားရောက်တွေ့ဆုံခဲ့သည့် (မှတ်တမ်း)
ဂျပန်ရောက် တိုင်းရင်းသားရင် အားစုများ နှင့် ဒီမိုကရေစီ အင်အားစုများ ပူးပေါင်း လက်တွဲ ဆောင်ရွက်ခဲ့သည့် "၂၀၁၁- ခုနှစ် " (မှတ်တမ်း)
Mai Kyaw Oo
(PNS-Japan/ NDF (Burma)Representative for Japan)
81 90 9831 7192/ 81 3 5960 4440
maikyawoo@yahoo.com
Posted by PNSjapan at 11:48 PM 0 comments
JAR and AUN Leadership Workshop
( Japan Association for Refugees ) and ( Association of United Nationalitirs in Japan ) Leadership Workshop ,
5th,6th September 2009 .
5th September 2009 ,
6th September 2009 ,
AUN-Office(11.7.2009)
Recycle Center Takaanobaba(26.7.2009)
PNS-japan
Photo by - Lian Khan Sum(CNC-Japan)
Rest of your post
Posted by PNSjapan at 8:58 PM 0 comments
Labels: ဓါတ်ပုံ
Monday, September 21, 2009
(KOREA) နိုင်ငံ လူ့ အခွင့်အရေး ညီလာခံ အခမ်းအနား
Ethnic Human Rights Committee (Japan) ပေါ်ပေါက်လာပုံ။
Ethnic Human Rights Committee (Japan) ရည်ရွယ်ချက်။
၁။ တိုင်းရင်းသားဒေသ အသီးသီးမှလူ့ အခွင့်အရေး ချိုးဖေါက်မှုမှန်သမျှကို ကမ္ဘာကသိအောင် ဖေါ်ထုတ်သွားမည်။
၂။ လူ့ အခွင့်အရေး ချိုးဖေါက်ခံနေရသူများဘက်မှလဲ အတတ်နိုင်ဆုံး ကာကွယ် စောင့်ရှောက်ပေးရန်။
၃။ နိုင်ငံတကာ လူအခွင့်အရေး ကူညီ စောင့်ရှောက်သူများအဖွဲ့ နှင့်လက်တွဲ ဆောင်ရွက်ပြီး လူ့ အခွင့်အရေး ချိုးဖေါက်ခံဒေသသို့ကူညီပံ့ပိုးမှု ရရှိနိုင်အောင် ကြိုးစားစောင်ရွက်သွားရန်။
International Parliamentarians’ Coalition for North Korean Refugees and Human Rights ( IPCNKR )ညီလာခံခရီးစဉ်
၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၄ ရက် မှ ၂၆ ရက်နေ့ ထိ KOREA နိုင်ငံ၌ (၅)ကြိမ်မြောက် မြောက်ကိုးရီးယား ဒုက္ခသည်များ နှင့်လူ့ အခွင့်အရေးများအတွက် နိုင်ငံတကာပါလီမန်အမတ်များ ( IPCNKR ) ၏ ညီလာခံအခမ်းအနားကို တက်ရောက်ခဲ့ကြသည့် တိုင်းရင်းသား လူ့ အခွင့်အရေးကော်မတီအဖွဲ (ဂျပန်)မှ တိုင်းရင်းသားဒေသအသီးသီးအတွင်း လူ့ အခွင့်အရေးချိုးဖေါက်ခံနေရမှုများအခြေအနေနှင့် ပြည်ပ၌ လူ့ အခွင့်အရေးချိုးဖေါက်ခံနေရမှုများကို တင်ပြနိုင်ခဲ့ကြပါသည်။
IPCNKR အဖွဲ့ သည် မြောက်ကိုးရီးယားဒုက္ခသည်များ ကူညီဆောက်ရှောက်နိုင်ရန်အတွက် ဖွဲ့ စည်းတည်ထောင်ခဲ့ပြီး ၂၀၀၇ ခုနှစ် မှစတင်၍ အာရှ နိုင်ငံအတွင်း လူ့ အခွင့်အရေးကိစ္စများ ပိုမိုဖြေရှင်း လုပ်ဆောင်သွားနိုင်ရန် တိုးချဲခဲ့ပါသည်၊ယခု ၅ ကြိမ် မြောက် ညီလာခံမှာ နိုင်ငံပေါင်း(၆၀)နိုင်ငံကျော်ထိ ပူးပေါင်းပါဝင်လာပြီး အင်အားကြီးမားသည့်လူ့ အခွင့်အရေးကော်မတီအဖွဲ့ ကြီးဖြင့်လာပါသည်။လာမည့် ၂၀၀၉ ခုနှစ် တွင် မြန်မာနိုင်ငံ လူ့ အခွင့်အရေး နှင့် ဒုက္ခသည်များ၏အရေးကို ပိုမိုထိရောက်စွာ ကူညီနိုင်ရန်အတွက် ထည့်တွင်းဆွေးနွေးသွားရန် တင်ပြခဲ့ပါတယ်။
၂၆ ရက်နေ့  ညနေ ၅ နာရီမှာ Kyounggi-Do မြို့ ရှိ NLD-La (Korea,Branch) မှ အလုပ်အမှုဆောင်များ အဖွဲ့ သားများကို ညီညွတ်သော တိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)ကိုယ်စားလှယ်များမှ သွားရောက် တွေဆုံ ဆွေးနွေး ခဲ့ကြပါသည်။
Ethnic Human Rights Committee ( Japan )
တိုင်းရင်းသားလူ့ အခွင့်အရေးကော်မတီ( ဂျပန်)
PNS-Japan/NDF(Burma)Rep;Jp
Posted by PNSjapan at 10:47 PM 0 comments
Labels: မှတ်တမ်း
AUN-Japan ၏ လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း (ဂျပန်)၏ ဒီမိုကရေစီရေး နှင့် ဖက်ဒရယ် ပြည်ထောင်စုမြန်မာနိုင်ငံ တည်ဆောက်ရေး လှုပ်ရှားမှု မှတ်တမ်းများ။
AUN-Japan ၏ တိုင်းရင်းသားတန်းတူရေး ဒီမိုကရေစီရေး လှုပ်ရှားမှုမှတ်တမ်း
AUN နှင့် NCGUB ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း တွေ့ ဆုံဆွေးနွေးပွဲ အခမ်းအနား မှတ်တမ်း
AUN နှင့် NCUB အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် တွေ့ ဆုံဆွေးနွေးခဲ့သည့် မှတ်တမ်း
AUN-Japan နှင့် တိုင်းရင်းသားခေါင်းဆောင်များ ဒီမိုကရေစီခေါင်းဆောင်များ ဧည်သည်တော်များ မှတ်တမ်း
Mai Kyaw Oo - PNS-Japan
Posted by PNSjapan at 1:55 AM 0 comments
Saturday, September 19, 2009
(၆၀)နှစ်ပြည့်မြောက် ကမ္ဘာ့ လူ့ အခွင့်အရေးနေ့ အထိမ်းအမှတ့်(တိုကျို)
တိုကျို(ဂျပန်)
PNS-Japan/NDF(Burma)Rep;Jp
Posted by PNSjapan at 10:10 AM 0 comments
Labels: ဓါတ်ပုံ